Sparatus:House Of Ashur 2025
前往频道在 Telegram
显示更多
未指定国家未指定类别
无数据
订阅者
-4024 小时
-4727 天
-3 61130 天
帖子存档
Repost from N/a
Murder in the Dark (2026)
++++++++++++
၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ Murder in the Dark ရုပ်ရှင်ကားက Thriller နဲ့ Drama အမျိုးအစားကိုမှ ခံစားချက်အသားပေး
ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဆန်းလေးတစ်ခုပါ။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က Ash ဆိုတဲ့ အမျိုးသမီးလေးပါ။ သူက မျက်မမြင်တစ်ယောက်ဖြစ်ပေမယ့် အရမ်းကို စိတ်ဓာတ်ကြံ့ခိုင်ပြီး
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေသူပေါ့။
သူက "The Blind Pig" လို့ခေါ်တဲ့ (မှောင်မှောင်မည်းမည်းထဲမှာပဲ စားသောက်ရတဲ့) Dark-dining စားသောက်ဆိုင်တစ်ခုမှာ
အလုပ်လုပ်ပါတယ်။
တစ်နေ့မှာတော့ သူအလုပ်လုပ်နေတဲ့ဆိုင်က စားဖိုမှူးချုပ်ကြီး အသတ်ခံလိုက်ရပါတယ်။
အဲဒီအချိန်မှာ Ash က အနားမှာရှိနေခဲ့ပြီး ဒီလူသတ်မှုကို သိလိုက်ရတဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေ (သို့မဟုတ် အသံကြားခဲ့တဲ့သက်သေ)
ဖြစ်လာပါတော့တယ်။ အေးအေးဆေးဆေး ရှိလှတဲ့ သူ့ဘဝဟာ ဒီလူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကြားထဲမှာ
ပရမ်းပတာ ဖြစ်ကုန်တာပေါ့။
Cedric လို့ခေါ်တဲ့ စုံထောက်တစ်ယောက်က Ash ကို ကာကွယ်ပေးဖို့နဲ့ ဒီအမှုကို ဖော်ထုတ်ဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ လူသတ်သမားက အမှောင်ထဲမှာ ပုန်းအကွယ်နေပြီး Ash ကို နောက်ထပ်ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တဲ့အခါမှာတော့
သူ့အနေနဲ့ ဘယ်သူ့ကို ယုံကြည်ရမလဲဆိုတာ ဝေခွဲမရဖြစ်လာပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။
ဇာတ်လမ်းအများစုက မှောင်နေတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာမို့လို့ ကြည့်ရှုသူတွေအနေနဲ့ ဇာတ်လိုက်မင်းသမီး ခံစားရသလိုမျိုးပဲ
ဘေးနားမှာ ဘာရှိနေမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းအောင် ရိုက်ပြထားပါတယ်။
မျက်စိမမြင်ရတဲ့သူတစ်ယောက်က အမြင်အာရုံကိုပဲ အားကိုးတဲ့ လူသတ်သမားကို ဘယ်လိုဉာဏ်သုံးပြီး ပြန်တိုက်ခိုက်မလဲဆိုတာက
ဒီကားရဲ့ အဓိကဆွဲဆောင်မှုပါပဲ။
ဒီကားက "Don't Breathe" လိုကားမျိုး ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ကားမျိုးပါ။
မင်းသမီးရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရမ်းကို သဘာဝကျပြီး ထိမိတယ်လို့ ပြောကြပါတယ်။
Repost from ကြောက်မက်ဖွယ်ရာဇာတ်လမ်းတွဲများ
"ပျားရည်လိုချိုမြိန်တဲ့ အချစ်တွေနောက်က... အမှောင်ဝင်္ကပါ"
============================================
"သာမန် ရိုးရိုးအေးအေး မိန်းမတစ်ယောက်က... ရက်စက်တဲ့ လူသတ်သမား မုဆိုးတစ်ပိုင်း မိန်းမရိုင်းအဖြစ် ရောက်မှန်းမသိ ရောက်လာတဲ့အခါ..."
ဒီတစ်ခါတော့ တရုတ်ရုပ်ရှင်တွေထဲကမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရတာ ရင်တမမဖြစ်စေမဲ့ Female Crime Thriller ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ တရုတ်မင်းသမီးကြီး Yuan Quan နဲ့ မင်းသား Geng Le တို့က အဓိကပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောရရင်တော့... အပေါ်ယံကြည့်ရင်တော့ သာယာချမ်းမြေ့တဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သာမန် အပျိုကြီးမမတစ်ယောက်ပေါ့။
ဒါပေမဲ့ သူ့ရဲ့ ဘဝထဲကို မထင်မှတ်ထားတဲ့ ခို့ယီဆိုတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့ဘဝမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ အချစ်ဆိုတဲ့အရာက ဝင်ရောက်လာတဲ့အခါ
သာမန်မဟုတ်တဲ့ အဖြစ်အပျက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ လျှို့ဝှက်ချက်တွေပါ အချစ်နဲ့အတူ ဝင်ရောက်လာတဲ့အခါမှာတော့…
သူ့ရဲ့ အေးချမ်းတဲ့ဘဝလေးဟာ လုံးဝကို ပြောင်းလဲသွားပါတော့တယ်။ "အကျိုးပြုတဲ့ အင်းဆက်တွေက အဖျက်ပိုးတွေကို စားပစ်တယ်" ဆိုတဲ့ စကားလိုပဲ... သူ့ရဲ့မနာလိုစိတ်နဲ့လောဘက သူ့ကို တမြေ့မြေ့ ဝါးမြိုလာတဲ့အခါ…….
Psychological Thriller ဆန်ဆန်နဲ့ Plot Twist တွေ အများကြီးပါဝင်တဲ့အပြင်... မိန်းမတစ်ယောက်ရဲ့ အမုန်းတရားက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို ရိုက်ပြထားတာဖြစ်လို့ တော်တော်လေး ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါပဲ။
ချန်နယ်joinကြည့်ပါ🔽🔽
https://t.me/s1932a
ဇာတ်ကားလင့်ခ်🔽🔽
https://t.me/s1932a/1597
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
မင်းသားကြီး ၃ ယောက် အပြိုင်ကြဲထားတဲ့
မလေယာလမ်ဇာတ်ကား
P_a-t_r-_i-o_t (2-0-2-6)
===================
IMDB ⭐️ 6.6/10
မင်းသားကြီး Mammootty, Mohanlal နဲ့ Kunchacko Bohan တို့ ၃ ယောက် အပြိုင်ကြဲမဲ့ မလေယာလမ်ဇာတ်ကားသစ်ကြီးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။
အများအကျိုးအတွက် လူထုအကျိုးအတွက်ဆိုတဲ့စကားကို ဖန်တရာထေနေအောင် ချိုမြမြ စကားလုံးတွေသုံးနှုန်းပြနေတဲ့ နည်းပညာကော်ပိုရိတ်လုပ်ငန်းကြီးတွေက တကယ်ပဲ ယုံကြည်လို့ရလောက်ရဲ့လား။
လုံခြုံရေးဆိုတဲ့ စကားလုံး ၃ လုံးရဲ့နောက်ကွယ်မှာ ကျွန်တော်တို့တွေ ဘယ်လောက်ထိ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံနေရ ချိုးဖောက်ခံနေရလဲ။
နည်းပညာက သိပ်ကို ခေတ်ရှေးပြေးနေပေမဲ့ ဒါတွေကိုအမီမလိုက်နိုင်တဲ့ အမီလိုက်ဖို့အခက်တွေ့နေတဲ့လူတန်းစားတစ်ရပ်အတွက် ခေတ်မီနည်းပညာဆိုတာ အသွားထက်ထက် နှစ်ဖက်သွားနဲ့ ဓားတစ်လက်ဖြစ်နေတာကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ Patriot ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။
အသက်တစ်ချောင်းနဲ့ ကိုယ်ရေးကိုယ်တာချိုးဖောက်ခံရမှု လူတောင်သေမှတော့ ကိုယ်ရေးကိုယ်တာဆိုတာ ဘာအရေးလဲတဲ့
ဒါကိုအခြေခံပြီး တည်ဆောက်ထားတဲ့ပယ်ရီစကုပ် ဆော့ဖ်ဝဲလ်ဟာ ဝန်ကြီးကစ ကလေးအဆုံး လူတိုင်းရဲ့ဘဝကို နေရာယူလာခဲ့တာပေါ့။
ဒီပယ်ရီစကုပ်ရဲ့မိခင်ကုမ္ပဏီကတော့ Shakti Solution ဆိုတဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်ပြီး CEO ကတော့ စစ်ပြန်ဘဝကနေ နည်းပညာသမားဖြစ်လာသူ မျိုးချစ်ကြီးပေါ့။
ပယ်ရီစကုပ်ရဲ့ မူလရည်ရွယ်ချက်တွေ သန့်စင်ခဲ့ပေမဲ့ ကာလရွေ့လျားလာတာနဲ့အမျှ လူတွေပြောင်းလဲလာချိန်မှာတော့ ဒီပယ်ရီစကုပ်ဟာ ချိန်ကိုက်ဗုံးဖြစ်လာပါတော့တယ်။
ဒါကို ပြည်သူကို သတိပေးဖို့ကြိုးစားခဲ့တဲ့ ဝန်ကြီးရဲ့ သိပ္ပံ နည်းပညာအကြံပေး ဒန်နီယယ်ကတော့ ကော်ပိုရိတ်လုပ်ငန်းကြီးနဲ့ သူ့ရဲ့အပေါင်းအပါ ရာထူးမြင့်အရာရှိတွေရဲ့ ချောက်တွန်းမှုတွေကြားမှာ ရွာပြင်ရောက်သွားတဲ့ သစ္စာဖောက်ဖြစ်သွားတော့တာပေါ့။
ဉာဏသမားဒန်နီယယ်တစ်ယောက် ဓနရှင် အာဏာရှင်တွေက အဖတ်ဖတ်က ပိတ်ဆို့ ဖမ်းဆီးနေတဲ့ကြားကနေ ဘယ်လိုအကွက်ရွှေ့ပြီး နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ် တွန်းလှန်သွားမလဲဆိုတာကို ရင်ဖိုစွာနဲ့ ကြည့်ရှုလိုက်ကြပါဦးစို့။
Joinရန်🔽🔽
https://t.me/mmsub226
ကြည့်ရန်လင့် 🔽🔽
https://t.me/mmsub226/1318
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
Beast (2026)
IMDb Rating (6.2) / Rotten Tomatoes (86%)
ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။
ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေး (MMA) လောကကို အခြေခံရိုက်ကူးထားတဲ့ ၂၀၂၆ ထွက် အက်ရှင်ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားပါ။
ဒီကားထဲမှာ နာမည်ကြီး မင်းသားကြီး ရပ်ဆဲလ်ခရိုး (Russell Crowe) ရော ဒန်နီယယ် မက်ဖာဆန် (Daniel MacPherson) ရော ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်း
ပက်တန် ဂျိမ်းစ် ဆိုတာ တစ်ချိန်က အရမ်းကို နာမည်ကြီးခဲ့တဲ့ MMA ကစားသမားဟောင်း တစ်ယောက်ပေါ့။ အခုတော့ သူက ပြိုင်ပွဲတွေကနေ အနားယူပြီး အေးအေးဆေးဆေး တံငါသည် အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာပါ။
ဒါပေမဲ့ သူ့ညီဖြစ်သူ အန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ကယ်တင်ဖို့အတွက် ကြိုးဝိုင်းထဲကို မလွှဲမရှောင်သာ ပြန်ဝင်လာရပါတော့တယ်။
ဒီလိုနဲ့ သူ့ကို အရင်က ပျိုးထောင်ပေးခဲ့တဲ့ နည်းပြဟောင်း ဆမ်မီ နဲ့ ပြန်ပူးပေါင်းပြီး ONE Championship ပြိုင်ပွဲကြီးမှာ နောက်ဆုံးအနေနဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လက်ရှိချန်ပီယံ ဇေဗီယာ ဂရောင်း ဆိုတဲ့ ရက်စက်တဲ့ တိုက်ခိုက်ရေးသမားပါပဲ။
ပက်တန် တစ်ယောက် သူ့ညီကို ကယ်တင်ရင်း သူ့ရဲ့ ဂုဏ်သိက္ခာကိုရော ပြန်လည်ဆယ်တင်နိုင်မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
Hallan (2025)
IMDb Rating (7.1)
အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခင်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားပြီး လက်ရှိပြသနေဆဲ Absolute Value of Romance ထဲက မင်းသမီးလေး Kim Hyang-Gi ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အမေဇာတ်ရုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
- ဇာတ်လမ်းအကျဉ်း -
၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် ဟန်လာတောင်ပေါ် ထွက်ပြေးတိမ်းရှောင်ရဖို့ ဖြစ်လာတဲ့ အာဂျင်း (Kim Hyang-Gi) က သမီးဖြစ်သူ ဟယ်စိမ်းနဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။
ရွာမှာ ကျန်ခဲ့တဲ့ သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်းတစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်း ကြားသိလိုက်ရတဲ့အခါ သမီးလေးကို ရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။
သမီးကို ကယ်တင်ဖို့ ငရဲတွင်းထဲ ပြန်ဆင်းလာတဲ့ အာဂျင်းနဲ့ အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း... သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက ဘယ်လိုဆက်ဖြစ်မှာလဲ...
သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
My Dearest Assassin (2026)
ပရန် အဖြစ် Tor Thanapob
လန် အဖြစ် Baifern Pimchanok
သူရဲ့ရှားပါးလွန်းတဲ့ သွေ-းအမျိုးအစားကြောင့် အဖွဲ့အစည်းတွေရဲ့ အမြဲတမ်း အ-မဲဖျ-က်ရှာဖွေတာကို ခံနေရတဲ့ လန်ဆိုတဲ့မိန်းကလေးတစ်ယောက်
ကံ-ကြ-မ္မာရဲ့အလှ-ည့်အပြောင်းကြောင့် ကြေ-းစ-ားလူ-တ်သမားမိသားစုတစ်ခုဆီ ကယ်တင်မွေးစားခံခဲ့ရပေမယ့် လန့်ကိုတော့ လ-က်-ရဲဇာတ်-ရဲ လူ-တ်သမားတစ်ယောက်အဖြစ် မလေ့ကျင့်ပေးဘဲ သွေ-းစွ-န်းနေတဲ့ ဒီကြေ-းစာ-းလော-ကကြီးနဲ့ ဝေ-းရာမှာ ညီမငယ်လေးတစ်ယောက်လို အလုံခြုံ အနွေ-းထွေ-းဆုံး ဖွ-က်ထားပေးခဲ့ကြပါတယ်
ဒါပေမယ့် အေးချမ်းမှုဆိုတာ ဒီလော-ကကြီးမှာ ကြာကြာမခံတဲ့အရာပါ
ရ-က်စ-က်ကြ-မ်းကြု-တ်လွ-န်းတဲ့ တို-က်ခို-က်မှုတစ်ခုကြောင့် သူ့ကို မိသားစုအရင်းအခြာလို စောင့်ရှောက်ပေးခဲ့တဲ့သူတွေ အသ-က်ဆုံးရှုံးသွားခဲ့ရချိန်မှာတော့...
အမြဲတမ်း ပု-န်းကွ-ယ်နေခဲ့တဲ့ ကောင်မလေးဆိုတာကနေ မိသားစုအတွက် သွေ-းကြွေ-းဆပ်ဖို့ ပြ-င်းထ-န်တဲ့အထူးလေ့ကျ-င့်မှုတွေကို နေ့မနားညမအားသင်ယူပြီး သူကိုယ်တိုင် ကြ-မ်းတ-မ်းပြီး သွေ-းဆာ-နေတဲ့လောကထဲကို ခြေစုံပ-စ်ဝင်လာခဲ့တဲ့ချိန်….
ကိုယ့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ရှားပါးသွေ-းအမျိုးအစားကပဲ ကိုယ့်အတွက် ေ-သမင်းတမန်ဖြစ်လာတဲ့အခါမှာတော့...
မမအသေးလေးဘိုင်ဖန်နဲ့ အစ်ကိုသော်တို့က အဓိက casting တွေအနေနဲ့ပါထားတာကြောင့် ကြည့်မိလို့ နောင်တမရစေမှာမို့ Action, Romance နဲ့ Survival ဇာတ်လမ်းကောင်းတွေကို အကြိုက်တွေ့တတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားမယ့် ကားကောင်းလေးတစ်ကားမို့ Ash Channel မှာ အခုပဲ ကြည့်လိုက်တော့နော်…..
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
F-y-r-e R-i-s-e-s (2025)
====================
အရင်က ထူးချွန်တဲ့လူသတ်သမားဖြစ်ခဲ့တဲ့ Richard Fyre က အကြမ်းဖက်အလုပ်ကနေထွက်ပြီး ဆင်းရဲပေမဲ့သူ့ဘဝကို
အေးအေးချမ်းချမ်း ရှင်သန်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်တယ်။
ဒါပေမဲ့ အာဏာကြီးပြီး လှည့်စားခြယ်လှယ်တတ်တဲ့ သူ့ရဲ့အရင်က ရာဇဝတ်ကောင် ဘော့စ်ဖြစ်တဲ့ P*r*ie*st က F.yr.e ကို
သူ့ရဲ့အကြွေးတွေ ကျေဖို့အတွက် နောက်ဆုံးလူသတ်မှုတစ်ခုကို လုပ်ပေးဖို့ ဖိအားပေးလာပါတယ်။
ချန်နယ်joinကြည့်ပါ🔽🔽
https://t.me/mmsub226
ဇာတ်ကားကြည့်ရန်🔽🔽
https://t.me/mmsub226/1303
Repost from N/a
မင်းသား လီမင်ဟိုလ်ရဲ့အက်ရှင်ဇာတ်ကားကောင်း
G-a-n-g-n-a-m B-l-u-e-s (2015) 720p
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
မင်းသား လီမင်ဟိုလ်ရဲ့အက်ရှင်ဇာတ်ကားကောင်း
Gangnam Blues (2015)
**
ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တို့ အချစ်တော်မင်းသား Lee Min Ho, The Doctors နဲ့ Love Story in Havard မင်းသား Kim Rae Won တို့ အဓိကပါဝင်ထားတဲ့ နာမည်ကြီး အက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းကိုတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဂန်းနမ်မှာ မြို့ပြဖွံ့ဖြိုးရေးတိုးတက်ရေးစီမံကိန်းကြောင့် မြေယာဈေးကွက် ဖြစ်ပေါ်လာပြီး စီးပွားရေးသမားတွေနဲ့ လူမိုက်အဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ ကာလကို အခြေခံထားတာဖြစ်ပါတယ် ..
ဇာတ်လမ်းအကျဉ်းလေးကတော့
**
ဂင်ဂျုံဒယ် (Lee Min Ho)နဲ့ ဘဲ့ယုံဂီ (Kim Rae Won) တို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူတူ ကြီးပြင်းလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် မှီခိုရင်းနဲ့ ဘဝကို ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတဲ့သူတွေပါ။
တစ်ရက်မှာ သူတို့နှစ်ယောက်ရဲ့ တဲစုတ်လေးကို လူမိုက်အဖွဲ့က ဖျက်ဆီးတဲ့အချိန်မှာ ပြန်ခုခံရင်းနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။
အဲဒီအချိန်မှာ လူမိုက်အဖွဲ့က နိုင်ငံရေးပါတီတစ်ခုရဲ့ ညီလာခံကို ဖျက်ဆီးဖို့အတွက် လူလိုနေတုန်း ဂျုံဒယ်နဲ့ ယုံဂီကလည်း ပါဝင်အားဖြည့်လိုက်ကြပါတယ်။
ညီလာခံကို ရောက်တဲ့အခါ မထင်မှတ်ထားတဲ့အခြေအနေကြောင့် သူတို့နှစ်ယောက်လည်း လူစုကွဲသွားခဲ့ပါတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဂျုံဒယ်ဟာ မြေအရောင်းအဝယ်ကိစ္စ လုပ်ရင်း မထင်မှတ်ဘဲ ယုံဂီကို ပြိုင်ဘက်လူမိုက်ဂိုဏ်းအဖွဲ့ဝင်အဖြစ် ပြန်တွေ့လိုက်ရပါတယ်။
ဘဝကို ဆင်းရဲစွာ နေလာရလို့ ကိုယ်ပိုင်အိမ်လေး ပိုင်ဆိုင်ချင်တဲ့ယုံဂီလိုမျိုး ဂျုံဒယ်ကတော့ ပိုက်ဆံချမ်းချမ်းသာသာနဲ့ နေချင်ခဲ့ပါတယ်။
ဒီတော့ ပြိုင်ဘက်ဂိုဏ်းတွေမှာ ရောက်နေတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဆန္ဒတွေ ပြည့်ဝဖို့အတွက် အဖွဲ့ဝင်တွေ မသိအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ။
နိုင်ငံရဲ့အခြေအနေ မတည်ငြိမ်တဲ့ကာလမှာ စီးပွားရေးသမားတွေရဲ့လောဘတွေ, လှည့်ကွက်တွေ, လူမိုက်ဂိုဏ်းတွေကြားက သစ္စာဖောက်မှုတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးပြသထားတာတွေကို ကြည့်ရှုလိုက်ပါဦးနော် ..
#Credit
Repost from N/a
လူသတ်မှု့မှာ မျက်မြင် သက်သေ ဖြစ်သွားရတဲ့ မျက်မမြင်ဟန်ဆောင် စန္ဒရား ဆရာ လက်ရာမြောက်လှတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
လူသတ်မှု့မှာ မျက်မြင် သက်သေ ဖြစ်သွားရတဲ့ မျက်မမြင်ဟန်ဆောင် စန္ဒရား ဆရာ လက်ရာမြောက်လှတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား
ーーーーーーーーーーーーーーーーー
မျက်မမြင်စန္ဒရားပညာရှင်အဖြစ် သရုပ်ဆောင်ထားတဲ့ အာကရှ်ဟာ တစ်နေ့မှာ ဖိတ်ခေါ်ခံရတဲ့အိမ်တစ်အိမ်မှာ သွားရောက်ဖျော်ဖြေရင်း မထင်မှတ်ဘဲ လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် သက်သေခံလိုက်မိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အခက်အခဲက ရဲကို သွားမပြောနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီအမှုရဲ့ တရားခံက ရဲချုပ်ကိုယ်တိုင်ဖြစ်နေလို့ပါ။ အဲဒီကနေစပြီး အသက်ရှင်ဖို့အတွက် "မျက်မမြင်"ဆိုတဲ့ အသွင်ကို ဆက်ထိန်းထားရင်း လိမ်လည်မှုတွေ၊ လှည့်ကွက်တွေ၊ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
Vaashi (2022)
Ebin နဲ့ Madhu ဆိုတဲ့ ရှေ့နေနှစ်ယောက်ဟာ သူငယ်ချင်းတွေဖြစ်ပြီး အချင်းချင်းလည်း စိတ်ဝင်စားနေကြတဲ့ ချစ်သူတွေပါ။ သူတို့နှစ်ယောက်ဟာ တိုက်တိုက်ဆိုင်ဆိုင် အမှုတစ်ခုမှာ တရားလိုရှေ့နေနဲ့ တရားခံရှေ့နေအဖြစ် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြိုင်ဆိုင်ရတဲ့ အခြေအနေကို ရောက်သွားတယ်။
သူတို့ ကိုင်တွယ်ရတဲ့အမှုကလည်း သိပ်မရှင်းလင်းတဲ့ သဘောတူညီမှု (Consent) နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတော့ ပိုရှုပ်ထွေးတာပေါ့။ တရားခွင်ထဲက အနိုင်အရှုံးနဲ့ အားပြိုင်မှုတွေက သူတို့ရဲ့ ပြင်ပက အချစ်ရေးအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိလာတဲ့အခါ... ပရော်ဖက်ရှင်နယ်အလုပ်နဲ့ သံယောဇဉ်ကြားမှာ ဘယ်လိုတွေ ဗျာများမလဲ၊ ဘယ်လိုညှိနှိုင်းကြမလဲ ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရမှာ ဖြစ်ပါတယ်။
အချစ်ကားဆန်ဆန် ရိုက်ထားပေမဲ့ တရားခွင်ခန်းတွေမှာ အပြန်အလှန် ဥပဒေပုဒ်မတွေနဲ့ ချေပတာတွေကလည်း အတော်လေး မိုက်တယ်လို့ ပြောလို့ရပါတယ်။
Joinရန်လင့်🔽🔽
https://t.me/mmsub226
ကြည့်ရန်လင့်🔽🔽
https://t.me/mmsub226/1291
