ch
Feedback
Cine Mix mm

Cine Mix mm

前往频道在 Telegram

🎬 Welcome to CineMix MM 🎬 ဒီ Channel မှာ 🇰🇷 Korean Drama 🇮🇳 Bollywood Movies 🌍 International Movies & Series အစုံအလင်တင်ပေးပါတယ်။ 🔥 Daily Update 🔥 Subtitle Available 👉 Join Now

显示更多
未指定国家未指定类别
4 886
订阅者
-524 小时
-297 天
-2630 天
帖子存档
Fast Five (2011) 2011 ‧ Action/Thriller ‧ 2h 10m လွတ်မြောက်ဖို့အတွက် နောက်ဆုံးတစ်ကြိမ်ပဲ အလုပ်လုပ်မယ်ဆိုပြီး စုစည်းလိုက်တဲ့ D
Fast Five (2011) 2011 ‧ Action/Thriller ‧ 2h 10m လွတ်မြောက်ဖို့အတွက် နောက်ဆုံးတစ်ကြိမ်ပဲ အလုပ်လုပ်မယ်ဆိုပြီး စုစည်းလိုက်တဲ့ Dom နဲ့ Brian တို့ရဲ့အဖွဲ့… ဒီတစ်ခါတော့ ဒေါ်လာသန်း ၁၀၀ ကျော်တန်တဲ့ ငွေတွေကို လုယူဖို့ စီစဉ်လိုက်ကြပါတယ်။ 💰🔥 Dom, Brian နဲ့ Mia တို့ Rio de Janeiro ကို ရောက်လာပြီးနောက် Hernan Reyes ဆိုတဲ့ အင်အားကြီးရာဇဝတ်ဂိုဏ်းခေါင်းဆောင်ရဲ့ ငွေတွေကို လုဖို့အတွက် Han, Roman, Tej နဲ့ အဖွဲ့သားတွေကို ပြန်လည်စုစည်းကြပါတယ်။ ဒါပေမယ့် သူတို့နောက်ကို အမေရိကန်အရာရှိ Luke Hobbs က လိုက်လာပြီး Reyes ရဲ့လူတွေကလည်း သူတို့ကို အလွတ်မပေးပါဘူး။ ဒီတော့ Dom နဲ့အဖွဲ့ဟာ ငွေကို လုယူဖို့သာမက သူတို့နောက်လိုက်နေတဲ့ ရန်သူတွေအားလုံးကိုပါ ရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်လာပါတော့တယ်။ အရှိန်မြင့်ကားတွေ၊ လုယက်မှုကြီးနဲ့ အက်ရှင်ခန်းတွေကို အပြည့်အဝခံစားရမယ့် Fast & Furious ရဲ့ ၅ ကားမြောက်ဇာတ်ကား။ 🏎️💨🔥 ဇာတ်ကား လင့် 👇👇👇👇 https://t.me/moviehouse1200/819

Drive Through Fire (2026) IMDB ⭐️ 5.3/10 “တရား ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူး။” ဆိုတဲ့ စကားကို ပရိတ်သတ်ကြီး ကြားဖူးမှာပါ။ ဒါ
Drive Through Fire (2026) IMDB ⭐️ 5.3/10 “တရား ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူး။” ဆိုတဲ့ စကားကို ပရိတ်သတ်ကြီး ကြားဖူးမှာပါ။ ဒါပေမဲ့ တကယ်ပဲ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူးလား? ဆုံးဖြတ်ချက် ချတဲ့ တရားသူကြီးဟာလည်း လူသား တစ်ယောက်ဖြစ်ပြီး လူသားဆိုတာ အားနည်းချက် ရှိပြီး ချုပ်ကိုင်လို့ ရတာပဲ မဟုတ်ဘူးလား? ဂျေဆန်က တာဝန် ထမ်းဆောင်ရင်း ဒဏ်ရာကြောင့် ဆေးစွဲရာကနေ တပ်ထဲကနေ အထုတ်ခံခဲ့ရတာပါ။ ဆေးဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ဘဲ အိမ်ထောင်ကွဲပြီး စားဝတ်နေရေးအတွက် တက္ကစီ သမားပဲ လုပ်နေခဲ့ပါတယ်။ တစ်ညမှာတော့ သူ လက်ခံလိုက်တဲ့ ဧည့်သည်ဟာ လူကုန်ကူးခံထားရတဲ့ မိန်းကလေး ဖြစ်နေပြီး သူ့ကို အကူအညီ တောင်းခဲ့ပါတော့တယ်။ ဇနီးဟောင်း ဂျေးမီဆီ တိုင်ပင်ပြီး ရဲတိုင်ဖို့ စဉ်းစားပေမဲ့ နောက်ဆုံးမှာတော့ သူကိုယ်တိုင်ပဲ ဝင်ပါဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ဂျေးမီက သူ(မ)လက်ရှိတွဲနေတဲ့သူ စုံထောက်ဆီ အကူအညီတောင်းခဲ့ပေမဲ့ လုပ်ထုံး လုပ်နည်းတွေက ရှုပ်ထွေးပြီး ကြန့်ကြာ နေခဲ့ပါတယ်။ #𝐂𝐫𝐞𝐝𝐢𝐭 ဇာတ်ကား လင့် 👇👇👇👇 https://t.me/moviehouse1200/813

လက်ကလေးဝေ့ယမ်းလိုက်တာနဲ့ အရာရာကိုဖန်တီးလို့ရတဲ့ နတ်ဘုရားလိုစွမ်းအားတွေ ရုတ်တရက်ရရှိသွားသောအခါ... ============================
လက်ကလေးဝေ့ယမ်းလိုက်တာနဲ့ အရာရာကိုဖန်တီးလို့ရတဲ့ နတ်ဘုရားလိုစွမ်းအားတွေ ရုတ်တရက်ရရှိသွားသောအခါ... ================================= ဇာတ်လမ်းအညွှန်းလေးကိုခံစားကြည့်ရအောင်Eccentric ဂြိုလ်သားတွေဟာ ကမ္ဘာကြီးကိုဖျက်ဆီးပစ်ဖို့အမိန်း ရထားပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးကိုမဖျက်စီးခင် စမ်းသပ်ဖို့အခွင့်အရေးရှိသင့်တယ်လို့ယူဆပြီးကမ္ဘာမြေပေါ်က ကြုံရာလူတစ်ယောက်ကို ရွေးချယ်ပြီး အစွမ်းတမျိုးပေးလိုက်ပါတယ်။ ထိုအစွမ်းကတော့ကိုယ်လိုချင်တာ အကုန်ရနိုင်တာပါ။လိုရာတွေအကုန်တောင်းလို့ရတယ်.လိုချင်တာရတယ် အဲ့စွမ်းအား ရဲ့ အားနည်းချက်တစ်ခုကတော့ကိုဖြစ်ချင်တဲ့အရာကို အသေးစိတ်ပြောမှရတာပါပဲ..လွယ်လွယ်နဲ့ပြောလိုက်မိပြီး တလွဲတွေဖြစ်ကုန်မှာပါ။ ဒီလိုအလွဲလေးတွေကိုဟာသဆန်ဆန်ရိုက်ကူးထားသလို..နေးလ်တစ်ယောက်ဒီစွမ်းအင်တွေနဲ့ဘာလုပ်မှာလဲ..ဂြိုလ်သားတွေစမ်းသပ်တဲ့စာမေးပွဲကိုအောင်ပါ့မလား..ဒါကိုရောသူသိရဲ့လား..ဖျက်ဆီးခံရမယ့်ကမ္ဘာကြီးကိုဘယ်လိုကယ်တင်မလဲဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုကြပါနော်…   #𝐂𝐫𝐞𝐝𝐢𝐭 ဇာတ်ကား လင့် 👇👇👇👇👇 https://t.me/moviehouse1200/816

Kung Fu Hustle (2004) လူမိုက်ဂိုဏ်းတွေကြီးစိုးနေတဲ့မြို့ထဲမှာ… ကိုယ်တိုင်ကတော့ ဘာမှမတတ်တဲ့ လူမိုက်လေးတစ်ယောက်က နာမည်ကြီးဂိုဏ်းဝင်ဖြစ်ဖို့ ကြိုးစားရင်း မထင်မှတ်ထားတဲ့ Kung Fu လောကကြီးထဲ ရောက်သွားတဲ့အခါ… 😂🔥

Kung Fu Hustle (2004) Sing ဟာ လူမိုက်ဖြစ်ချင်ပေမယ့် တိုက်ခိုက်ရေးမှာ ဘာမှမတတ်တဲ့သူပါ။ သူ့သူငယ်ချင်း Bone နဲ့အတူ Axe Gang အဖွဲ
Kung Fu Hustle (2004) Sing ဟာ လူမိုက်ဖြစ်ချင်ပေမယ့် တိုက်ခိုက်ရေးမှာ ဘာမှမတတ်တဲ့သူပါ။ သူ့သူငယ်ချင်း Bone နဲ့အတူ Axe Gang အဖွဲ့ဝင်တွေလို ဟန်ဆောင်ပြီး ပိုက်ဆံလိုက်တောင်းရင်း Pig Sty Alley ကို ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီနေရာက ရိုးရိုးသာမန်အိမ်ငှားတွေနေတဲ့နေရာ မဟုတ်ဘဲ Kung Fu ပညာရှင်တွေ ပုန်းကွယ်နေတဲ့နေရာ ဖြစ်နေပါတယ်။ Sing ရဲ့လုပ်ရပ်ကြောင့် Axe Gang နဲ့ Kung Fu ပညာရှင်တွေကြား တိုက်ပွဲတွေ စတင်လာပြီး နောက်ဆုံးမှာ အလွန်အစွမ်းထက်တဲ့ The Beast ကိုပါ လွှတ်ပေးမိပါတော့တယ်။ အဲဒီနောက် Sing ကိုယ်တိုင် မမျှော်လင့်ထားတဲ့ အင်အားတစ်ခု နိုးထလာပြီး သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ ဟာသ၊ အက်ရှင်နဲ့ Kung Fu တိုက်ခိုက်ခန်းတွေကို အရသာရှိရှိ ပေါင်းစပ်ထားတဲ့ Stephen Chow ရဲ့ နာမည်ကြီးကားတစ်ကားပါ။ 🥋🔥 ဇာတ်ကား လင့် 👇👇👇👇👇

Landship (2026) IMDB ⭐️ 7.2/10 “ရွှံ့နွံတွေ၊ ကျည်ဆန်တွေကြားထဲမှာ အသက်ရှင်ဖိုဆိုတာ ထင်သလောက်မလွယ်ကူဘူး…” ပထမကမ္ဘာစစ် နောက်ခံ W
Landship (2026) IMDB ⭐️ 7.2/10 “ရွှံ့နွံတွေ၊ ကျည်ဆန်တွေကြားထဲမှာ အသက်ရှင်ဖိုဆိုတာ ထင်သလောက်မလွယ်ကူဘူး…” ပထမကမ္ဘာစစ် နောက်ခံ War/Survival အကြမ်းစားကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ်ထွက် “Landship” ဆိုတဲ့ ဗြိတိန် စစ်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကတော့ Battle Over Britain တို Lancaster Skies တိုလို စစ်ကားကောင်းတွေ ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Callum Burn ရဲ့ လက်ရာသစ်ဖြစ်ပြီး၊ သရုပ်ဆောင်တွေအနေနဲ့ Vin Hawke, David Dobson, Matthew Canny တိုက အဓိကပါဝင်အားဖြည့်ထားပါတယ်။ သာမန် စစ်ကားတွေလို နေရာအနှံ့ပြေးလွှားပစ်ခတ်နေတာမျိုးမဟုတ်ဘဲ၊ တင့်ကားတစ်စီးတည်းဆိုတဲ့ ကျဉ်းမြောင်းတဲ့ နေရာလေးမှာ သည်းထိတ်ရင်ဖို ရိုက်ပြထားတာက ဒီကားရဲ့ အသက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၇ ခုနှစ်၊ Passchendaele တိုက်ပွဲကာလမှာ အခြေတည်ထားပါတယ်။ မဟာမိတ်တပ်တွေရဲ့ အဓိကထိုးစစ်ကြီးစတင်ချိန်မှာ၊ ဗြိတိန် MKIV (Mark 4) တင့်ကား “Fray Bentos” ပေါ်က စစ်သား (၉) ယောက်ပါတဲ့ အဖွဲဟာ ဂျာမန်ဘန်ကာတွေကို ချေမှုန်းဖို တာဝန်ပေးခံရပါတယ်။ #crd ဇာတ်ကား လင့် 👇👇👇👇 https://t.me/bl_only/1218

Kuk-ira Kau Ru-mah (2022) Disclaimer: No copyright infringement intended. I give full credit to the rightful owners

Kukira Kau Rumah(2022) နာမည်ကျော် တီးဝိုင်း bandတစ်ခုဖြစ်တဲ့Amigdala ရဲ့ Kukira Kau Rumah( I thought You were Home)ဆိုတဲ့ သီခ
Kukira Kau Rumah(2022) နာမည်ကျော် တီးဝိုင်း bandတစ်ခုဖြစ်တဲ့Amigdala ရဲ့ Kukira Kau Rumah( I thought You were Home)ဆိုတဲ့ သီချင်းလေးကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ။ သီချင်းလေးက တကယ်နားထောင်ကောင်းတဲ့ ဆွေးဆွေးအေးအေးလေးဖြစ်သလို ဇာတ်လမ်းကိုလည်း ထိုအတိုင်းပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဇာတ်ဆောင်မင်းသမီးဖြစ်သူဟာ စိတ်မူမမှန်ဝေဒနာကို ခံစားနေရသူပါ။ဒါကြောင့်လည်း ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေပဲရှိပြီး အားလုံးက အရိပ်တကြည့်ကြည့်နေလာသူပါ။ မင်းသားကတော့ ဂီတဘက်ကိုစိတ်ဝင်စားပြီး တသီးတသန့်နေတတ်တဲ့ ဂီတာသမားလေးပါ။ သူတို့နှစ်ယောက်ဆုံတွေ့ဖြစ်ပုံကတော့ ရိုးရိုးလေးပါပဲ။ လူငယ်သဘာဝ သူတို့နှစ်ယောက် ခင်မင်သွားကြ ပျော်ပါးကြရင်းနဲ့…..။ ဇာတ်လမ်းက ရိုးရိုးလေးပေမယ့် Acoustic Musicလေးတွေ ကြားစီးမျှောရင်းတွေးချင် ဆွေးချင်သူတွေအတွက်တော့ကွက်တိပါပဲ။ ခံစားကြည့်လိုက်ပါဦး။ #𝐂𝐫𝐞𝐝𝐢𝐭 ဇာတ်ကား လင့် 👇👇👇👇

Fast & Furious ( 2009 ) Action/Crime ‧ 1h 47m တစ်ချိန်က ရဲနဲ့ ရန်သူလို ဖြစ်ခဲ့ကြတဲ့ Dom နဲ့ Brian တို့ဟာ ဒီတစ်ခါတော့ ရန်သူတစ်
Fast & Furious ( 2009 ) Action/Crime ‧ 1h 47m တစ်ချိန်က ရဲနဲ့ ရန်သူလို ဖြစ်ခဲ့ကြတဲ့ Dom နဲ့ Brian တို့ဟာ ဒီတစ်ခါတော့ ရန်သူတစ်ဖက်တည်းကို ရင်ဆိုင်ဖို့ ပြန်လည်ပူးပေါင်းရပါတော့တယ်။ Dom ဟာ သူချစ်ရတဲ့ Letty နဲ့ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကြောင့် အမေရိကန်ကို ပြန်လာပြီး နောက်ကွယ်က အမှန်တရားကို လိုက်ရှာပါတော့တယ်။ တစ်ဖက်မှာတော့ Brian ကလည်း ရဲအရာရှိတစ်ယောက်အနေနဲ့ စုံစမ်းရင်း မူးယစ်ဆေးဝါးကွန်ရက်ကြီးတစ်ခု ဆီကို ခြေရာခံမိလာပါတယ်။ အဲဒီအမှုနှစ်ခုက တစ်နေရာတည်းမှာ ဆုံသွားတဲ့အခါ Dom နဲ့ Brian တို့ဟာ အရင်က မပြီးဆုံးသေးတဲ့ မကျေနပ်မှုတွေကို ခဏဘေးချပြီး ရန်သူကို အတူတူလိုက်ဖမ်းရပါတော့တယ်။ ဒါပေမယ့် ရန်သူတွေက လွယ်လွယ်နဲ့ ရင်ဆိုင်လို့ရတဲ့သူတွေ မဟုတ်ပါဘူး။ အရှိန်မြင့်ကားတွေ၊ အန္တရာယ်များတဲ့ လိုက်လံဖမ်းဆီးမှုတွေနဲ့ သစ္စာဖောက်မှုတွေကြားမှာ Dom နဲ့ Brian တို့ ဘယ်လောက်အထိ အတူတူတိုက်ပွဲဝင်နိုင်မလဲ… 🏎️🔥 ဇာတ်ကား လင့် 👇👇👇 https://t.me/moviehouse1200/809

Lion Fist ( 2026 ) TMDB 7.3/10 ခြင်္သေ့နှလုံးသားနဲ့လူ အက်ရှင်ဖိုက်တင်ဇာတ်ကားတွေ ကြိုက်တတ်သူတွေအတွက် ပူပူနွေးနွေးထွက်ထားတဲ့ ဇာ
Lion Fist ( 2026 ) TMDB 7.3/10 ခြင်္သေ့နှလုံးသားနဲ့လူ အက်ရှင်ဖိုက်တင်ဇာတ်ကားတွေ ကြိုက်တတ်သူတွေအတွက် ပူပူနွေးနွေးထွက်ထားတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ဂျိုးဟာ ကောင်မလေးက ဆေးအမှုနဲ့ ထောင်ကျဖို့ ဖြစ်လာတဲ့အချိန် သူကပဲဓားခုတ်ရာလက်ဝင်လျှိုပြီး ထောင်ထဲအစားဝင်ပေးလိုက်ပါတယ် သူ့ရဲ့ပိုင်ဆိုင်မှုတွေလည်း သူ့ကောင်မလေးက ကိုယ်ဝန်ရှိလာတာကြောင့် အကုန်လွှဲပေးလိုက်ရပြီး ထောင်က​ထွက်ချိန်မှာတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုသာ ကျန်ပါတော့တယ် ဂျိုးတစ်ယောက် ထောင်ကထွက်ပြီး အခြေလေးကျရုံရှိတုန်းမှာပဲ ပြတ်သွားပြီဖြစ်တဲ့ ကောင်မလေးက ကလေးဆေးရုံဒေါ်လာ ၅ သောင်းလာတောင်းလာတဲ့ အခါ အကျပ်ရိုက်ရပါတော့တယ် ဒီလိုနဲ့ ဒေါ်လာတစ်သိန်းဆုချမယ်ဆိုတဲ့ ဖိုက်တင်ပြိုင်ပွဲအကြောင်း သိချိန်မှာတော့ ဂျိုးလည်း သားဆေးရုံစရိတ်အတွက် ဝင်ပြိုင်ဖို့လုပ်ပါတော့တယ် ဒီပြိုင်ပွဲမှာ အဆင်ချောလာစေဖို့ တရုတ်သိုင်းဆရာကြီးနဲ့ပါ အမှတ်မထင်တွေ့သွားချိန်မှာတော့….. #𝐂𝐫𝐞𝐝𝐢𝐭 ဇာတ်ကား လင့် 👇👇👇👇 https://t.me/mmsubmh4/1061

Taru-ng Unf-orgi-ven (2026) IMDB ⭐️ 6.5/10 “ပြိုင်ဘက်ကို အလဲထိုးဖိုထက် ကိုယ့်စိတ်ကိုယ် အနိုင်ယူဖိုက ပိုခက်တယ်…” Action အကြမ်း
Taru-ng Unf-orgi-ven (2026) IMDB ⭐️ 6.5/10 “ပြိုင်ဘက်ကို အလဲထိုးဖိုထက် ကိုယ့်စိတ်ကိုယ် အနိုင်ယူဖိုက ပိုခက်တယ်…” Action အကြမ်းစား၊ လက်သီးဗလာနဲ့ သွေးသံရဲရဲ Underground Fight တွေကြိုက်တဲ့ ဘော်ဒါတွေအတွက် အမိုက်စား မလေးရှား အက်ရှင်ဇာတ်ကားသစ်ကြီး တင်ဆက်ပေးလိုက်ပါပြီဗျာ။ ဒီကားမှာ မလေးရှားရဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Bront Palarae, Zul Ariffin, Mierul Aiman နဲ့ Aedy Ashraf တို အားရပါးရ ဝင်ကြမ်းပေးထားပါတယ်။ ဒီကားလေးကတော့ သာမန်ကြမ်းရမ်းသတ်ပုတ် Action ကားသက်သက်မဟုတ်ဘဲ “You versus You” ဆိုတဲ့ ကိုယ့်စိတ်ထဲက အကြောက်တရားတွေနဲ့ အတ္တတွေကိုပါ ရိုက်ပြထားတာပါ။ ဇာတ်လမ်းကတော့ ဟတ်တာဆိုတဲ့ နိုင်ငံချန်ပီယံဟောင်း ဆီလတ်သိုင်းသမားတစ်ယောက်ဟာ ပြိုင်ပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်ကို မတော်တဆ သတ်မိသွားရာကနေ စပါတယ်။ ဒီဖြစ်ရပ်ဆိုးကြောင့် သူဟာ နောက်နောင် ဘယ်တော့မှ ပြိုင်ပွဲမဝင်တော့ဘူးဆိုပြီး သစ္စာဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာက အေးအေးဆေးဆေး နေခွင့်မပေးပါဘူး။ သူ့ရဲ့ တစ်ဦးတည်းသော အစ်မ အပြင်းအထန် နေမကောင်းဖြစ်လာပြီး ဆေးကုသစရိတ်တွေ အများကြီး လိုအပ်လာတဲ့အခါ… #𝐂𝐫𝐞𝐝𝐢𝐭 ဇာတ်ကား လင့် 👇👇👇 https://t.me/bl_only/1280

C-r-e-w G-i-r-l-p [2026] Ep8 END

C-r-e-w G-i-r-l-p [2026] Ep7

The   Acco-unta-nt   2     (2025) သာမန်စာရင်းကိုင်တစ်ယောက်လို ထင်ရပေမယ့် တကယ်တော့ ကိန်းဂဏန်းတွေကို ချက်ချင်းဆက်စပ်ဖော်ထုတ်နိုင်သလို အန္တရာယ်ရှိတဲ့အချိန်မှာလည်း တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ Christian Wolff ဟာ တစ်နေ့မှာ အစိုးရဘဏ္ဍာရေးဌာနရဲ့ အရာရှိဟောင်းတစ်ယောက် အသတ်ခံရပြီးနောက် အမှုထဲ ပြန်လည်ဝင်ရောက်လာပါတယ်။ အဲဒီအရာရှိရဲ့ လက်မှာ “Find the Accountant” ဆိုတဲ့ စာတန်းကျန်ခဲ့တာကြောင့် Marybeth Medina က Christian ကို ရှာဖွေပြီး အမှုကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုလာပါတယ်။ အမှုကို စုံစမ်းရင်း ပျောက်ဆုံးနေတဲ့ မိသားစုတစ်စုရဲ့ နောက်ကြောင်းနဲ့ လူကုန်ကူးမှုတွေ၊ ငွေကြေးအရှုပ်အထွေးတွေ ပါဝင်နေတဲ့ ကြီးမားတဲ့ ရာဇဝတ်ကွန်ယက်တစ်ခုကို ခြေရာခံမိလာပါတယ်။ ဒါပေမယ့် အမှန်တရားနဲ့ နီးလာလေလေ သူတို့နောက်ကို လိုက်နေတဲ့ လူသတ်သမားတွေကလည်း ပိုပြီး အန္တရာယ်ကြီးလာပါတော့တယ်။ ဒီတစ်ခါ Christian တစ်ယောက်တည်းနဲ့ မလုံလောက်တော့တာကြောင့် သူ့အစ်ကို Brax ကိုပါ ပြန်လည်ခေါ်ယူပြီး နှစ်ယောက်သား ပူးပေါင်းဖြေရှင်းရပါတော့တယ်။ တစ်ယောက်က ဉာဏ်နဲ့ ကိန်းဂဏန်းတွေကို အသုံးချပြီး အမှုရဲ့အရှုပ်အထွေးကို ဖော်ထုတ်သလို၊ တစ်ယောက်ကတော့ အန္တရာယ်ကြားထဲမှာ လက်နက်နဲ့ တိုက်ခိုက်ဖြေရှင်းပေးတာကြောင့် ဒီနှစ်ယောက်ရဲ့ ပူးပေါင်းမှုက ဇာတ်ကားရဲ့ အဓိကအရသာတစ်ခု ဖြစ်လာပါတယ်။ အမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ၊ ပျောက်ဆုံးသွားတဲ့မိသားစုက ဘာကြောင့် အရေးကြီးနေတာလဲဆိုတာကို တစ်ဆင့်ချင်း ဖော်ထုတ်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်ကား လင့် 👇👇👇👇 https://t.me/moviehouse1200/796

photo content
+1

Love , Again (2019) ဟျွန်းအူ နဲ့ ဆွန်းယောင်း တို့ဟာ ကွာရှင်းပြတ်ဆဲပွဲကိုတောင် အကျအနကျင်းပပြီး တရားဝင် လမ်းခွဲခဲ့ကြတဲ့ လင်မယား
+1
Love , Again (2019) ဟျွန်းအူ နဲ့ ဆွန်းယောင်း တို့ဟာ ကွာရှင်းပြတ်ဆဲပွဲကိုတောင် အကျအနကျင်းပပြီး တရားဝင် လမ်းခွဲခဲ့ကြတဲ့ လင်မယားဟောင်းတွေပါ။ ဟျွန်းအူတစ်ယောက် လူလွတ်ဘဝနဲ့ လွတ်လပ်မှုကို အားရပါးရ ခံစားနေရင်း ..   ဇနီးဟောင်းနဲ့ ပြန်တွေ့ရင် အိမ်ထောင်ရေး အိပ်မက်ဆိုးကြီး ပြန်စမှာစိုးလို့ အတတ်နိုင်ဆုံး ရှောင်ဖယ်နေပေမယ့်... သူ့ဇနီးဟောင်းမှာ ရည်းစားသစ် ရနေပြီဆိုတဲ့ သတင်းက သူ့ကို မနေနိုင်မထိုင်နိုင် ဖြစ်စေခဲ့ပါတယ်။ပိုဆိုးတာက ဇနီးဟောင်းရဲ့ ရည်းစားသစ်ဟာ ဟျွန်းအူအထက်တန်းကျောင်းကတည်းက အမြဲရှုံးနိမ့်ခဲ့ရတဲ့ ပြိုင်ဘက်ဟောင်းကြီး ဆန်းချော ဖြစ်နေတာပါပဲ။ဆန်းချောက ဟျွန်းအူနဲ့ ဆွန်းယောင်းကို ကွာရှင်းထားတဲ့ လင်မယားတွေဆိုတာ မသိခဲ့ပါဘူး။ ဘယ်လိုပဲ ကွာရှင်းထားပါစေ အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်တာကြောင့်တခြားယောကျ်ားလက်ထဲ ရောက်တော့မယ့် ဇနီးဟောင်းကို ဟျွန်းအူတစ်ယောက် ပြန်ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားမှာလား ..ဘယ်လိုတွေ အလွဲလွဲအချော်ချော်ဖြစ်ဦးမလဲဆိုတာ ရှုစားလိုက်ပါဦးနော် .. #crd ဇာတ်ကား လင့် 👇👇👇 https://t.me/kdm445/2042

The Pool [2018] The Pool ရုပ်ရှင်ကား ဟာ ၂၀၁၈ ခုနှစ်က မြန်မာပြည်မှာရုံတင်ခဲ့ပြီး လူကြိုက်အရမ်းများခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်
+2
The Pool [2018]                                                                    The Pool ရုပ်ရှင်ကား ဟာ ၂၀၁၈ ခုနှစ်က မြန်မာပြည်မှာရုံတင်ခဲ့ပြီး လူကြိုက်အရမ်းများခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ထိုင်း ရုပ်ရှင်ကားဖြစ်ပြီး တစ်ကားလုံးကို လူအနည်းငယ်ဖြင့်သာသရုပ်ဆောင် ရိုက်ကူးထားပြီး ထိုင်ရာက မထစတမ်း ကြည့်ရှုစေနိုင်တဲ့တစ်ခုထဲသော အာရှရုပ်ရှင်ကား တစ်ကားဖြစ်ပါတယ် လူသူ ဝေးတဲ့ မြိုအစွန်က ရေကူးကန် အဟောင်းတစ်ခုအားရုပ်ရှင်ရိုက်ကူးရန် ငှားခဲ့ပြီးနောက် ထို ရေကူးကန်ထဲ မှာအစောင့်တစ်ယောက် ဘောကွင်းလေးနဲ့ အိပ်ပျော်နေခဲ့တယ် ပြီးတော့ လူတွေ မသိသေးတဲ့ အကောင်ကြီးတစ်ကောင် ကလည်းအသင့် အဲ့အောက်မှာ စောင့်နေခဲ့တယ် ပြန်သွားတဲ့သူတွေက မေ့ပြီး ရေတွေ သွန်တဲ့ ခလုပ္ပ်ကိုနှိပ်သွားပြီးအစောင့် ပြန်နိုးလာတဲ့အချိန်မှာ ရေတွေ ကုန်လုနီးပါးဖြစ်ပြီးရေကန်ပေါ်သို ပြန်မတက်နိုင်ခဲ့သော အခါမှာတော့... ထိတ်လန့်သည်းဖို ဆိုတဲ့ အနှစ်အရသာ နဲ့ ပြည့်စုံတဲ့The Pool ဆိုတဲ့ ထိုင်းရုပ်ရှင်ကားကို အရမ်းတွေ စပွိင်လာမလုပ်တော့ပါဘူး Fan တွေ ဆက်လက်ကြည့်ရှုလိုက်ပါအုံး... #Credit ဇာတ်ကား လင့် 👇👇👇 https://t.me/bl_only/1273

C-r-e-w G-i-r-l [2026] Ep6

C-r-e-w G-i-r-l [2026] Ep5

C-r-e-w G-i-r-l [2026] Ep4