ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဖိုးမှန်

ဖိုးမှန်

前往频道在 Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

显示更多
未指定国家未指定类别
4 336
订阅者
-4824 小时
-2827 天
-56930 天
帖子存档
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(ဗဟိုအဆင့်) အထိ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြား   နိုင်ငံတော်သမ္မတက ယနေ့ကျောင်းသားလူငယ်များသည် နောင်အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် ကာယ၊ ဉာဏ ဘက်စုံဖွံဖြိုးတိုးတက်စေရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ https://t.me/phoehmann007 #ဖိုးမှန်

🌊 စဉ့်ကိုင်မြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ ၁,၂၂၀ ဦးနှင့် တိရစ္ဆာန်များကို ဘေးကင်းရာသို့ ပ
+3
🌊 စဉ့်ကိုင်မြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ ၁,၂၂၀ ဦးနှင့် တိရစ္ဆာန်များကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ▪️ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ဩဂုတ်လ ၁၀ ရက် ညနေပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းနံဘေးရှိ ဧည့်ပြကျေးရွာအုပ်စုနှင့် ပလိပ်ကျေးရွာအုပ်စုများအတွင်း ရေများဝင်ရောက်ခဲ့ပါသည်၊၊ ▪️ ထိုသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဧည့်ပြကျေးရွာအုပ်စုမှ လူဦးရေ ၅၉၀ ဦးနှင့် တိရစ္ဆာန် ၃၁၅ ကောင်၊ ပလိပ်ကျေးရွာအုပ်စုမှ လူဦးရေ ၁,၂၂၀ ဦးနှင့် တိရစ္ဆာန် ၁၃၅ ကောင်တို့ကို ရေဘေးလွတ်ရာနေရာများသို့ အရေးပေါ် ကူညီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရပါသည်၊၊ https://t.me/phoehmann007 #ဖိုးမှန် #Myanmar #Mandalay #Myitnge #FloodRelief

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဩဂုတ်လ၏ ၂၄ နာရီအတွင်း ရွာသွန်းခဲ့သော မို
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဩဂုတ်လ၏ ၂၄ နာရီအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်စံချိန်သစ် Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

📷 ပုဂံဒေသတွင် ထိုင်းနှင့်မလေးရှား ဓာတ်ပုံပညာရှင်များ လာရောက်မှတ်တမ်းတင် ▪️ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ထို
+4
📷 ပုဂံဒေသတွင် ထိုင်းနှင့်မလေးရှား ဓာတ်ပုံပညာရှင်များ လာရောက်မှတ်တမ်းတင် ▪️ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ထိုင်းနှင့်မလေးရှားနိုင်ငံသား ဓာတ်ပုံပညာရှင် ၁၂ ဦးတို့သည် ဩဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ ပုဂံဘုရားများနောက်ခံဖြင့် ဒေသတွင်းရှုခင်းများနှင့် ကျေးလက်ဓလေ့များကို စည်းကမ်းချက်များနှင့်အညီ လာရောက်ရိုက်ကူးလျက်ရှိ။ ▪️ အဆိုပါ ခရီးသွားများ လာရောက်ရိုက်ကူးမှုကြောင့် ဒေသခံပြည်သူများအနေဖြင့် ကားငှားခ၊ နွားလှည်းခနှင့် တည်းခိုခစသည့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဝင်ငွေများ ရရှိနေကြကြောင်း သိရှိရ။ https://t.me/phoehmann007 #ဖိုးမှန် #Myanmar #Bagan #Tourism #Photography

🇲🇲🕊🇲🇲 Crd. NAC
🇲🇲🕊🇲🇲 Crd. NAC

ကောက်နုတ်ချက် https://t.me/phoehmann007 #ဖိုးမှန်
+4
ကောက်နုတ်ချက် https://t.me/phoehmann007 #ဖိုးမှန်

မိုးကြီးမည့်သတိပေးချက် (အမှတ်စဉ် ၄၁/၂၀၂၆) (ဩဂုတ် ၁၀ ရက်၊ နံနက် ၈ နာရီ) ⛈ မိုးကြီးနိုင်သော ဒေသများ: ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အတွင်
မိုးကြီးမည့်သတိပေးချက် (အမှတ်စဉ် ၄၁/၂၀၂၆) (ဩဂုတ် ၁၀ ရက်၊ နံနက် ၈ နာရီ) ⛈ မိုးကြီးနိုင်သော ဒေသများ: ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 🌧 သတိပြုရန် (သဘာဝဘေးအန္တရာယ်): မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်နှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ၊ လေကြောင်းနှင့် ရေကြောင်းသွားလာရေးများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။ 🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းမှုကြောင့် မုတ္တမကွေ့နှင့် မွန်-တနင်္သာရီတွင် လေတိုက်နှုန်း ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉-၁၁ ပေခန့်ဖြင့် လှိုင်းကြီးမည်ဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတွင် လေတိုက်နှုန်း ၂၅-၃၀ မိုင်၊ လှိုင်းအမြင့် ၇-၉ ပေခန့်ဖြင့် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ Ref: မိုး/ဇလ #ဖိုးမှန်

မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်သည့်နေရာများမှ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ ပြောင်း‌ရွှေ့ပေးလျက်
+2
မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်သည့်နေရာများမှ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ ပြောင်း‌ရွှေ့ပေးလျက်ရှိ https://t.me/phoehmann007 #ဖိုးမှန်

"စုပေါင်းအားဖြင့် ပြန်လည်ထူထောင်မည်" https://t.me/phoehmann007 #ဖိုးမှန်

ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨မြင်းမူမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့
+5
ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨မြင်းမူမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုပါရန်။ 🌧 တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ နေရာကွက်၍ မိုးကြီးနိုင်။☔️ https://t.me/phoehmann007 #ဖိုးမှန်

+5
10.8.2026 ရက်နေ့ သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၉ ရက်နေ့တွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်မျာ
+9
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၉ ရက်နေ့တွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးကူညီရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ တာဘောင်များပြုပြင်ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရိက္ခာနှင့်ရေသန့်များလှူဒါန်းခြင်းနှင့် ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့မြင်းကွင်းပုံရိပ်များ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သ
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား လဟာပကျေးရွာရှိ လဟာပကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများနှင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာ တာမိုင်(၂၅/၃) တွင် တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်း ပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ပေးအပ်လှူဒါန်းသည့် အလှူငွေများအား လက်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင
+9
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ် =========================== ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ အလှူငွေများ လက်ခံခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး အမှာစကားပြောကြားခဲ့သည်။

+5
9.8.2026 ရက်နေ့ သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

+4
8.8.2026 ရက်နေ့ သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗန်ကောက်မြို့ဒွန်မောင်းလေဆိပ်မှ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိ
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗန်ကောက်မြို့ဒွန်မောင်းလေဆိပ်မှ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိ