ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဖိုးမှန်

ဖိုးမှန်

前往频道在 Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

显示更多
未指定国家未指定类别
4 320
订阅者
-3924 小时
-3037 天
-59330 天
帖子存档
မြန်မာ့သနပ်ခါး

ပုသိမ် အားကစားနှင့် ကာယပညာသိပ္ပံတွင် ပရိသတ် ၂,၅၀၀ ဆံ့ မိုးလုံလေလုံအားကစားရုံအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ 𝙊𝘾�
ပုသိမ် အားကစားနှင့် ကာယပညာသိပ္ပံတွင် ပရိသတ် ၂,၅၀၀ ဆံ့ မိုးလုံလေလုံအားကစားရုံအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ 𝙊𝘾𝙏~𝟐𝟖 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်)တွင် သင်တန်းသားအိပ်ဆောင်၊ သင်တန်းကျောင်းနှင့် သင်တန်းရုံး၊ စားရိပ်သာ၊ ဘောလုံးကွင်းနှင့် ပရိသတ် ၂,၅၀၀ ဆံ့ မိုးလုံလေလုံအားကစားရုံတို တည်ဆောက်ခြင်းအပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-ဘယ်လာရုစ် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး Roadmap လက်မှတ်ရေးထိုး၊ မဟာဓာတ်အားလိုင်းနှင့် Smart Grid ဖွံဖြိုးရေး ပူးပ
မြန်မာ-ဘယ်လာရုစ် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး Roadmap လက်မှတ်ရေးထိုး၊ မဟာဓာတ်အားလိုင်းနှင့် Smart Grid ဖွံဖြိုးရေး ပူးပေါင်းမည် 𝙊𝘾𝙏~𝟐𝟖 မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတိုအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် Roadmap on Cooperation ကို လက်မှတ်ရေးထိုးခဲ့ပြီး မဟာဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ရေး၊ လျှပ်စစ်ဓာတ်အားပိုလွှတ်ဖြန့်ဖြူးရာတွင် လေလွင့်ဆုံးရှုးမှုလျှော့ချရေးနှင့် Smart Grid နည်းပညာဖွံဖြိုးရေးတိုတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် Express ကားများ ခရီးသည်ပစ္စည်းမှလွဲ၍ ကုန်ပစ္စည်းတင်ဆောင်ခွင့်မရှိကြောင်းသတိပေး ရန်ကုန် - မန္
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် Express ကားများ ခရီးသည်ပစ္စည်းမှလွဲ၍ ကုန်ပစ္စည်းတင်ဆောင်ခွင့်မရှိကြောင်းသတိပေး ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ပြေးဆွဲနေသည့် ခရီးသည်တင် Express ကားများအနေဖြင့် ခရီးသည်ပစ္စည်းမှလွဲ၍ အခြားကုန်ပစ္စည်းများ တင်ဆောင်ခြင်းမပြုရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲက သတိပေးလိုက်သည်။ စည်းကမ်းဖောက်ဖျက်ပြီး ကုန်ပစ္စည်းတင်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီး ဥပဒေအရ အရေးယူမည်ဖြစ်ပြီး အမြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းသွားမည်ဖြစ်သည်။ ကုန်အလေးချိန်ကြောင့် တာယာပေါက်ခြင်း၊ ဘရိတ်မမိခြင်းနှင့် တိမ်းမှောက်ခြင်းစသည့် မတော်တဆမှုများ ဖြစ်ပွားနိုင်သဖြင့် ယခုကဲ့သို တားမြစ်ရခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှု
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး ရန်ကုန်၊ အောက်တိုဘာလ- ၂၇ ရက်

+6
၂၈-၁၀-၂၀၂၆ ရက်နေ့ထုတ်သတင်းစာများ

မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက် အဆိုနှင့် စောင်းအတီးပြိုင်ပွဲများကို ဒုတိယသမ္မတ ဦးညိုစော ကြည့်ရှုအားပေး
မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက် အဆိုနှင့် စောင်းအတီးပြိုင်ပွဲများကို ဒုတိယသမ္မတ ဦးညိုစော ကြည့်ရှုအားပေး 𝙊𝘾𝙏~𝟐𝟖 (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက်အဖြစ် ကျင်းပသည့် အဆိုနှင့် စောင်းအတီးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြင်းထန်သည့် Arnab ဆိုင်ကလုန်းမုန်တိုင်း နီးကပ်လာသဖြင့် အိန္ဒိယပြည်နယ်နှစ်ခုတွင် ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းထား အိန္ဒိယနိုင်င
ပြင်းထန်သည့် Arnab ဆိုင်ကလုန်းမုန်တိုင်း နီးကပ်လာသဖြင့် အိန္ဒိယပြည်နယ်နှစ်ခုတွင် ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းထား အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းသို အလွန်ပြင်းထန်သည့် Arnab ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာနိုင်သဖြင့် အန်ဒရာပရာဒေ့ရှ်နှင့် ဩရိဿပြည်နယ်တိုတွင် နေထိုင်သူ ၁၀၀၀၀၀ နီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်း နေထိုင်ကြရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။ အဆိုပါမုန်တိုင်းသည် အောက်တိုဘာ ၂၆ ရက်မှစ၍ ပိုမိုအားကောင်းလာခဲ့ပြီး အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကုန်းတွင်းပိုင်းသို ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိ Guard Rail တန်းအား တိုက်မိပြီး ယာဉ်မောင်းသေဆုံး ရန်ကုန်-မန္တလေး အမြ
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိ Guard Rail တန်းအား တိုက်မိပြီး ယာဉ်မောင်းသေဆုံး ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၅၄ မိုင်အနီးတွင် အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက Toyota Hilux Surf ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့် သစ်ပင်ကို ဝင်တိုက်မိပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။

ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန် မကွေးစက်မှုဇုန်စီမံကိန်းဖော်ဆောင်နေ မကွေးတိုင်
ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန် မကွေးစက်မှုဇုန်စီမံကိန်းဖော်ဆောင်နေ မကွေးတိုင်း၊ မကွေးမြိုတွင် ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ တိုင်းစက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ(ဒေသဆိုင်ရာကော်မတီ)နှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတိုအကျိုးတူပူးပေါင်းပြီး မကွေးစက်မှုဇုန်စီမံကိန်းကိုဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

ရုရှားရေနံတင်သွင်းမှုလျှော့ရန်ယူအက်စ်ကဖိအားမပေးပါ--အိန္ဒိယဝန်ကြီး အိန္ဒိယနိုင်ငံအနေဖြင့်ရုရှားရေနံစိမ်းတင်သွင်းမှုကိုလျှော့ချ
ရုရှားရေနံတင်သွင်းမှုလျှော့ရန်ယူအက်စ်ကဖိအားမပေးပါ--အိန္ဒိယဝန်ကြီး အိန္ဒိယနိုင်ငံအနေဖြင့်ရုရှားရေနံစိမ်းတင်သွင်းမှုကိုလျှော့ချရန် အမေရိကန်ပြည်ထောင်စုက ဖိအားပေးခြင်းမျိုး မကြုံခဲ့ရကြောင်း အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် လုပ်ငန်းကဏ္ဍဆိုင်ရာ အခမ်းအနားတစ်ခုတွင် ရေနံဝန်ကြီး ဟားဒစ်ပ်ဆင်း ပူရီက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်း မြန်အောင်မြိုနယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစ၍ နွေစပါး ၅၃၇၄
ဧရာဝတီတိုင်း မြန်အောင်မြိုနယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစ၍ နွေစပါး ၅၃၇၄ ဧကအား စိုက်ပျိုးရေပေးဝေမည် ဧရာဝတီတိုင်း မြန်အောင်မြိုနယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစ၍ နွေစပါး ၅၃၇၄ ဧကအား စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အီးယူနှင့် နေတိုးအဖွဲဝင်နိုင်ငံများက ယူကရိန်းစစ်ပွဲကို အချိန်ကြာအောင်လုပ်နေသည်ဟု ရုရှားသမ္မတဗလာဒီမာပူတင် ပြောကြား အီးယူနှင့်န
အီးယူနှင့် နေတိုးအဖွဲဝင်နိုင်ငံများက ယူကရိန်းစစ်ပွဲကို အချိန်ကြာအောင်လုပ်နေသည်ဟု ရုရှားသမ္မတဗလာဒီမာပူတင် ပြောကြား အီးယူနှင့်နေတိုးနိုင်ငံများက သူတို၏ ထိပ်တိုက်တွေ့ဆုံရေးမူဝါဒအရ ယူကရိန်းစစ်ပွဲကို အချိန်ကြာအောင်လုပ်နေကြသည်ဟု ဖင်လန်၊ နော်ဝေခေါင်းဆောင်တိုနှင့် ဖုန်းဆက်ဆွေးနွေးရာတွင် ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားကြောင်း ကရင်မလင်က ထုတ်ပြန်ခဲ့ပြီး၊နောင်တွင်လည်း ယခုလို တိုက်ရိုက်ဆက်သွယ်မှုကို ဆက်လက်လုပ်ဆောင်မည်ဟု ဆိုသည်။ ယင်းသိုခေါင်းဆောင်သုံးဦး ဖုန်းဆက်ဆွေးနွေးစဉ် အီးယူနှင့် နေတိုးနိုင်ငံများ၏ထိပ်တိုက်တွေ့ရေးမူဝါဒကို သမ္မတပူတင်က အလေးပေးပြောကြားခဲ့ကြောင်း၊ ထိုထိပ်တိုက်တွေ့ရေးပေါ်လစီကစစ်ပွဲအချိန်ပိုကြာစေရန် ဦးတည်စေကြောင်း၊ အနောက်အင်အားကြီးနိုင်ငံများက ပဋိပက္ခကို လောင်စာဖြည့်ပေးနေကြောင်း ကရင်မလင်၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့တွင် ပုသိမ်မြို၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ ဆီမီးကိုးထောင်ကပ်လှူပူဇော် ပုသိမ်၊ အောက်တို
သီတင်းကျွတ်လပြည့်နေ့တွင် ပုသိမ်မြို၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ ဆီမီးကိုးထောင်ကပ်လှူပူဇော် ပုသိမ်၊ အောက်တိုဘာ ၂၇ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ဘုရား၊ စေတီပုထိုးများ၌ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆွမ်းများ ကပ်လှူပူဇော်ခြင်းနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတိုကို ဆောင်ရွက်လျက်ရှိကြရာ (သီတင်းကျွတ်လပြည့်နေ့) ယမန်နေ့ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို၏ကျက်သရေ ဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘုရားဖူးပြည်သူများသည် ဆီမီးကိုးထောင်ကပ်လှူပူဇော်ခဲ့ကြသည်။

၂၀၂၆ ခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ပုသိမ်မြိုနယ်ရှိ ငွေဆောင်အပန်းဖြေကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အနားယူကြတ
၂၀၂၆ ခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ပုသိမ်မြိုနယ်ရှိ ငွေဆောင်အပန်းဖြေကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အနားယူကြတဲ့ ခရီးသွားပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိတဲ့ မြင်ကွင်းပုံရိပ်တွေပဲဖြစ်ပါတယ်

မြန်မာ-ဘယ်လာရုစ် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး Roadmap လက်မှတ်ရေးထိုး 27 October 2026 မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်င
မြန်မာ-ဘယ်လာရုစ် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး Roadmap လက်မှတ်ရေးထိုး 27 October 2026 မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတိုအကြား လျှပ်စစ်ဓာတ်အားပိုလွှတ်ဖြန့်ဖြူးမှု ဆုံးရှုးမှုလျှော့ချရေး၊ Smart Grid နည်းပညာဖွံဖြိုးရေးနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးတိုအတွက် ပူးပေါင်းဆောင်ရွက်မည့် Roadmap on Cooperation ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ဘယ်လာရုစ်နိုင်ငံ၊မင့်စ်မြို၌ ကျင်းပသည့် (၃၀) ကြိမ်မြောက် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာ ဖိုရမ်သို အောက်တိုဘာ ၂၇ ရက်တွင် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ လက်မှတ်ရေးထိုးပွဲသိုလည်း ပါဝင်ခဲ့သည်။

လှိင်သာယာ(အနောက်ပိုင်း)မြိုနယ်၊ အမှတ်(၂၀) ရပ်ကွက်တွင် ကလေးငယ်တစ်ဦး ဝမ်းဗိုက်ဒဏ်ရာ၊ ဦးေခေါင်း ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေ အင်း
လှိင်သာယာ(အနောက်ပိုင်း)မြိုနယ်၊ အမှတ်(၂၀) ရပ်ကွက်တွင် ကလေးငယ်တစ်ဦး ဝမ်းဗိုက်ဒဏ်ရာ၊ ဦးေခေါင်း ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေ အင်းစိန်ခရိုင်၊ လှိင်သာယာ( အနောက်ပိုင်း)မြိုနယ်၊အမှတ်(၂၀)ရပ်ကွက်၊ မင်းကျော်စွာ( ၉)လမ်း၊ အိမ်အမှတ်(၇ယ/၈၇၂)တွင် ၂၇.၁၀.၂၀၂၆ရက်နေ့(၁၂၀၀)နာရီခန့် လူသေဆုံးသည်ဟု ရာအိမ်မှူး ဦးဌေးဦး၏ သတင်းပေးမှုအရ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘကျော်နှင့် ရာ/ဆယ်များမှ သွားရောက်ခဲ့ရာ မယွန်းယွန်း(ဘ)မသိ အမိ(ဒေါ်ညာသူမ)အသက်(၄)နှစ်သည် ဝမ်းဗိုက်ဒဏ်ရာ၊ ခေါင်းပေါက်ပြဲဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ - ၂၇

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေဖို တောင်သူအခြေပြုသုတေသနစခန်းများဆီသို Green Revolution (စိုက်ပျိုးရေးတော်လှန်ရေး) နောက်ပိုင်း
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေဖို တောင်သူအခြေပြုသုတေသနစခန်းများဆီသို Green Revolution (စိုက်ပျိုးရေးတော်လှန်ရေး) နောက်ပိုင်းကာလတွင် လယ်ယာမြေအခြေပြုသုတေသန (On-farm Research) နှင့် စိုက်ပျိုးရေးတိုးချဲ့အကြံပေးဝန်ဆောင်မှုများသည် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေများနှင့် ကိုက်ညီစေရန် တိုးချဲ့ရေးနည်းလမ်းများ၊ ကိရိယာများ၊ မူဝါဒများနှင့် လုပ်ဆောင်ပုံများကိုလည်း ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်လာခဲ့ကြသည်။ ယခင်ကအသုံးပြုခဲ့သော သုတေသနပညာရှင်များ ဦးဆောင်သည့် “အပေါ်မှအောက်သို” နည်းလမ်းများကို တဖြည်းဖြည်းလျှော့ချလာပြီး တောင်သူများကို အခြေခံသည့် “အောက်မှအပေါ်သို”ပါဝင်ဆောင်ရွက်မှုနည်းလမ်းများဖြင့် အစားထိုးအသုံးပြုလာခဲ့သည်။

မာရဝိဇယဘုရားဖူးပြည်သူများအတွက် EV ယာဉ်များအပါအဝင် အခမဲ့ယာဉ်များ ပြေးဆွဲပေးမည် --------------------------------------- နေပြည်တ
မာရဝိဇယဘုရားဖူးပြည်သူများအတွက် EV ယာဉ်များအပါအဝင် အခမဲ့ယာဉ်များ ပြေးဆွဲပေးမည် --------------------------------------- နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်တွင် တည်ထားကိုးကွယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်မည့် ဘုရားဖူးပြည်သူများအတွက် အောက်တိုဘာလ ၂၇ ရက်မှ ၂၈ ရက်အထိ အခမဲ့ယာဉ်များ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အခမဲ့ပိုဆောင်ရေးအစီအစဉ်ကို တော်ဝင်ယာဉ်လိုင်းနှင့် ဇာဧကရာဇ် EV ယာဉ်များဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပျဉ်းမနားမြိုရှိ ဘောဂသီရိကားကွင်းမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။