The Legend Of Rosy Clouds(2026)
前往频道在 Telegram
显示更多
未指定国家未指定类别
678
订阅者
-224 小时
+187 天
+7230 天
帖子存档
ကျန်ကျောင်း၏ သိုင်းလောကခရီးစဥ် (雨霖铃)
Zhan Zhao Adventures (2026)
❝ ဆယ်စုနှစ်တစ်ခုစာထက်ပိုတဲ့ ရှုပ်ထွေးမှုတွေက ကျန်ကျောင်းကို ဖြေရှင်းဖို့အတွက် တစ်ယောက်တည်း စေလွှတ်ခဲ့တာပဲ ❞
မင်္ဂလာပါ GC Chinese ပရိတ်သတ်ကြီးတို့ရေ ..
ဒီတစ်ခါမှာတော့ သိုင်းလောကရဲ့ နာမည်ကျော် မသိသူမရှိတဲ့ တောင်ပိုင်းသူရဲကောင်း ကျန်ကျောင်းရဲ့ စွန့်စားခန်းတွေကို အသစ်တစ်ဖန် ပုံဖော်ထားတဲ့ “ ZhanZhao Adventures ” ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ဆောင် ကျန်ကျောင်းအဖြစ် Yang Yang က ဦးဆောင်ပါဝင်ထားပြီး ဟော့လင်လုံ အဖြစ် Zhang Ruonan နဲ့ ပိုင်ယွိထန်အဖြစ် Fang Yilun တို့က ပါဝင်ထားပါတယ် ။
ဇာတ်လမ်းအကျဉ်း ~
ဒီဇာတ်လမ်းလေးကတော့ သူရဲကောင်းကျန်ကျောင်းရဲ့ တရားမျှတမှုကို ရှာဖွေမဲ့ အကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ် ။
သိုင်းပညာထူးချွန်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ စတုတ္ထအဆင့်တော်ဝင်ကိုယ်ရံတော် ကျန်ကျောင်းဟာ မိတ်ဆွေဟောင်းတစ်ဦး ချန်ရစ်ထားခဲ့တဲ့ မဖြေရှင်းရသေးတဲ့ အမှုတစ်ခုရဲ့ သက်သေအထောက်အထားတွေကို လက်ခံရရှိပြီးတဲ့နောက် သဲလွန်စရှာဖွေဖို့ တစ်ကိုယ်တော် ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။
ဒီခရီးလမ်းမှာ မြောက်မြားစွာသော အန္တရာယ်တွေနဲ့ အင်အားစုအမျိုးမျိုးရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နေရင်း လမ်းခုလတ်မှာ လင်လုံတောင်စံအိမ်ရဲ့ ပထမသခင်မလေး ဟော့လင်လုံ ၊ ရှန့်ခုန်းကျွန်းရဲ့ ကြွက်ညီနောင်ငါးဖော်ထဲက အငယ်ဆုံး ရွှေရောင်ကြွက် ပိုင်ယွိထန်တို့နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။
ရည်မှန်းချက်ခြင်းတူညီကြတဲ့ ကျန်ကျောင်း ၊ ဟော့လင်လုံနဲ့ ပိုင်ယွိထန်တို့ သုံးယောက်ဟာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေကို မျိုးစုံကျော်ဖြတ်ခဲ့ပြီး အမှန်တရားဆီ တရွေ့ရွေ့နဲ့ ချဉ်းကပ်လာပါတော့တယ်။
တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီကြရင်း ၊ ဖေးမကြရင်း ….
❝ ငါအခုထိ ယုံကြည်ကြည့်ချင်ပါသေးတယ် .. တရားမျှတမှုက လောကကြီးထဲ ရှိနေသေးကြောင်းကိုပေါ့ ❞
— ကျန်ကျောင်း
ကျန်ကျောင်းရဲ့ယုံကြည်မှုက အမှန်တကယ် ဖြစ်လာနိုင်ပါ့လား ?
တကယ်ကိုပဲ လောကကြီးထဲမှာ တရားမျှတမှုကရော ရှိနေသေးရဲ့လား ?
ကျန်ကျောင်း ၊ ဟော့လင်လုံနဲ့ ပိုင်ယွိထန်တို့ မိတ်ဆွေသုံးယောက် ဒီခရီးလမ်းမှာအန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလား ?
သိုင်းကားမှ သိုင်းကားပါဆိုတဲ့ ပရိတ်သတ်ကြီးတွေအတွက် ကျန်ကျောင်းရဲ့စွန့်စားခန်းဖြစ်တဲ့ “ Zhan Zhao Adventures “ က စိတ်ကျေနပ်မှုအပြည့် ပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာပါ ။ GC Chinese ကနေတင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်ပေးကြပါဦးနော် ~
Review by Xing_
Translated by GC Chinese Team
Encoded by Feng
#ကျန်ကျောင်း၏သိုင်းလောကခရီးစဥ်
#雨霖铃
#ZhanZhaoAdventures
ကြည့်ရန်🔽🔽🔽🔽🔽
https://t.me/chn448
Zကားlink🔽🔽🔽🔽🔽
https://t.me/chn448/352
Repost from ရဲသွေးညီနောင်သုံးဖော်
မုန်တိုင်းကြားကချစ်သန္ဓေ အပိုင်း 37 (END)
#1080p
#GenerationToGeneration
