ဖိုးမှန်
前往频道在 Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
显示更多未指定国家未指定类别
4 694
订阅者
-424 小时
-307 天
-30930 天
帖子存档
4 694
လယ်ယာကဏ္ဍဖွံဖြိုးရေးအတွက် ဘဏ္ဍာရေးပံ့ပိုးမှုနှင့် ငလျင်ပြန်လည်ထူထောင်ရေးချေးငွေများကိစ္စ ဗဟိုဘဏ်နှင့် ဘဏ်များအသင်း ဆွေးနွေး
𝙊𝘾𝙏~𝟑
လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ဘဏ္ဍာရေးကဏ္ဍက ပံ့ပိုးနိုင်မည့် လုပ်ငန်းစဉ်များနှင့် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးချေးငွေများ ဆက်လက်ပံ့ပိုးနိုင်ရေးတိုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတိုက အောက်တိုဘာ ၂ ရက်တွင် နေပြည်တော်၌ ညှိနှိင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
4 694
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံဖြိုးရေး ဝန်ဆောင်မှုအရည်အသွေးနှင့် လူ့စွမ်းအားဖွံဖြိုးရေး အလေးထားရန် ပြည်ထောင်စုဝန်ကြီးပြောကြား
𝙊𝘾𝙏~𝟑
ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုအပြင် စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ကဏ္ဍဖြစ်သဖြင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
4 694
မုံရွာမြိုတွင် ငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
နေပြည်တော်၊ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၂၇ ရက်နေ့ ၂၀၃၀ အချိန် မုံရွာမြို၊ အိုးဘိုထောင်ရပ်ကွက်နေ ဇော်နိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း၊ ဝမ်းဝမ်း၊ ဇော်ဟိန်းထက် တိုအား FORLAND အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၆၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၃ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇော်နိုင်(၄၉)နှစ်၊ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း(၂၄)နှစ်၊ ဝမ်းဝမ်း(၁၉)နှစ် နှင့် ဇော်ဟိန်းထက်(၃၁)နှစ်တိုအား မုံရွာမြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်
Noted: လူငယ်တွေ အထူးသတိထားကြပါ။ အခုနောက်ပိုင်းသိလာရတာက တိုင်းရင်းသားလက်နက်ကိုင်တွေက အညာလူငယ်တွေနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးတွေ ဖြန့်လာတာတွေ့ရပါတယ်။ လူငယ်တွေ သုံးကြရင်နဲ့ သားကောင်ဖြစ်လာကြပါတော့မယ်။ မူးယစ်ဆေးသုံးပြီဆိုရင် အခြားပြစ်မှုတွေပါ တွဲခေါ်လာပါလိမ့်မယ်။ ဘေးကင်းကြပါစေ။
4 694
မန္တလေးတိုင်း ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံက ဆန် ၁၆၃ တန်ကျော် လှူဒါန်း
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅) အရ တရုတ်နိုင်ငံက ဆန် ၁၆၃ ဒသမ ၈၇၇ တန် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းသည့် ဆန်များကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲထံ အောက်တိုဘာ ၂ ရက်က လွှပြောင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လက်ခံရယူခဲ့သည်။
4 694
EV နည်းပညာသုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးနှင့် ပြည်တွင်းသုတေသနနယ်ပယ်များ ဦးစားပေးသတ်မှတ်ရန် ဆွေးနွေး
𝙊𝘾𝙏~𝟑
လျှပ်စစ်သုံးယာဉ် (EV) ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်သည့် နည်းပညာများအဖြစ် ပြောင်းလဲနိုင်ရေး Prototype ဖန်တီးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် လက်တွေ့အသုံးချခြင်းတိုကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ပြောကြားသည်။
Noted: ဒါကလွယ်ပါတယ်။ EV နဲ့ပတ်သက်ပြီး တက်ကျွမ်းနားလည်တဲ့သူတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ၊ ဒါမှမဟုတ် စာတမ်းဖတ်ပွဲတွေကျင်းပမယ်။ ဒီအထဲကမှ သုတေသနအချက်အလက်တွေကိုစုစည်းဖော်ထုတ်ပြီး အုပ်ချုပ်သူတွေကို ပြုစုပြီး သင်တန်းတွေပေးမယ်၊ ဒီဘာသာရပ်နဲ့ ဆက်စပ်တဲ့ သင်ခန်းစာတွေ လက်တွေ့လုပ်ငန်းတွေကို တက္ကသိုလ်တွေ ကောလိပ်တွေမှာ အခါအားလျော်စွာ သင်ပြပေးမယ်။ တကယ်ဖွံ့ဖြိုးချင်တဲ့စိတ်စေတနာရှိမယ်ဆိုရင် ပြောပါတယ်။ အခုဟာက ရုံးတွင်းလောက်နဲ့ လုပ်တယ်ဆိုတာ အထင်ဖြစ်အောင် ညွှန်ကြားချက်ပေးတာလောက်နဲ့ကတော့ သုတေသန Level မရောက်နိုင်ဘူးဆိုတာ ပညာတက်တဲ့ လူအကုန်သိပါတယ်။ ထားပါ။ လက်လွန်ကြက်သွန်ဖြစ်ကုန်ပါလိမ့်မယ်။ အနာနဲ့ဆေးတည့်ကြပါစေ။
သိင်္ခ
4 694
အမေရိကန်က အရှေ့အလယ်ပိုင်းသို တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောအုပ်စု စေလွှတ်
ဒေါ်နယ်ထရန့်က အီရန်ကို ထပ်မံတိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း သတိပေးပြောဆိုထားချိန် အမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသသို တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောအုပ်စု စေလွှတ်လိုက်ပြီဟု သိရသည်။ ယခု လွှတ်လိုက်သည့် စစ်သင်္ဘောအုပ်စုတွင် အထူးရေကြောင်း-ကုန်းကြောင်း တိုက်ခိုက်ရေးတပ်ဖွဲတစ်ခုလည်း ပါဝင်ပြီး အမေရိကန်တွင် နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ရန် နီးကပ်လာချိန်နှင့် တိုက်ဆိုင်နေသည်။
အရှေ့အလယ်ပိုင်းသို ဦးတည်ထွက်ခွာလာသည့် အဆိုပါ ရေတပ်သင်္ဘောအုပ်စုတွင် စုစုပေါင်းရေတပ်သား ၇,၀၀၀ ကျော်နှင့် မရိန်းတပ်ဖွဲဝင် ၂,၀၀၀ ခန့် ပါဝင်သည်။ USS Theodore Roosevelt လေယာဉ်တင်စစ်သင်္ဘောနှင့် USS Makin Island ကုန်း-ရေ စစ်ဆင်ရေးအသင့်တပ်ဖွဲတိုအပြင် ကုန်းတက်တိုက်ခိုက်ရေးသင်္ဘောနှစ်စင်းလည်း လိုက်ပါလာမည်ဖြစ်သည်။
Noted: ကမ္ဘာကြီးကို မငြိမ်းမချမ်းထားရမှ စိတ်ချမ်းသာတဲ့အဖွဲ့တွေထင်ပါတယ်။ ခက်တာက ကိုယ့်နိုင်ငံတင်မဟုတ်ပဲ အခြားနိုင်ငံတွေကိုပါ လွှမ်းမိုးချုပ်ကိုင်ချင်နေတဲ့ အလိုဆန္ဒကပဲ စစ်မီးတွေအစလို့ ပြောရမှာပါပဲ။ ကြာလာတော့လဲ ကမ္ဘာကြီးဟာ မငြိမ်းချမ်းသော၊ ရာသီဥတုတွေဖောက်ပြန်လာသော ၊ ကပ်ဘေးတွေထူပြောလာတဲ့ ကမ္ဘာကြီးအသွင်းရောက်ရှိနေပါပြီ။
သိင်္ခ
4 694
အင်ဒိုနီးရှားသမ္မတ အစိုးရအဖွဲပြင်ဆင်ပြီး နိုင်ငံခြားရေးဝန်ကြီးသစ် ခန့်အပ်
ဂျကာတာ၊ အောက်တိုဘာ ၂
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် အစိုးရအဖွဲအတွင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ဝါရင့်သံတမန် Arrmanatha Christiawan Nasir ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Arrmanatha Nasir သည် ယခင်နိုင်ငံခြားရေးဝန်ကြီး Sugiono ၏ နေရာကို ဆက်ခံခြင်းဖြစ်ပြီး အောက်တိုဘာ ၁ ရက်က ဂျကာတာမြိုရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
4 694
ကျိုက်ထိုမြိုနယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ၊ ဓာတ်အားထိန်းချုပ်ခန်းအား အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ချ တိုက်ခိုက်ဖျက်ဆီး
ကျိုက်ထို၊ အောက်တိုဘာ ၂
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့်လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းများကို ဥပဒေမဲ့ ယုတ်မာရိုင်း စိုင်းစွာ ကျူးလွန်လျက်ရှိကြပြီး စက်တင်ဘာလ ၃၀ ရက်၊ ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံသို အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ၂ ဖြင့် ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
4 694
Thai Airways လေကြောင်းလိုင်း၏ CEO ရာထူးမှ ဖယ်ရှားခံရ
ဘန်ကောက်မြိုရေကြီးမှုအတွင်း လေကြောင်းခရီးစဉ်များ စီမံခန့်ခွဲမှုအပါအဝင် မြေပြင်ဝန်ဆောင်မှုများ အဆင်မပြေဖြစ်ခဲ့ရပြီး ခရီးဆောင်အိတ်များ စုပုံနေခဲ့သည့်အတွက် Thai Airways လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ချိုင်အမ်စီရီကို အောက်တိုဘာ ၂ ရက်တွင် ဒါရိုက်တာအဖွဲက ရာထူးမှ ဖယ်ရှားလိုက်သည်။
4 694
ဒေါ်လာ ၃၅၀,၀၀၀ ရင်းနှီးထည့်ဝင်ရုံဖြင့် အာဂျင်တီးနားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည်
𝙊𝘾𝙏~𝟐
အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်မယ့် “Citizenship by Investment” အစီအစဉ်ကို ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း စတင်လက်ခံသွားမယ်လို အာဂျင်တီးနားအစိုးရက အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အစီအစဉ်အရ နိုင်ငံခြားသားလျှောက်ထားသူတွေအနေနဲ့ အာဂျင်တီးနားနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနထံ ပြန်လည်ရယူလိုမရတဲ့ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ထည့်ဝင်ခြင်း ဒါမှမဟုတ် ဒီအစီအစဉ်အတွက် သီးသန့်ဖန်တီးထားတဲ့ အမေရိကန်ဒေါ်လာ ၈၀၀,၀၀၀ တန် အစိုးရငွေချေးစာချုပ် ဝယ်ယူခြင်းတိုထဲက တစ်ခုကို ပြုလုပ်ရမှာဖြစ်ပါတယ်။
4 694
ပုဂံတွင် လူစီးနင်းနိုင်သည့် မီးပုံးပျံများ အောက်တိုဘာ ၁၅ ရက်တွင်စတင်ပျံသန်းမည်
မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၏ရှုခင်းများကိုကြည့်ရှုနိုင်မည့် လူစီး နင်းနိုင်သော မီးပုံးပျံများ အောက်တိုဘာ ၁၅ ရက်မှစ တင်၍ပျံသန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Balloon Over Bagan မှ အောက်တိုဘာ ၁၅ ရက်နှင့် STT Balloons မှ နိုဝင်ဘာလပထမပတ်တွင်စတင်ပျံ သန်း၍ ပြည်တွင်း/ပြည်ပခရီးသွားများကိုဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
4 694
ကာလင်နင်ဂရက်ကို ကာကွယ်ဖို ရုရှားမှာရှိသမျှ လက်နက်အားလုံး အသုံးပြုဖို အသင့်ရှိနေတယ်လို ပူတင်က အနောက်အုပ်စုကို သတိပေး
ဘောလ်တစ်ပင်လယ်ပြင်ထဲက သူတိုရဲ့ ကာလင်နင်ဂရက် နယ်မြေခြားနယ်မြေဟာ တိုက်ရိုက်တိုက်ခိုက်ခံရတယ်လို ယူဆရရင် လက်ဝယ်ရှိသမျှ လက်နက်အားလုံးကို အသုံးပြုသွားမယ်လို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောကြားလိုက်ပါတယ်။
ရုရှားအနေနဲ့ "ဘယ်သူ့ကိုမှ ခြိမ်းခြောက်နေတာမဟုတ်ဘူး" လို သမ္မတက အခိုင်အမာပြောဆိုခဲ့ပြီး၊ ၂၀၂၉ ဒါမှမဟုတ် ၂၀၃၀ မှာ ရုရှားက စစ်ပွဲအတွက် ပြင်ဆင်နေပါတယ်ဆိုတဲ့ အနောက်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေကို တုံပြန်ရုံသက်သက်သာ ဖြစ်တယ်လို ဆိုပါတယ်။
4 694
အိန္ဒိယကတော့ အစိမ်းရောင်တော်လှန်ရေးအတွက် ရင်နှီးမြုပ်နှံမှုတွေ တိုးပြီးရင်းတိုးနေ
အောက်တိုဘာ - ၂ ( သောကြာနေ့ )
အိန္ဒိယနိုင်ငံဟာ လျှင်မြန်စွာ တိုးတက်လာနေတဲ့ နေရောင်ခြည်နဲ့ လေစွမ်းအင် ထုတ်လုပ်မှု စွမ်းရည်ကို (အထူးသဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် အမြင့်ဆုံးအချိန်တွေမှာ) အပြည့်အဝ အသုံးပြုနိုင်ရေး အတွက် အဟန့်အတားဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အား လိုင်းပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းဖို အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ တန်ဖိုးရှိ အစိမ်းရောင်မဟာဓာတ်အားလိုင်း တိုးချဲ့ရေး စီမံကိန်းကို အတည်ပြုလိုက်ပါတယ်။
4 694
မဲဆောက်ရှိ ကာရာအိုကေတွင် အလုပ်လုပ်နေသည့် မြန်မာ ၆ ဦးနှင့် စံခလဘူရီတွင် ခိုးဝင်လာသည့် မြန်မာ ၇ ဦးတိုကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး
𝙊𝘾𝙏~𝟐
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြိုနယ်နှင့် ကန်ချနဘူရီခရိုင် စံခလဘူရီမြိုနယ်တိုတွင် တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့် အလုပ်လုပ်ကိုင်မှုတိုကြောင့် မြန်မာနိုင်ငံသား ၁၃ ဦးကို အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တိုတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
4 694
မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့ပေးအပ်သော အိမ်အမိုးသွပ်နှင့်ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်
မြဝတီ၊ အောက်တိုဘာ ၂
ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေရန် အတွက်ကရင်ပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့သည့် အိမ်အမိုးသွပ်နှင့် ဘိလပ်မြေအိတ်များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြဝတီမြိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
4 694
အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်း တရုတ်(တိုင်ပေ) သို ရောက်လာတော့မည်
ဒီမိုကရေစီစနစ် ကျင့်သုံးနေသော တရုတ်(တိုင်ပေ)က တရုတ်၏တိုက်ခိုက်မှုအလားအလာကိုဟန့်တားရန် ၎င်း၏စစ်ရေးစွမ်းရည်များကိုအဆင့်မြှင့်တင်လျက်ရှိရာ တရုတ်(တိုင်ပေ)သည် အောက်တိုဘာ ၂ ရက်တွင် အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်းကို လက်ခံရရှိမည်ဖြစ်သည်။
F-16V တိုက်လေယာဉ်များသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ပထမသက်တမ်းအတွင်းတွင် အတည်ပြုခဲ့သည့် F-16V တိုက်လေယာဉ် ၆၆ စင်းအတွက် အမေရိကန်ဒေါ်လာရှစ်ဘီလျံရှိ အရောင်းအဝယ်၏ အစိတ်အပိုင်းဖြစ်ပြီး ထိုတိုက်လေယာဉ်များကို ယခုနှစ်တွင်ပေးပိုသွားရန်စီစဉ်ထားသည်။
