A poem that is not a poet's poem
前往频道在 Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
显示更多缅甸33 000未指定类别
313
订阅者
-224 小时
-67 天
-2330 天
帖子存档
AYA Bank အဟက်ခံရတာလဲမပြောနဲ့
KBZ bankလို ဆာဗာကို China in Hawawiမှာမှမထားတာ
မျှော်လင့်ခြင်းဆိုတာ
ကဗျာတစ်ပုဒ်အနေနဲ့
သိပ်ကို လှပပေမယ့်
ပုံပြင်တစ်ပုဒ်ဖြစ်သွားရင်တော့
သိပ်ကို နာကျင်ရတော့မှာ…
-မြတ်နွယ်
သွေးရောင်လွှမ်းတဲ့ခေတ်
အလံလွှင့်ဖို့
ရောင်နီတို့
သွေးစို့ဓားကိုယ်စီ။
လျင်မြန်အောင်ပြေး
တို့မနှေး
အဝေးကခေတ်ဆီ။
တို့ပြန်ရှာမိ
အတိတ်၏
လွှမ်းတိရွှေရောင်ခြည်။
ခေတ်နှင့်စနစ်
ပြောင်းပြန်ဖြစ်
လက်သစ်သွေးရောင်နီ။
အနာဂတ်ဝယ်
ဘယ်မှာကွယ်
ရှာဖွယ်မကောင်းသည်။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
မေ့လိုက်ပြီလို့ ပြောတိုင်း
မင်းနာမည်က နှလုံးသားထဲကနေ
ပြန်ထွက်လာတယ်...
တချို့လူတွေက
ဝေးသွားတာနဲ့ မပျောက်သွားဘူး။
-နွေဦး
ခရမ်းပြာညတွေထဲဖြတ်ပြေးရင်း
မတော်တဆတွေ့ဆုံခဲ့တဲ့မင်းကို
ဘလိုလုပ်မေ့ရပါ့မလဲ။
- နေကြာဖြူ
မေ့
မေ့ဖို့ရာ ခြေလှမ်းပြင်မှ
အတိတ်ဟောင်းက
ပြန်ပြန်လည်။
-ကျော်ကြီး(ကျော်ရိပ်ညို)
အရင်လိုလှေလှော်အဖွဲ့တွေလဲမရှိတော့သလို
ဝေဟင်ကငှက်တွေလဲ
အတောင်စိုလို့နားနေကျပြီ
ဘယ်ဘက်ကအတွဲနဲ့
ညာဘက်ကအတွဲ
ဘယ်အတွဲပိုချစ်ကျလဲဆိုတာ
အဖြေထုတ်ရင်း
ကိုယ်တို့နှစ်ယောက်တုန်းက
အချိန်တစ်ခုစီကို
ခနတာခုန်ကူးမိသွားတယ်။
- နေကြာဖြူ
မိုးရွာတိုင်း
ထီးမပါလည်း ရတယ်...
မင်းမပါဘဲ
မနေနိုင်တာက
ပြဿနာ။
-နွေဥိး
လူတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတာထက်
သူမရှိတော့တဲ့ ကမ္ဘာကြီးနဲ့
နေသားကျသွားရတာက
ပိုဝမ်းနည်းဖို့ ကောင်းတယ်။
-မြနန်းစံ
ဒီလောကမှာ
မဖြစ်မနေဆုပ်ကိုင်ထားရမယ့်အရာမရှိဘူး ။
လက်လွှတ်သင့်တဲ့အချိန် ရောက်ရင်
လက်လွှတ်တက်ရတယ် ။
လက်လွှတ်သင့်တဲ့အရာကို
လက်လွှတ်နိုင်မှ
ရှေ့ကိုဆက်လျှောက်နိုင်မယ်
ဆယ်စုနှစ် ကြာသွားရင်
လက်မလွှတ်နိုင်တဲ့အရာ
မရှိဘူး ။
မကျော်ဖြတ်နိုင်တဲ့အရာလည်း မရှိဘူး ။
-ပန်းရိပ်ငြိမ်
မင်းကိုမေ့သွားတာ
မဟုတ်ပါဘူး
မှတ်ဉာဏ်ရဲ့ သင်္ချိုင်းမှာ
နာမည်မရေးထားတဲ့
အုတ်ဂူတစ်လုံးအဖြစ်
ထားခဲ့လိုက်တာ။ ။
-မြနန်းစံ
ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၃ ]
အပြုံးနုနုနဲ့
ပါးချိုင့်ကွက်နေရာလေးကို
ကိုယ့်အတွက်ချန်ပေးထားပါ။
ကျန်တာကိုတော့
မင်းစိတ်ကြိုက် လုပ်ပါ အသက်။
- လိပ်ပြာ
ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၂ ]
အဝါရောင်ပန်းတွေအစား
အသက်အပြုံးတွေကို အစားထိုးထားတယ်။
ကိုယ့်ကမ္ဘာက နူးညံ့ပါတယ်...
အသက် ရှိနေသ၍ပေါ့ကွယ်။
- လိပ်ပြာ
မောင်(၁)
ဒုက္ခ ဒုက္ခ တဲ့
မွေးဖွားခြင်းဇာတိကနေ ဒုက္ခစပါတယ်။
ဇာတိပစ္စယာ ဇရာ မရဏ သောက ပဋိဒေဝ
ဒုက္ခ ဒေါမနဿတဲ့။
ဒုက္ခရှိတဲ့ လူတွေချင်းအတူတူ မောင့်လို
ဒုက္ခလေးကို ခလုတ်တိုက်မိတာ
ကျွန်မရဲ့ သုခပါပဲ။
-မြတ်နွယ်
ကဗျာ ဆရာ
ကဗျာဆရာ၊စာရေးတာသည်
ဥစ္စာမမက်၊ဉာဏ်များထက်အောင်
သူဆက်ရေးကာ၊လူငယ်ဟာလည်း
ကဗျာစာကြောင့်၊လမ်းမှန်ဖြောင့်လို့
ရောင့်ရဲတတ်လေ။
ငါဆရာဟု၊မောင်းတိုင်းထုလို့
အတုယူလျှင်၊လမ်းဘေးတွင်သာ
အရင်တောင်းစား၊အာဏာအားလျှော့
အမှားပြင်ပေး၊လေသံအေးနှင့်
ဖာထေးအမှား၊ဆရာကားမှာ
အများကိုးကွယ်ရာဖြစ်၏။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
ပန်းတစ်ပွင့် ကြွေကျသွားရင်
နောက်တစ်ပွင့် ဖူးနိုင်သေးတယ်...
ဒါပေမဲ့
တစ်ခါတုန်းက
နှလုံးသားထဲ ဝင်နေခဲ့ဖူးတဲ့သူကို
ဘယ်သူနဲ့မှ
အစားထိုးလို့ မရဘူး။
-နွေဦး
ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၁ ]
သံယောဇဉ်ရှိတာနဲ့ ချစ်တာကို
ကောင်းကောင်းခွဲခြားတတ်ရတယ်။
အခုတော့...
အသက်က ငါ့ကိုမျှော်လင့်ချက်တွေ
ပေးပြီးမှ ရိုက်ချပစ်လိုက်တာ
ငါ့နှလုံးသားလေးက ရိုင်နဲ့နဲ့။
- လိပ်ပြာ
မူးယစ်ဆေးဝါးက
လူကိုနစ်စေတယ်တဲ့
ကျွန်တော်ငြင်းခဲ့ပါတယ်
သူ့မျက်ဝန်းကပိုနစ်စေတယ်လို့။
-မြတ်နွယ်
