Avatar, The Last Airbender 2
前往频道在 Telegram
显示更多
未指定国家未指定类别
📈 Telegram 频道 Avatar, The Last Airbender 2 的分析概览
频道 Avatar, The Last Airbender 2 (@chnel242) 是活跃参与者。目前社区聚集了 24 905 名订阅者,在 其他 类别中位列第 。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 24 905 名订阅者。
根据 22 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 19 461,过去 24 小时变化为 -32,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 5.94%。内容发布后 24 小时内通常能获得 5.58% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 479 次浏览,首日通常累积 1 391 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 1。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 23 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。
24 905
订阅者
-3224 小时
-1837 天
+19 46130 天
帖子存档
Repost from N/a
Man-of-War (2026)
===============
Action ကားကြမ်းကြမ်းတွေ ကြိုက်တဲ့သူတွေအတွက် ဇူလိုင်လ ၃ ရက်နေ့မှာ ထွက်ရှိထားတဲ့ ဒါရိုက်တာ William Kaufman ရဲ့ "Man of War" (2026) ဇာတ်ကားကြီးကို တင်ပေးထားပါတယ်။ ဒီကားက ရုပ်ရှင်ဝေဖန်ရေးသမားတွေက Rambo နဲ့ Taken ကို ပေါင်းစပ်ထားတဲ့ပုံစံမျိုးလို့ တင်စားကြပြီး ကြမ်းတမ်းတဲ့ စစ်မြေပြင်က အက်ရှင်ခန်းတွေကို အပြည့်အဝ ခံစားရမယ့် ကားတစ်ကားပါ။
⤵️ - ဇာတ်လမ်းအကျဉ်း - ⤵️
Connor ဆိုတာ အမေရိကန် အထူးတပ်ဖွဲ့ (Special Forces) က စစ်မှုထမ်းဟောင်း တစ်ယောက်ပါ။ သူက စစ်ပွဲတွေရဲ့ ဒဏ်ရာတွေနဲ့ အထီးကျန်စွာ ရှင်သန်နေရသူဖြစ်ပြီး တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ ဖုန်းတစ်ကောလ် ရောက်လာပါတယ်။ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တဲ့ အချိန်မှာ ကယ်ဆယ်ရေးလုပ်အားပေး လုပ်နေတဲ့ သူ့ရဲ့ မွေးစားသမီး Riley ကို ရုရှားက ကြေးစား ပြန်ပေးသမားတွေက ဖမ်းသွားတယ်ဆိုတဲ့ သတင်းပါပဲ။
သမီးဖြစ်သူကို ဖမ်းသွားတဲ့သူကတော့ Koniev (Daniel Bernhardt) ဆိုတဲ့ ရက်စက်လွန်းတဲ့ ခေါင်းဆောင်ပါ။ အဲဒီတော့ Connor တစ်ယောက် သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ယူကရိန်းစစ်မြေပြင်ထဲကို ကိုယ်တိုင်ဝင်ရောက်လာပါတော့တယ်။ အဲဒီမှာ သူ့ကို ကူညီပေးမယ့် ဒေသခံလမ်းပြ Dany (Andrew Howard) နဲ့ ပူးပေါင်းပြီး အသက်လုရမယ့် ကယ်ဆယ်ရေးစစ်ဆင်ရေးကြီးကို စတင်ပါတော့တယ်။
ဒီကားရဲ့ အသက်ကတော့ အက်ရှင်ခန်းတွေပါပဲ။ ကွန်ပျူတာဂရပ်ဖစ် (CGI) တွေ သိပ်မသုံးဘဲ တကယ့် တင့်ကားတွေ၊ တကယ့် ပေါက်ကွဲမှုတွေနဲ့ Practical Action တွေကို အသားပေး ရိုက်ကူးထားတာမို့ ပစ်ခတ်ခန်းတွေက တကယ့်ကို အသက်ဝင်ပါတယ်။ အထူးသဖြင့် ဇာတ်ကားရဲ့ နောက်ဆုံး ၂၅ မိနစ်လောက်ကတော့ အကြိတ်အနယ် ပစ်ခတ်ကြတဲ့ အခန်းတွေချည်းဖြစ်ပြီး အသက်ရှူမှားလောက်အောင် ကြည့်ကောင်းပါတယ်။
Connor နေရာမှာ သရုပ်ဆောင်ထားတဲ့ LaMonica Garrett (Taylor Sheridan ရဲ့ ဇာတ်လမ်းတွဲတွေမှာ မြင်ဖူးကြမှာပါ) ကလည်း အေးတိအေးစက်နဲ့ ကြမ်းချင်တိုင်းကြမ်းတတ်တဲ့ စစ်မှုထမ်းဟောင်း ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ လူဆိုးခေါင်းဆောင် Koniev အဖြစ် သရုပ်ဆောင်ထားတဲ့ Daniel Bernhardt ကလည်း ကြည့်နေရင်းနဲ့ ဒေါသထွက်စရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းပါတယ်။
အချုပ်ပြောရရင်တော့ အက်ရှင်ကားစစ်စစ်ကိုမှ ကြည့်ချင်တယ်၊ သေနတ်ပစ်ခတ်ခန်း အကြမ်းစားတွေနဲ့ ဇာတ်လမ်းအရှိန်အဟုန် မြန်မြန်ဆန်ဆန် သွားတာမျိုးကို သဘောကျတယ်ဆိုရင် ဒီ Man of War က လက်လွတ်မခံသင့်တဲ့ ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/Internationmovi/793
Repost from N/a
လုံးဝ လက်မလွှတ်သင့်တဲ့ ဘလက်ခ် ဘောက်စ် [၂၀၂၆] ရုံတင်ကားသစ်ကြီး 🔥🔥
ဇာတ်လမ်းက New Orleans ကနေ Seattle ကို ပျံသန်းမယ့် Vero Airlines လေကြောင်းလိုင်းက ခရီးစဉ်အမှတ် ၂၉၈ (Flight 298) အကြောင်းပါ။ သာမန်ပြည်တွင်းခရီးစဉ်လေးတစ်ခုကနေ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားတာကို မြင်ရမှာပါ။
လေယာဉ်ပေါ်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ဆက်တိုက်ဖြစ်လာတယ်။ ပြတင်းပေါက်အပြင်ဘက်မှာလည်း ထူးဆန်းတဲ့ အလင်းရောင်တွေ မြင်နေရတယ်။ နောက်ပိုင်းမှာတော့ သာမန်ချို့ယွင်းချက်မဟုတ်ဘဲ သဘာဝလွန် သတ္တဝါတွေ ဒါမှမဟုတ် ဂြိုဟ်သားတွေရဲ့ ခြိမ်းခြောက်မှုဆိုတာ သိလာရတဲ့အခါ ခရီးသည်တွေ အသက်ရှင်ဖို့ ဘယ်လိုရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။
အဓိကဇာတ်ကောင် ဂျယ်ရမီ (Jeremy) နေရာမှာ Tom Brittney က သရုပ်ဆောင်ထားပါတယ်။ သူက အစပိုင်းမှာတော့ သာမန်ခရီးသည်တစ်ယောက်ပုံစံပေမယ့် အခြေအနေတွေ ဆိုးရွားလာတဲ့အခါမှာတော့ တော်တော်လေး အားကိုးရတဲ့သူဖြစ်လာတယ်။ သူ့အပြင် လေယာဉ်မယ် အမ်မာ (Emma) နဲ့ လေကြောင်းလုံခြုံရေးအရာရှိ လော်ရင် (Lauren) တို့ကလည်း ဇာတ်လမ်းကို ပိုပြီးအသက်ဝင်အောင် ပံ့ပိုးပေးထားပါတယ်။
ဇာတ်ကားကြည့်ရန် ⏬ ⏬ ⏬
https://t.me/Demon231244/1270
Repost from N/a
The Evil Twin (2006)
ကင်အိမ်တော်ကသခင်ကြီးကင်ဇနီးဖြစ်သူကသားယောင်္ကျားလေးမမွေးဘဲ သမီးအကြီးဆိုးယွန်းကိုမွေးလို့စကားမပြောနိုင်ဖြစ်ခဲ့ပေမယ့်သမီးအငယ်လေးဟိုဂျင်းလေးကိုတော့သည်းသည်းလှုပ်ချစ်ခဲ့ပါတယ်။
ကလေးသဘာဝသူများကိုချစ်ပြီးကိုယ့်ကိုအချစ်မခံရတဲ့အခါဆိုးယွန်းကဟိုဂျင်းကိုမုန်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ဆိုးယွန်းကသူငယ်ချင်းတွေကို ဟိုဂျင်းကိုရေကန်ထဲတွန်းချပေးပါဆိုပြီး ခိုင်းခဲ့တယ်။ ဒါပေမယ့် ဆိုးယွန်းလက်ကောက်ကိုသဘောကျလို့ဟိုဂျင်းကဝတ်ကြည့်ပြီး ညီအစ်မနှစ်ယောက်လုကြရင်းနဲ့မတော်တဆရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။
အဲဒီအချိန်မှာအမေဖြစ်သူရောက်လာပြီး နှစ်ယောက်တည်းကတစ်ယောက်ကိုပဲ ကယ်တင်လို့ရမယ့်အခြေအနေမို့ လူအများရဲ့ချစ်ခြင်းကိုမခံရတဲ့ဆိုးယွန်းလေးကိုကယ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အဲဒါနဲ့လက်ကောက်ဝတ်ထားတာကဆိုးယွန်းပဲဆိုပြီးကယ်တင်ခဲ့တယ်။ ၁၀နှစ်ကြာတဲ့အချိန်မှာ ဆိုးယွန်းကပြန်သတိရလာခဲ့ပြီးမှတ်ဉာဏ်တွေပျောက်သွားခဲ့တယ်။ ဆိုးယွန်းသတိရလာပြီးနောက်ပိုင်းရွာမှာထူးထူးဆန်းဆန်း လူသေမှုတွေဆက်တိုက်ဖြစ်လာခဲ့တယ်။ မိခင်ကြီးကယ်တင်ခဲ့တဲ့သူကဆိုးယွန်းမဟုတ်ဘဲဟိုဂျင်းဖြစ်နေပြီးဆိုးယွန်းရဲ့အမုန်းတရားတွေကြီးထွားလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ?
Repost from N/a
အရမ်းကောင်းလို့မျက်ရည်ခိုင်မှကြည့်ပါ😭
အဖေသို့တမ်းချင်း မိသားစုတွေကွဲကွာသွားခဲ့ရပြီးမိသားစုအတွက်သူ့ဘဝတစ်လျှောက်လုံး စွန့် လွှတ်အနစ်နာခံပေးဆပ်သွားတဲ့လူငယ်တစ်ယောက်အ ကြောင်းကို ရိုက်ကူးထားတာပါ။
ဒေါ့ဆူ ဆိုတဲ့ကောင်လေးဟာ အဖေနဲ့ညမလေးကို ကွဲသွားပြီးနောက် မိသားစုကို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်။
အကိုကြီးအဖရာဆိုတဲ့အတိုင်း မိသားစုရဲ့လိုအပ်ချက်မှန်သမျှကို ကိုယ့်အသက်ကိုတောင် မငဲ့ကွက်ဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေကျွေးတဲ့သူမျိုးပါ။
စစ်ကြောင့်ကွဲကွာခဲ့ရတဲ့မိသားစုတွေ စစ်ဘေးကြောင့် ဖြစ်သွားရတဲ့ ဘဝဆိုးတွေကို ဒေါ့ဆူ ဘဝမှာ မမေ့နိုင်အောင် ဖြစ်ခဲ့ရပါတယ်။
နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် စစ်ပွဲတွေပြီးလို့အေးချမ်းသွားတဲ့အချိန်မှာ စစ်အတွင်းမှာပျောက်ဆုံးခဲ့တဲ့ မိသားစုဝင်များကို ရှာဖွေရေး အစီအစဉ် ပေါ်လာခဲ့ပါတယ်။
ဒေါ့ဆူလည်း ပျောက်ဆုံးသွားတဲ့ အဖေနဲ့ ညမလေးကို ရှာဖွေပါတော့တယ် ဘဝတစ်လျှောက်လုံး သူ လွမ်းဆွတ်တမ်းတသတိရခဲ့တဲ့ သူ့အဖေနဲ့ ညမလေးကို ပြန်ရှာတွေ့ပါ့မလား ...
Repost from N/a
Mother (2009)✨
ထယ်စောက်လို့လူသိများတဲ့မင်းသားကြီးရဲ့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mother ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။"ငါ့သားရဲ့ ခြေသည်းခွံပေါ်က ဖုန်မှုန့်လောက်တောင် တန်ဖိုးမရှိတဲ့ကောင်ကများ"အမေတစ်ယောက်ရဲ့ မေတ္တာကို အဓိကဖော်ကျူးထားတဲ့ ဒီဇာတ်ကားလေးမှာဆိုရင် ဉာဏ်ရည်မမီတဲ့ သားဖြစ်သူကို တရားမဝင်အပ်စိုက်ကုသခြင်းနဲ့ ပိုက်ဆံရှာရင်း လိုလေသေးမရှိအောင် ပြုစုပျိုးထောင်ခဲ့တဲ့ မုဆိုးမမိခင်တစ်ဦးကို ဦးတည်ထားပါတယ်။ သာမန်လူတွေလို အသိဉာဏ်မရှိတဲ့ သားတစ်ယောက်ကို ခက်ခက်ခဲခဲ ပြုစုပျိုးထောင်ပြီး သားဖြစ်သူကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို အပြစ်မဆိုဘဲ ဒိုင်ခံဖြေရှင်းရတဲ့ မိခင်ကြီး။ တစ်ရက်မှာ ရပ်ကွက်ထဲက လူသတ်မှုရဲ့ တရားခံအဖြစ် သားဖြစ်သူကို ဖမ်းဆီးသွားတဲ့အခါမှာ အရှက်နဲ့ သိက္ခာကို မမှုပဲ သားဖြစ်သူရဲ့ အပြစ်ကင်းမှုကို သက်သေပြနိုင်ဖို့ လူတိုင်းကို အောက်ကျို့ခံပြီး အကူအညီတောင်းခံခဲ့ရတဲ့ အမေကြီး။ တစ်ဖက်မှာတော့ ဉာဏ်ရည်မမီတဲ့ သားဖြစ်သူက ဒီအကြောင်းတွေကို နားမလည်ခဲ့ပါဘူး။ တရားဥပဒေဆိုတာ ဆင်းရဲသားလူတန်းစားတွေကို အကာအကွယ်မပေးနိုင်တဲ့အခါ သားဖြစ်သူအတွက် မိခင်ကိုယ်တိုင် အမှုကို လိုက်လံစုံစမ်းရပါတော့တယ်။ အမှုရဲ့ အဖြစ်မှန်က ဘာဖြစ်မလဲ၊ သားဖြစ်သူကပဲ တကယ်သတ်ခဲ့တာလား၊ သားဖြစ်သူနဲ့ အမြဲပေါင်းနေကျ သူငယ်ချင်းက လူသတ်ပြီး သားဖြစ်သူကို ချောက်ချသွားခဲ့တာလား၊ အသတ်ခံရတဲ့ ကျောင်းသူလေးကရော ဘယ်လိုနောက်ကြောင်းတွေ ရှိနေခဲ့တာလဲ၊ တရားခံအစစ်ကရော ဘယ်သူလဲဆိုတာတွေကို ဇာတ်ကားတစ်လျှောက်လုံး စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ။ Mother ရုပ်ရှင်ကို Budget ကန်ဒေါ်လာ ၅ မီလီယံနဲ့ ရိုက်ကူးခဲ့ပြီး Box Office မှာ ကန်ဒေါ်လာ ၁၇.၁ မီလီယံ ပြန်ရခဲ့တဲ့အထိ အောင်မြင်မှုတွေ အကြီးအကျယ်ရခဲ့တဲ့ Crime & Thriller ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ Won Bin နဲ့ မင်းသမီးကြီး Kim Hye-ja တို့အပြင် Jin Goo, Yoon Je-moon နဲ့ Jeon Mi-seon စတဲ့ မင်းသားမင်းသမီးတွေကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ၁၂၈ မိနစ်သာ ကြာတဲ့ ဒီဇာတ်ကားလေးကနေ လူ့သဘာဝ၊ မိခင်တစ်ယောက်ရဲ့ မေတ္တာတွေကို Happy မှာ စီးမြောပြီး ကြည့်လိုက်ရအောင်ပါ။
Repost from N/a
ကိုယ့်ချစ်ရတဲ့သူတွေက်ို အသံမက်ဆေ့ခ်ျတွေ ခနခနပို့တက်တဲ့သူတွေရှိကြလား
Voicemails for Isabelle (2026)
"Voicemails for Isabelle" ရုပ်ရှင်ဇာတ်လမ်းကတော့ ချစ်ရတဲ့အစ်မဆုံးပါးသွားပြီးနောက်ပိုင်းမှာ သူ့ဆီကိုရည်ရွယ်ပြီး အမှတ်တရစကားတွေ၊ ရင်ဖွင့်စကားတွေ အများကြီးပြောခဲ့တဲ့ ဗွီဒီယိုမေးလ်အသံဖိုင်တွေဟာ မထင်မှတ်ဘဲ အခြားတစ်စိမ်းယောက်ျားတစ်ယောက်ဆီကို ရောက်ရှိသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီး ရိုမန်းတစ်ဆန်ဆန် ရိုက်ကူးထားတာပါ။ ဒီလိုနဲ့ အဲဒီယောက်ျားကတော့ ဒီအသံဖိုင်တွေကတစ်ဆင့် မိန်းကလေးရဲ့ဘဝ၊ အတွေးအမြင်တွေကို သိရှိလာပြီး အဝေးကနေပဲ သူ့အပေါ် စိတ်ဝင်စားမှုတွေ၊ ချစ်ခင်မှုတွေ တဖြည်းဖြည်းဖြစ်ပေါ်လာပုံကို ပရိသတ်တွေ ကြည်နူးစွာနဲ့ ရှုစားရမှာပါ။
ဒီဇာတ်ကားလေးကတော့ သေဆုံးသွားတဲ့ချစ်ရသူတစ်ယောက်ကို အမှတ်ရနေရင်းနဲ့ အသစ်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လက်ခံဖို့ ပြင်ဆင်နေရတဲ့ အခြေအနေကို ပရိသတ်တွေ အလွယ်တကူ ခံစားနားလည်နိုင်အောင် ရိုက်ကူးထားပါတယ်။ ပေါ့ပေါ့ပါးပါး ရယ်မောရမယ့် အခန်းတွေနဲ့အတူ ရင်ထဲမှာ နွေးထွေးမှုရစေမယ့် အချစ်ဇာတ်လမ်းလေးမို့လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါ။
အဗာတာ: နောက်ဆုံးသော လေဒြပ်ရှင် [၂၀၂၆] စီစင် ၂ အပိုင်း ၇ ဇာတ်သိမ်းပိုင်း
Avatar: The Last Airbender (2026)
+++++++++++++
အပိုင်း ( ၁ မှ ၇ ) အထိ စ / ဆုံး
Netflix ရဲ့ Avatar the Last Airbender Live-Action စီးရီးကြီးကတော့
အခုဆိုရင် Season 2 ထွက်ရှိလို့ လာပါပြီ.....
ဖန်တွေအားလုံး ရင်ခုန်နေကြတဲ့အတိုင်း "ဒီတစ်ခေါက် Season 2 မှာကတော့ ပထမရာသီထက် အဆပေါင်းများစွာ
ရှယ်ပိုကြမ်း၊ ရှယ်ပိုမိုက်တော့မှာ" လို့ ရဲရဲကြီး ပြောရဲပါတယ်....
ကဲ အပိုင်းသစ်က စပြီး ကြည့်လိုက်ပါတော့နော်.....
ကျန်အပိုင်းတွေကိုလည်း အမြန်ဆုံး ကြည့်ရအောင် တစ်ပိုင်းချင်းစီ အားသွန်ခွန်စိုက် ဘာသာပြန် တင်ဆက်ပေးသွားမှာဖြစ်လို့
ဆက်လက်စောင့်မျှော် ကြည့်ရှု့ပေးကြပါနော် ....
Avatar ရဲ့ Live action စီးရီးထွက်လာပါပြီ
မူရင်း animation ကြည့်ထားတဲ့သူတွေကတော့
ဇာတ်လမ်းဇာတ်အိမ်ဘယ်လောက်ခိုင်မာလဲကောင်းလဲ သိကြမှာပါ
ရေ မြေ မီး လေ ဓာတ်ကြီးပါးအလိုက် နိုင်ငံ ၄နိုင်ငံရှိရာမှာ ပါရမီပါသူတွေက
ကိုယ့်နိုင်ငံရဲ့သက်ဆိုင်ရာဓာတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်
အဲ့နိုင်ငံတွေထဲက Avatar ဆိုတဲ့သူက ဓာတ်၄ပါးလုံးကို
ထိန်းချုပ်နိုင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံ၄နိုင်ငံလုံးကို
မျှတအောင်ထိန်းသိမ်းပေးရမယ့်သူပါ
Avatar တစ်ယောက် သေဆုံးသွားရင်
နောက်တစ်နိုင်ငံမှာ အလှည့်ကျပြန်ဝင်စားပါတယ်
မီးနိုင်ငံက မျှတမှုကိုဖျက်စီးပြီးနိုင်ငံတွေအကုန်သိမ်းပိုက်ဖို့လုပ်လာတဲ့အခါမှာ
လေမျိုးနွယ်ရဲ့ Avatar လည်းပျောက်သွားတဲ့အတွက်ကြောင့် မီးနိုင်ငံကိုတားဆီးမယ့်သူမရှိခဲ့ပါဘူး
နှစ်၁၀၀ကြာပြီးတဲ့နောက်မှာ ရေမျိုးနွယ်စုလေးက
Katara နဲ့ Sokka ဆိုတဲ့မောင်နှမ၂ယောက်ဟာ
သက်ရှိထင်ရှားရှိနေသေးတဲ့လေမျိုးနွယ် Avatar Aang ကိုရှာတွေ့ခဲ့ပြီး
မီးနိုင်ငံကိုတားဆီနိုင်ဖို့ Aang နဲ့အတူ စွန့်စားခန်းထွက်ဖို့ဖြစ်လာပါတော့တယ်...
ချန်နယ်အရင်joinပါ ⬇️⬇️⬇️⬇️⬇️
https://t.me/chnel242
ဇာတ်ကားလင့်⬇️⬇️⬇️⬇️⬇️⬇️
https://t.me/chnel242/313
