ch
Feedback
PPIB.Official

PPIB.Official

前往频道在 Telegram

Single Source Of Truth.

显示更多
缅甸15 713未指定类别
4 724
订阅者
-424 小时
+177 天
+20030 天
帖子存档
🌾 လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍကို မိရိုးဖလာထုတ်လုပ်မှုစနစ်မှ ခေတ်မီ၊ ထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို့ ပြောင်းလဲဖော်ဆောင်ရေး၊ ကုန်ထုတ်စွမ်းအားနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့သည်။ 🌱 လယ်ယာထွက်ကုန် → ကုန်ကြမ်း → ပြုပြင်ထုတ်လုပ်မှု → တန်ဖိုးမြှင့်ထုတ်ကုန် → စက်မှုလုပ်ငန်း → ပြည်တွင်းစားသုံးမှု → ပြည်ပပို့ကုန် လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဖော်ဆောင်ကာ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆွေးနွေးခဲ့သည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

Form Agricultural Sector Development to National Output Growth (CENSOR) PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

"မာတာပီတုဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံမင်္ဂလမုတ္တမံ။" ၁။မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း။ ၂။သားမယားက
"မာတာပီတုဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊  ဧတံမင်္ဂလမုတ္တမံ။" ၁။မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း။ ၂။သားမယားကို ထောက်ပံ့ခြင်း။ ၃။အပြစ်ကင်းသောအလုပ်ကိုလုပ်ခြင်း။ ဤသုံးပါးသည် မင်္ဂလာတရားမည်ပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား ပထဝီအနေအထားအရ ရရှိထားသည့် အားသာချက်များကို ထိရောက်စွာအသုံးချပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးအပြင် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ ဈေးကွက်များကို ထိုးဖောက်နိုင်ရေးကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်းထည့်သွင်းပြောကြား နေပြည်တော်၊စက်တင်ဘာ-၂၀ “ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

အဖြူရောင်ရွှေစေးများမှသည် အိပ်မက်များဆီသို အပိုင်း(၂) မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပသိုရာဘာတင်ပိုမှုအခြေအနေ 🌿 ရာဘာ — “အဖြူရောင်ရွှေ” ဟု တင်စားရသည့် အဖိုးတန်ကုန်ကြမ်း ကမ္ဘာ့စီးပွားရေးနှင့် လူမှုဘဝများတွင် ရာဘာ သည် မရှိမဖြစ်အရေးပါသော ကုန်ကြမ်းပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ 🚗 သယ်ယူပို့ဆောင်ရေးယာဉ်များ၏ တာယာများ 🏥 ဆေးဘက်ဆိုင်ရာပစ္စည်းများ 🏭 စက်မှုလုပ်ငန်းသုံးပစ္စည်းများ စသည့် ကဏ္ဍပေါင်းများစွာတွင် ရာဘာကို အဓိကအသုံးပြုလျက်ရှိပါတယ်။ ဒါကြောင့် “အဖြူရောင်ရွှေ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရာဘာကုန်ကြမ်းကို အရည်အသွေးမြှင့်တင်ခြင်း၊ Value Added Products များအဖြစ် ထပ်မံထုတ်လုပ်ခြင်းတို့မှတစ်ဆင့် ပြည်တွင်းစီးပွားရေးတိုးတက်မှုနဲ့ လူမှုစီးပွားဘဝများကို ပိုမိုအကျိုးပြုစေနိုင်ပါတယ်။ 📊 ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာဘာစုစုပေါင်း ၈၉၆.၃၃၃၃၆၇ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး၊ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၉ ဒသမ ၈၃၉ သန်း ရှာဖွေပေးနိုင်ခဲ့ပါတယ်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

"ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ၊ ဧတံမင်္ဂလမုတ္တမံ။" ၁။အကြားအမြင်များခြင်း။ ၂။သိပ္ပအတက်ကို တက်
"ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ၊ ဧတံမင်္ဂလမုတ္တမံ။" ၁။အကြားအမြင်များခြင်း။ ၂။သိပ္ပအတက်ကို တက်ကျွမ်းခြင်း။ ၃။ကောင်းသောကိုယ်ကျင့်တရားရှိခြင်း။ ၄။ကောင်းသောစကားကိုပြောဆိုခြင်း။ ဤလေးပါးသည် မင်္ဂလာတရားမည်ပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ
+9
ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ၏ ဥတုဇရုပ်ကလပ်တော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ         ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ သွားရောက်ဖူးမြော်ကြည်ညို နေပြည်တော်၊ စက်တင်ဘာ - ၂၀ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး သည် သက်တော်(၉၉) နှစ်၊ သိက္ခာတော်(၇၉)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း (၈)ရက်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် (စနေနေ့)၊ ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ် ထံပျံလွန်တော်မူခဲ့သည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

" ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံမင်္ဂလမုတ္တမံ။ " ၁။မိမိနှင့်သင့်တော်ရာအရပ်၌ နေထိုင်ခြင်း။ ၂။ရှေးကေ
" ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံမင်္ဂလမုတ္တမံ။ " ၁။မိမိနှင့်သင့်တော်ရာအရပ်၌ နေထိုင်ခြင်း။ ၂။ရှေးကောင်းမှုရှိခြင်း။ ၃။မိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း။ ဤသုံးပါးသည် မင်္ဂလာတရားမည်ပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

အသေဝနာ စ ဗာလာနံ၊ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ။ ၁။အသိဉာဏ်ကင်းပါးသည့် လူမိုက်များကို မမှီဝဲမဆည်းကပ်ခြင
အသေဝနာ စ ဗာလာနံ၊ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ။ ၁။အသိဉာဏ်ကင်းပါးသည့် လူမိုက်များကို မမှီဝဲမဆည်းကပ်ခြင်း၊ ၂။ပညာရှိသူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊ ၃။ပူဇော်ထိုက်သူကိုပူဇော်ခြင်း။ ဤသုံးပါးသည် မင်္ဂလာတရားမည်ပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

"ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။ " ၁။လောကဓံရှစ်ပါးနှင့် တွေ့ကြုံရသော်လည်း စိတ်မ
"ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။ " ၁။လောကဓံရှစ်ပါးနှင့် တွေ့ကြုံရသော်လည်း စိတ်မတုန်မလှုပ်ခြင်း၊ ၂။လောကဓံကြောင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်း၊ ၃။ကိလေသာ မြူခိုးမြူတိမ်ကင်းခြင်း၊ ၄။ကြောက်ရွံ့စရာ ဘေးရန်မရှိခြင်း၊ ဤလေးပါးသည် မင်္ဂလာတရားမည်ပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

🎋 International Bamboo Day ကို ဂုဏ်ပြုကြိုဆိုပါစို့ 🌏 🌿 “ဝါး… သဘာဝရဲ့ အစိမ်းရောင်အမွေအနှစ်” ယနေ့ International Bamboo Day အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ဝါးပင်များ၏ အရေးပါမှုကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။ 🎋 ဝါးပင်ဟာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုသည့် အပင်တစ်မျိုးဖြစ်သလို လူနေမှုဘဝမှာလည်း အိမ်ဆောက်ပစ္စည်း၊ ပရိဘောဂ၊ လက်မှုပစ္စည်းများမှ စတင်ပြီး နေ့စဉ်အသုံးအဆောင်များအထိ ကျယ်ပြန့်စွာ အသုံးပြုနိုင်ပါတယ်။ 🌱 ဝါးတောများကို ထိန်းသိမ်းခြင်းဟာ 🍃 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး 🌳 မြေဆီလွှာနှင့် ရေဝပ်ဒေသများ ကာကွယ်ရေး 🏡 ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး ♻️ သဘာဝနှင့် လိုက်လျောညီထွေသော ထုတ်ကုန်များ ဖန်တီးရေး တို့အတွက် အထောက်အကူပြုနိုင်ပါတယ်။ 🎋 ဝါးကို တန်ဖိုးထားပါ — ဝါးတောများကို ထိန်းသိမ်းပါ — သဘာဝကို ကာကွယ်ပါ။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

သမိုင်းတစ်ခေတ်၏ အံ့ဖွယ်ရှေးဟောင်းဗိသုကာ "အန်ကောဝပ်" ကမ္ဘောဒီးယားနိုင်ငံ ရှိ အန်ကောဝပ် (Angkor Wat) ဘုရားကျောင်းသည် ခမာအင်ပါယာ၏ ထင်ရှားကျော်ကြားသော ရှေးဟောင်းဗိသုကာလက်ရာတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်တန်ဖိုးရှိသည့် သမိုင်းဝင်နေရာတစ်ခု ဖြစ်ပါသည်။ ၁၂ ရာစုတွင် တည်ဆောက်ခဲ့သည့် အန်ကောဝပ်သည် ဘာသာရေးအရ အထင်ကရ နေရာတစ်ခု ဖြစ်ပါသည်။ အန်ကောဝပ်ဘုရားကျောင်း၏ ထူးခြားခမ်းနားသော အဆောက်အအုံပုံစံ၊ အလယ်ဗဟိုရှိ တာဝါငါးခု၊ ကျယ်ပြန့်သည့် ကျုံးရေကန်နှင့် နံရံများပေါ်တွင် အနုစိတ်ထွင်းထုထားသည့် ကျောက်ရုပ်ကြွလက်ရာများသည် ခမာတို့၏ ရှေးဟောင်းဗိသုကာနှင့် အနုပညာလက်ရာများ၏ ထူးခြားမှုကို ဖော်ပြနေပါသည်။ အန်ကောဝပ်ဘုရားကျောင်း၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာ၊ ဘာသာရေးဆိုင်ရာ အရေးပါမှုနှင့် ယနေ့ခေတ်အထိ ခေတ် အဆက်ဆက် ထိန်းသိမ်းထားရှိနိုင်မှုတို့ ဖြင့် အံ့ဖွယ်ရာ အန်ကောဝပ် ဘုရားကျောင်းတော်ကြီး အကြောင်း။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

A Glance at the Vietnamese Automotive Industry " Vinfast " PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

EV ကမ္ဘာအသစ်နဲ့ ဗီယက်နမ် (VinFast)၏ အသံ ဗီယက်နမ်နိုင်ငံ၏ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာပုံနှင့် ဗီယက်နမ်မော်တော်ယာဉ်ကုမ္ပဏီ VinFast ၏ လျှပ်စစ်ယာဉ်ထုတ်လုပ်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအား လေ့လာတင်ဆက်ထားပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

"တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။" ၁။အလိုအကြိုက် မလိုက်မပါ ခြိုးခြံစွာကျင့်ခြင
"တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။" ၁။အလိုအကြိုက် မလိုက်မပါ ခြိုးခြံစွာကျင့်ခြင်း၊ ၂။မဂ်ဖိုလ်ရကြောင်း အကျင့်ကောင်းကိုကျင့်ခြင်း၊ ၃။သစ္စာလေးတန်အမြင်မှန်ရအောင် ကြည့်ရှုခြင်း၊ ၄။ဘဝငြိမ်းအေးမှုကိုပြန်လည်မျက်မှောက်ပြုခြင်း၊ ဤလေးပါးသည် မင်္ဂလာတရားမည်ပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင်စေလွှတ် PPIB Links Youtube | Tiktok | Telegram | Website | X(Twitter)
အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင်စေလွှတ် PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

"ခန္တီ စ သောဝစဿတာ၊ သာမဏာနဉ္စ ဒဿနံ။ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။ " ၁။အရာရာမှာ သည်းခံခြင်း၊ ၂။ဆုံးမစကားကို နားထောင်ခြင်
"ခန္တီ စ သောဝစဿတာ၊ သာမဏာနဉ္စ ဒဿနံ။ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။ " ၁။အရာရာမှာ သည်းခံခြင်း၊ ၂။ဆုံးမစကားကို နားထောင်ခြင်း၊ ၃။ရဟန်းသံဃာကို ဖူးမျှော်ခြင်း၊ ၄။အခွင့်ရတိုင်း တရားကို ဆွေးနွေးမေးမြန်းခြင်း၊ ဤလေးပါးသည် မင်္ဂလာတရားမည်ပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြော
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နေပြည်တော်၊ စက်တင်ဘာ - ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

အဖြူရောင်ရွှေစေးများမှသည် အိမ်မက်များဆီသို့ အပိုင်း(၁) PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

President U Min Aung Hlaing Tours In The Angkor Archaeological Park PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)