ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဖိုးမှန်

ဖိုးမှန်

前往频道在 Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

显示更多
未指定国家未指定类别
4 429
订阅者
-4224 小时
-2667 天
-50630 天
帖子存档
🌐 နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတကာဆက်ဆံရေး ခရီးစဉ်များအနှစ်ချုပ် 🇲🇲 ▪️ ၁၃၅ ရက်အတွင်း နိုင်ငံပေါင်း ခြောက်နိုင်ငံသို့ မိုင်
🌐 နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတကာဆက်ဆံရေး ခရီးစဉ်များအနှစ်ချုပ် 🇲🇲 ▪️ ၁၃၅ ရက်အတွင်း နိုင်ငံပေါင်း ခြောက်နိုင်ငံသို့ မိုင်ပေါင်း ၂၀,၀၀၀ နီးပါး သွားရောက်ခဲ့ပါတယ်။ ▪️ တရုတ်၊ အိန္ဒိယ၊ ရုရှား အပါအဝင် အဆိုပါ နိုင်ငံခြောက်နိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ▪️ ဤခရီးစဉ်များမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး မဟာဗျူဟာမြောက် ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ https://t.me/phoehmann007 #ဖိုးမှန် #Myanmar #President #InternationalRelations #Diplomacy

+6
28.8.2026 ရက်နေ့သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

DEMU ရထားဖြင့် နေပြည်တော်မှ ရန်ကုန်သို့ https://t.me/phoehmann007 #ဖိုးမှန်

🎖 အောင်ပွဲရ ရန်ကုန်သားတို့ရဲ့ အိမ်ပြန်ချိန် ▪️ ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့) တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ပြီး ပြန်လ
+8
🎖 အောင်ပွဲရ ရန်ကုန်သားတို့ရဲ့ အိမ်ပြန်ချိန် ▪️ ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့) တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ပြီး ပြန်လာကြသည့် တပ်မတော်သား သူရဲကောင်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ အနုပညာရှင်များနှင့် တပ်မတော်သားမိသားစုဝင်များက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ ▪️ နိုင်ငံနှင့်လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ ရဲစွမ်းသတ္တိရှိရှိဖြင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြပြီး အောင်ပွဲခံကာ ဂုဏ်ယူဖွယ် ပြန်လည်ရောက်ရှိလာကြတဲ့ သူရဲကောင်းတွေကို လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ဗျာ။ 🇲🇲🕊❤️❤️❤️🇲🇲🕊 https://t.me/phoehmann007 #ဖိုးမှန် #Myanmar #YangonCommand #WelcomingCeremony #Heroes

ဦးပိုင်လို့တော့ ပြောတာပဲ... တကယ်တမ်းကျတော့ "ဒေါ်ပိုင်ပါ" ❤️🇲🇲🕊💚🇲🇲 https://t.me/phoehmann007 #ဖိုးမှန်
ဦးပိုင်လို့တော့ ပြောတာပဲ... တကယ်တမ်းကျတော့ "ဒေါ်ပိုင်ပါ" ❤️🇲🇲🕊💚🇲🇲 https://t.me/phoehmann007 #ဖိုးမှန်

တိုက်တိုင်းအောင် အောင်ပွဲရ တနိုင်းသားတို့ရဲ့ ဂုဏ်ယူဖွယ် အိမ်အပြန်ခရီး ❤️🇲🇲🕊💚🇲🇲 https://t.me/phoehmann007 #ဖိုးမှန်
+9
တိုက်တိုင်းအောင် အောင်ပွဲရ တနိုင်းသားတို့ရဲ့ ဂုဏ်ယူဖွယ် အိမ်အပြန်ခရီး ❤️🇲🇲🕊💚🇲🇲 https://t.me/phoehmann007 #ဖိုးမှန်

ကောက်နုတ်ချက်
+2
ကောက်နုတ်ချက်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိများနှင့် စစ်သည်များအား ဦးပိုင်အမြတ်ငွေများ ထုတ်ပေးနေတဲ့ မြင်ကွင်းမျ
+9
တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိများနှင့် စစ်သည်များအား ဦးပိုင်အမြတ်ငွေများ ထုတ်ပေးနေတဲ့ မြင်ကွင်းများ💚💚💚 ဦးပိုင်လား🥰 ဒေါ်ပိုင်လား❤️ https://t.me/phoehmann007 #ဖိုးမှန်

+6
27.8.2026 ရက်နေ့သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နေပြည်တော်၊ ဩဂုတ် ၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ - ■ နှစ်နိုင်ငံဆက်ဆံရေး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး နှစ် ၅၀ ကျော်ရှိပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတို့တွင် တူညီမှုများရှိကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဖိတ်ကြား ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး မစ္စတာ တိုလမ်၏ နိုင်ငံတော်သမ္မတအား ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် ခရီးစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးခဲ့ပါသည်။ ၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ■ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။ ■ CLMV နှင့် ACMECS ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး မြန်မာနှင့် ဗီယက်နမ်တို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအားပေးပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားရေး ဆွေးနွေးခဲ့ကြပါသည်။ ဗီယက်နမ်ဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ သို့ ဗီယက်နမ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Le
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ သို့ ဗီယက်နမ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Le Hoai Trung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ဂါရဝပြုတွေ့ဆုံ ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ တိုလမ်က အဆွေတော်သမ္မတကြီးအား ဗီယက်နမ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် အဆွေတော်သမ္မတကြီး လာရောက်မည့်ခရီးစဉ်ကို  ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိမှုကို သတင်းစကားပါးရန် စေလွှတ်ချက်အရ ယခုကဲ့သို့လာရောက် ဂါရဝပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း https://t.me/phoehmann007 #ဖိုးမှန်

ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၂၅ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အခြေခံ၍ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ပြည်တွင်းရှိ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထား ပြောကြားခဲ့သည်များမှာ - ■ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးကောင်းမွန်မှုသည် အဓိကဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုကို အားပေးရန်၊ ကုန်သွယ်မှုပမာဏ ပိုမိုကြီးမားလာစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်ရန်။ ■ စိုက်ပျိုးမွေးမြူရေး မြေ၊ ရေနှင့် စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့၏ အထွက်နှုန်း တိုးတက်စေရန်၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်။ ■ ကျေးလက်စီးပွားရေး ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်လာမှသာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်။ ■ ပညာရေးနှင့် လူ့စွမ်းအား ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် အသိပညာနှင့် အတတ်ပညာရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သဖြင့် ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ကျောင်းများ စံနှုန်းပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရန်။ ■ ကုန်သွယ်ရေး ပို့ကုန်၊ သွင်းကုန်နှင့် နယ်စပ်ကုန်သွယ်ရေးကို စနစ်တကျဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကို အလေးထားရန်။ ■ ရေကြီးရေလျှံမှု မြစ်ချောင်းများ တိမ်ကောခြင်းနှင့် သောင်ထွန်းခြင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပရေးကို စနစ်တကျ ဆောင်ရွက်ရန်။ ■ ဘတ်ဂျက်နှင့် အခွန် ပြည်သူများထမ်းဆောင်သည့် အခွန်ငွေကို အခြေခံ၍ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရခြင်းဖြစ်သဖြင့် ဘတ်ဂျက်ကို ပြည်သူ့အကျိုးအတွက် ထိရောက်စွာအသုံးချရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဗဟိုအစိုးရ၏ အစီအစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်တို့ ဖြစ်ပါသည်။ https://t.me/phoehmann007/3790

ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ
ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

၂၆.၈.၂၀၂၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြိုနယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် မြေ
+3
၂၆.၈.၂၀၂၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြိုနယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် ရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကျောင်းကုန်းမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဝင်ရောက်နေသော အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခဲ့။ https://t.me/phoehmann007 #ဖိုးမှန်

မိုးရာသီကာလမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါ https://t.me/phoehmann007 #ဖိုးမှန်

(၂၇) နှစ်တာ သံတမန်ခရီးမှတ်တိုင် (သို့မဟုတ်) မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး 🇲🇲🤝🇧🇾 https://t.me/phoehmann007 #ဖိုးမှန်

မိုးကြီးမည့်သတိပေးချက် (ဩဂုတ် ၂၆ ရက်၊ နံနက် ၈ နာရီ) ⛈ မိုးကြီးနိုင်သော ဒေသများ: ဩဂုတ် ၂၆ ရက်မှ ၃၀ ရက်အတွင်း နိုင်ငံတစ်ဝန်း နေ
မိုးကြီးမည့်သတိပေးချက် (ဩဂုတ် ၂၆ ရက်၊ နံနက် ၈ နာရီ) ⛈ မိုးကြီးနိုင်သော ဒေသများ: ဩဂုတ် ၂၆ ရက်မှ ၃၀ ရက်အတွင်း နိုင်ငံတစ်ဝန်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း(အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 🌧 သတိပြုရန် (သဘာဝဘေးအန္တရာယ်): မုတ်သုံလေ အားကောင်းခြင်းနှင့် အပူပိုင်းမုန်တိုင်း "နာရာ" (NARRA) ၏ တိမ်တိုက်များ သက်ရောက်မှုကြောင့် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်နှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ၊ လေကြောင်းနှင့် ရေကြောင်းသွားလာရေးများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။ 🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျကာ လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်) #ဖိုးမှန် Crd. မိုး/ဇလ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြော
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်
နေပြည်တော်၊ ဩဂုတ် - ၂၅ https://t.me/phoehmann007 #ဖိုးမှန်

၂၅.၈.၂၀၂၆ ရက်နေ့ လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူး‌ပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံနိမ့်ကျမှုကြ
+3
၂၅.၈.၂၀၂၆ ရက်နေ့ လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူး‌ပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံနိမ့်ကျမှုကြောင့် ကျုံပျော်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရှိ ပင်လုံရပ်ကွက်တွင် ရေဝင်နေကြောင်း သတင်းရရှိသဖြင့် ကျုံပျော်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ရေဝင်ရောက်သည့်ရပ်ကွက်ရှိ အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး။ https://t.me/phoehmann007 #ဖိုးမှန်

+6
26.8.2026 ရက်နေ့သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်