ch
Feedback
Kham Fight News - Van live

Kham Fight News - Van live

前往频道在 Telegram

ဗန်ပွဲကြည့်ရန်

显示更多
未指定国家未指定类别

📈 Telegram 频道 Kham Fight News - Van live 的分析概览

频道 Kham Fight News - Van live (@khamfightnews6) 是活跃参与者。目前社区聚集了 28 120 名订阅者,在 其他 类别中位列第

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 28 120 名订阅者。

根据 12 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -1 593,过去 24 小时变化为 -38,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 1.75%。内容发布后 24 小时内通常能获得 0.95% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 493 次浏览,首日通常累积 268 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 1

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
ဗန်ပွဲကြည့်ရန်

凭借高频更新(最新数据采集于 13 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。

28 120
订阅者
-3824 小时
-3637 天
-1 59330 天
帖子存档
ဂန္တဝင်ကြီး ခင်းကျင်းပေးခဲ့တဲ့ အဲဒီမပြိုလဲနိုင်တဲ့ လမ်းကြောင်းကြီးပေါ်မှာပဲ... အခု ၂၀၂၆ ခုနှစ်မှာတော့ နောက်ထပ် မျိုးဆက်သစ် မြန်မာ့သားကောင်းတစ်ယောက် ကမ္ဘာ့ထိပ်ဆုံး မကြောက်မရွံ့ အလဲထိုးပစ်တတ်တဲ့ "The Fearless" ဂျိုရှူအာဗန် (Joshua Van) ပဲ ဖြစ်ပါတယ်။ ဗန်ဟာ ကမ္ဘာ့အကြီးမားဆုံး အဖွဲ့အစည်းကြီးဖြစ်တဲ့ UFC ရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကြီးကိုပါ ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်ရရှိသွားခဲ့ကာ တစ်ကြိမ်ဆက်လက်ကာကွယ်ထားနိုင်ခဲ့ပြီး အခုဆိုရင် ကမ္ဘာ့ထိပ်ဆုံးမှာ သူ့ရဲ့ ကိုယ်ပိုင်နန်းသက်တစ်ခုကို ခိုင်ခိုင်မာမာ တည်ထောင်ပြထားနိုင်ခဲ့ပါပြီ။ ဂန္တဝင်ကြီး အောင်လအန်ဆန်း ခင်းကျင်းပေးခဲ့တဲ့ သမိုင်းဝင် Legacy လမ်းကြောင်းပေါ်မှာ အခုလို ကမ္ဘာ့အဆင့် ချန်ပီယံအသစ်တွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ပေါ်ထွက်လာတာဟာ... 'မြန်မာ့သွေးရဲရင် ဘယ်လောက်အထိ ကြောက်စရာကောင်းလဲ၊ မြန်မာတွေ တကယ်လုပ်ရင် ကမ္ဘာကတောင် ဒူးထောက်အသိအမှတ်ပြုရတယ်' ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်🇲🇲👑 လေးစားဂုဏ်ယူရပါသော မြန်မာ့ဂုဏ်ဆောင် ကိုအောင်လအန်ဆန်း နဲ့ ချင်းလေးဗန် 🥰

အောင်လအန်ဆန်းရဲ့ Hall of Fame ဂုဏ်ထူးဆောင်မှတ်တမ်းကနေ ကမ္ဘာကို ဆက်လက်အုပ်စိုးမယ့် ချန်ပီယံ ဂျိုရှူအာဗန် 🇲🇲👑 ကျွန်တော်တို့
အောင်လအန်ဆန်းရဲ့ Hall of Fame ဂုဏ်ထူးဆောင်မှတ်တမ်းကနေ ကမ္ဘာကို ဆက်လက်အုပ်စိုးမယ့် ချန်ပီယံ ဂျိုရှူအာဗန် 🇲🇲👑 ကျွန်တော်တို့ မြန်မာ့တိုက်ခိုက်ရေးလောကရဲ့ သမိုင်းစာမျက်နှာတွေမှာ ဘယ်တော့မှ ဖျက်ပစ်လို့မရဘဲ ကမ္ပည်းတင်ကျန်ရစ်မယ့် မမေ့နိုင်စရာ မဟာသမိုင်းဝင် အခိုက်အတန့်တွေ ရှိခဲ့ဖူးပါတယ်။ ကမ္ဘာ့အဆင့် အမြင့်ဆုံးစင်မြင့်ပေါ်မှာ 'မြန်မာ' ဆိုတဲ့ နာမည်ကို ပထမဆုံး ထင်ဟပ်စေခဲ့ပြီး ONE Championship ရဲ့ ဝိတ်တန်းနှစ်ခုစလုံးကို သိမ်းပိုက်ပြခဲ့တဲ့ ကျွန်တော်တို့ရဲ့ 'မြန်မာ့စပါးအုန်း' အောင်လအန်ဆန်းဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်မှတ်တမ်းဖြစ်တဲ့ Hall of Fame (ဂုဏ်ထူးဆောင်အဖွဲ့ဝင်) အဖြစ် သမိုင်းဝင် အသိအမှတ်ပြုခြင်း ခံခဲ့ရပြီး မြန်မာ့လက္ခရည်ရဲ့ သံမဏိသတ္တိကို တစ်ကမ္ဘာလုံး သိအောင် ဒူးထောက်ချပြခဲ့ပြီးပါပြီ။

မိခင်အပေါ်ထားတဲ့ အမြင့်ဆုံး သံယောဇဉ်နဲ့ တန်ဖိုးထားမှုကတော့ သူတို့နှစ်ယောက်လုံးရဲ့ အလှပဆုံးသော စိတ်ဓာတ်ပါပဲ။ ရော်နယ်ဒိုဟာ တစ်ကမ္ဘာလုံးက လေးစားရတဲ့ ဘုရင်တစ်ပါးဖြစ်နေပေမယ့် သူ့ကို ဒီဘဝရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်ဖြစ်သူအပေါ် အမြဲတမ်း ရိုသေလေးစားပြီး ကမ္ဘာ့အချစ်တတ်ဆုံး သားကောင်းတစ်ယောက်အဖြစ် စံပြဖြစ်နေသူပါ။ ကျွန်တော်တို့ရဲ့ ဂျိုရှူအာဗန်ဟာလည်း ကြိုးဝိုင်းထဲမှာတော့ သွေးအေးအေးနဲ့ ပြိုင်ဘက်တွေကို အလဲထိုးတတ်တဲ့ လူကြမ်းကြီး ဖြစ်ပေမယ့်၊ ကြိုးဝိုင်းအပြင်ဘက်မှာတော့ သူ့အတွက် အမြဲတမ်း ဆုတောင်းပေးနေတဲ့ အမေ့ကို အသက်ထက်မက ချစ်မြတ်နိုးပြီး အမြင့်ဆုံး တန်ဖိုးထားတတ်တဲ့ "သားလိမ္မာလေး" တစ်ဦး ဖြစ်ပါတယ်🥰 ကမ္ဘာကျော် ရော်နယ်ဒိုရဲ့ စံပြစိတ်ဓာတ်တွေကို အခြေခံပြီး ကြိုးစားခဲ့တာကြောင့်လည်း ဂျိုရှူအာဗန်ဟာ အားကစားလောကမှာ သိက္ခာရှိရှိနဲ့ အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကြိုးဝိုင်းထဲမှာ ဘုရင်တစ်ပါးလို ရဲရင့်ပြီး အပြင်ဘက်မှာတော့ မိခင်အပေါ် သိတတ်လွန်းတဲ့ ဂျိုရှူအာဗန်ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားဂုဏ်ယူစရာ ကောင်းလှပါတယ်❤️

စံပြ (Idol) ခရစ်စတီယာနို ရော်နယ်ဒိုလိုပဲ အမေ့ကိုအသက်ထက်မက တန်ဖိုးထားတဲ့ ဂျိုရှူအာဗန်🥰 ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် "The
စံပြ (Idol) ခရစ်စတီယာနို ရော်နယ်ဒိုလိုပဲ အမေ့ကိုအသက်ထက်မက တန်ဖိုးထားတဲ့ ဂျိုရှူအာဗန်🥰 ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် "The Fearless" ဂျိုရှူအာဗန် မှာ အားလုံးမသိသေးတဲ့ စိတ်ဓာတ်ခွန်အားဖြစ်တည်မှုတစ်ခု ရှိနေပါတယ်၊ ဒါကတော့ ဗန်ရဲ့ စံပြအဖြစ် အမြဲတမ်း သတ်မှတ်အားကျထားရတဲ့ အကောင်းဆုံး ဘောလုံးကစားသမားဟာ ကမ္ဘာ့ဂန္တဝင်ကြီး CR7 ခရစ်စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) ဖြစ်တယ်ဆိုတာပါပဲ။ သူတို့နှစ်ယောက်ကြားမှာ တိုက်ခိုက်ရေးနဲ့ ဘောလုံး အားကစားနည်းချင်း မတူညီပေမယ့် ရင်ဘတ်ချင်း ကွက်တိတူညီနေတဲ့ သံမဏိစိတ်ဓာတ် (၂) ခု ရှိပါတယ်။ ရော်နယ်ဒိုဟာ ဘဝကို သုညကနေ စတင်ခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတစ်ခုတည်းနဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တွေကို ရေးထိုးခဲ့သူပါ။ဗန်ဟာလည်း ဒီစိတ်ဓာတ်ကို အပြည့်အဝအတုယူပြီး Pro MMA လောကထဲ ရောက်ကတည်းက ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်မှန်သမျှကို မကြောက်မရွံ့ (The Fearless) တရစပ် ထိုးနှက်တိုက်ခိုက်ရင်းနဲ့ပဲ အခုဆိုရင် UFC ရဲ့ အိမ်ဖြူတော်အနီးက ပွဲတော်ကြီးအထိ ထိပ်ဆုံးကနေ ဖိတ်ကြားခံရတဲ့ ကမ္ဘာ့အဆင့်နေရာကို တက်လှမ်းပြခဲ့တာ ဖြစ်ပါတယ်

Repost from Kham Fight News
ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်တွေကို စကားနာထိုး (Trash Talk) တတ်ပြီး အမြဲတမ်း ရန်လိုတတ်တဲ့ Ilia Topuria တစ်ယောက် ကျောက်ရုပ်ကြီး ပါရဲရားအပေါ်မှာ အခုလို နွေးထွေးတဲ့ ညီအစ်ကိုစိတ်ဓာတ် ပြသခဲ့တာကတော့ ပရိသတ်တွေအတွက် တကယ့်ကို အံ့ဩစရာပါပဲ။ ကမ္ဘာ့အဆင့်မှာ ဘာသာစကား အခက်အခဲရှိတဲ့ ပိုတန်အတွက် အခုလို စပိန်/ဂျော်ဂျီယာ သွေးပါတဲ့ တိုပူရီးယားက ဘာသာပြန်ပေးတာ၊ ကာကွယ်ပေးတာမျိုး လုပ်ပေးခဲ့တာကြောင့် တိုက်ခိုက်ရေးလောကရဲ့ အန္တရာယ်အရှိဆုံး လူမိုက်ကြီးနှစ်ယောက်ဟာ အခုဆိုရင် "Bromance" (ညီအစ်ကိုသံယောဇဉ်) စတင်သွားခဲ့ရပါပြီ ပါရဲရား နဲ့ တိုပူရီးယားတို့ကတော့ ကြိုးဝိုင်းအပြင်ဘက်မှာပါ တစ်ယောက်ကိုတစ်ယောက် လေးစားမှု (Respect) အပြည့်နဲ့ ကမ္ဘာ့အဆင့် မိတ်ဆွေစစ်တွေ ဖြစ်ကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်🤜🏼🤛🏻

Repost from Kham Fight News
အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်တဲ့ ပါရဲရားတစ် ယောက် တခြားနိုင်ငံသားတွေကြားမှာ အခက်တွေ့နေချိန်မှာ တိုပူရီးယားက ညီရင်းအစ်ကို
အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်တဲ့ ပါရဲရားတစ် ယောက် တခြားနိုင်ငံသားတွေကြားမှာ အခက်တွေ့နေချိန်မှာ တိုပူရီးယားက ညီရင်းအစ်ကိုတစ်ယောက်လို ဘေးကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့အကြောင်းကို ပါရဲရားကိုယ်တိုင် အခုလို ရင်ဖွင့်လာတာ ဖြစ်ပါတယ် "ကျွန်တော် အင်္ဂလိပ်စကားကို နားမလည်ပါဘူး။ ဒါပေမဲ့ တိုပူရီးယားက ကျွန်တော့်အတွက် ညီအစ်ကိုတစ်ယောက်လိုမျိုး ဘေးကနေ ရပ်တည်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကြားမှာ တကယ့်ကို ကောင်းမွန်တဲ့ သံယောဇဉ် ရင်ခုန်စရာ သူငယ်ချင်းဘဝတစ်ခု ရှိလာတော့မှာပါ။ သူက တကယ့်ကို စိတ်သဘောထားကောင်းပြီး ချစ်စရာကောင်းတဲ့ လူတစ်ယောက်ပါဗျာ။" 🗿🌹

အဲဒီလို နေရာမျိုးမှာ ဂျိုရှူအာဗန် က ကမ္ဘာ့အဆင့် ဂန္တဝင်တွေဖြစ်တဲ့ Dustin Poirier, Charles Oliveira, Kamaru Usman တို့ရဲ့ အထက်၊ တရားဝင် တက်ရောက်မယ့်သူ စာရင်းရဲ့ နံပါတ် (၁) ထိပ်ဆုံးနေရာ မှာ ဂုဏ်ယူစွာ ဖော်ပြခံထားရတာ ဖြစ်ပါတယ်ဗျာ။ ဒါဟာ မြန်မာ့တိုက်ခိုက်ရေး သမိုင်းမှာ တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်ရလောက်အောင် အဆင့်အတန်း မြင့်မားသွားတဲ့ သက်သေပါပဲ။ ဂန္တဝင် ချန်ပီယံဟောင်းတွေ၊ လက်ရှိ ချန်ပီယံတွေကြားထဲမှာမှ ကျွန်တော်တို့ ဗန် ကို ထိပ်ဆုံးမှာ တန်းစီပေးထားတာကတော့ တကယ့်ကို ရင်ဘတ်ထဲအထိ ကျေနပ်ပီတိဖြစ်ရပါတယ်🥰🇲🇲

သမိုင်းဝင် သမ္မတအိမ်ဖြူတော်ပွဲ အခမ်းအနားကြီးဆီတက်ရောက်ဖို့ တရားဝင်ဖိတ်ကြားခြင်းခံရတဲ့ ဗန် 🇲🇲🇺🇸😍 ကျွန်တော်တို့ရဲ့ မြန်မာ့
သမိုင်းဝင် သမ္မတအိမ်ဖြူတော်ပွဲ အခမ်းအနားကြီးဆီတက်ရောက်ဖို့ တရားဝင်ဖိတ်ကြားခြင်းခံရတဲ့ ဗန် 🇲🇲🇺🇸😍 ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် The Fearless Joshua Van ဟာ အမေရိကန်နိုင်ငံရဲ့ နှလုံးသားဖြစ်တဲ့ ဝါရှင်တန်ဒီစီ (The Ellipse) မှာ ကျင်းပမယ့် UFC Freedom 250: FAN FEST အခမ်းအနားကြီးကို တက်ရောက်ဖို့အတွက် တစ်ကမ္ဘာလုံးက နာမည်ကြီး ဖိုက်တာ ၂၄ ဦးထဲမှာ ထိပ်ဆုံးကနေ တရားဝင် ဖိတ်ကြားခြင်း ခံလိုက်ရပါပြီ😍 လာမယ့် ဇွန်လ ၁၃ ရက် (စနေ) နဲ့ ၁၄ ရက် (တနင်္ဂနွေ) နေ့တွေမှာ အမေရိကန် အိမ်ဖြူတော်အနီးက (The Ellipse, Washington, D.C.) မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ သာမန် Fan Fest တစ်ခုတင်မဟုတ်ဘဲ အမေရိကန်သမ္မတ အပါအဝင် နိုင်ငံတကာက အထူးဧည့်သည်တော်ကြီးတွေ၊ နာမည်ကျော် သူဌေးကြီးတွေနဲ့ ပရိသတ်တွေ အားလုံး လာရောက်ဆုံစည်းကြမယ့် နေရာကြီး ဖြစ်ပါတယ်။

သူတို့နှစ်ဦးကြားက အတိတ်သမိုင်းကြောင်းတွေ၊ ကော်နာနဲ့ ခါဘစ် တို့ရဲ့ အငြိုးအတေး ပွဲစဉ်ဟောင်း၊ လက်ရှိအချိန်မှာ ရှိနေတဲ့ အစ္စလမ်ရဲ့ အရှိန်အဝါနဲ့ ကော်နာရဲ့ ကမ္ဘာကျော် လူကြိုက်များမှု စတာတွေကို ထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင်... ဒီပွဲစဉ်ဟာ UFC သမိုင်းမှာ အကြီးမားဆုံး ထိုးသတ်ပွဲ ဖြစ်လာမှာ သေချာသလို၊ ကြည့်ရှုသူဦးရေ (Viewership) စံချိန်အားလုံးကိုလည်း ရိုက်ချိုးပစ်နိုင်ခြေ ရှိပါတယ်။ နောက်ပိုင်းမှာ UFC ပွဲစီစဉ်သူတွေဟာ ရထိုက်တဲ့ အဆင့်အတန်း (Merit) ထက် ကစားသမားတွေရဲ့ နာမည်ကြီးမှုနဲ့ လူကြိုက်များမှုကိုပဲ ပိုပြီး ဦးစားပေး ပွဲတည်ပေးလေ့ရှိတာကို တွေ့နေရတာကြောင့်... ဒီလို Super-fight ကြီး တကယ်ပဲ ဖြစ်လာခဲ့မယ်ဆိုရင် ကော်နာရဲ့ Triple Champ အိပ်မက်နဲ့ ဒက်ဂက်စတန်ကျောင်းတော်ကြီးရဲ့ မပြိုလဲနိုင်တဲ့ အင်ပါယာတို့ရဲ့ တိုက်ပွဲက တကယ့်ကို ရူးချင်စရာပါပဲ ညီကိုတို့ရော ဘယ်လိုထင်ကြလဲ🔥

ခါဘစ် အာဃာတကို ရှင်းဖို့ မာခါချက်ဗ့်နဲ့ ထိပ်တိုက်တွေ့နိုင်ခြေရှိလာတဲ့ ကော်နာ မက်ဂရီဂေါ🔥 တကယ်လို့ ကော်နာ မက်ဂရီဂါက မက်စ် ဟော်
ခါဘစ် အာဃာတကို ရှင်းဖို့ မာခါချက်ဗ့်နဲ့ ထိပ်တိုက်တွေ့နိုင်ခြေရှိလာတဲ့ ကော်နာ မက်ဂရီဂေါ🔥 တကယ်လို့ ကော်နာ မက်ဂရီဂါက မက်စ် ဟော်လိုဝေးကို အနိုင်ရရှိခဲ့ပြီး၊ အစ္စလမ် မာခါချပ်ဗ်ကလည်း အီယန် ဂါရီ ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်... ကျွန်တော်တို့ဟာ MMA သမိုင်းတစ်လျှောက် အကြီးမားဆုံး ဆုံတွေ့မှုကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အစ္စလမ်အနေနဲ့ကတော့ ဝင်ငွေအများဆုံးရမယ့် ဒီလို Money Fight မျိုးကို သေချာပေါက် လက်ခံမှာပါ။တစ်ဖက်မှာလည်း ကော်နာ ကိုယ်တိုင်က အစ္စလမ် မာခါချပ်ဗ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ချင်တဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီးသား ဖြစ်ပါတယ်။ သူက ဝိတ်တန်းသုံးခုရဲ့ ချန်ပီယံ (Triple Champion) အဖြစ် သမိုင်းသစ်စိုက်ထူချင်နေတာပါ။

နောက်လကစပြီး ညီကိုတို့အကြိုက်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းများ 🔥🔥 နောက်လ ဇွန် ၁၄ ရက်နေ့မှာတော့ သမ္မတ အိမ်ဖြူတော်မှာကျင်းပမယ့်
နောက်လကစပြီး ညီကိုတို့အကြိုက်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းများ 🔥🔥 နောက်လ ဇွန် ၁၄ ရက်နေ့မှာတော့ သမ္မတ အိမ်ဖြူတော်မှာကျင်းပမယ့် UFC White House ပွဲစဉ်ကြီးမှာ တိုပူရီးယား Vs ဂျက်စတင်ဂေဂျီ နဲ့ ပါရဲရား Vs ဆိုင်ရယ်ဂိမ်း တို့ရဲ့ ပွဲစဉ်ကြီးကို ကြည့်ရှုသွားရမှာပါ ဂျူလိုင်လ ၁၁ ရက်နေ့မှာကျင်းမယ့် UFC 329 မှာ တော့ ကော်နာ Vs မက်ဟော်လိုဝေး တို့ရဲ့ ဒုတိယအကြိမ်မြောက် မကျေပွဲကို ကြည့်ရမှာပါ ဩဂုတ်လမှာတော့ UFC 330မှာ အစ္စလာမ်မာခါချက်ရဲ့ ဝဲလ်သာဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲလာမှာပါ ၊ ပြိုင်ဘက်ကတော့ အီရန်ဂယ်ရီ ဖြစ်ဖို့အတွက် ၉၀% အထိသေချာနေပါပြီ UFC 331 မှာ Alexander Volkanovski vs Movsar Evloev တို့ရဲ့ ဖဲသာဝိတ် ချန်ပီယံခါးပတ်ကာကွယ်ပွဲ ပါဝင်ယှဉ်ပြိုင်မှာပါ။🏆 ပြီးတော့ UFC 332 မှာ Petr Yan vs Merab Dvalishvili တို့ရဲ့ ဘန်တန်ဝိတ် ချန်ပီယံခါးပတ်ကာကွယ်ပွဲ မကျေပွဲကို ကြည့်ရှုသွားရမှာပါ။ 👊🔥 မှတ်ချက်- UFC 330၊ 331 နဲ့ 332 တို့ဟာ တရားဝင်မဟုတ်သေးပေမယ့် သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပွဲစဉ်တွေက အပြီးသတ် လုနီးပါးဖြစ်နေပါပြီ။ 90 % လောက်ထိသေချာနေပါပြီ 🔥

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၁၁ နှစ်ကတည်းက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းက မက်ဂရီဂေါ်က အနိုင်ရခဲ့တာကြောင့် "Again" (ထပ်ပြီး ဆုံးမမယ်) ဆိုတဲ့ စကားလုံးနဲ့ စိတ္တဗေဒအရ အသာစီးယူဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ လက်ရှိ Max Holloway ကလည်း အရင်က ကလေးမဟုတ်တော့ဘဲ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးပုံစံ (Prime) ကို ရောက်နေတာကြောင့် လုံးဝအလျော့မပေးဘဲ ပြန်လည် တုံ့ပြန်ထားတာ တကယ့်ကို ပွဲဆူစေပါတယ်။ ဒီလို ဂန္တဝင်တွေ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရဖို့ အပြန်အလှန် စိန်ခေါ်နေကြတဲ့ အခိုက်အတန့်ဟာ လာမယ့် ဇူလိုင်လ ၁၁ ရက် UFC 329 ပွဲကြီးကို ပိုပြီး ကြည့်လို့ကောင်းအောင် မီးစာမြှိုက်ပေးလိုက်တာပါပဲ🔥🔥

ကော်နာ နဲ့ မက်ဟော်လိုဝေးတို့ကတော့ လေစတိုက်လာပါပြီ🔥 ကော်နာ 🗣️ "I’m gonna son you, child. Again." (မင်းကို ငါက ကလေးတစ်ယောက်လိ
ကော်နာ နဲ့ မက်ဟော်လိုဝေးတို့ကတော့ လေစတိုက်လာပါပြီ🔥 ကော်နာ 🗣️ "I’m gonna son you, child. Again." (မင်းကို ငါက ကလေးတစ်ယောက်လိုမျိုး ဒူးထောက်ခိုင်းပြီး ထပ်ဆုံးမပြဦးမှာပါ သားကြီးရယ်။ ဒုတိယအကြိမ်ပေါ့။) ဟော်လိုဝေး 🗣️ "We gonna find out Saturday night 😂🤙" (စနေနေ့ညကျရင်တော့ ဘယ်သူအမှန်လဲဆိုတာ အဖြေပေါ်ကြတာပေါ့ကွာ 😂🤙) ကော်နာ 🗣️ "You’re gonna put respect on my motherfing name."* (မင်း ငါ့ရဲ့ နာမည်ကို ရိုရိုသေသေနဲ့ လေးစားမှု အပြည့်ပေးရစေမယ်။) ဟော်လိုဝေး 🗣️ "Nah big dog you gonna put some respect on my name." (မဟားတရား လာမပြောနဲ့ ဆရာကြီးရာ... မင်းကိုယ်တိုင်သာ ငါ့ရဲ့ နာမည်ကို ပြန်ပြီး လေးစားမှု ပေးရမှာပါ။)

လာမယ့် July ၁၁ ရက်နေ့မှာကျင်းပမယ့် UFC 329 ( International Fight Week ) ပွဲမှာ Conor McGregor နဲ့ Max Holloway တို့ကိုခေါင်ပွ
လာမယ့် July ၁၁ ရက်နေ့မှာကျင်းပမယ့် UFC 329 ( International Fight Week ) ပွဲမှာ Conor McGregor နဲ့ Max Holloway တို့ကိုခေါင်ပွဲအနေနဲ့ပွဲတည်ပေးထားပြီး ဒုခေါင်ပွဲအနေနဲ့ Benoit Saint-Denis နဲ့ Paddy Pimblett တို့ကိုပွဲတည်ပေးထားပါတယ်🔥 ကျန်တဲ့ Main Card တွဲဆိုင်းတွေကတော့ Cory Sandhagen Vs Mario Bautista ဗန်ရဲ့ပြိုင်ဘက်ဟောင်း Brandon Royval Vs Lone’er Kavanagh နဲ့ Gable Stevenson Vs Elisha Ellison တို့ကိုပွဲတည်ပေးထားပါတယ် ဒါ့အပြင် တခြားပရိသတ်အကြိုက်ဖိုက်တာတွေဖြစ်တဲ့ Robert Whittaker , Tracy Cortez နဲ့ ဗန်ရဲ့ပြိုင်ဘက်ဟောင်း Cody Durden တို့ရဲ့ ပွဲစဉ်တွေလည်း ပါဝင်လာပါတယ် 🔥

ဟော်လိုဝေးနဲ့ မကျေပွဲကို ကိုယ့်ေ-သတွင်း ကိုယ်တူးပြီး ဝယ်လ်သာဝိတ်ကနေ ကစားသွားမယ့် ကော်နာမက်ဂရီဂေါ🔥🔥🥊😱 အောက်ကအပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻👇🏻 https://youtu.be/PGWWqjvwi4Y?si=H1vosveZPLXLaty4

+1
ဇူလိုင်လ ၁၁ ရက်နေ့မှာ ကြည့်ရမယ့် ကော်နာ Vs ဟော်လိုဝေး ပွဲ အပြင် တခြားကြည့်ရမယ့် ပွဲကြီးပွဲကောင်းများ🔥

ကော်နာပြန်လာပြီ 🔥🔥 UFC ဥက္ကဋ္ဌ Dana White က တစ်ကမ္ဘာလုံး မျှော်လင့်နေကြတဲ့ Conor McGregor vs Max Holloway 2 မကျေပွဲကြီးကို
+1
ကော်နာပြန်လာပြီ 🔥🔥 UFC ဥက္ကဋ္ဌ Dana White က တစ်ကမ္ဘာလုံး မျှော်လင့်နေကြတဲ့ Conor McGregor vs Max Holloway 2 မကျေပွဲကြီးကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်🔥😍 ပွဲကျင်းပမယ့်ရက်: ဇူလိုင်လ ၁၁ ရက်၊ International Fight Week ရဲ့ အဓိကပွဲကြီးဖြစ်တဲ့ UFC 329 မှာ ထိုးသတ်သွားမှာ ဖြစ်ပါ တယ်။🔥🔥 Dana White ဟာ ဒီသတင်းကြီးကို PFL ပွဲစဉ်မှာ ကစားမယ့် UFC ချန်ပီယံဟောင်း Francis Ngannou ကြိုးဝိုင်းထဲကို လမ်းလျှောက်ဝင်လာတဲ့ (Walkout) အချိန်ကြီးမှာ ကွက်တိ ရွေးချယ်ပြီး အချိန်ကိုက် ကြေညာပစ်လိုက်တာပါ။ ဒါဟာ ပြိုင်ဘက်အဖွဲ့အစည်း (PFL) ရဲ့ အကြီးမားဆုံးပွဲကနေ ပရိသတ်တွေရဲ့ အာရုံကို UFC ဘက် ပြန်လှည့်လာအောင် Dana White တစ်ယောက် လုပ်ရည်ကိုင်ရည် ပြလိုက်တာလည်း ဖြစ်ပါတယ် ၁၁ နှစ်အကြာမှာမှ ပြန်လည်ဆုံတွေ့ကြမယ့် ကမ္ဘာ့အဆင့် ဂန္တဝင်နှစ်ဦးရဲ့ မကျေပွဲဟာ တကယ့်ကို သမိုင်းဝင်မယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

ဒီနေ့မနက် UFC Fight Pass ပွဲစဉ်ကြည့်ချင်တဲ့သူတွေ ဒီမှာကြည့်လို့ရပါတယ် 👇🏻👇🏻 👉🏻 https://mardaunt.ru/?good=1 👉🏻 https://imethstreams.app/live-event/ufc-fight-night-allen-vs-costa-live-stream

ဘရော်နီကာရဲ့ ပွဲစဥ်လာပါပြီ 🇲🇲🥰 ပွဲစဥ် 2 မှာဂျပန်ဖိုက်တာ ကာနာနဲ့ ကစ်ဘောက်ဆင်ပွဲ ကစားရမှာပါ နောက်တပတ်သောကြာနေ့ (မေ ၂၂ရက်နေ့
ဘရော်နီကာရဲ့ ပွဲစဥ်လာပါပြီ 🇲🇲🥰 ပွဲစဥ် 2 မှာဂျပန်ဖိုက်တာ ကာနာနဲ့ ကစ်ဘောက်ဆင်ပွဲ ကစားရမှာပါ နောက်တပတ်သောကြာနေ့ (မေ ၂၂ရက်နေ့ ) ညနေ ၆နာရီခွဲမှာကြည့်ရမှာပါ🥰 တိုက်ရိုက် live လွှင့်ပေးသွားပါမယ်😍

အမေရိကန်မှာ ကလေးတွေကအစ ရဲတွေအဆုံး ဗန်ကိုအားပေးနေကြတာ ရူးချင်စရာပဲ🇲🇲😍🇺🇸 အောက်ကအပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻 https://youtu.be/EeEkHtjTkgw?si=1nJMU8S_06WqOFf9