ar
Feedback
The Standard Time Digital

The Standard Time Digital

الذهاب إلى القناة على Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
274
المشتركون
+124 ساعات
+37 أيام
+2630 أيام
أرشيف المشاركات
◾️ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါလိပ်ကြီးဂျိုနသန် အသက် (၁၉၃) နှစ်တွင် သေဆုံး ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါအဖြစ် သတ်မှတ်ခံထားရသောဂျိုနသန်အမည်ရှိ ကမ္ဘာ့လိပ်ကြီးသည် နှစ်ပေါင်း ၁၉၀ ကျော်ကြာ အသက်ရှင်နေထိုင်ခဲ့ပြီးနောက် ငြိမ်းချမ်းစွာ သေဆုံးခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဧပြီ ၂ရက်တွင် သတင်းထုတ်ပြန်ထားသည်။ လိပ်ကြီးဂျိုနသန်သည် သေဆုံးချိန်တွင် အသက် (၁၉၃) နှစ်အထိ ရှိနိုင်ကြောင်း ၎င်းကို ပြုစုစောင့်ရှောက်နေကြသော ဗြိတိန်ကျွမ်းကျင်သူများကပြောကြားသည်။ လိပ်ကြီးဂျိုနသန်သည် ၎င်း၏အသက် (၅၀)ခန့်ရှိချိန် ၁၈၈၂ ခုနှစ်တွင်ဗြိတိန်နိုင်ငံပိုင် တောင်အတ္တလန္တစ် သမုဒ္ဒရာဒေသ ကျွန်းတစ်ကျွန်းဖြစ်သည့်စိန့်ဟယ်လီနာ ကျွန်းပေါ်သို့ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဂျိုနသန်သည် ဗြိတိန်မင်းဆက် အနည်းဆုံး ရှစ်ဆက်ကို ဖြတ်သန်းရှင်သန်ခဲ့ပြီး ဂျော့ဘုရင်-၆နှင့် တွေ့ဆုံခဲ့ဖူးသော သက်တော်ရှည် လိပ်ကြီးဖြစ်သည်။ ယင်းအပြင် လိပ်ကြီးဂျိုနသန်သည် ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်-၂ကို ၁၉၄၇ ခုနှစ်တွင် အီဒင်ဘာ့ဂ်မြို့စားမင်းသမီးဘ၀ဖြင့် တွေ့မြင်ခဲ့ဖူးသော လိပ်ကြီးလည်းဖြစ်သည်။ ဂျိုနသန်၏ အသက်အရွယ်ကို သားရဲတိရစ္ဆာန်ကျွမ်းကျင်သူများအနေဖြင့်အတိအကျမပြောနိုင်သော်လည်း စိန့်ဟယ်လီနာကျွန်းသို့ စတင်ရောက်ရှိချိန်၁၈၈၂ ခုနှစ်တွင် ၎င်း၏ အသက်အရွယ်မှာ (၅၀) ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ ဂျိုနသန်သည် ၁၈၃၂ ခုနှစ်တွင် ဥမှ စပေါက်ခဲ့ဖွယ်ရှိကြောင်း ဗြိတိန်သားရိုင်းတိရစ္ဆာန်ကျွမ်းကျင်သူများက ပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

‎◾️ရန်ကုန်၌ စက်သုံးဆီတစ်လီတာ ၁၇၅ ကျပ်မှ ၇၂၀ ကျပ်အထိထပ်မံမြင့်တက် ‎ ‎ရန်ကုန်မြို့ရှိစက်သုံးဆီစျေးနှုန်းများ ယနေ့(ဧပြီ ၃ ရက်)တွင် တစ်လီတာလျှင် ၁၇၅ ကျပ်မှ ၇၂၀ ကျပ်အထိ မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ‎ ‎မြင့်တက်လာသည့်စျေးနှုန်းများအရ 92 တစ်လီတာ ၄၆၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၈၀၅ ကျပ်ဖြစ်ပြီး ၇၂၀ ကျပ်မြင့်တက်လာခဲ့သည်။ ‎ ‎ထိုသို့စျေးများမြင့်တက်ခဲ့သော်လည်း 95 တစ်လီတာလျှင် ၄၇၈၀ ကျပ်သတ်မှတ်ထားသည့်အတွက် ပြီးခဲ့သည့်ရက်များထက် ၁၉၅ ကျပ်လျော့နည်းသွားခဲ့သည်။ ‎ ‎အဆိုပါစက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ ရန်ကုန်မြို့ရှိစက်သုံးဆီ အရောင်းဆိုင်များတွင် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များ၊ ဆီထည့်ရန်စောင့်ဆိုင်းနေသည့်ကားတန်းများကို မြို့နယ်တိုင်းတွင်တွေ့ရသည်။ ‎ ‎ ‎သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ‎ဓာတ်ပုံ-MOI ‎#ပြည်တွင်းသတင်း

photo content

◾️ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်အတည်ပြု ‎ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်ကယနေ့(ဧပြီ ၃ ရက်) တွင် မဲပေးရွေးချယ်အတည်ပြုလိုက်သည်။ ‎ ‎လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့သုံးခုက ဒုတိယသမ္မတအဖြစ်ရွေးချယ်ထားသူသုံးဦးကို ယနေ့ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်တွင် ဆန္ဒမဲပေးရွေးချယ်ခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ခံမဲ ၄၂၉ ဖြင့် ဆန္ဒမဲအများဆုံးရကာ သမ္မတဖြစ်လာသည်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ်ရွေးချယ်ခဲ့သည့်ဦးညိုစောက ထောက် ခံမဲ ၁၂၆ ဖြင့် ဒုတိယသမ္မတ(၁)၊ လွှတ်တော်နှစ်ရပ်တွင်ကိုယ်စားလှယ်ဦးရေအနည်းစုဖြစ်သည့် အမျိုး သားလွှတ်တော်ကရွေးချယ်ခဲ့သော ဒေါ်နန်းနီနီအေးကထောက်ခံမဲ ၂၉ မဲသာရကာ၊ ဒုတိယသမ္မတ(၂) အဖြစ် ယနေ့ပြည်ထောင်စုလွှတ်တော်၌ မဲပေးမှုများအရ အတည်ပြုခဲ့သည်။ ထို့ကြောင့်‎လာမည့်အစိုးရအဖွဲ့အသစ်ကို ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်တို့မှအမည်စာရင်းတင်သွင်းသူ များက သမ္မတနှင့်ဒုတိယသမ္မတများအဖြစ်ဦးဆောင်မည်ဖြစ်သည်။ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စု အစိုးရအဖွဲ့၌ ဒုတိယသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် ပထမဆုံးအမျိုးသမီးဖြစ်လာသည်။ ၎င်းသည် ၂၀၁၀ ခုနှစ်ကတည်းက ပြည်ခိုင်ဖြိုးပါတီဝင်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် တွင်လည်းဆက်လက်အနိုင်ရကာ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ရှုံးနိမ်ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်အချိုးကျကိုယ်စားပြုမဲဆန္ဒနယ်မှ အနိုင်ရခဲ့သည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ဓာတ်ပုံ-MRTV #ပြည်တွင်းသတင်း

photo content

◾️ဘားအံ-ကော့ကရိတ်-မြဝတီသွားအာရှလမ်းမကြီးမနက်ဖြန်ဖွင့်မည် ကရင်ပြည်နယ်၊ ဘားအံ-ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးအား မနက်ဖြန်(ဧပြီ ၂ ရက်) နံနက် ၈ နာရီတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြဝတီမြို့ရှိဒေသခံများထံမှသိရသည်။ "ပြန်ဖွင့်တော့ကောင်းတာပေါ့ ကုန်စည်စီးဆင်းတဲ့အဓိကလမ်းမကြီးဆိုတော့ သယ်ယူပို့ဆောင်ရေးတွေ ပြန်ကောင်းလာမှာဖြစ်တဲ့အပြင် ကုန်စျေးနှုန်းတွေလည်းပြန်ကျလာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းကြီးပိတ်ထားတဲ့အချိန်တုန်းကဆို ထို့ကော်ကိုးလမ်းကို အဓိကသုံးရတာ။ အဆင်းတစ်ရက် အတက်တစ်ရက်စောင့်ပြီးလုပ်နေရတာအဆင်မပြေဘူး။ မိုးတွင်းဆို ပိုပြီးအဆင်မပြေဘူး။ အခုလမ်း ပြန်ဖွင့်တော့ကောင်းပါတယ်" ဟု မြဝတီမြို့မှဒေသခံတစ်ဦးကပြောသည်။ အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို နှစ်ဖက်တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ယာဉ်ဖြတ်သန်းမောင်းနှင်ခြင်းအားပိတ်ထားခြင်းဖြစ်ပြီး ယခုတိုက်ပွဲဖြစ်ပွားမှုများမရှိတော့သည့်အတွက် အာရှလမ်းမကြီးအားပြုပြင်ကာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ- CJ #ပြည်တွင်းသတင်း

photo content

◾️အစိုးရအဖွဲ့သစ်ကို ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း လက်ခံအတည်ပြု ဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ် အဆိုပြုထားသော ထိုင်းအစိုးရအဖွဲ့၊ ဝန်ကြီး အဖွဲ့ဝင် များ စာရင်းကို ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်းက အတည်ပြု လက်ခံခဲ့ ကြောင်း ထိုင်းဘုရင့်နန်းတော်က မတ် ၃၁ ရက်တွင် ထုတ်ပြန်သော ဘုရင့်ပြန်တမ်း ၌ ဖော်ပြထားသည်။ ဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်း၏အတည်ပြုချက်ရရှိခဲ့မှုကြောင့် ဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့သစ်အနေဖြင့် လာမည့်ရက်များ အတွင်း ကျမ်းသစ္စာ ကျိန်ဆိုနိုင်မည်ဖြစ်သည်။ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွှတ်တော်သို့မူဝါဒရေးရာ ကြေညာချက် တင်သွင်းပြီး ချိန်တွင် ဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်၏ အစိုးရအဖွဲ့သစ်အနေဖြင့် အစိုးရယန္တရား စတင်လည်ပတ်နိုင်မည်ဖြစ်သည်။ အနူတင်ချန်ဝီရာကူးလ်၏ အစိုးရအဖွဲ့သစ်တွင် လက်ရှိဘဏ္ဍာရေးဝန်ကြီး နီတီသန်ပရာ ပက်စ်၊ကုန်သွယ်ရေးဝန်ကြီး ဆူသမ်ပွန်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ခ်တို့ ပြန်လည်ပါဝင်လာကြောင်းထိုင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့သော ထိုင်းလွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်၏ ဖုန်ဂျိုင်ထိုင်းပါတီမှာ လွှတ်တော်အမတ်နေရာ အများဆုံးရရှိခဲ့ပြီး အမတ်နေရာတတိယအများဆုံးရရှိထားသော ပွေထိုင်းပါတီနှင့်ညွန့်ပေါင်းအစိုးရ ဖွဲ့စည်း ထားသည်။ အထက်ပါ လွှတ်တော်ရွေးကောက်ပွဲ၌အမတ်နေရာ ဒုတိယအများဆုံးရရှိထားသော ပြုပြင် ပြောင်းလဲရေးဝါဒီ နိုင်ငံရေးပါတီဖြစ်သော ပြည်သူ့ပါတီကမူ အတိုက်အခံပါတီအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်သည်။ အနူတင်ချန်ဝီရာကူးလ်ကို ယခုလအစောပိုင်းတွင် ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှတ်တော်က ပြန်လည်ရွေးချယ်ထားပြီးဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️လိုအပ်လာပါက ပြည်သူများ ယာဉ်သုံးစွဲမှုကို ကန့်သတ်ရန် တောင်ကိုရီးယား စဉ်းစားနေ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဆိုပါက အများပြည်သူများ၏ မော်တော်ယာဉ်သုံးစွဲမှုများကိုပါ ထပ်မံကန့်သတ်ရေးအတွက် တောင်ကိုရီးယားအစိုးရက စဉ်းစားနေကြောင်း မတ် ၃၀ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ အရှေ့အလယ်ပိုင်းစစ်ပွဲ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာသော စွမ်းအင်အကျပ်အတည်း ကြောင့် တောင်ကိုရီးယားအစိုးရသည် အစိုးရရုံးဌာနများ မော်တော်ယာဉ်သုံးစွဲမှုကို ကန့်သတ်ထားပြီးဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀နှင့် ၁၃၀ အကြားအထိ မြင့်တက်လာခဲ့ပါက အများပြည်သူများ မော်တော်ယာဉ်သုံးစွဲမှုကိုလည်း ကန့်သတ်ရနိုင်ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးကိုးယွန်ချိုလ်က ထုတ်ဖော် ပြောကြားထားသည်။ လက်ရှိ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀နှင့် ၁၁၀ အကြား အတက်အကျရှိနေကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းအခြေအနေ ပိုဆိုးလာခဲ့ပါက မိမိတို့အနေဖြင့် လောင်စာသုံးစွဲမှုကို ကန့်သတ်ရန် လိုလာမည်ဖြစ်ကြောင်း ကိုးယွန်ချိုလ်က ပြောကြားထားသည်။ တောင်ကိုရီးယားနိုင်ငံသည် ၁၉၉၁ ခုနှစ်ပင်လယ်ကွေ့စစ်ပွဲကာလကလည်း စွမ်းအင်ချွေတာ ရေးအတွက် အများပြည်သူများ မော်တော်ယာဉ်သုံးစွဲမှုကို ၁၀ ရက်ကြာ ကန့်သတ်ခဲ့ဖူးသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် သမ္မတဒေါ်နယ်ထရန့် အီရန်ကို သတိထပ်ပေး ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိပါက အီရန်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရေနံတွင်းများနှင့် ခါ့ဂ်ကျွန်းရေနံဆိပ်ကမ်းတို့ကို တိုက်ခိုက် ဖျက်ဆီးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၃၀ရက်တွင် အီရန်အစိုးရကို ထပ်မံသတိပေးလိုက်သည်။ အီရန်နှင့် အမေရိကန်တို့အကြား စစ်ပွဲ အဆုံးသတ်ရေးဆွေးနွေးပွဲများမှာ တိုးတက်မှုများ ရှိနေသော်လည်း ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိပါက အီရန်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ၊ ရေနံတွင်းများကို တိုက်ခိုက်ချေမှုန်းရ လိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။ လက်ရှိဖြစ်ပွားဆဲ အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် အမေရိကန် ပြည်ထောင်စုကကမ်းလှမ်းထားသော ငြိမ်းချမ်းရေးအဆိုပြုချက်များကို အီရန်အစိုးရက ငြင်းပယ်ခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါသတိပေးချက်ပေါ်ထွက်လာခြင်း ဖြစ်သည်။ အမေရိကန်အစိုးရက ကမ်းလှမ်းထားသော ငြိမ်းချမ်းရေးအဆိုပြုချက်များမှာ လက်တွေ့ မကျသည့်၊ယုတ္တိမတန်သည့် အဆိုပြုချက်များဖြစ်ကြကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက မတ် ၃၀ ရက်တွင်သတင်းထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် အီရန်နိုင်ငံမှာ စစ်ရေးအရ တိုက်ခိုက်ခံနေရသည်ဖြစ်ရာ မိမိတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးကို အစွမ်းကုန်အာရုံစိုက်နေမည်ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ စစ်ပွဲ အဆုံးသတ်ရေးအတွက်ဆွေးနွေးနေစဉ်ကာလအတွင်း အီရန်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများအား တိုက်ခိုက်မည့် အစီအစဉ်ကို ဧပြီ ၆ ရက်အထိ သမ္မတဒေါ် နယ်ထရန့်က ဆိုင်းငံ့ပေးထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️အစိုးရရုံးဌာနများ လျှပ်စစ်မီးပိတ်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရ ညွှန်ကြားထား စွမ်းအင်ကိုချွေတာနိုင်ရေးအတွက် လျှပ်စစ်မီးများ ပိတ်ထားကြရန်နှင့်လေအေးပေးစက်များ ပိတ်ထားကြရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အစိုးရဝန်ထမ်းများကို မတ် ၃၀ ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် နိုင်ငံတကာ စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်တွင် လျှပ်စစ်ဓာတ်အားချွေတာရေးအတွက် အထက်ပါညွှန်ကြားချက်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ထားခြင်းဖြစ်သည်။ စွမ်းအင်ပြဿနာကို ကိုင်တွယ်ရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဝန်ကြီးဌာန က အစိုးရရုံးဌာနများ လျှပ်စစ်ဓာတ်အား ချွေတာရေးနှင့် လောင်စာဆီ ချွေတာရေးဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ပေးထားကြောင်း အစိုးရတာဝန်ရှိသူများက အတည်ပြု ပြောကြားထားသည်။ လူဦးရေ သန်း ၁၇၀ ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ ရေနံနှင့်ဓာတ်ငွေ့ လိုအပ်ချက် စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေရခြင်းဖြစ်သည်။ သို့ရာတွင် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများ ပိတ်ဆို့နေချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း စွမ်းအင် ဖြည့်ဆည်းမှုလမ်းကြောင်းများ ကွင်းဆက်ပြတ်တောက်ခဲ့ရပြီးစွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် စွမ်းအင်ပြဿနာကို ကိုင်တွယ်ရေးအတွက် ပြည်ပ မြီရှင်နိုင်ငံများမှ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ချေးငွေရယူရေးအတွက် ကြိုးပမ်းလျက် ရှိသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူသူများယာယီနေထိုင်ခွင့် စတင်ထုတ်ပေးမည် အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်ဖြင့်ယခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ရောင်းချပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ် သာအိမ်ရာရှိ အခန်းများအတွက်ယာယီနေထိုင်ခွင့်ကိုဧပြီ ၂ ရက်မှ စတင်ထုတ်ပေးမည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ ယာယီနေထိုင်ခွင့် ထုတ်ပေးရာတွင် ရိုးမရိပ်သာအိမ်ရာ တိုက်အမှတ် (၄၈) နှင့် (၅၁)ရှိ အခန်းဝယ်ယူခွင့်ရရှိထားသူများကို ဦးစားပေး၍ ယာယီနေထိုင်ခွင့် အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်သည်။ အဆိုပါ အကြောင်းကြားစာများကို ဧပြီ ၂ရက်မှ စတင်၍ ရန်ကုန် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ် (၂၂၈/ ၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင် မြို့နယ်ရှိရုံးတွင် ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်သည်။ ယာယီနေထိုင်ခွင့် အကြောင်းကြားစာကိုကိုယ်တိုင် ထုတ်ယူလိုသူများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူတို့ကို တင်ပြရမည်ဖြစ်ပြီး ကိုယ် စားလှယ်ဖြင့်ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စား လှယ်တို့၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူများနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ ယခုစီမံကိန်းသည် အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ- MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️ရုရှားရေနံလုပ်ငန်းအား တိုက်ခိုက်မှု လျှော့ချရန် မဟာမိတ်များ အချက်ပြခဲ့ဟု ယူကရိန်းဆို ကမ္ဘာ့လောင်စာဈေးနှုန်းများ မြင့်တက်လာခဲ့သဖြင့် ရုရှား၏ ရေနံလုပ်ငန်းများအပေါ် ယူကရိန်း၏ တာဝေးတိုက်ခိုက်မှုများကို လျှော့ချရန် ယူကရိန်း၏ မဟာမိတ်အချို့က ကိဗ်အား အချက်ပြခဲ့ကြသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားသည်။ ယူကရိန်း၏ စွမ်းအင်စနစ်အပေါ် တိုက်ခိုက်မှုများကို ရုရှားက ရပ်တန်ခဲ့ပါက ယူကရိန်းကလည်း အညလားတူတုံ့ပြန်သွားနိုင်ကြောင်းနှင့် ကိဗ်က အီစတာပွဲတော်ကာလ အပစ်အခတ်ရပ်စဲရေးကိုလည်း လမ်းဖွင့်ထားသည်ဟု WhatsApp စကားစမြည် အစီအစဉ်တွင် ဇီလန်စကီးက သတင်းထောက်များအား ပြောသည်။ "ကမ္ဘာ့စွမ်းအင်အကျပ်အတည်း ပြင်းထန်လာပြီး မကြာခင်မှာပဲ ရုရှားရဲ့ ရေနံလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းအပေါ် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကိုလျှော့ချရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်အချို့ဆီကနေ အချက်ပြမှုတွေ အမှန်တကယ် လက်ခံရရှိခဲ့ပါတယ်” ဟု ဇီလန်စကီးက ပြောသည်။ ပုံမှန်ပြောဆိုမှုတစ်ခုအတွင်း အမေရိကန်အရာရှိများက ယူကရိန်းအရာရှိများထံ ထိုသို့သတင်းစကားပါးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကနဦး အချက်ပြမှုများသည် မော်စကိုထံမှ လာခဲ့ပုံရကြောင်း ယင်းအခြေအနေကို သိရှိသူnသတင်းရင်းမြစ်က ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဌာနနှင့် ဝါရှင်တန်ရှိ ရုရှားသံရုံးက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ခြင်းမတုံ့ပြန်ခဲ့ကြောင်း သတင်းက ဖော်ပြသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် ရေနံ၊ ဓာတ်ငွေ့နှင့် ရေနံထွက်ပစ္စည်းများ ထောက်ပံ့မှုများ လျော့ကျသွားခဲ့ကာ သမိုင်းတွင် အဆိုးရွားဆုံး စွမ်းအင်အကျပ် အတည်း ဖြစ်ပေါ်လာခဲ့ခြင်းနှင့်အတူ ဈေးနှုန်းများလည်း ခုန်တက်သွားခဲ့သည်။ ယူကရိန်းစွမ်းအင်လုပ်ငန်း နှင့် အခြေခံအဆောက် အအုံများအပေါ် ရုရှား၏ တိုက်ခိုက်မှုများကြောင့်လည်း ယူကရိန်းတွင် ကြီးမားသော ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ သတင်း-ရဲမင်း ကိုးကား-Reuters #နိုင်ငံတကာသတင်း

The Standard Time Digital - إحصائيات وتحليلات قناة تيليجرام @sdtimech