Sparatus:House Of Ashur 2025
前往频道在 Telegram
显示更多
未指定国家未指定类别
无数据
订阅者
-4024 小时
-4727 天
-3 61130 天
帖子存档
Repost from N/a
နာမည်ကျော်မင်းသားကြီးတွေရှယ်ဖြုတ်ထားတဲ့အက်ရှင်ကားကြီး
Alarum (2025)
=============
IMDb - 6.5
ရမ်ဘိုမင်းသားကြီး S.y*l*v.est.er Stallone နဲ့ မင်းသား S.co.tt Ea.stw.oo.d အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Ac.ti.on/C.ri.m.e ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်က စပိုင်လုပ်ခဲ့ဖူးတဲ့ ဂျိုးဟာ ဒီအလုပ်ကနေ ကင်းကင်းကွာကွာနေခဲ့တာ 5 နှစ်ရှိနေပါပြီ။
ဒါပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူ လော်ရာကလည်း စပိုင်တစ်ယောက် ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ဟာ လူမသိသူမသိ နေထိုင်ရပါတယ်။
တစ်နေ့ သူတို့ အပန်းဖြေခရီးထွက်တဲ့ နေရာမှာ ဟယ်လီကော်ပတာတစ်စင်း ပျက်ကျခဲ့ပါတယ်။
ဒါကို စပိုင်ဟောင်းပီပီ စူးစမ်းမိတဲ့ ဂျိုးဟာ လေယာဉ်မှူးသေဆုံးမှုက သွေးရိုးသားရိုးမဟုတ်တာကို ချက်ချင်းသိလိုက်ပါတယ်။
သို့ပေမဲ့ ပြဿနာက လေယာဉ်ပေါ်က ဆက်သွယ်ရေးကိရိယာက မပျက်စီးသေးတော့ ဂျိုးရဲ့ အသံကို တစ်ဖက်က ကြားလိုက်တာပါပဲ။
ဒီလိုနဲ့ ပျောက်သွားပြီလို့ ယူဆရတဲ့ အာချီဘောလ်အမည်ခံ ဂျိုးတစ်ယောက် အသက်ရှိနေသေးတာကို သူ့ရဲ့ အေဂျင်စီဟောင်းက သိသွားပြီး ထွက်သွားသူကို အရှင်မထားတဲ့ သူတို့ ထုံးစံအရ ဂျိုးကို လိုက်လံရှင်းထုတ်ပါတော့တယ်။
Repost from N/a
ဂိုဏ်းစတား အက်ရှင်ဟာသ ကားသစ်ကြီး
ーーーーーーーーーーーーーーーーー
M_i-k_e & N_i-c_k & N_i-c_k & A_l-i_c-e (20_26)
IMDB 6.5/10
လူမိုက်လုပ်ချင်တာလား... သေနတ်ကိုင်တတ်ရုံနဲ့ မရဘူး၊ ပြဿနာရှာတတ်တဲ့ ဘော်ဒါရှိမှ ပြည့်စုံတာ
အက်ရှင်ကြမ်းကြမ်းတွေကြားထဲ အူတက်အောင် ခွီချင်တဲ့ ဘော်ဒါတွေအတွက် Act-ion/Com-edy ဇာတ်ကားသစ်ကြီး လာပါပြီ။
ဒီကားမှာတော့ ဟာသမင်းသားကြီး Vince Vaughn နဲ့ X-M-e-n မင်းသား James Marsden တို့က တွဲဖက်သရုပ်ဆောင်ထားပြီး၊ ပုရိသတွေအသည်းစွဲ အဆင်လေး Eiza González နဲ့ Lewis Tan တို့ပါ အားဖြည့်ထားတော့ Cast ပိုင်းကတော့ ကြမ်းလည်းကြမ်း ငမ်းလည်းငမ်းဆိုတာမျိုး
ဇာတ်လမ်းကတော့ ရိုးရိုးတန်းတန်း နေနေတဲ့ မိုက်ခ်နဲ့ နစ်ခ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် မထင်မှတ်ဘဲ အန္တရာယ်များတဲ့ မြေအောက်ရာဇဝတ်လောကထဲ ခြေစုံပစ် ဝင်သွားမိရာကနေ စတာပါ။
မိုက်ခ်တစ်ယောက် လူမိုက်လောကကနေ အနားယူမဲ့နေ့မှာ နစ်ခ်က အကူအညီလာတောင်းတာနဲ့ မိုက်ခ်တစ်ယောက် အီလည်လည်နဲ့ပါသွားပါတော့တယ်။ နစ်ခ်က မိုက်ခ်ကို လူမြင်တာနဲ့ မေ့ဆေးနဲ့ကောက်အုပ်ချလိုက်ဖို့ပြောထားတာပါ။ ဒါပေမဲ့ သူမေ့ဆေးနဲ့အုပ်လိုက်တာ နစ်ခ်ဖြစ်နေပြီး နောက်ထပ်နစ်ခ်တစ်ယောက်ကပါ ကားပေါ်ကဆင်းလာတဲ့အခါ...
အချိန်ခရီသွားတာတွေ ဂိုဏ်းစတားတွေ၊ သွေးထွက်သံယိုမှုတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ယုံကြည်မှု ဘယ်လောက်တောင့်ခံနိုင်မလဲ... အသက်လုပြေးရမယ့် အခြေအနေမှာ ဘယ်လို ဗရုတ်သုတ်ခ တလွဲတွေ လုပ်ကြမလဲဆိုတာ ရယ်မောရင်း ရင်တမမ ရှုစားရမှာပါ။
Act-ion Com-edy ကားဆိုတဲ့အတိုင်း အက်ရှင်ခန်းတွေ အကြမ်းစားပါသလို၊ ဂိုဏ်းစတားလောကထဲ ရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက်ကြားက အလွဲလွဲအချော်ချော် ဟာသတွေနဲ့ တောက်လျှောက် ရယ်ရမယ့် ကားမျိုးပါ။
မိုက်ခ်၊ နစ်ခ် နဲ့ အဲလစ်စ် တိုရဲ့ လွဲချော်မှုတွေကြားက B-u-d-d-y C-o-m-e-d-y V-i-b-e တွေကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ဒီကားလေးက သင့်အတွက်ပါပဲ။
Repost from N/a
Mile End Kicks (2026)
IMDb Rating (6.3) / Rotten Tomatoes (88%)
ဂီတလောကရဲ့ နောက်ကွယ်က ဖန်တီးမှုတွေ၊ ဆယ်ကျော်သက်ဘဝကနေ လူငယ်ဘဝဆီ ကူးပြောင်းစအချိန် ၂၀ ကျော်အရွယ်မှာ ရှုပ်ထွေးလှတဲ့ လူမှုဆက်ဆံရေးတွေနဲ့ အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ အနုပညာဆန်ဆန် ရိုက်ပြထားတဲ့ Romantic Comedy / Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ မွန်ထရီအောမြို့က နာမည်ကြီး အနုပညာရပ်ကွက်ဖြစ်တဲ့ "Mile End" ရဲ့ ဂီတအငွေ့အသက်တွေကို အခြေခံထားတာပါ။
ဇာတ်လမ်းကတော့ အသက် ၂၄ နှစ်အရွယ်၊ ထက်မြက်ပြီး ကိုယ်ပိုင်အရည်အချင်းရှိတဲ့ အမျိုးသမီး ဂီတဝေဖန်ရေးပညာရှင်လေးတစ်ဦးအကြောင်းပါ။ သူမဟာ မြေအောက်ဂီတလောကက တက်သစ်စ အင်ဒီတီးဝိုင်း (Indie Band) တစ်ခုကို သဘောကျသွားပြီး၊ သူတို့ကို လူသိများလာအောင် မီဒီယာတွေပေါ်မှာ ကူညီမြှင့်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက အလုပ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေ ရောမိသွားတဲ့အခါမှာ စတင်ပါတော့တယ်။
သူမဟာ အဲဒီအင်ဒီတီးဝိုင်းကို ကူညီရင်းနဲ့ တီးဝိုင်းအဖွဲ့ဝင်တွေနဲ့ပါ မထင်မှတ်ဘဲ အချစ်ဇာတ်လမ်းတွေ ရှုပ်ထွေးပွေလီစွာ ပတ်သက်မိသွားပါတော့တယ်။ အလုပ်အကိုင် အောင်မြင်မှု၊ ဂီတအပေါ် ထားတဲ့ ရူးသွပ်မှုနဲ့ စိတ်ကူးယဉ် အချစ်ကမ္ဘာကြားမှာ သူမ ဘယ်လိုမျိုး ဟန်ချက်ညီအောင် ထိန်းညှိမလဲ၊ ဘယ်လို ရယ်စရာ၊ စိတ်နာစရာ အလွဲအချော်တွေ ကြုံရမလဲဆိုတာကို လူငယ်ဆန်ဆန် ရိုက်ပြထားပြီး Euphoria နဲ့ လူသိများခဲ့တဲ့ Barbie Ferreira ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။
(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)
Repost from N/a
Sick Puppy (2025)
Dark Sky Films ကနေ ဖြန့်ချိလိုက်တဲ့ Dark Comedy Horror-Thriller (ဟာသနှောထားတဲ့ သည်းထိတ်ရင်ဖို) ဇာတ်ကားသစ်လေးဖြစ်တဲ့ "Sick Puppy" ကို ဒါရိုက်တာ Jay Reid က ရေးသားရိုက်ကူးထားပြီး၊ အိမ်ထောင်ရေးတစ်ခုရဲ့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Charlie (Natasha Calis) ဟာ သူ့ခင်ပွန်း John (Brett Geddes) ကို အရမ်းချစ်တဲ့ ဇနီးသည်တစ်ယောက်ပါ။
ဒါပေမဲ့ သူတို့အိမ်ထောင်ရေးမှာ အကြီးမားဆုံး ပြဿနာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ သူ့ခင်ပွန်းဟာ ကွင်းဆက်လူသတ်သမား (Serial Killer) တစ်ယောက် ဖြစ်နေတာပါပဲ။
နှစ်ပေါင်းများစွာ ကြမ်းကြမ်းတမ်းတမ်း လူတွေသတ်လာခဲ့တဲ့ John ကို လူမသတ်တော့ဖို့နဲ့၊ အဲဒီအစား စိတ်ငြိမ်သွားအောင် မြေအိုးလုပ်တဲ့ အနုပညာဘက်မှာပဲ အာရုံစိုက်ဖို့ Charlie က နောက်ဆုံးမှာ အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့ပါတယ်။
အရာအားလုံး အဆင်ပြေသွားပြီလို့ ထင်ရပေမယ့် သူတို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်ထဲက အေးချမ်းတဲ့ဘဝလေးဆီကို ရဲတွေက သံသယဝင်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်လာတဲ့အခါမှာတော့ ဇာတ်လမ်းက အလှည့်အပြောင်း ဖြစ်သွားပါတယ်။
Charlie တစ်ယောက် သူ့ခင်ပွန်းကို ကာကွယ်ဖို့နဲ့၊ ခင်ပွန်းဖြစ်သူ လမ်းမှားကို ပြန်မရောက်သွားအောင် ထိန်းသိမ်းဖို့အတွက် သူကိုယ်တိုင် ကြမ်းတမ်းတဲ့ လုပ်ရပ်တွေနဲ့ လူသတ်မှုတွေကို မလွှဲမရှောင်သာ ကျူးလွန်ရပါတော့တယ်။
ခင်ပွန်းဖြစ်သူကို အရမ်းချစ်လွန်းလို့ ကိုယ်တိုင် လူသတ်သမားအဖြစ် ပြောင်းလဲသွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ အိမ်ထောင်ရေးကို Dark Comedy (ရယ်ရမလို ငိုရမလို) နဲ့ သည်းထိတ်ရင်ဖိုပုံစံမျိုး ရောစပ်ပြီး ရိုက်ကူးထားတာမို့လို့ ပုံမှန်နဲ့မတူတဲ့ ဇာတ်လမ်းအဆန်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်နော်။
Blades of the Guardians: Wind Rises in the Desert (2026)
++++++++++++++++++++++
IMDb Rating (7.3) / Rotten Tomatoes (97%)
တရုတ်သိုင်းကား ပရိသတ်တွေအတွက်ရော၊ နာမည်ကြီး Biao Ren (镖人) ကော်မစ်ဖတ်ဖူးတဲ့သူတွေအတွက်ပါ လုံးဝလက်လွတ်မခံသင့်တဲ့
၂၀၂၆ ထွက် ဇာတ်ကားကြီး တင်ပေးထားပါပြီ။
ဒီကားက ကာတွန်းကို Live-action အနေနဲ့ ပြန်ရိုက်ထားတာဖြစ်ပြီး၊ ဒါရိုက်တာကတော့ The Matrix, Kill Bill နဲ့ Crouching Tiger,
Hidden Dragon တို့မှာ Action Choreographer လုပ်ခဲ့သလို၊ Drunken Master လို ကားမျိုးတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော်
ဒါရိုက်တာကြီး ယွမ်ဝူးပင်း (Yuen Woo-ping) ပါ။ သရုပ်ဆောင်တွေကလည်း မိုက်မှမိုက်ပဲ။
အဓိကဇာတ်ကောင် ဆုကြေးစားမုဆိုးကြီး တောက်မာ နေရာမှာ ဝူးကျင်း (Wu Jing) က သရုပ်ဆောင်ထားပြီး၊ နီကိုးလပ်စ်ဆဲ (Nicholas Tse)၊
ဂျက်လီ (Jet Li)၊ တိုနီလန် (Tony Leung Ka-fai) နဲ့ ကာရာဟွေ (Kara Hui) တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ
ပါဝင်အားဖြည့်ထားပါတယ်။
တကားထဲအပြီး အသစ်စက်စက် ရုပ်ရှင်ကားကြီး🔥🔥🔽🔽🔽
ချန်နယ်အရင်ဝင်ပါ⬇️⬇️⬇️
https://t.me/movieshellN2
ကြည့်ရန်⬇️⬇️⬇️⬇️
https://t.me/movieshellN2/134
Repost from N/a
ရာဇ၀တ်သားများ၏လားရာ
(插翅难飞) T*h*e C*o*n*v*i*c*t K*i*l*l*e*r 20*26
Repost from N/a
ရာဇ၀တ်သားများ၏လားရာ
(插翅难飞) T*h*e C*o*n*v*i*c*t K*i*l*l*e*r 20*26
ဇာတ်လမ်းအကျဉ်း 📝
၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ ကျန်းပေမြို့လေးမှာ ထက်မြက်တဲ့ ရာဇဝတ်မှုနှိမ်နင်းရေး ရဲအရာရှိ Lei Ming နဲ့ အဖွဲ့ထဲကို အသစ်ဝင်ရောက်လာတဲ့ ရဲမေလေး Fang Qing တို့ဟာ မြို့ပြတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ သွေးအေးရက်စက်ပြီး ဉာဏ်များလှတဲ့ ဓားပြခေါင်းဆောင် Jiang Hu ကို ဖမ်းဆီးဖို့အတွက် အသက်နဲ့ရင်းရမယ့် သေမင်းတမန် ကစားပွဲကြီး ထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့ကြပါတယ်
ဒီဖမ်းဆီးရေး ခရီးစဉ်အတွင်းမှာ ရိုးရိုးရှင်းရှင်း ဖမ်းရတာမျိုး မဟုတ်ဘဲ ရက်စက်လှတဲ့ ရန်သူတွေရဲ့ ပြန်ပေးဆွဲမှုတွေ မြို့ပြကို ဓားစာခံလုပ်ထားတဲ့ ဗုံးထောင်မှုတွေ ရဲတပ်ဖွဲ့နောက်ကွယ်က လျှို့ဝှက်အေးဂျင့်တွေရဲ့ သစ္စာတရားနဲ့ သစ္စာဖောက်မှု အားပြိုင်မှုတွေအပြင် ဓားစာခံချင်း အပြန်အလှန် ဟန်ဆောင်လဲလှယ်တဲ့ ထိပ်တန်းအကွက်ချလှည့်စားမှုတွေက တောက်လျှောက် ရိုက်ခတ်လာခဲ့ပါတယ်
နောက်ဆုံး ဒီပိတ်ဆို့ဖမ်းဆီးပွဲကြီးမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ အသွေးအသား ခန္ဓာကိုယ်တွေကို အသုံးချပြီး ရန်သူတွေ လုံးဝထွက်ပြေးလို့မရအောင် သံမဏိခံတပ်ကြီးအဖြစ် တည်ဆောက်ကာ ပြင်းထန်လှတဲ့ သွေးထွက်သံယို တိုက်ပွဲကြီးကြားထဲကနေ ကြီးမားလှတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့အတူ တရားမျှတမှုကို ဘယ်လိုမျိုး အရယူသွားမလဲဆိုတာ...
ဒီရုပ်ရှင်လေးက ၉၀ ပြည့်လွန်နှစ်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ခေတ်နောက်ခံ Crime စတိုင်နဲ့ ရိုက်ကူးထားပြီး မိနစ် ၇၀ ဆိုတဲ့ အချိန်အတွင်းမှ ဓားစာခံလဲလှယ်ပွဲ ဗုံးခွဲမှုတွေနဲ့ အက်ရှင်ကွက်တွေကို တရစပ် တင်ဆက်ထားတာမို့ မင်းသား Qu Gaoweiရဲ့ ပြတ်သားတဲ့ သရုပ်ဆောင်ချက်နဲ့ ဗီလိန် Huang Mengတို့ရဲ့ သွေးအေးအေးအမဲလိုက်ပွဲက ရဲကားအက်ရှင် ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာနော်
ကဲ သွေးစွန်းခဲ့တဲ့ မြို့ပြရဲ့ သံမဏိခံတပ် တိုက်ပွဲကြီးကို SoulKingdom မှာ အခုပဲ ရှုစားလိုက်ရအောင်
Repost from N/a
သားကိုကာကွယ်ဖို့အမှောင်ဘက်ခြမ်းကို ခြေစုံပစ်ဝင်ခဲ့တယ်ဖခင် အင်ဒိုသရဲကားအသစ်ဆက်ဆက်လေး
Q*o*r*i*n 2 (2026)
Repost from N/a
သားကိုကာကွယ်ဖို့အမှောင်ဘက်ခြမ်းကို ခြေစုံပစ်ဝင်ခဲ့တယ်ဖခင် အင်ဒိုသရဲကားအသစ်ဆက်ဆက်လေး
Q*o*r*i*n 2 (2026)
"ကိုယ့်သွေးသားကို ထိလာတဲ့အခါ ဖခင်တစ်ယောက်ရဲ့ ဒေါသက မကောင်းဆိုးဝါးထက်တောင် ကြောက်စရာကောင်းသွားနိုင်တယ်..."
အင်ဒိုဟော်ရာပရိသတ်တွေအတွက် တော်တော်လေး နာမည်ကြီးခဲ့တဲ့ အင်ဒိုသရဲကားကောင်း Qorin ရဲ့ ဒုတိယပိုင်း ထွက်ရှိလိုလာပါပြီ။
ပထမကားတုန်းက ဘာသာရေးကျောင်းမှာ ကျောင်းအုပ်ကြီးရဲ့ အောက်လမ်းပညာကြောင့် ကိုယ့်ကိုယ်ပွားဂျင်နတ်ဆိုး (Qorin) တွေကို ခေါ်မိရာကနေ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ ကြုံတွေ့ခဲ့ရတာကို မှတ်မိကြဦးမှာပါ။
ကိုယ့်ရဲ့ အမှောင်မိုက်ဆုံး စိတ်ဆန္ဒတွေကို ကိုယ်စားပြုတဲ့ Qorin တွေရဲ့ ခြောက်လှန့်မှုက တော်တော်လေး ကျောချမ်းစရာကောင်းခဲ့တာပေါ့။
ဒီတစ်ခါ ၁ နာရီနဲ့ ၅၀ မိနစ်စာ ကြာမြင့်မယ့် Qorin 2 မှာတော့ ဇာတ်လမ်းက ပိုပြီး ရင်နင့်စရာကောင်းသလို ပိုလည်း ကြောက်စရာကောင်းလာပါတယ်။
ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်နဲ့ သူ့ရဲ့သားလေး ဂျာယာ တိုကို အဓိကထား ရိုက်ကူးထားတာပါ။ သားဖြစ်သူ ဂျာယာလေး ကျောင်းမှာ အနိုင်ကျင့်ခံရ၊ ဒုက္ခပေးခံရတဲ့အခါမှာတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်တစ်ယောက် ဒေါသတကြီးနဲ့ ကျောင်းကို သွားရောက်တိုင်ကြားပါတော့တယ်။
ဒါပေမဲ့ သူမျှော်လင့်ထားသလို တရားမျှတမှု မရတဲ့အခါ... ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဒေါသတွေက မဖြစ်သင့်တာတွေကို ဖန်တီးဖို တွန်းအားပေးလိုက်တဲ့အခါမှာတော့...
သားကိုကာကွယ်ချင်တဲ့ ဖခင်တစ်ယောက် ဘယ်လို အမှောင်ထုထဲကို ခြေစုံပစ်ဝင်သွားမလဲ။ မကောင်းဆိုးဝါး Qorin တွေကရော ဒီဇာတ်လမ်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည် ခြောက်လှန့်ဦးမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။
Repost from N/a
သစ္စာဖွဲ့ပျိုးသော သမိုင်း၀င်တေးသွား
T*h*e G*u*q*i*n S*p*e*c*t*r*u*m 20*26
Repost from N/a
သစ္စာဖွဲ့ပျိုးသော သမိုင်း၀င်တေးသွား (琴谱)The Guqin Spectrum 2026
ဒါကတော့ တရုတ်ရိုးရာ ဗျပ်စောင်းတီးခတ်မှု အနုပညာနောက်ခံနဲ့ လူငယ်နှစ်ဦးရဲ့ ဘဝသက်တမ်းတစ်လျှောက်ခံယူခဲ့တဲ့ သစ္စာတရားအကြောင်း ဖြစ်လို့ တကယ့်ကို ရင်ထဲထိစေမယ့် လက်ရာမွန်တစ်ခုလို့ပဲပြောရပါမယ်
ဇာတ်လမ်းအကျဉ်း 📝
အရာရှိတစ်ဦးဖြစ်တဲ့ Cui Yingjie ဟာ ဖန်ကျိုးဒေသဆီကို ရောက်ရှိလာခဲ့ပြီး ဒုတိယမြောက်နှစ်မှာတော့ တေးသံစဥ်လောကတစ်ခုလုံးရဲ့ လေးစားကြည်ညိုခြင်းခံရတဲ့ စောင်းဆရာကြီးကျောက်ဟာ အသက်အရွယ်ကြောင့် ရာထူးကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်
ဆရာကြီးဟာ သူတစ်သက်လုံး ထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ဆန်းပြားလှတဲ့ စောင်းသံစဥ်ကျမ်းကြီးကို ဆက်ခံမယ့် မျိုးဆက်သစ် အရည်အချင်းရှိသူကို လိုက်လံရှာဖွေနေခဲ့တာပါ
တစ်ဖက်မှာလည်း ဧကရီမင်းမြတ် ရဲ့ အထူးအလေးပေး ချီးမြှောက်မှုကြောင့် Cui Yingjie ဟာ ဒီစောင်းသံစဥ်ကျမ်းကြီးကို ပြီးဆုံးအောင် ပြုစုဖို့အတွက် တာဝန်ကြီးကို အရေးပေါ် လွှဲပြောင်းရယူခဲ့ရပါတယ်
ဒါပေမဲ့ သူ့ဘေးနားမှာ ကူညီမယ့်သူ လုံးဝမရှိဘဲ အဖက်ဖက်က ပိတ်ဆို့နေတဲ့ အခက်အခဲကြီးနဲ့ ရင်ဆိုင်လိုက်ရပါတယ် အဲဒီလို လမ်းပျောက်နေတဲ့အချိန်မှာပဲ သူဟာ လူမှုပတ်ဝန်းကျင်ရဲ့ ဖိနှိပ်မှုတွေကြောင့် ဘဝပျက်လုနီးပါး ဆင်းရဲဒုက္ခရောက်နေတဲ့ အရပ်သား စောင်းဆရာလေး Wang Shoubai နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတော့တယ်
အထက်တန်းစား အရာရှိကြီးနဲ့ အခြေခံလူတန်းစား စောင်းသမားလေးဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ တေးသံစဉ်ကို အခြေခံပြီး တစ်ယောက်ကိုတစ်ယောက် နားလည်အဖော်ပြုပေးခဲ့ကြပါတယ်
နှစ်ပေါင်း (၃၀) ဆိုတဲ့ ရှည်လျားလှတဲ့ ကာလပတ်လုံး လောကဓံရဲ့ မုန်တိုင်းတွေ အပြောင်းအလဲတွေနဲ့ အခက်အခဲတွေကို အတူတူ ကြံ့ကြံ့ခံရင်ဆိုင်ရင်း နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ လောကမှာ ရှာမှရှားတဲ့ မိတ်ဆွေရင်းတွေ ဖြစ်သွားခဲ့ကြပြီး တရုတ်တေးသံစဉ်သမိုင်းမှာ အထွတ်အထိပ် ရောက်စေမယ့် ခမ်းနားလှတဲ့ စောင်းသံစဥ်ကျမ်းကြီး ကို အောင်အောင်မြင်မြင် ရေးသားပြီးမြောက်ခဲ့ပါတော့တယ်.....
ကဲ နှစ်ပေါင်း ၃၀ ကြာ သစ္စာတရားတွေနဲ့ ရေးစပ်ခဲ့တဲ့ သူတို့ရဲ့ ဘ၀တေးသွားကို SoulKingdom မှာ အခုပဲ ကြည့်ရှုခံစားလိုက်ရအောင်
Repost from N/a
Iron Lung (2026)
IMDb Rating (6.5) / Rotten Tomatoes (60%)
နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ Markiplier (Mark Fischbach) ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ထားတဲ့ Sci-Fi Horror ဇာတ်ကားသစ်လေး "Iron Lung" အကြောင်း ပြောပြပေးမယ်နော်။ ဒီကားက ၂၀၂၂ ခုနှစ်က ထွက်ခဲ့တဲ့ နာမည်ကြီး အင်ဒီဂိမ်း (Indie Game) "Iron Lung" ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အာကာသထဲက သွေးပင်လယ်ကြီးထဲမှာ ရေငုပ်သင်္ဘောလေးနဲ့ သွားရတဲ့ ဇာတ်လမ်းဆိုတော့ အသက်ရှူကျပ်စရာ ကောင်းလောက်အောင် သည်းထိတ်ရင်ဖို ကြည့်ရမယ့် ကားမျိုးပါ။
ဒီကားကို ဒါရိုက်တာ Mark "Markiplier" Fischbach က ရိုက်ကူးထားပြီး Markiplier ကိုယ်တိုင်အပြင် Caroline Kaplan, Troy Baker နဲ့ Seán McLoughlin (Jacksepticeye) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Sci-Fi နဲ့ Horror အမျိုးအစား ဇာတ်ကားဖြစ်ပြီး ကြာချိန်အနေနဲ့ ၂ နာရီ ၇ မိနစ် ရှိပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ထွက်ရှိထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
"The Quiet Rapture" လို့ခေါ်တဲ့ အဖြစ်အပျက်ကြီးတစ်ခုကြောင့် စကြာဝဠာထဲက ကြယ်တွေ၊ ဂြိုဟ်တွေ အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အာကာသစခန်းတွေပေါ်မှာ ကျန်ခဲ့တဲ့ လူနည်းစုလေးပဲ အသက်ရှင်ကျန်ရစ်ခဲ့တာပေါ့။ ဆယ်စုနှစ်တွေ ကြာလာတဲ့အခါမှာတော့ လိုအပ်နေတဲ့ သယံဇာတတွေ ရှာဖို့အတွက် "AT-5" လို့ခေါ်တဲ့ လဂြိုဟ်တစ်ခုကို သူတို့ တွေ့သွားခဲ့တယ်။ အဲဒီဂြိုဟ်ပေါ်မှာက ရေတွေအစား သွေးတွေနဲ့ ပြည့်နေတဲ့ သွေးပင်လယ်ကြီး ရှိနေတာပါ။
အဲဒီ သွေးပင်လယ်ကြီးထဲကို စူးစမ်းလေ့လာဖို့ ဆိုက်မွန် (Simon) လို့ခေါ်တဲ့ အကျဉ်းသားတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။ သူ့ကို "Iron Lung" လို့ နာမည်ပေးထားတဲ့ သေးငယ်ကျဉ်းမြောင်းတဲ့ ရေငုပ်သင်္ဘောလေးထဲ ထည့်ပြီး အပြင်ကနေ ဂဟေဆော်ပိတ်လိုက်တယ်။ ရေအောက်ဖိအားကို ခံနိုင်အောင် ပြတင်းပေါက်တွေကိုပါ သံပြားတွေနဲ့ ပိတ်ထားတော့ အပြင်ကို ဘာမှ မမြင်ရဘူး။ အပြင်ကိုမြင်ရဖို့ တစ်ခုတည်းသောနည်းလမ်းက ရေငုပ်သင်္ဘောအပြင်ဘက်မှာ တပ်ထားတဲ့ ကင်မရာအစုတ်လေးနဲ့ ဓာတ်ပုံရိုက်ပြီး ကြည့်ဖို့ပဲ ရှိတော့တယ်။
ဆိုက်မွန်တစ်ယောက် ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့ ကတိနဲ့ သွေးပင်လယ်ကြီးရဲ့ အောက်ခြေကို ဆင်းသွားခဲ့ရတယ်။ အပြင်ကိုမမြင်ရ၊ အသက်ရှူကျပ်လောက်အောင် ကျဉ်းကျပ်နေတဲ့ သင်္ဘောလေးထဲမှာ သူဘာတွေ ဆက်ကြုံတွေ့ရမလဲ၊ သွေးပင်လယ်အောက်မှာ ဘာတွေရှိနေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။
ပြတင်းပေါက်မရှိတဲ့ ရေငုပ်သင်္ဘောလေးထဲမှာ အပြင်မှာ ဘာရှိနေမှန်းမသိရဘဲ သွားနေရတဲ့ ခံစားချက်ကို သေချာလေး ပုံဖော်ထားနိုင်တယ်။ ဓာတ်ပုံတစ်ချက် ရိုက်လိုက်တိုင်း အပြင်မှာ ဘာများပေါ်လာမလဲဆိုပြီး ကြည့်နေရတဲ့သူပါ ရင်တမမ ဖြစ်နေစေတယ်။
ဂိမ်းထဲက အငွေ့အသက်တွေကို ရုပ်ရှင်ထဲမှာပါ အပြည့်အဝရအောင် Markiplier က သေချာလေး ဖန်တီးထားတယ်။ ဂိမ်းကို ဆော့ဖူးတဲ့သူတွေအတွက်ရော၊ မဆော့ဖူးတဲ့သူတွေအတွက်ပါ စိတ်ဝင်စားစရာ ကောင်းအောင် တင်ဆက်ထားတယ်။ Jacksepticeye လို နာမည်ကြီး YouTuber တွေပါ ပါဝင်ထားတော့ ပရိသတ်တွေအတွက် ပိုပြီး သဘောကျစရာပါ။
ဒါက သူ့ရဲ့ ပထမဆုံး ဒါရိုက်တာလုပ်တဲ့ ဇာတ်ကားရှည်ဖြစ်ပေမဲ့၊ ရိုက်ကူးရေး၊ အသံပိုင်းဆိုင်ရာနဲ့ တင်ဆက်မှုတွေက တော်တော်လေးကို ကောင်းမွန်ပါတယ်။
ကြောက်စရာ သရဲတွေ အများကြီးမပါဘဲ ပတ်ဝန်းကျင် အနေအထားနဲ့တင် လူကို ခြောက်ခြားသွားစေမယ့် အသက်ရှူကျပ်စရာ (Psychological/Claustrophobic) Horror ကားမျိုးကို ကြိုက်တယ်ဆိုရင်တော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါ။
Repost from ကြောက်မက်ဖွယ်ရာဇာတ်လမ်းတွဲများ
မင်္ဂလာပွဲနှင့် ငါးမန်း
C_h-u_m (2-0-2-6)
ရာသီဥတုကြီးပူနွေးလာတာနဲ့အမျှ ပင်လယ်သတ္တဝါတွေဟာလည်း အပူချိန်မတူညီမှု အစာရေစာရှားပါးမှုတွေကြောင့် စားကျက်မြေတွေပြောင်းရွှေ့ရပါတော့တယ် ငါးမန်းတွေလည်းအပါအဝင်ပေါ့
အဲဒီလိုနဲ့ကမ္ဘာတစ်ဝှမ်း ငါးမန်းကိုက်မှုတွေ မြင့်တက်လာချိန် တီနာနဲ့တွမ်တို့ကတော့ ကမ်းခြေတစ်ခုမှာ မင်္ဂလာဆောင်ဖို့စီစဥ်ထားပါတယ်
ဒါပေမဲ့လည်း အလုပ်ကိစ္စတစ်ခုကြောင့် တီနာတို့က ညှိမရဘဲ ပွဲဖျက်တော့မယ့်အထိပါ ဖြစ်နေကြတာပေါ့
ဒါကိုမသိတဲ့ တွမ်ရဲ့သူငယ်ချင်း နစ်က မင်္ဂလာလက်ဖွဲ့ဆိုပြီး လှေစင်းလုံးငှားပေးကာ ပင်လယ်ထဲထွက်ကြဖို့ အတင်းခေါ်ပါတော့တယ်
ဒီလိုနဲ့ပင်လယ်ထဲသွားရင်း မတော်တဆ ကပ္ပတိန်ပြုတ်ကျသွားပြီး ငါးမန်းကိုက်ခံလိုက်ရာကနေအစ
ရုတ်ရုတ်သည်းသည်းနဲ့ လှေတွေလည်းမှောက် ဒုက္ခတွေလည်းရောက်နဲ့ပေါ့
အဲဒီအချိန် ရွိုင်ဆိုတဲ့တံငါသည်နဲ့ ကံကောင်းထောက်မစွာတွေ့ပြီး သူ့လှေပေါ်လိုက်စီးသွားရာကနေ ထင်မှတ်မထားတဲ့ ကံဆိုးမှုတွေနဲ့ ကြုံတွေ့လာချိန်မှာတော့.....
Joinရန်လင့်🔽🔽
https://t.me/s1932a
ဇာတ်ကားလင့်🔽🔽
https://t.me/s1932a/1780
