Premium Movies
关闭频道
显示更多
未指定国家未指定类别
803
订阅者
-224 小时
+727 天
+18830 天
帖子存档
WELCOME TO THE JUNGLE 2026
အိန္ဒိယရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသား၊မင်းသမီးပေါင်း၃၀နီးပါးကိုမျက်စိပသာဒဖြစ်ဖွယ်တစ်နေရာတည်းမှာစုစည်းထားပြီးရယ်မောခြင်း၊ရင်ခုန်ခြင်းတွေနဲ့အတူသစ်တောနက်ကြီးထဲခေါဆောင်သွားတော့မှာပါ။
ဇာတ်လမ်းအကြောင်းအသေးစိတ်
အစိုးရရဲ့လျှို့ဝှက်စစ်ဆင်ရေးတစ်ခုအတွက်သစ်တောနက်ကြီးအတွင်းကိုအထူးတပ်ဖွဲ့ဝင်စစ်သားတစ်စုစေလွှတ်ခြင်းခံရပါတယ်။သို့သော်လည်းမထင်မှတ်ဘဲထိုတောနက်ကြီးထဲမှာနယ်မြေစိုးမိုးထားတဲ့နာမည်ဆိုးထွက်လူဆိုးဂိုဏ်းဝင်တွေနဲ့ရင်ဆိုင်ရပါတော့တယ်။
ပြဿနာကတော့ရန်သူလိုဖြစ်နေတဲ့စစ်သားတွေနဲ့လူဆိုးဂိုဏ်းဟာအကြောင်းအမျိုးမျိုးကြောင့်ခေတ္တမဟာမိတ်ဖွဲ့ပြီးတောနက်ကြီးထဲကပိုမိုကြီးမားတဲ့အမည်မသိဘေးအန္တရာယ်ဆိုးကြီးကိုအတူတကွပူးပေါင်းရင်ဆိုင်ကြရတော့မှာဖြစ်ပါတယ်။
တစ်ယောက်နားတစ်ယောက်မလည်တာ၊အချင်းချင်းချောက်တွန်းဖို့ကြိုးစားကြတာ၊တစ်ယောက်ကိုတစ်ယောက်မယုံကြတာတွေကြောင့်တောနက်ကြီးထဲမှာမထင်မှတ်ထားတဲ့အလွဲလွဲအချော်ချော်ကမောက်ကမဖြစ်ရပ်ပေါင်းများစွာစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။သူတို့အဖွဲ့ဟာတောနက်ကြီးထဲကအန္တရာယ်တွေကိုကျော်ဖြတ်ပြီးစစ်ဆင်ရေးကိုအောင်မြင်အောင်ဘယ်လိုအလွဲတွေနဲ့ဆက်လက်ဆောင်ရွက်သွားကြမလဲဆိုတာကိုရိုက်ချက်တိုင်းမှာဗိုက်နာအောင်ရယ်မောရမှာပါ။
Coolie (2025)
နာမည်ကြီး တမီလ်ဒါရိုက်တာ လိုကေ့ရှ်ရိုက်ကူးထားပြီး မင်းသားကြီး ရာဂျနီကန့်သ်
အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကူလီရုပ်ရှင် အကြည်ထွက်ရှိလို့လာပါပြီ။
ဒီရုပ်ရှင်မှာ မင်းသားကြီး အမီရ်ခန်းကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ခေတ္တပါဝင်ထားပါသေးတယ်။
ဒီရုပ်ရှင်ကို ချီးကျူးသူတွေရှိသလို ဝေဖန်သူတွေလည်း ရှိခဲ့ကြပေမဲ့ ဝင်ငွေပိုင်းမှာတော့ အသင့်အတင့် အောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်။
ဇာတ်လမ်းကတော့ တစ်ချိန်က ရွှေမှောင်ခိုသမားဖြစ်ခဲ့ပေမဲ့ ဇာတ်မြှုပ်ပြီး အဆောင်အိမ်ဖွင့်စားနေတဲ့ ဒေဗာ။
ဒေဗာဟာ အေးအေးချမ်းချမ်းနေနေပေမဲ့ သူ့မိတ်ဆွေဟောင်းတစ်ယောက် ကွယ်လွန်ကြောင်းသိပြီးတဲ့နောက်မှာ
သူ့အရင်အဖွဲ့ဟောင်းနဲ့အတူ ရွှေမှောင်ခိုလောကထဲပြန်ဝင်ပြီး မှောင်ခိုလောကကိုချုပ်ကိုင်ထားတဲ့ ဆိုင်မွန်ဆိုတဲ့
ဂိုဏ်းခေါင်းဆောင်နဲ့ စင်ပြိုင် ရင်ဆိုင်ဖို့ကြိုးစားပုံတွေကို ခပ်မိုက်မိုက်အက်ရှင်တွေနဲ့ ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ...။
#CrdOrginalUploader
Zcar link
https://t.me/arielarielzcar/284
+2
Godfather 1 (1972)👇👇👇
https://t.me/c/2222734027/216
Godfather 2 (1974)👇👇👇
https://t.me/c/2222734027/218
Godfather 3 (1990)👇👇👇
https://t.me/c/2222734027/220
The Gorge (2025)
"The Gorge" (၂၀၂၅) ရုပ်ရှင်ကတော့ ဒါရိုက်တာ Scott Derrickson ရိုက်ကူးထားတဲ့ Sci-fi, Romantic, Action, Horror ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ထိပ်တန်းစနိုက်ပါသမား နှစ်ယောက်ဖြစ်တဲ့ Levi (Miles Teller) နဲ့ Drasa (Anya Taylor-Joy) တို့ဟာ အလွန်လျှို့ဝှက်တဲ့ ချောက်ကမ်းပါးကြီးတစ်ခုရဲ့ တစ်ဖက်တစ်ချက်စီမှာ ကင်းစောင့်ရတဲ့ တာဝန်ကို ယူရပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ထားရပြီး ချောက်ထဲမှာ ဘာရှိမှန်းမသိဘဲ တာဝန်ထမ်းဆောင်ရင်း နှစ်ယောက်သား ရင်းနှီးသွားကြပါတယ်။
ချောက်ထဲဆင်းကြည့်တဲ့အခါမှာတော့ တိရစ္ဆာန်နဲ့ အပင်တွေသာမက လူတွေပါ မျိုးဗီဇပြောင်းလဲနေတာကို တွေ့လိုက်ရပြီး၊ "Straydog" လို့ခေါ်တဲ့ အရေးပေါ်ဗုံးခွဲမယ့်အစီအစဉ်ကိုပါ သိသွားတဲ့အခါ အသက်လုရုန်းကန်ရပုံတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ အက်ရှင်၊ ဟော်ရာနဲ့ ရိုမန်တစ်အရသာတွေကို ရောစပ်ထားပြီး ဇာတ်လမ်းသွားက ခန့်မှန်းရလွယ်တယ်လို့ ဝေဖန်ခံရပေမယ့်၊ သရုပ်ဆောင်တွေရဲ့ အချိတ်အဆက်မိမှုနဲ့ တင်းမာတဲ့ဇာတ်ကွက်တွေကြောင့် Action, Horror, Romance ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။
ဒီ Series က အပိုင်း ၁ ကြည့်ပြီးတာနဲ့တင် နောက်ပိုင်း ဆက်ကြည့်ချင်သွားမှာပါ။
ဘာလို့လည်းဆိုတော့ ဖြစ်ရပ်မှန်ကို အခြေခံထားလို့ တော်တော်လေးကြည့်လို့ကောင်းပါတယ်။
ဇာတ်လမ်းက ဒေလီမြို့က စစ်တပ်ဝန်းထဲမှာနေတဲ့ ဒုဗိုလ်မှူးကြီး အာရိုရာရဲ့ ကလေးနှစ်ယောက်က ရေဒီရိုရုံမှာ အသံသွားသွင်းမယ်ဆိုပြီး မိုးရွာတဲ့ ညနေတစ်ခုမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ တောအုပ်တစ်ခုမှာ အလောင်းအနေနဲ့ ပြန်တွေ့လိုက်ရတာကနေ ဇာတ်လမ်းက စလိုက်တာပါ။
အဲ့ဒီမှာ ဒီသတင်းက တစ်နိုင်ငံလုံးကို တောမီးလို ပျံ့သွားပြီး ရဲအရာရှိ Jayprakash က အမှုကို မဖြေရှင်းပေးနိုင်လို့ တိုင်တွေစပတ်လာပါတော့တယ်။
ဒီလိုနဲ့ ရဲအရာရှိ Jayprakash က စခန်းကိုပြန်ရင်း တောထဲက စွန့်ပစ်ထားတဲ့ ကားတစ်စီးကို အမှတ်မထင်တွေ့တာကနေ သဲလွန်စတွေနောက်ကို လိုက်ရင်း တဖြည်းဖြည်းနဲ့ အမှုတွေက များများလာပါတယ်။
ဗီလိန်တွေဆို ဒီထဲမှာ သနားဖို့ တစ်စက်မှမကောင်းတာပါ။ လုံးဝ ဗီလိန်ဆန်ဆန်တွေလို လုပ်တာပါ။
ပုံမှန်ဆို ရုပ်ရှင်အများစုမှာ ဗီလိန်တွေဆိုရင် ရုပ်ဖြောင့်၊ စတိုင်ကျ၊ ချမ်းသာပြီး အမိုက်စားပုံစံမျိုး တွေ တွေ့ရပေမယ့် ဒီထဲမှာတော့ Babu နဲ့ Rajjo ကို မြင်လိုက်တာနဲ့တင် စိတ်ထဲမှာ တန်းပြီး ဆဲချင်လာတဲ့အထိကို ရိုက်ထားတာပါ။
ငါတို့ ပိုက်ဆံမရှိဘူး ဒဲ့ပဲ ခိုးဆိုးလုနှိုက်၊ အနိုင်ကျင့်၊ လူသတ် အကုန်လုံးကို ပေါ်တင်ကြီးတွေလုပ်တာပါ။ ဘာ Plan မှလည်းမရှိဘူး ဒီတိုင်း ရောက်တဲ့နေရာမှာ ရသလိုလုပ်တာပါ။
သူတို့ရဲ့ အတိတ်ကြောင်းတွေကို ပြတဲ့အချိန်မှာတောင် ပရိသတ်အနေနဲ့ နည်းနည်းလေးမှ သနားစိတ် မဝင်အောင်လုပ်ထားတာပါ။ အမေကို မီးပြန်ရှို့တဲ့ အခန်းတွေကို တော်တော်ကြမ်းပါတယ်။
အမှန်တိုင်းပြောရရင် ဒီကားက အခုလို မိုးတွင်းမှာ ကြည့်ရ တကယ်တန်တဲ့ ဇာတ်ကားပါ။ အပိုင်း ၈ ပိုင်းရှိတာ ဇာတ်ရှိန် တစ်ပိုင်းမှ မကျသွားပဲ နောက်ဆုံးထိ ဆွဲခေါ်သွားတာပါ။
ဇာတ်လမ်းက ၁၉၇၈ ခုနှစ် နောက်ခံဖြစ်ပေမဲ့လည်း ဖုန်းတွေ၊ နည်းပညာတွေ မရှိတာကို သဘာဝအတိုင်းပဲ ပရိသတ်က လက်ခံသွားအောင် ပါးပါးနပ်နပ် ရိုက်ကူးထားတယ်။
ဒါ့ကြောင့် ပိတ်ရက်မှာ ကြည့်ဖို့ဘာမှမရှိဘူးဆိုရင် ဒီ series ကို ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
Rating အနေနဲ့ကတော့ 8/10 အထိရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
John Snow ရေးသားသည်။
S.... am.... Ba.... ha.... dur [ 20/23 ]
━━━━━━━━━━━━━━━━━━━
ခေါင်းကြီးတို့အတွက် 🆓 ချန်နယ် 🔞
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/plusKRpT2Bb7V9tmMTg1
https://t.me/plusKRpT2Bb7V9tmMTg1
https://t.me/plusKRpT2Bb7V9tmMTg1
ရန်ဘီးကပူးရဲ့ Animal လို ရုပ်ရှင်မျိုးနဲ့ တရက်တည်း အပြိုင်ရုံတင်ပြီး ကုဋေ ၁၀၀ ကျော်ရှာကာ Super Hit ဖြစ်ခဲ့တဲ့ ဗစ်ကီရဲ့ Sam Bahadur ဖြစ်ရပ်မှန်အခြေပြု စစ်ကားလည်း ဒီနေ့ပဲ OTT ထွက်လာတာမို့ B-Town က ဘာသာပြန် တင်ဆက်လိုက်ပါတယ်။
Sam Bahadur မှာ ဗစ်ကီနဲ့အတူ Dangal ထဲကဖာတမာနဲ့ ဆန်ယာတို့ ၂ယောက်လုံး ပါဝင်ထားပါတယိ။
အိန္ဒိယလွတ်လပ်ရေးမရခင်ကတည်းက စစ်သားဖြစ်ခဲ့တဲဆမ်ဟာ သတ္တိကောင်းပြီး ထူးချွန်ထက်မြက်လို့ အိန္ဒိယနဲ့ပါကစ္စတန် ၂ဖက်လုံးက လိုချင်ခဲ့တဲ့ စစ်သားကောင်းပါ။
ဆမ်က လွတ်လပ်ရေးရပြီးနောက် အိန္ဒိယနိုင်ငံကို ရွေးပြီးစစ်မူထမ်းခဲ့ပါတယ်။
ဆမ်ဟာ လူမှန်စစ်သားကြီးဖြစ်လို့ဝန်ကြီးချုပ်စကားကိုတောင် နားမထောင်ပဲ သူမှန်တယ်ထင်တာကိုပဲ လုပ်တတ်သူပါ။
ဆမ် စစ်ဗိုလ်ချုပ် တာဝန်ယူခဲ့တဲ့ လက်ထက်မှာ အိန္ဒိယ ပါကစ္စတန် စစ်ပွဲ၂ကြိမ်ဖြစ်ပွားခဲ့ပြီး သူ့ရဲ့ဇွဲသတ္တိနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ
ချမှတ်ခဲ့မူကြောင့် အိန္ဒိယ တပ်မတော်သမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ ဂုဏ်ပြူ ဘွဲ့တံဆိပ်ကိုချီးမြင့်ခံခဲ့ရပါတယ်။
The Cabbie (2000)
ဖီးလ်ရတဲ့ ထိုင်ဝမ် အချစ်ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်
မင်းသားက Taxi မောင်းတဲ့ လူပျိုကြီးမိန်းမ မယူတာက မရတာမဟုတ်ဘူး
သူချစ်ရတဲ့သူကိုပဲ လက်ထပ်မယ်စိတ်ကူးထားတာမို့ အိမ်ကစေ့စပ်သမျှကို အံတုလာတဲ့ အာဂလူပျိုကြီး
အချစ်ဆိုတာ ပထမဆုံးအကြည့်တစ်ချက်မှာတင် ငြိတွယ်ရမယ်လို့ သူကလက်ခံထားတာ…
ငြိမှငြိတွယ်သွားတော့လဲ Taxi သမားနဲ့ မလိုက်မဖက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ရဲမေမလေး…
အကြည့်တစ်ချက်မှာတင် သူ့အိမ်သူသက်ထားပဲလို့ လူပျိုကြီးက သတ်မှတ်လိုက်ပြီး
ယာဉ်ထိန်းရဲမေလေးမျက်နှာကို မြင်ရဖို့အရေး ယာဉ်စည်းကမ်းတွေကို နေ့တိုင်းဖောက်ဖျက် ကျူးလွန်နေပါတော့တယ်
ယာဉ်စည်းကမ်းဖောက်လိုက် ချစ်ရသူရဲမေဆီက ခံဝန်ထိုး ဒဏ်ကြေးစာရွက်လေး ယူလိုက်နဲ့ သာယာနေပါတော့တယ်…
ဆိုတော့ကာ ဇာတ်လမ်းက ဘယ်လိုဖီးလ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။
ဒီဇာတ်ကားက ဒီလိုအကြောင်းချည်းသက်သက်တော့ မဟုတ်ပြန်ဘူး
မိသားစုတစ်ခုမှာ ရှိတတ်တဲ့ ဝိဝါဒတွေရယ်စရာ မောစရာတွေနဲ့ ရောယှက်ထားတာမျိုး
ရိုက်ချက်အေးအေးကြီးတွေကြား ရင်ထဲ Deep ဖြစ်စေတဲ့ ခံစားချက်တွေ အုံလိုက်ဆင်းချလာမှာမျိုး။
ချန်နယ် လင့် 👇👇
https://t.me/moviehouse1200
ဇာတ်ကားလင့် 👇👇
https://t.me/moviehouse1200/511
