ar
Feedback
The Standard Time Digital

The Standard Time Digital

الذهاب إلى القناة على Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
275
المشتركون
+124 ساعات
+37 أيام
+2730 أيام
أرشيف المشاركات
◾️ပြည်ပသို့တင်ပို့မည့် ပြောင်းများအတွက် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေး ပြည်တွင်းမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့်ပြောင်းများအတွက် မီးခိုးမြူကင်းစင်ကြောင်း ထောက် ခံချက်ကို မတ် ၃ ရက်မှ စတင်ကာစိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ နှစ်နိုင်ငံ အစိုးရအသိအမှတ်ပြု ‘မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေး လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိက လုပ်ငန်းအဖွဲ့’အား ဖွဲ့စည်းထားပြီး ပြောင်းတင်ပို့မည့် လုပ်ငန်းရှင်များ လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေး ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧကနှစ်သန်းကျော်ရှိပြီး တန်ချိန်သုံးသန်းကျော် ထွက်ရှိ ပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့် ပြောင်း တန်ချိန်တစ်သန်းခန့်ရှိပြီး နှစ်စဉ် ပြည်ပသို့ တန်ချိန် နှစ်သန်းကျော် တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ထိုင်းအစိုးရအနေဖြင့် တိရစ္ဆာန်အစာအတွက် အသုံးပြုရန် တင်သွင်းလာသည့် ပြောင်းဖူး များကို စိုက်ပျိုးစဉ်ကာလအတွင်း မီးရှို့ခြင်းမပြုသည့်ထုတ်လုပ်မှုဧရိယာများ သို့မဟုတ် လယ်ယာလုပ်ငန်းခွင်များမှ တင်သွင်းရန် လိုအပ်ကြောင်းအသိ ပေးကြေညာထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းဆန် တန်ချိန် ၁ ဒသမ ၂ သန်းကျော် တန်ဖိုးအားဖြင့် ဘတ် ၁၂ ဒသမ ၁၁၇ ဘီလီယံဖိုးတင်ပို့ခဲ့ကြောင်း ထိုင်းအကောက်ခွန် ဌာန၏ အချက်အလက်များအရ သိရသည်။ သတင်း-တိဗ္ဗ ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူချိန် ရထားမထွက်မီ၁၀ မိနစ်အထိ အချိန်တိုးမြှင့် မြန်မာ့မီးရထားမှ ဆောင်ရွက်လျက်ရှိသည့် Online Railway Ticketing and Payment System (ORTP)စနစ်တွင် အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူနိုင်သည့် အချိန် ကန့်သတ် ချက်ကို ရထားမထွက်မီ ၁၀ မိနစ်အထိတိုးမြှင့်သတ်မှတ်လိုက် ကြောင်း သိရသည်။ ယခင်က ORTPစနစ်မှတစ် ဆင့် ရထားလက်မှတ်များကို ရထားမထွက်ခွာမီ မိနစ် ၃၀ အထိသာဝယ်ယူခွင့်ပြုထားခဲ့သော်လည်း ယခုအခါ ရထားမထွက်ခွာမီ ၁၀ မိနစ်အထိ လက်မှတ်ဝယ်ယူနိုင်ရန် စီစဉ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူလိုပါက မိမိအသုံးပြုနေသည့် Browser မှ တစ်ဆင့် ORTP Website Link သို့ဝင်ရောက်နိုင်သကဲ့သို့ သတ်မှတ်ထားသည့် QR Code ကို Scan ဖတ်၍လည်း ဝင်ရောက်နိုင်ကြောင်း သိရသည်။ Website ၏ ပင်မစာမျက်နှာသို့ ရောက်ရှိပါက သွားလိုသည့် ခရီးစဉ်ကို ရွေးချယ်ကာ ORTP စနစ်နှင့်သက်ဆိုင်သည့် အသိပေးချက်များနှင့် စည်းကမ်းချက်များအတိုင်း လက် မှတ်များကို ဝယ်ယူနိုင်ကြောင်း သိရသည်။ ရန်ကုန်– မန္တလေး– ရန်ကုန်လူစီးအမြန်ရထား အမှတ် (၁၁)အဆန်/ (၁၂) အစုန်၊ ရန်ကုန်– နေပြည်တော်–ရန်ကုန် DEMU အမြန်ရထားအမှတ် (၇) အဆန်/ (၈)အစုန်၊ (၃၁) အဆန် /(၃၂) အစုန်နှင့် မန္တလေး–နေပြည်တော်–မန္တလေးအမြန်ရထား အမှတ် (၂၇) အဆန်/(၂၈) အစုန် ခရီးစဉ်များအတွက်အွန်လိုင်းမှ လက်မှတ် ဝယ်ယူနိုင်ရန်ဝန်ဆောင်မှုများ ပေးဆောင်လျက်ရှိကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ် #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

အမြန်လမ်းပေါ်မှာ ယိမ်းထိုးနေတဲ့ကုန်တင်ကား

photo content

◾️အီရန်စစ်ပွဲတွင် ကန်တပ်ဖွဲ့ဝင် ၁၄၀ ခန့် ဒဏ်ရာရရှိ၊ စစ်ပွဲရှေ့ဆက်မည်ဟု ထရန့်ဆို အီရန်စစ်ပွဲ ဆယ်ရက်တာ ကာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန်စစ်ဌာနချုပ်ပင်တဂွန် က အတည်ပြုပြောကြားသည်။ ပဋိပက္ခတွင် အမေရိကန်တပ်ဖွဲ့များ ဒဏ်ရာရရှိမှုစာရင်းကို ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်မှုဖြစ်သည်။ စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူနှင့်ကျဆုံးမှုများ ရှိမည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခင်ကပင် သတိပေးပြောကြားခဲ့ကာ လက်ရှိအချိန်ထိ သေဆုံးသည့် တပ်ဖွဲ့ဝင် ၇ ဦး ရှိလာခဲ့ပြီဖြစ်သည်။ ဒဏ်ရာပြင်းထန်ပြီး ဆက်လက်၍ ကုသမှုခံယူနေရဆဲ တပ်ဖွဲ့ဝင် ရှစ်ဦးရှိပြီး ၎င်းတို့ကို အကောင်းဆုံး ကုသမှုများ ပေးနေကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ် က ပြောကြားသည်။ ဒဏ်ရာအများစုမှ သေးငယ်ကြောင်းနှင့် ဒဏ်ရာရရှိသူများအနက် ၁၀၈ ဦးမှာ ပြန်လည်၍ တာဝန်ထမ်းဆောင်နေပြီဟု ပင်တဂွန်ပြောခွင့်ရက ဆက်ပြောသည်။ စစ်ပွဲ၏အခြေအနေနှင့်လားရာအကြောင်းကို ထရန့်အစိုးရက ဆက်လက်၍ ရောရောထွေးထွေး အချက်ပြနေချိန်တွင် ပင်တဂွန်ထုတ်ပြန်ချက် ထွက်လာခြင်းဖြစ်သည်။ စစ်ပွဲက သီတင်းလေးပတ်ခန့် ကြာမြင့်နိုင်သော်လည်း ခန့်မှန်းထားသည်ထက် ပို၍စောလျင်စွာအောင်မြင်မှုများ ရရှိနေသည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြားသည်။ “ အခုအချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကျွန်တော်တို့ ရှေ့ဆက်နိုင်ပါသေးတယ်။ ဒီထက်လည်း ရှေ့ဆက်ပါဦးမယ်” ဟု ထရန့်က သတင်းထောက်များကို ပြောကြားသည်။ သတင်း - ရဲမင်း ကိုးကား - Axios #နိုင်ငံတကာသတင်း

photo content

◾️လက်နက်ကိုင်ဆောင်မှုဖြင့် မင်းအုပ်စိုးဖမ်းဆီးခံရ သရုပ်ဆောင်မင်းအုပ်စိုးကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။ ယခုမတ်လ ၉ ရက်တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X–ray ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ၎င်းစီးနင်းလိုက်ပါလာသည့် ယာဉ်အမှတ် YGN-8 7S-.... (အနက်ရောင်)ယာဉ်ပေါ်တွင် သေနတ်တစ်လက်နှင့် ကျည်ဆံများတွေ့ရှိခဲ့ပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်းသိရသည်။ သေနတ်နံပါတ် A 895629 Made In CZECH REPUBLIC စာတန်းပါ CZ 75D COMPACT 9X19 ပစ္စတိုသေနတ်တစ်လက်ဖြစ်ပြီး 9X19 ကျည်ဆံခုနစ်တောင့်ပါကျည်အိမ်တစ်ခုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ဦးအောင်နိုင်ထွန်း(ခ) သရုပ်ဆောင်မင်းအုပ်စိုးအား တွံတေးမြို့မရဲစခန်း၌ ၂၀၂၃ ခုနှစ်၊ လက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ အဆိုပါ လက်နက်ဥပဒေပုဒ်မ ၂၄ အရမည်သူမဆိုပုဒ်မ ၁၆ ပါလက်နက်တစ်ခုခုကို လိုင်စင် (သို့မဟုတ်) ခွင့်ပြုမိန့်မရှိဘဲသယ်ယူခြင်း၊ လက်ဝယ်ထားခြင်း၊ ကိုင်ဆောင်ခြင်း (သို့မဟုတ်) မိမိ၏စီမံကြီးကြပ်မှု အောက်တွင်ထားရှိခြင်းမပြုရ ဟူသည့်တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးထောင်ဒဏ်တစ်နှစ်မှ အများဆုံးငါးနှစ်အထိချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ သတင်း - အင်ကြင်း ဓာတ်ပုံ-Min Oak Soe/FB #ပြည်တွင်းသတင်း

photo content

‎◾️ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များအား ယာဉ်နံပါတ်အလိုက် စုံ၊ မ ရက်စနစ်ဖြင့် စက်သုံးဆီ ဝယ်ယူခွင့် ပြုမည် ‎ ‎ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီရောင်းချမှုများကို စနစ်တကျ ထိန်းညှိနိုင်ရန် အတွက် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များအား ယာဉ်နံပါတ်အလိုက် စုံ၊ မ ရက်စနစ်ဖြင့် စက်သုံးဆီဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီး ကြပ်စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ‎ ‎ယင်းစနစ်အရ လစဉ် ‘စုံ’ ရက်များတွင် ယာဉ်နံပါတ်အက္ခရာ စုံနံပါတ်ဖြစ်သည့် မော်တော် ယာဉ်များ (ဥပမာ2A/— ၊ 4A/— စသည်) ကို စက်သုံးဆီ ဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး ‘မ’ ရက်များတွင် မနံပါတ်အက္ခရာပါသော ယာဉ်များ(ဥပမာ 1A/— ၊ 3A/— စသည်) ကို ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ‎ ‎အများပြည်သူ သယ်ယူပို့ ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံး ဆီသယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်များ၊နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်သာယာရေး အမှိုက် သိမ်းယာဉ်များအား နေ့စဉ် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‎ ‎ထို့ပြင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအတွက်ဝန်ထမ်းကြို၊ ပို့ယာဉ်များ၊ ရုံးလုပ်ငန်းသုံးယာဉ်များနှင့်ကုန်စည်ဖြန့်ဖြူးရေးတွင် အသုံးပြုသည့်ယာဉ်များကိုလည်း သက်ဆိုင်ရာ အထောက်အထားများနှင့် ထောက်ခံချက်များအပေါ် အခြေခံ၍ စိစစ်ကာ စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်သည်။ ‎ ‎စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများကို သတ်မှတ်ထားသည့် ဈေးနှုန်း အတိုင်းသာ ရောင်းချရမည်ဖြစ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်ညွှန်ကြားထားကြောင်းသိရသည်။ ‎ ‎ထို့ပြင် အရောင်းဆိုင်များမှ ပုံး၊ ပီပါများဖြင့်ရောင်းချခြင်း မပြုလုပ်ရဘဲ အခြားလုပ်ငန်း သုံးများအတွက်ရောင်းချရာတွင် သက်ဆိုင်ရာ အလုပ်ဌာနများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ စိစစ်ထောက်ခံချက်ဖြင့်သာ ရောင်းချပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ‎ ‎နေ့စဉ် အသုံးပြုနေသည့် မော်တော်ယာဉ်များအနေဖြင့်လည်း သက်ဆိုင်ရာ အလုပ်ဌာနများ ၏ ခိုင်လုံသည့် အထောက်အထားနှင့် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေးထား သည်။ ‎ ‎သတင်း-တိဗ္ဗ ‎ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ် ‎#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

အနီကတ်၂၃ကတ်ပြရတဲ့အထိကြမ်းတမ်းခဲ့တဲ့ဘရာဇီးဘောလုံးပွဲ

photo content

◾️လမင်းကဗျာ ခေါ်ယူစစ်ဆေးခံရပြီး နေအိမ်ပြန်ရောက် ‎ ‎သရုပ်ဆောင်၊ အဆိုတော်လမင်းကဗျာ (ခ) DJ Moon သည် ခေါ်ယူစစ်ဆေးခံရပြီးနောက် နေအိမ်သို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။ ‎ ‎၎င်းသည်ပြီးခဲ့သည့် (မတ် ၁ ရက်)တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာတွင်ပြုလုပ်သည့် အလှူပွဲတစ်ခုသို့သွားရောက်ဖျော်ဖြေခဲ့ပြီး သီဆိုဖျော်ဖြေနေစဉ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ရပ်နေသည့်ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ‎ ‎အဆိုပါရုပ်သံဖိုင်ပျံ့နှံ့ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက ယမန်နေ့(မတ် ၉ ရက်) နံနက်ပိုင်းက လမင်းကဗျာနေထိုင်သည့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိနေအိမ်သို့ သွားရောက်ကာခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရသည်။ ‎ ‎ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားရေးဆရာတော်ဟုလူသိများသည့် ပေါက်ကိုယ်တော်က ၎င်း၏ TikTok အကောင့်တွင် လမင်းကဗျာအား ခေါ်ယူမေးမြန်းစစ်ဆေးသည့်အဆင့်သာဖြစ်ကြောင်း၊ နောက်နောင် မသွားမိအောင်သတိပြုရန်ဟုဆိုကာ ပြောဆိုထားသည်။ ‎ ‎“ဒီဒကာမက သူ့ရဲ့ဖြစ်စဉ်ကိုတပ်မှာလည်းခံဝန်ထိုးထားတယ်လို့သိရပါတယ်။ သူ့ကိုခေါ်တုန်းက နှစ်နာရီလောက်ပဲ မန္တလေးနဲ့မောင်းရမှာပါဆိုပြီးမှခေါ်သွားတာပေါ့။ အဲဒီတော့ သူ ဒီ PDF တောလည်းသိပုံမရပါဘူး။ စခန်းတွေ တပ်တွေကလည်း ခေါ်ယူမေးမြန်းစစ်ဆေးတဲ့အခါမှာ အမှန်တရားထွက်ပြီးမှ အမှန်အတိုင်းပဲတင်ပြလိုက်တော့ အခုတော့ပြန်လွတ်လာတယ်ပေါ့နော်။ နောက်တစ်ခါ ဆင်ခြင်ဖို့ပါပဲ။ အဓိကတော့ဆင်ခြင်ဖို့ပါပဲ။ စစ်ဆေးစရာရှိရင်တော့စစ်ဆေးရမှာပဲ၊ နောက်ဆုံးကတော့ ခွင့်လွှတ်လိုက်တဲ့ အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့် နောက်နောင်မမှားအောင် နောက်နောင်ဒါမျိုးနေရာတွေပေါ့ မသွားမိအောင်ပေါ့။ အခုတော့ အိမ်ပြန်ရောက်ပြီလို့ ဦးဇင်းတို့ ခိုင်လုံတဲ့သတင်းရရှိထားပါတယ်။ ခေါ်ယူမေးမြန်းစစ်ဆေးခံရတဲ့အဆင့်ပါပဲ" ‎ ‎သရုပ်ဆောင်၊ အဆိုတော် လမင်းကဗျာ (ခ) DJ Moon သည် နေအိမ်တွင်ရှိနေပြီး စိတ်ပူပေးသူများကို ကျေးဇူးတင်ကြောင်း ယမန်နေ့ (မတ်လ ၉ ရက်) ညပိုင်းတွင် ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးရေးသားထားသည်။ ‎ ‎သတင်း - အင်ကြင်း ‎ဓာတ်ပုံ - Lamin Kabyar/Fb ‎#ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️အင်ဒိုနီးရှား၌ အမှိုက်ပုံပြိုကျမှု လေးဦးသေဆုံး၍ ငါးဦးပျောက်ဆုံး အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးအမှိုက်ပုံဖြစ်သောဘန်တာ ဂျီဘန်းအမှိုက်ပုံ၌ မြေပြိုမှု တစ်ရပ်ဖြစ်ပွားခဲ့ရာအနည်းဆုံးလေးဦး သေဆုံး၍ ငါးဦးပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက မတ် ၉ ရက်တွင် ထုတ် ဖော်ပြောကြားထားသည်။ ဂျကာတာမြို့ပြင် ၂၅ ကီလိုမီတာ အကွာတွင် တည်ရှိသော ဘန်တာဂျီဘန်းအမှိုက်ပုံသည် မတ် ၈ ရက် နံနက်ပိုင်းတွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘန်တာဂျီဘန်းအမှိုက်ပုံ ပြိုကျမှုကြောင့် အမှိုက်တင်ထရပ်ကားများနှင့် ဈေးဆိုင်ငယ်များ အမှိုက်များအောက်သို့ ရောက်ခဲ့ရကြောင်း ဂျကာတာတာဝန်ရှိသူများကပြောကြားထား သည်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ဘန်တာဂျီဘန်းအမှိုက်ပုံ၌ မြေပြိုမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ဘန်တာဂျီဘန်း အမှိုက်ပုံ ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမားအင်အား ၃၀၀ တို့ကရှာဖွေနေကြောင်း သိရသည်။ ဘန်တာဂျီဘန်းအမှိုက်ပုံသည် ကမ္ဘာ့အကြီးမားဆုံးအမှိုက်ပုံများတွင် ပါဝင်ပြီး မြေအကျယ် အဝန်း ဟက်တာ၁၁၀ ကျော်၌ အမှိုက်တန်ချိန် ၅၅ သန်းခန့် လက်ခံထိန်းသိမ်းထားသည်။ ဂျကာတာမြို့တော်နှင့် အရံမြို့တော်များ၌ လူပေါင်း၄၂ သန်းခန့် မှီတင်းနေထိုင်ပြီး နေ့စဉ် ထွက်ရှိသည့် အမှိုက်ပမာဏမှာ တန်ချိန် ၁၄၀၀၀ အထိရှိကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောကြားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️အမေရိကန်နှင့်တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်နေ အရှေ့အလယ်ပိုင်း ဒေသ၌အီရန်စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန်တွင် အမေရိကန် ပြည်ထောင်စုနှင့်တောင်ကိုရီးယားနိုင်ငံတို့က အင်အားအလုံးအရင်းပါဝင်သော စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို ကိုရီးယားကျွန်းဆွယ်ဒေသ၌ မတ် ၉ ရက်တွင် စတင်နေကြောင်း သိရသည်။ ဖရီးဒမ်းရှီးလ်အမည်ရှိ အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်မှုတွင်တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၁၈၀၀၀ခန့် ပါဝင်နေကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။ အထက်ပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေသည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် ကိုမသိရပေ။အမေရိကန်ပြည်ထောင်စုနှင့်တောင်ကိုရီးယားနိုင်ငံတို့သည် ဖရီးဒမ်းရှီးလ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုမတ် ၁၉ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည်။ တောင်ကိုရီးယား နိုင်ငံ၌ဖြန့်ကြက်ထားသည့် ပက်ထရီးယော့လေကြောင်းရန် ကာကွယ်ရေး စနစ်များအနက် အချို့ကို အရှေ့အလယ်ပိုင်းသို့ အမေရိကန်စစ်ဘက်က ရွှေ့ပြောင်း နေကြောင်း သတင်းပေါ်ထွက်နေချိန်တွင် ဖရီးဒမ်းရှီးလ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နှင့်တောင်ကိုရီးယားတို့က စတင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ် အတွက် ဇာတ်တိုက်လေ့ကျင့်မှုအဖြစ်မှတ် ယူဆထားသည့်မြောက်ကိုရီးယားက အထက်ပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လက်နက်စမ်းသပ်မှုများ ပြုလုပ်၍ တုံ့ပြန်လာနိုင်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️လောင်စာဆီသွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုပယ်ဖျက်ရန် ဗီယက်နမ် စဉ်းစားနေ အီရန်စစ်ပွဲကြောင့် ရေနံဖြည့်ဆည်းမှုလမ်းကြောင်းများ ကွင်းဆက်ပြတ်တောက်၍ ရေနံ ဈေးနှုန်းများ မြင့်တက်နေချိန်တွင် လောင်စာဆီသွင်းကုန်များအပေါ် အခွန်စည်းကြပ်မှု ပယ်ဖျက်ရန်စဉ်းစားနေကြောင်း ဗီယက်နမ်အစိုးရက မတ် ၉ရက်တွင် သတင်းထုတ်ပြန်ထားသည်။ လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခများကြောင့် အာရှသို့ ရေနံ ဝင်ရောက်မှု လမ်းကြောင်းများ ကွင်းဆက်ပြတ်တောက်လျက်ရှိရာ ဗီယက်နမ်နိုင်ငံ၌ လောင်စာဆီဈေးနှုန်းများမှာ၂၀၂၂ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရသည်။ သို့ဖြစ်ရာ ပြည်တွင်းစွမ်းအင် ဈေးကွက်တည်ငြိမ်ရေးနှင့် အမျိုးသားစွမ်းအင် လုံခြုံရေး တို့အတွက်လောင်စာဆီ သွင်းကုန်အချို့အပေါ် အခွန်စည်းကြပ်ထားမှုကို သုညအဆင့်သို့ လျှော့ချပေးမည့်အမိန့်ဒီကရီတစ်ရပ်ကို ရေးဆွဲထားကြောင်း ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင်၊ ဟော်မုဇ်ရေလက် ကြား ဆက်လက် ပိတ်ဆို့ခံထားရမည်ဆိုလျှင်ဈေးကွက်တွင်းသို့ စွမ်းအင်ဖြည့်ဆည်း ပေးနိုင်မှုကျဆင်းလာမည်ဖြစ်ပြီး စွမ်းအင်ဈေးနှုန်းများပို၍မြင့်တက်လာနိုင်ကြောင်း အထက်ပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့်ကမ္ဘာ့ရေနံဈေးကွက်၌ မတ် ၉ ရက်တွင် ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ နီးပါးရှိလာကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း