"ဝေဟင်ပေါ်က ပြိုင်ဘက်များ"အတွဲ ၂ (၂၀၂၆)
前往频道在 Telegram
显示更多
未指定国家未指定类别
256
订阅者
+824 小时
+147 天
+1630 天
帖子存档
Repost from စက်ရုပ်မလေး မယ့်ချစ်သူ (၂၀၂၆)
စက်ရုပ်မလေး မယ့်ချစ်သူ (၂၀၂၆)
"အချစ်ဆိုတာ လူသားတွေကြားမှာပဲ ဖြစ်တည်နိုင်တာလား...
ဒါမှမဟုတ် AI စက်ရုပ်လေးဆီကနေရော အချစ်ကို ရှာတွေ့နိုင်မလား..."
GL ချစ်ပရိသတ်ကြီးအတွက် ဒီနေ့မှ ပူပူနွေးနွေး စတင်ထုတ်လွှင့်မယ့် ထိုင်း Rom-Com, Sci-Fi ဒရာမာလေးကို အက်မင် ညွှန်းပေးလိုက်ပါတယ်နော်။
ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် ဂျန်ဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ နေတတ်ပေမဲ့ လူတောသိပ်မတိုးတတ်တဲ့ Introvert ကောင်မလေးတစ်ယောက်ပါ။
တစ်နေ့မှာတော့ သူ့အိမ်ရှေ့ကို မထင်မှတ်ထားတဲ့ ပါဆယ်ထုတ်ကြီးတစ်ခု ရောက်လာပါတယ်။
ဖွင့်ကြည့်လိုက်တော့ အထဲမှာ လူသားတစ်ယောက်နဲ့ ခွဲခြားမရလောက်အောင် တူညီတဲ့ စက်ရုပ်မလေးတစ်ရုပ်...
ပိုဆိုးတာက အဲဒီစက်ရုပ်မလေးက ဂျန် အမြဲအိပ်မက်ထဲက နတ်သမီးလေးပုံစံနဲ့ တစ်ထေရာတည်း ဖြစ်နေတာပါပဲ။
ပါဆယ်မှားလာတယ်ထင်ပြီး ပြန်ပို့ဖို့ ကြိုးစားရင်းနဲ့ ဂျန်တစ်ယောက် အမှတ်မထင် ခလုတ်တစ်ခုကို
သွားနှိပ်မိလိုက်ရာကနေ... စက်ရုပ်မလေး မျက်လုံးပွင့်လာပြီး အသက်ဝင်လာပါတော့တယ်။
အဲဒီအချိန်ကစပြီး ဆွဲဆောင်မှုရှိပြီး အလိုလိုက်တတ်တဲ့၊ ရစ်တတ် ချွဲတတ်တဲ့ စက်ရုပ်မလေးနဲ့
ဂျန်တို့ရဲ့ ကမောက်ကမ ရင်ခုန်စရာ ဇာတ်လမ်းလေး စတင်ပါတော့တယ်။
ဂျန်တစ်ယောက် သူ့ရဲ့ စိတ်ကူးယဉ်ကောင်မလေးပုံစံ စက်ရုပ်မလေးကို ပြန်ပို့မရတာနဲ့
'အိုင် (Ai)' လို့ နာမည်ပေးပြီး ဆက်ထားလိုက်တဲ့အခါ…
လူသားကောင်မလေးနဲ့ AI စက်ရုပ်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေး ဘယ်လို ဆက်ဖြစ်မလဲ။
နည်းပညာတွေကြားကနေ တကယ့် ခံစားချက် အစစ်အမှန်တွေ ပေါက်ဖွားလာနိုင်မလား ဆိုတာကို ရင်ခုန်စွာနဲ့ ရှုစားလိုက်ရအောင်ပါ။
https://t.me/+LzeETN971vgxMDY9
အပိုင်း ၁
၁၀၈၀
၇၂၀
https://t.me/c/1611550120/7902
ဆက်ရန်.....
Oh.My.Ghost.Becoming.Li.Hu (2025)
"မိဖုရားခေါင်ကြီး ကွယ်လွန်သွားတဲ့အခါ နန်းတွင်းထဲမှာ ဘယ်လိုတွေ ဗြောင်းဆန်သွားမလဲ..."
ထိုင်းဟာသကားတွေရဲ့ သဘာဝအတိုင်း ရယ်စရာ မျက်နှာပေးတွေ၊ အလွဲအချော် အခွီတွေ မြိုင်ဆိုင်လှတဲ့ Oh My Ghost စီးရီးရဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
အရင်ထွက်ခဲ့တဲ့ အပိုင်းတွေတုန်းက အဆောင်တွေ၊ ဆေးရုံတွေမှာ သရဲပေါင်းစုံနဲ့ လိုက်ပြေးရင်း မိန်းမလျာအုပ်စုကြီး ဘယ်လိုတွေ ဗရုတ်သုတ်ခ နိုင်ခဲ့လဲဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။
အခု နောက်ဆုံးထွက်လာတဲ့ ဇာတ်ကားမှာတော့ ခေတ်လွန်ပြီး နန်းတွင်းထဲကို ရောက်သွားပါပြီ။
ဇာတ်လမ်းအကျဉ်းလေးကတော့ နန်းတွင်းမှာ မိဖုရားခေါင်ကြီး ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ အဆိပ်ခပ်ခံရပြီး သေသွားတာကနေ စထားပါတယ်။
ဒီအခါမှာတော့ နန်းတွင်းအမတ်တွေအားလုံး ဘာလုပ်ရမှန်းမသိဘဲ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြီး၊ ဒီအခြေအနေဆိုးကြီးကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဝိုင်းဝန်း အဖြေရှာရပါတော့တယ်။
ဒီကိစ္စရဲ့အဖြေကတော့ မိဖုရားခေါင်နဲ့ တစ်ရုပ်တည်းတူတဲ့ ခေါင်းလောင်းပါတဲ့မမကို အခုခေတ်မှာ သွားရှာရမှာပါတဲ့။
ဒါ့အပြင် ဒီဖြစ်ရပ်ဆိုးကြီးရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူဟာ ဘယ်သူလဲဆိုတဲ့ သဲလွန်စတွေကိုပါ လိုက်လံစုံစမ်းရတဲ့အခါမှာတော့…
ဒါရိုက်တာ ပိုချ်အာနွန် ကိုယ်တိုင် ရိုက်ကူးထားပြီး၊ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်ကြီး Jaturong Mokjok နဲ့ Phunkorn Boonyachinda တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။
Comedy အမျိုးအစားဖြစ်တဲ့အတိုင်း ပရိသတ်ကြီးအတွက် အူတက်အောင် ရယ်ရမယ့် ဇာတ်ကွက်တွေနဲ့ ပြည့်နှက်နေမှာ အသေအချာပါပဲ။ စိတ်အပန်းဖြေချင်တဲ့ အချိန်လေးမှာ စာတန်းထိုးဖန်တီးမှု အလန်းစားတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။
Channel link 🔗
https://t.me/MandS002
ဇာတ်ကား link 🔗
1080
https://t.me/MandS002/274
720
https://t.me/MandS002/273
Rental Love lab (2026)
"အချစ်ဆိုတာကို နားမလည်တဲ့သူနဲ့ အချစ်ကို မယုံကြည်တဲ့သူ နှစ်ယောက်ဆုံတွေ့ကြတဲ့အခါ..."
GL (Girls' Love) ဇာတ်လမ်းလေးတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် ထိုင်း Romance/Drama စီးရီး အသစ်စက်စက်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းလေးကတော့ "Love Lab" ဆိုတဲ့ အေဂျင်စီလေးကနေ စတင်ထားပါတယ်။
ဒီအေဂျင်စီက ဖောက်သည်တွေ လိုအပ်သမျှ တာဝန်တွေကို အကုန်လုပ်ပေးတဲ့ နေရာတစ်ခုပေါ့။ ကလဲ ဆိုတာက အဲဒီအေဂျင်စီက စိတ်ဆတ်ပြီး အလုပ်ကို တိတိကျကျလုပ်တတ်တဲ့ ဝန်ထမ်းမလေးပါ။
တစ်ရက်မှာတော့ ကလဲဆီကို တာဝန်တစ်ခုကျလာပါတယ်။ အဲဒါကတော့ နာမည်ကြီး လျှို့ဝှက်ဆန်းကြယ် ဝတ္ထုရေးဆရာမ အဲရစ်ကို စောင့်ရှောက်ပေးရမယ့်အလုပ်ပါ။
ထူးဆန်းတာက အဲရစ်က သူ့ရဲ့ နောက်ဝတ္ထုသစ်အတွက် သုတေသနလုပ်ဖို့ "ရိုမန်တစ်ဆန်တဲ့ ဇာတ်ဝင်ခန်း" တွေကို လက်တွေ့ သရုပ်ဆောင်ပြမယ့် အငှားချစ်သူ ပါတနာတစ်ယောက် လိုအပ်နေတာပါပဲ။
ဒီလိုနဲ့ အငှားချစ်သူအဖြစ် သရုပ်ဆောင်ရင်း ထူးဆန်းတဲ့ စမ်းသပ်မှုတွေကြားမှာ သူတိုနှစ်ယောက်ရဲ့ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာတဲ့အခါ…
"တချို့အချစ်တွေက မျှော်လင့်မထားတဲ့ အချိန်မှာ ပွင့်လန်းလာတတ်တယ်" ဆိုတဲ့အတိုင်းပဲ တစ်ယောက်က အချစ်ကို တစ်ခါမှ နားမလည်ခဲ့ဖူးသလို၊ နောက်တစ်ယောက်ကလည်း အချစ်ကို ဘယ်တော့မှ မယုံကြည်ခဲ့သူတွေမို့ သူတို့နှစ်ယောက်ရဲ့ ဒီ "အချစ်စမ်းသပ်မှု" ကြီးက တကယ့် အချစ်စစ်အဖြစ် ပြောင်းလဲသွားမလားဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမှာပါ။
အချစ်၊ သံယောဇဉ်နဲ့ နားလည်မှုတွေကို ဖြည်းဖြည်းချင်း တည်ဆောက်သွားမယ့် ဇာတ်လမ်းလေးဖြစ်လို့ ကြည်နူးစရာလေးတွေနဲ့ ရင်ခုန်ချင်စရာကောင်းတဲ့ ကားကောင်းလေး ရှာနေတဲ့ GL Fan တွေ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးနော်။
Channel link 🔗
https://t.me/MandS002
ဇာတ်ကား link 🔗
https://t.me/MandS002/272
Repost from နှောင်ကြိုး (၂၀၂၆)
"နှောင်ကြိုး"(၂၀၂၆)
**************
မျိုးရိုးကြီးမြင့်ပြီး အာဏာရှိတဲ့မိသားစုကဆင်းသက်လာတဲ့ Alpha တစ်ယောက်ဖြစ်တဲ့ နခွန်ဟာ ပါတနာမရှာဘဲ တစ်ယောက်တည်းနေထိုင်နေခဲ့ပါတယ်
ဖတ်ဆာဟာ ထူးခြားဆန်းပြားလှတဲ့ကမ္ဘာကြီးမှာ သူ့ကိုယ်သူ Omega ဖြစ်နေခဲ့တာကို မသိခဲ့ပါဘူး တနေ့မှာတော့ ဖတ်ဆာဟာ စစ်ဆေးမှုရဖို့သွားရင်း အပြန်လမ်းမှာ သားကောင်လိုက်တဲ့ Alpha တွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်
အဲဒီအချိန်မှာ နခွန်ဆိုတဲ့ Alpha ရောက်ရှိလာခဲ့ပြီး ကယ်တင်ခဲ့ပေမဲ့ ဖတ်ဆာရဲ့ဖယ်ရိုမုန်းတွေကြောင့် အမှတ်မထင် သူတို့နှစ်ဦးကြား Bond ချည်နှောင်မိခဲ့ပါတယ် Omegaverse ကမ္ဘာကြီးအရ Alpha နဲ့ Omega တို့ Bond ဟာ တစ်ဦးနဲ့တစ်ဦး ချည်နှောင်မိခဲ့ရင် အမှတ်အသားပေးခံရတဲ့ Omega ဟာ Bond ကိုဖျက်ဖို့ မရနိုင်တော့ပါဘူး
ဒီလိုနဲ့ ရုတ်ရင်းဆန်ခတ်ဖြစ်သွားတဲ့ သူတို့နှစ်ယောက်ဟာ အတူနေဖို့ဖြစ်လာခဲ့ပါတယ်။ သူစိမ်းနှစ်ယောက်ကြား အတူနေထိုင်ဖို့ဆိုတာ လွယ်ကူသလား... ကံကြမ္မာကဖန်တီးထားတဲ့ ကံတရားကို ဖတ်ဆာတစ်ယောက်လက်ခံနိုင်ပါ့မလား...
တွေ့ရခဲလှတဲ့ Thai BL Series လောကရဲ့ Omegaverse ပုံစံလေးရိုက်ကူးထားတာလေးတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်
https://t.me/+Utt6XTsuyIY2YTBl
အပိုင်း ၁
၁၀၈၀
https://t.me/Homie_TV_Thai/7104
၇၂၀
https://t.me/Homie_TV_Thai/7105
ဆက်ရန်.........
