Falcon Esports MM
前往频道在 Telegram
Official Falcon Esports Channel; Esports Team Based on Myanmar
显示更多未指定国家未指定类别
660
订阅者
无数据24 小时
-27 天
-2130 天
帖子存档
ဒီနေ့ ယှဉ်ပြိုင်သွားခဲ့တဲ့ MSL Season 3 Lower Bracket ပွဲစဉ်မှာ Falcon Esports အနေနဲ့ ပြိုင်ဘက် TEAM 7 အသင်းကို 3-0 ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပြီး MSL Season 3 ခရီးစဉ်ကို ဒီနေရာမှာပဲ အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။💔
ဒီရာသီမှာ ကျွန်တော်တို့အသင်း အဝေးကြီးအထိ သွားနိုင်ဖို့အတွက် နောက်ကွယ်ကနေ အမြဲတမ်း အားပေးဝန်းရံပေးခဲ့ကြတဲ့ Falcoonsတို့ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်ခင်ဗျာ🙏
#Falconesports #Aimhighflyhigh #Wearefalcon #mslseason3
𝗧𝗛𝗘 𝗙𝗜𝗡𝗔𝗟 𝗛𝗨𝗥𝗗𝗟𝗘: 𝗙𝗜𝗚𝗛𝗧 𝗙𝗢𝗥 𝗧𝗛𝗘 𝗚𝗥𝗔𝗡𝗗 𝗙𝗜𝗡𝗔𝗟𝗦
ဒီနေ့ Thuwunna National Indoor Stadium မှာ ကျင်းပမဲ့ MSL Season 3 Playoffs ရဲ့ဒုတိယ မြောက်ဖြစ်တဲ့ Lower Bracket Final ပွဲစဉ်မှာ ကျွန်တော်တို့ Falcon Esports နဲ့ Team 7 တို့ ရင်ဆိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။
Best-of-5 (Bo5) စနစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်တဲ့အသင်းက ဒီနေ့ည နေ မှာတင် ဆက်တိုက်ကစားရမယ့် Grand Finals ဆီ တိုက်ရိုက်တက်လှမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။
ကွင်းထဲအထိ လာရောက်အားပေးကြမယ့် ပရိသတ်တွေရော၊ Online ကနေ စောင့်ကြည့်အားပေးမယ့် Falcoons တို့ တွေအားလုံးပဲအားပေးဖို့ အဆင်သင့်ပဲလားဗျာ့? 🦅
📍 ပွဲစဉ်အချိန်ဇယား:
🗓 Date: Today (May 31)
⏰ Time: [10:30 AM ] MMT
🏟 Venue: Thuwunna National Indoor Stadium
#Falconesports #Aimhighflyhigh #Wearefalcon #mslseason3
𝐕𝐈𝐂𝐓𝐎𝐑𝐘! ⚔️
Falcon Esports အနေနဲ့ Mythic Seal နဲ့ ပွဲစဉ်မှာ ပွဲအစအဆုံး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပွဲကောင်းတစ်ပွဲကို ဖန်တီးပေးခဲ့ပြီး 3-2 ဆိုတဲ့ ပြတ်သားတဲ့ရလဒ်နဲ့အတူ အောင်ပွဲကို သိမ်းပိုက်ပြီး နောက် တစ်ဆင့် ဆီကို အောင်ပွဲခံ ချီတက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 👑💯
𝗧𝗛𝗘 𝗙𝗜𝗡𝗔𝗟 𝗦𝗛𝗢𝗪𝗗𝗢𝗪𝗡 𝗕𝗘𝗚𝗜𝗡𝗦! 🔥
စောင့်မျှော်နေကြတဲ့ Offline အသံတွေ၊ ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့ ပြည့်နှက်နေမယ့် သုဝဏ္ဏ အားကစားကွင်းကြီးဆီ ကျွန်တော်တို့ ပြန်လာခဲ့ပါပြီ!
ဒီနေ့ MSL Season 3 Playoff Stage ရဲ့ Lower Bracket Semi Final Falcon Esports ဟာ Mythic SEAL အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
အမှားအယွင်းမခံတဲ့ Lower Bracket ပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံ၊ အပြတ်သားဆုံးသော Teamwork တွေနဲ့အတူ ပိုမိုပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲကို ပရိသတ်တို့ မြင်တွေ့ရမှာ သေချာပါတယ်။
Falcoonsတို့ အားလုံး Thuwunna Stadium ကြီးထဲအထိ လာရောက်ပြီး အားပေးပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🦅💪
Let's fly high, Falcons!
ပွဲစဉ်အသေးစိတ် အချက်အလက်များ
📍Thuwunna National Indoor Stadium 1
https://maps.app.goo.gl/kgABsnWhjWL9gPCz5?g_st=ac
🗓️ Playoff Stage: May 30, 31 (ယနေ့နှင့် မနက်ဖြန်)
⌛ Door Opens: 11:00 AM (ကွင်းတံခါးဖွင့်ချိန်)
MSL Season 3 Main event ကမနက်ဖြန်ဆိုစတင်ပါပြီ!အားပေးကြဖို့အသင့်ပဲလားFalcoonတို့?
𝗥𝗲𝗮𝗱𝘆 𝗳𝗼𝗿 𝘁𝗵𝗲 𝗙𝗶𝗻𝗮𝗹 𝗦𝗵𝗼𝘄𝗱𝗼𝘄𝗻? 🏆
အားလုံးအားလုံးပဲ စောင့်မျှော်နေကြတဲ့ MSL MM Season 3 Playoffs ရောက်ရှိလို့ လာ ပါတော့မယ် ။
လာမယ့် May 30 နဲ့ 31 ရက်နေ့တွေမှာ Thuwunna National Indoor Stadium မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
စင်မြင့်ထက်က အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို အပြင်မှာ လူကိုယ်တိုင် လာရောက်ခံစား ရင်း
Falcon Esports နဲ့အတူ တစ်ခဲနက် အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ကွင်းထဲမှာ အတူတူ ဆုံကြမယ်နော်၊ Falcoons တို့။ See you all at Thuwunna! 🏟️✨
Doors open : 11:00 AM
Location : [Thuwunna National Indoor Stadium]
📍https://maps.app.goo.gl/kgABsnWhjWL9gPCz5?g_st=ac
Falcon Daisies က Kyi Sin နဲ့ Ku Kuu တို့ ပွဲမတိုင်ခင် ဘာတွေလုပ်ကြလဲ...?
@falconesportsmyanmar
𝗠-𝗩-𝗣 𝗼𝗳 𝘁𝗵𝗲 𝗠𝗮𝘁𝗰𝗵 𝗞𝗶𝗸𝗼 နဲ့ 𝗔𝗽𝗵𝗼𝗼 🌟🤝
ပြီးပြည့်စုံတဲ့ Chemistry နဲ့ အသင်းကို အောင်ပွဲဆီ ဦးဆောင်ပေးသွားခဲ့တဲ့ Kiko နဲ့ Aphoo တို့ကို Haki Esports နှင့်ရင်ဆိုင်ခဲ့ရတဲ့ Upperbracket Semifinals ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား (MVPs) အဖြစ်သတ်မှတ် ပေးချင်ပါတယ် ။
အကောင်းဆုံး performance တွေ နဲ့ ပရိသတ်တွေကို အားရကျေနပ်စေခဲ့တဲ့ Kiko နဲ့ Aphoo တို့ကို အားလုံးပဲ ကွန်မန့်မှာ ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြပါဦးဗျာ။
Congratulations to our MVPs! 🌟
@falconesportsmyanmar
🦅 𝙁𝙇𝙔 𝙃𝙄𝙂𝙃 𝙁𝘼𝙇𝘾𝙊𝙉! 𝙄𝙏’𝙎 𝙈𝘼𝙏𝘾𝙃 𝘿𝘼𝙔! 🔥
ဒီနေ့ ရဲ့ ပွဲစဉ်မှာတော့ ကျွန်တော်တို့ Falcon Esports က Haki Esports နဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်
အောင်ပွဲနဲ့အတူ ရှေ့ဆက် တက်လှမ်းနိုင်ဖို့ ဒေစီလေးတွေကို အားလုံးပဲ အတူတူ အားပေးပေးကြပါဦးနော်။ 🥰🙌
Date: Today
Match Time: [4:00 PM]
Matchup: Falcon Esports vs Haki Esports
@falconesportsmyanmar
