The Legend Of Rosy Clouds(2026)
前往频道在 Telegram
显示更多
未指定国家未指定类别
677
订阅者
-224 小时
+187 天
+7230 天
帖子存档
Generation To Generation 2026
မုန်တိုင်းကြားမှချစ်သန္ဓေ
WuXia Fantasy ကိုအရူးအမူးဖြစ်တဲ့ပရိသတ်တို့အတွက် ရှေးဟောင်းမှော်အတတ်နဲ့သိုင်းလောကကိုဇာတ်အိမ်တည်ထားတဲ့ စိတ်ဝင်စားစရာဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက သိုင်းလောကနောက်ခံဆိုပေမဲ့ အချစ်ဇာတ်အိမ်မျိုးလည်းပါတဲ့စီးရီးပါ။
ဒီကားမှာ Twelve Letters ထဲမှာပါဝင်ခဲ့တဲ့ရှောင်ကောကော Zhou Yi Ran နဲ့ Whispers of fate၊ To Get Master ထဲမှာ ဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်ခဲ့တဲ့ချစ်စဖွယ်မင်းသမီးလေး Bao Shang En တို့က တွဲဖက်သရုပ်ဆောင်ထားပေးပါတယ်။
ဇာတ်လမ်းအညွှန်း >>>
စုန်းကဝေတစ်ပါးဖြစ်လာမဲ့ ကံကြမ္မာပါလာသူ၊ ထက်မြက်ဖျတ်လတ်တဲ့မိန်းမပျိုလေး ချိုင်ကျောက်ဟာ ကိုယ့်ဆန္ဒမပါဘဲ လူအများ ကြည်ညိုလေးစားတဲ့ ချင်းချွဲဂိုဏ်းထဲ ဝင်ရောက်ခဲ့ရပါတယ်။ အဲဂိုဏ်းထဲမှာ မိသားစုတစ်ခုလုံးသတ်ဖြတ်ခံရမှုမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်ပြီး လူအများနဲ့ ကင်းကွာကာ သံသယစိတ်ကြီးလွန်းတဲ့ ချန်နင်ဆိုတဲ့ယောက်ျားပျိုနဲ့ ကံကြမ္မာအရဆုံတွေ့ခဲ့ပါတော့တယ်။
သူတို့နှစ်ဦးဟာ ရင်းနှီးလာတာနဲ့အမျှ ဂိုဏ်းရဲ့တင်းကျပ်လှတဲ့စည်းမျဉ်းတွေကြားမှာ ဖုံးကွယ်ထားတဲ့အန္တရာယ်တွေ၊ နှစ်ပေါင်းများစွာ မြှုပ်နှံပုန်းကွယ်နေတဲ့လျှို့ဝှက်ချက်တွေကို စတင်ဖော်ထုတ်ခဲ့ကြပါတယ်။ အဲအချိန်မှာပဲ သူတော်စင်ဂိုဏ်းတွေနဲ့မိစ္ဆာဂိုဏ်းတွေကြားမှာ ပဋိပက္ခတွေပိုများလာပါတယ်။ အဲလိုကိစ္စတွေများလာတာနဲ့အညီ ချန်နင်ရဲ့တကယ့်သရုပ်မှန်ဟာ တဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်။
ကိစ္စတွေရှုပ်ထွေးနေတဲ့ကြားမှာပဲ ချိုင်ကျောက်ဟာ ချန်နင်ကို မေတ္တာသက်ဝင်သွားရှာပါတယ်။ ချန်နင်ရဲ့သရုပ်မှန်ကိုသိလိုက်ရပြီးနောက် ချိုင်ကျောက်တစ်ယောက် အများကြီးထဲကမှ အမှားကြီးရွေးခဲ့မိတာလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်သံသယဝင်လာမိပါတယ်။ ချန်နင်ကလည်း သတိထားမိချိန်မှာ ချိုင်ကျောက်အပေါ် မေတ္တာယိုဖိတ်ပြီးကာကွယ်ပေးချင်လာပါတော့တယ်။
ဒီလိုနဲ့ လျှို့ဝှက်ချက်တွေကြားက ချစ်ရိပ်ငွေ့ငွေ့ဟာ စိုးထိတ်မှုတွေနဲ့အတူ ပေါက်ဖွားလာချိန်မှာတော့ သူတို့နှစ်ဦးရဲ့ချစ်ကြမ္မာဟာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အသည်းတယားယားမျှော်တလင့်လင့်နဲ့ ကြည့်ရှုအားပေးလိုက်ပါဦးနော်။
#GenerationToGeneration
ချန်နယ်အရင်joinပါ 🔽🔽🔽
https://t.me/chn448
Zကားlink🔽🔽🔽
https://t.me/chn448/308
ကြည့်ချင်တဲ့ series ရှိရင်မင်မင့်
Accမှာလာတောင်းလို့ရတယ်နော်
🔽🔽🔽🔽🔽🔽
@phyoesithu12
