The Standard Time Digital
الذهاب إلى القناة على Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
إظهار المزيدلم يتم تحديد البلدالفئة غير محددة
274
المشتركون
+124 ساعات
+67 أيام
+2430 أيام
أرشيف المشاركات
◾️အမျိုးသမီးလိဂ် ဆုကြေးငွေများတိုးမြှင်
မြန်မာအမျိုးသမီးလိဂ်နှင့် ကုမ္ပဏီများ ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့မှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ရာသီ အမျိုးသမီးလိဂ်တွင် ဆုကြေးငွေများ တိုးမြှင့်ရရှိတော့မည် ဖြစ်သည်။
ပြိုင်ပွဲတွင် အမှတ်ပေးချန်ပီယံအသင်းကို ငွေကျပ်သိန်း ၁၀၀၀၊ ဒုတိယအသင်းကို ငွေကျပ်သိန်း၇၀၀၊ တတိယအသင်းကို ငွေကျပ်သိန်း ၅၀၀၊စတုတ္ထအသင်းကို ငွေကျပ်သိန်း ၃၀၀၊ ပဉ္စမအသင်းကို ငွေကျပ်သိန်း ၂၀၀၊ ဆဋ္ဌမအသင်းကို ငွေကျပ်၁၇၅ သိန်း၊ သတ္တမအသင်းကို ငွေကျပ်သိန်း ၁၅၀၊အဋ္ဌမအသင်းကို ငွေကျပ် ၁၂၅ သိန်း၊ န၀မအသင်းကို ငွေကျပ်သိန်း ၁၀၀ နှင့် အဆင့် (၁၀) အသင်းကိုငွေကျပ် ၇၅ သိန်း ချီးမြှင့် ပေးအပ်သွားမည်ဖြစ်သည်။
ထို့ပြင် ကစားသမားများ ပွဲစဉ်တစ်ပွဲချင်းစီတွင် အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသနိုင်စေရန်နှင့် ပြိုင်ဆိုင်မှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ AYA Pay ၏ အဓိကပံ့ပိုး ကူညီမှုဖြင့် AYA Pay
Player of the Match ဆုအဖြစ် ပွဲစဉ်တစ်ပွဲချင်းစီ၏အကောင်းဆုံး ကစားသမားရွေးချယ်ခံရသူအားAYA Pay Player of the Matchဆုတံဆိပ်နှင့် AYA Payငွေသားဆုငွေ ကျပ်ငါးသိန်း ချီးမြှင့်မည်ဖြစ်သည်။
ထို့အတူ ဝင်ရောက်ယှဉ်ပြိုင်သည့်အသင်းများအား ကလပ်အသင်းတစ်သင်းလျှင် အခြေခံထောက်ပံ့ ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ပေးမည့်အပြင် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပခြင်းနှင့်ဆက်စပ် ကုန်ကျစရိတ်များအတွက် သီးခြားထောက်ပံ့ပေးမည်ဖြစ်ကာ Myanmar Women’s League မှ သတ်မှတ်ထားသော Development Criteria များကို ပြည့်မီအောင် ဆောင်ရွက်နိုင်သော
ကလပ်အသင်းများကို Club Development Subsidy အဖြစ် အများဆုံး ငွေကျပ် သိန်း ၂၀၀
အထိ ထပ်မံထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ယင်းထောက်ပံ့ကြေးများကို ကလပ်အသင်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ ပရော်ဖက်ရှင်နယ်စံနှုန်းများ မြှင့်တင်ရေးနှင့် မြန်မာ့အမျိုးသမီးဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားလာရေးတို့အတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။
သတင်း-မြင့်မိုရ်
ဓာတ်ပုံ-Myanmar Women’s League
◾️မြန်မာ့၀ဥ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
မြန်မာ့၀ဥကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းသူများအသင်း (MFVP)မှ သိရသည်။
မြန်မာ့သစ်သီး၀လံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ စီးပွားရေးပူးပေါင်းချိတ်ဆက်ရန် မြန်မာနိုင်ငံ သစ်သီး၀လံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း သူများအသင်းမှ တာဝန်ရှိသူများက တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ဇွန် ၉ ရက်မှ ၁၃ရက်ထိ သွားရောက်ခဲ့ကြပြီး ခရီးစဉ်အတွင်း ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သွယ်မှု မြှင့်တင်ရေး
ကိစ္စရပ်များကို အသေး စိတ်ဆွေးနွေးခဲ့ကြပြီး 10th China-South Asia Expo30 Kumming Import & Export Fair ကို တက်ရောက်ခဲ့ပြီး စီးပွားရေးမိတ်ဖက်အသစ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည့်အပြင်
အသင်းဝင် ကုမ္ပဏီတစ်ခုကလည်းမြန်မာ့၀ဥများ တရုတ်နိုင်ငံကို တင်ပို့နိုင်ရေး အထွေထွေပူးပေါင်း ဆောင်ရွက်မှု MoUလက်မှတ်ရေးထိုးမှုများကိုပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယူနန်ပြည်နယ်ရှိသစ်သီး၀လံ ကုန်သည်များနှင့် တွေ့ဆုံကာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက်ဆွေးနွေးခဲ့ကြပြီး ဈေးကွက် လေ့လာရေးနှင့် ဆက်ဆံရေး မြှင့်တင်မှု အဖြစ်ကူမင်းမြို့ရှိ သစ်သီးလက်ကားဈေးကြီးများကို သွားရောက်ကာ မိတ်ဟောင်း မိတ်သစ်ကုန်သည်များနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကာ မြန်မာ့ သစ်သီး၀လံများ နေရာရရှိရေးအတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း-လင်းလက်ကြယ်စင်
ဓာတ်ပုံ-MDN
မြန်မာ့၀ဥ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
မြန်မာ့၀ဥကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းသူများအသင်း (MFVP)မှ သိရသည်။
မြန်မာ့သစ်သီး၀လံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ စီးပွားရေးပူးပေါင်းချိတ်ဆက်ရန် မြန်မာနိုင်ငံ သစ်သီး၀လံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း သူများအသင်းမှ တာဝန်ရှိသူများက တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ဇွန် ၉ ရက်မှ ၁၃ရက်ထိ သွားရောက်ခဲ့ကြပြီး ခရီးစဉ်အတွင်း ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သွယ်မှု မြှင့်တင်ရေး
ကိစ္စရပ်များကို အသေး စိတ်ဆွေးနွေးခဲ့ကြပြီး 10th China-South Asia Expo30 Kumming Import & Export Fair ကို တက်ရောက်ခဲ့ပြီး စီးပွားရေးမိတ်ဖက်အသစ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည့်အပြင်
အသင်းဝင် ကုမ္ပဏီတစ်ခုကလည်းမြန်မာ့၀ဥများ တရုတ်နိုင်ငံကို တင်ပို့နိုင်ရေး အထွေထွေပူးပေါင်း ဆောင်ရွက်မှု MoUလက်မှတ်ရေးထိုးမှုများကိုပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယူနန်ပြည်နယ်ရှိသစ်သီး၀လံ ကုန်သည်များနှင့် တွေ့ဆုံကာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက်ဆွေးနွေးခဲ့ကြပြီး ဈေးကွက် လေ့လာရေးနှင့် ဆက်ဆံရေး မြှင့်တင်မှု အဖြစ်ကူမင်းမြို့ရှိ သစ်သီးလက်ကားဈေးကြီးများကို သွားရောက်ကာ မိတ်ဟောင်း မိတ်သစ်ကုန်သည်များနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကာ မြန်မာ့ သစ်သီး၀လံများ နေရာရရှိရေးအတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း-လင်းလက်ကြယ်စင်
ဓာတ်ပုံ-MDN
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
လိင်တူပေါင်းဖော်မှုကို ရာဇဝတ်မှုအဖြစ်နိုင်ဂျာစစ်အစိုးရ သတ်မှတ်ကြေညာ
လိင်တူချင်း ပေါင်းဖော်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသောရာဇသတ်ကြီးဥပဒေတစ်ရပ်ကို နိုင်ဂျာစစ်အစိုးရက ဇွန် ၁၂ ရက်တွင်ကြေညာထားကြောင်းသိရသည်။
အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သော နိုင်ဂျာနိုင်ငံသည်လိင်တူချင်း ပေါင်းဖော်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့သော အာဖရိကနိုင်ငံများထဲတွင် နောက်ဆုံးပါဝင်လာသော နိုင်ငံဖြစ်သည်။
နိုင်ဂျာနိုင်ငံ၏ အထက်ပါ ရာဇသတ်ကြီးဥပဒေသစ်အရ လိင်တူချင်းပေါင်းဖော်မှု၊ ပေါင်းဖော်ရန် ကြိုးပမ်းမှုတို့ကို ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အထိချမှတ်နိုင်မည်ဖြစ်ကြောင်း နိုင်ဂျာတရားရေးဝန်ကြီးဌာန တာဝန်ရှိသူများကပြောကြားထားသည်။
ယခု နှစ်စပိုင်းတွင် လိင်တူချင်းပေါင်းဖော်မှုများကို ရာဇဝတ်မှုအဖြစ်ဆီနီဂေါနိုင်ငံက ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် နိုင်ဂျာနိုင်ငံကလည်းအလားတူလမ်းစဉ်ကို စတင် ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
နိုင်ဂျာနိုင်ငံ၌ ရှေးယခင်က လိင်တူချင်းပေါင်းဖော်မှုများမှာ ရာဇဝတ်မှုမမြောက်သော်လည်း လူအများ၏ ပြင်းထန်စွာဝေဖန်ရှုတ်ချမှုနှင့် ကြုံရလေ့ ရှိသည်။
အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံအနက် နိုင်ငံ ၃၀ တို့သည် လိင်တူချင်းပေါင်းဖော်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
နယ်စပ်တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သဘောတူ
နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က သဘောတူထားကြောင်း ဇွန် ၁၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ထောက်လှမ်းရေးသတင်း မျှဝေဖလှယ်မှု၊ ပူးတွဲ ကင်းလှည့်မှုများ မြှင့်တင်ပြုလုပ်မည်ဖြစ်ကြောင်း ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ထားသော နှစ်နိုင်ငံပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်စပ်ချင်း ကီလိုမီတာ ၄၀၀၀ (မိုင် ၂၅၀၀) အထိ ထိစပ်နေပြီးကမ္ဘာပေါ်၌ အရှည်လျားဆုံး နှစ်နိုင်ငံနယ်စပ်များထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် အထောက်အထားမှတ်ပုံတင်မဲ့ လူဝင်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ရသည်။
အိန္ဒိယအစိုးရအနေဖြင့် သင့်လျော်သော လုပ်ထုံးလုပ်နည်းများမရှိပဲ ရွှေ့ပြောင်းဝင်ရောက်သူများကို နှစ်နိုင်ငံနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ပို့လွှတ်ရန် ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက စွပ်စွဲထားသည်။
အိန္ဒိယနိုင်ငံ၏ လက်ရှိအာဏာရ ဘရာတိယာ ဂျနေတာပါတီသည် ဘင်္ဂါလီစကားပြော မွတ်စလင်များကိုတရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်၍ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ရန် ကြိုးစားလျက်ရှိသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
အီရန်စစ်ပွဲ ငြိမ်းချမ်းရေးသဘောတူညီချက် ရယူရေး နီးစပ်လာဟုဆို
သုံးလကျော်ကြာ အီရန်စစ်ပွဲကို အဆုံးသတ်ပေးမည့်သဘောတူညီချက်တစ်ရပ် ရယူရေးအတွက် နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုနှင့် အီရန် နှစ်နိုင်ငံစလုံးက ဇွန် ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အလားတူ အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် နောက်ဆုံး မူကြမ်းကို ရယူထားနိုင်ပြီဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံကလည်းထုတ်ဖော်ပြောကြားထားသည်။
ပါကစ္စတန်နိုင်ငံသည် အီရန်စစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြားသံတမန်ရေးအရ ကြားဝင်ညှိနှိုင်းပေးနေသော နိုင်ငံဖြစ်သည်။
အီရန်စစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက် မူကြမ်းအရ အမေရိကန်ပြည်ထောင်စုက သိမ်းယူခံထားရသော အီရန်နိုင်ငံပိုင် ငွေကြေးများကို အီရန်အစိုးရထံ ပြန်ထုတ်ပေးမည်ဖြစ်ပြီး အီရန်ရေနံပို့ကုန်လုပ်ငန်းအပေါ် အရေးယူ ပိတ်ဆို့မှုများကိုလည်း ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်သည်။
အပြန်အလှန်အနေဖြင့် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရမည်ဖြစ်ပြီး အဆင့်မြင့် သန့်စင်ပြီး ယူရေနီယန်နျူကလီးယား လောင်စာများကို ဖျက်ဆီးဖယ်ရှားပေးရမည်ဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ပုဂံဒေသရှိ ရှားပါးနံရံဆေးရေးပန်းချီလက်ရာအဆောက်အအုံများကို အသေးစိတ် မှတ်တမ်းပြုစုခြင်း ဆောင်ရွက်နေ
ကမ္ဘာ့အမွေအနှစ် ပုဂံဒေသရှိ နံရံဆေးရေးပန်းချီများကို မသမာသူများက ခိုးယူခြင်း၊ သဘာ၀ဘေး ကျရောက်ခြင်းနှင့် လူတို့၏ဖျက်ဆီးခြင်းကြောင့် ပျက်စီးမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသောကြောင့် စနစ်တကျမှတ်တမ်းပြုစုခြင်းနှင့် နံရံဆေးရေးပန်းချီရှိသည့် ရှေးဟောင်းအဆောက်အုံများကို အဆင့် သတ်မှတ်ခြင်း ဆောင်ရွက်ထားပြီး နှစ်စဉ် ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ပုဂံဒေသရှိ ရှားပါးအနုလက်ရာများဖြစ်သည့် နံရံဆေးရေးပန်းချီများနှင့အင်္ဂတေ ပန်းလက်ရာများကို အသေးစိတ် မှတ်တမ်းပြုစုခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ရှားပါးနံရံဆေးရေး ပန်းချီလက်ရာရှိသည့်ရှေးဟောင်း အဆောက်အအုံငါးဆူကို ရွေးချယ်ဆောင်ရွက် မည်ဖြစ်ပြီးငဖုန်းသင်ယောင်ဂူဘုရား (ဘုရားငယ် တစ်ဆူ)တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။
(၁၃)ရာစုလက်ရာဖြစ်ပြီး အဆိုပါ ဂူဘုရားအတွင်းတွင် မင်စာတစ်ခုအပေါ် အစွဲပြု၍ အမည်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဘုရားအတွင်းဘက်တွင်စက်ဝန်းပန်းချီများအပါအဝင် အခြားပန်းချီများ ရေးဆွဲထား ကြောင်းနှင့်ကျမ်းဂန်လာ ဒေသနာတော်များကိုဖော်ညွှန်းရေးဆွဲထားပြီး စကြ၀ဠာတည်ရှိပုံနှင့် ဗုဒ္ဓ၏ စာပေများကိုရေးဆွဲထားခြင်းဖြစ်ကာ ရေရှည်တည်တံ့စေရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း-မြင့်မိုရ်
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ဝန်ထမ်းများ ၏ အနားယူခွင့်၊ အပန်းဖြေခွင့်နှင့် ဘာသာရေး ယုံကြည်ခွင့်စသည့် တရားဝင်အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးထားပါသည်။ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဒေသခံ ဝန်ထမ်းကိုယ်စားလှယ်များပါဝင် ပူးပေါင်း ဖွဲ့စည်းထားသည့် လစာနှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဒေသခံ ဝန်ထမ်းများအား ကုမ္ပဏီ စည်းမျဉ်းရေးဆွဲခြင်းနှင့် ကြီးကြပ်ခြင်းတွင် ပါဝင်ခွင့်ပေးကာ ဝန်ထမ်းများ၏ ခံစားချက်များ ပြောကြားခွင့်ကို အပြည့်အဝ ပေးထားပြီး အတူတူ ဖန်တီး၊ အတူတူ အုပ်ချုပ်သည့် စီမံခန့်ခွဲမှု ပုံစံကို တည်ဆောက်ခဲ့ပါသည်။
၅။ အနာဂတ်မျှော်မှန်းချက်
ဆယ်စုနှစ် တစ်ခုကျော် စိတ်အား ထက်သန်စွာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ပြီးနောက်၊ ကုမ္ပဏီ သည် “ပူးပေါင်ဆွေးနွေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် အကျိုး ခံစားခွင့်များကို မျှဝေခြင်း” ဟူသော အတွေးအခေါ်ကို အမြဲတမ်း လက်တွေ့ကျင့်သုံးခဲ့သည်။ ရှေ့ဆက်သွားမည့် ခရီးတွင် ကုမ္ပဏီသည် ESG စီမံခန့်ခွဲမှု စံနှုန်းများကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ပြီး၊ စိမ်းလန်းသောသတ္တုတွင်း တည်ဆောက်မှု၊ ဒေသခံလူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုနှင့် ရပ်ရွာပူပေါင်း ဖွံ့ဖြိုး တိုးတက်မှုတို့ကို တည်ငြိမ်စွာ မြှင့်တင်သွားမည်ဖြစ်ကာ၊ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကုမ္ပဏီသည် စီမံကိန်း၏ အားသာချက်များကို အပြည့်အဝ အသုံးချကာ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူတို့၏ လူနေမှုဘဝ မြှင့်တင်ရေးတို့တွင် တစ်တပ် တစ်အား ပါဝင်ကူညီနိုင်ရန် အတွက် အစိုးရ ဌာနဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူလူထုများနှင့် မိတ်ဖက် အဖွဲ့အစည်း များအားလုံးနှင့် လက်တွဲညီညီ လုပ်ဆောင်သွားရန် မျှော်လင့်ပါသည်။ ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေပြီး ရေရှည်တည်တံ့မည့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ် တစ်ခု ကိုလည်း အတူတကွ လက်တွဲ ထုဆစ်သွားမည် ဖြစ်ပါသည်။
#ကြော်ငြာဆောင်းပါး
#Advertorial_Post
ရှုပ်ထွေးသည့် ပထဝီ နိုင်ငံရေးပတ်ဝန်းကျင်၊ လုံခြုံရေး အန္တရာယ်နှင့် သတင်းဖော်ပြမှုဆိုင်ရာ အခက်အခဲစိန်ခေါ်မှုများစွာ ရင်ဆိုင်နေသည့်ကြားတွင် ကုမ္ပဏီသည် စည်းမျဉ်းအလိုက် အုပ်ချုပ်မှုကို အခြေခံ အုတ်မြစ်အဖြစ် သတ်မှတ်၍ ဘေးအန္တရာယ် ကာကွယ်ရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး၊ စီးပွားရေးကျင့်ဝတ်နှင့် လူ့အခွင့်အရေးကာကွယ်ရေး ကဏ္ဍလေးရပ်ကို အဓိကထားလျက် ခေတ်မီအုပ်ချုပ်မှုဖွဲ့စည်းပုံကို ဆက်လက် မြှင့်တင်ကာ လုပ်ငန်းကို တည်ငြိမ်စွာဖြင့် စနစ်တကျ လည်ပတ်စေပါသည်။
ကုမ္ပဏီသည် “အဓိက အယူအဆ - စီမံခန့်ခွဲမှုစည်းမျဉ်း - ကွင်းဆင်းအကောင်အထည်ဖော်မှု”ဟူသော အဆင့် သုံးဆင့်ရှိ အုပ်ချုပ်မှုစနစ်ကို တည်ထောင်ပြီး PDCA (Plan-Do-Check-Act) စက်ဝိုင်းစနစ် အပေါ် အခြေခံကာ စီမံခန့်ခွဲမှုကို အဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ပါသည်။
ကုမ္ပဏီသည် ESG စွမ်းဆောင်ရည် ညွှန်းကိန်းများကို ဘတ်ဂျက် စီမံခန့်ခွဲမှု၊ အင်ဂျင်နီယာလုပ်ငန်းနှင့် ထုတ်လုပ်မှု လည်ပတ်မှု လုပ်ငန်းစဉ်တစ်ခုလုံးသို့ အပြည့်အဝ ပေါင်းစပ်ကာ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ရည်မှန်း ချက်များကို တိုင်းတာနိုင်ပြီး ခြေရာခံနိုင်သည့် နေ့စဉ် လုပ်ငန်းအဖြစ် ပြောင်းလဲစေပါသည်။ ကုမ္ပဏီ၏ ထူးခြားချက်နှင့် ကိုက်ညီအောင် ဝန်ထမ်းအကျင့်စာရိတ္တစည်းမျဉ်းများ ရေးဆွဲလျက် ရိုးသားမှု၊ ကြိုးစားအားထုတ်မှုနှင့် လက်ခံ နားလည်မှုရှိသည့် ကုမ္ပဏီ ယဉ်ကျေးမှုကို တည်ဆောက်ကာ ဝန်ထမ်း အားလုံး၏ ဘုံသဘောထားကို စုစည်းထားပါသည်။
လုပ်ငန်းခွင်ဘေးကင်း လုံခြုံရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုသည် လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်တစ် ခုလုံးတွင် ပါဝင်နေပါသည်။ ကုမ္ပဏီသည် “လူ့အန္တရာယ်ကင်းရေးသာ ပဓာန၊ လူ့အသက်ထိပ်ထား” (Safety First, Life Foremost)ဟူသော မူဝါဒကို အမြဲတမ်း လိုက်နာ၍ နံနက် ၁၀:၃၀ နာရီတွင် ပုံမှန် ပြုလုပ်သော ဘေးကင်းလုံခြုံရေး စကားဝိုင်းလှုပ်ရှားမှုကို စတင်ခဲ့သည်။
တစ်နှစ်ပတ်လုံးတွင် လုံခြုံရေးသင်တန်း အမျိုးအစား ပေါင်း ၁,၀၀၀ ကျော်နှင့် အရေးပေါ် ကယ်ဆယ်ရေး လေ့ကျင့်မှု အကြိမ်ရေ ၁၀၀ နီးပါး ကျင်းပလျက် လုံခြုံရေးသင်တန်းနှင့် အရေးပေါ် လေ့ကျင့် မှုများဖြင့် ဝန်ထမ်းအားလုံးနှင့် ပူးပေါင်း၍ လုပ်ဖော်ကိုင်ဖက်များ ကို လွှမ်းခြုံထားပါသည်။
တစ်နှစ်ပတ်လုံးတွင် လုံခြုံရေး စစ်ဆေးမှု အကြိမ်ရေ ၂၀၀ ကျော် ပြုလုပ်ခဲ့ကြ၍ ပြင်းထန်သည့်အဆင့်အထိရှိသည့် လုပ်ငန်းခွင်မတော်တဆမှုနှင့် ကြီးမားသည့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း မတော်တဆမှုများ လုံးဝမဖြစ်ပွားခဲ့ပါ။
လုံခြုံရေးစီမံခန့်ခွဲမှုဝန်ထမ်းများ နှင့် အထူးအလုပ်ကျွမ်းကျင်သူအားလုံးသည် တရားဝင်လက်မှတ်ဖြင့် အလုပ်လုပ်ကိုင်ကြပါသည်။ ကုမ္ပဏီသည် အထူးကုသဆေးခန်းများနှင့် အထွေထွေဆေးရုံကို တည်ဆောက်လျက် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် YIC နှင့် SOS တို့နှင့် ပူးပေါင်း၍ ၂၄ နာရီပတ်လုံး အခမဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများပေးပါသည်။
၂၀၂၅ ခုနှစ်အတွင်း လာရောက်ကုသမှု လူနာ ဦးရေ ၇,၈၃၆ ဦး ရှိပါသည်။ ဝန်ထမ်း အားလုံးအတွက် အလုပ်ခွင် ကျန်းမာရေး မှတ်တမ်းဖိုင်များ ဖန်တီးပြီး လူမှုဖူလုံရေးနှင့် စီးပွားရေး အာမခံကို အပြည့်အဝ ပေးအပ်ကာ ဝန်ထမ်းများ၏ ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အပြည့်အဝ ကာကွယ် ထားပါသည်။
ကုမ္ပဏီသည် စီးပွားရေး ကျင့်ဝတ်များကို တိကျစွာ လိုက်နာပြီး ဘက်စုံလွှမ်းခြုံမှုရှိသော ဂုဏ်သိက္ခာနှင့် စည်းမျဉ်း လိုက်နာမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ ပစ္စည်းဝယ်ယူခြင်းနှင့် အခြား သောစီးပွားရေးလုပ်ငန်းစဉ်များ မလုပ်ဆောင်မီ စည်းမျဉ်းကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည့် ကြိုတင် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားပါသည်။
စီမံခန့်ခွဲရေး အဖွဲ့ဝင်များ ကိုယ်တိုင်ကလည်း ဂုဏ်သိက္ခာရှိစွာ လုပ်ငန်းဆောင်ရွက်မည့် ကတိကဝတ်ပြုလွှာများကို ဦးဆောင်၍ လက်မှတ်ရေးထိုးထားကြသည်။ ထို့အပြင် ပစ္စည်းဝယ်ယူရေးနှင့် ဘဏ္ဍာရေးကဲ့သို့သော အဓိကကျ သည့်ရာထူးနေရာများအတွက် သီးသန့် စည်းမျဉ်းလိုက်နာမှုဆိုင်ရာ သင်တန်းများကို ပို့ချပေးလျက် ရှိသည်။ လုပ်ငန်းလည်ပတ်မှုများ စံချိန်စံညွှန်းပြည့်မီပြီး မျှတမှုရှိစေရန်အတွက် လွတ်လပ်၍ အမည်မဖော်ဘဲ တိုင်ကြားနိုင်သည့် လမ်းကြောင်းကို ဖွင့်လှစ်ပေးထားသည့်အပြင်၊ ပုံမှန်ဌာနတွင်းစာရင်းစစ်ဆေးမှုနှင့် ပြင်ပစာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုများကိုလည်း အဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
ဝန်ထမ်း လူ့အခွင့်အရေး ကာကွယ်ရေးကဏ္ဍတွင် ကုမ္ပဏီသည် ကုလသမဂ္ဂ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး လမ်းညွှန်မူ နှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့၏ စည်းကမ်းချက်များစသည့် နိုင်ငံတကာ စံနှုန်းများကို တင်းကျပ်စွာ လိုက်နာပြီး အတင်းအကျပ် အလုပ်ခိုင်းစေမှု၊ ကလေးအလုပ် သမားနှင့် အလုပ်အကိုင်ခွဲခြားဆက်ဆံမှု အမျိုးအစားအားလုံးကို လုံးဝ တားမြစ်ပါသည်။
၂၀၂၅ ခုနှစ်အကုန်အထိ ကုမ္ပဏီသည် ဒေသခံဝန်ထမ်း (၁,၉၇၅) ဦးကို တိုက်ရိုက် အလုပ်ခန့်အပ်ပြီး ကန်ထရိုက်တာအဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ရိုက် အလုပ်အကိုင် ၄,၀၀၀ ကျော် နှင့် သွယ်ဝိုက် အလုပ်အကိုင် ၁,၅၀၀ ကျော်ကို ဖန်တီးပေးခဲ့ပါသည်။ ဒေသခံ ဝန်ထမ်းအချိုးအစားသည် စုစုပေါင်း ဝန်ထမ်းဦးရေ၏ ၉၄ ရာခိုင်နှုန်းကျော် ရှိပါသည်။
လုပ်ငန်း လည်ပတ်မှုတွင် ကြီးမားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း ကုမ္ပဏီ၏ တာဝန်ကို အမြဲတမ်း ထမ်းဆောင်ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အကုန်အထိ အလုပ်ခွင်တစ်ဖက်တွင် ယာယီအနားပေးထားရသော ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများ ဆက်လက် ပေးအပ်ရာ၌ စုစု ပေါင်း ကျပ်သန်း ၁၄,၉၉၀ ကျော်ခန့် ချထားခဲ့ပြီး ဝန်ထမ်းများ၏ အခြေခံ လူနေမှုဘဝကို အာမခံပေးကာ ကုမ္ပဏီ၏ စေတနာနှင့် တာဝန်သိမှုကို ထင်ရှားဖော်ပြပါသည်။
ကုမ္ပဏီသည် ဝန်ထမ်းများကို အားပေးမြှင့်တင်ခြင်းစနစ်များကို တည်ဆောက်ခဲ့ရာ သိပ္ပံနည်းကျ၍ ပြည့်စုံသော လစာသတ်မှတ်ခြင်းစနစ်ကို ဖန်တီးကျင့်သုံးကာဝန်ထမ်းများ၏ လုပ်သက်နှစ်ကို အခြေခံ၍ လစာအလိုအလျောက်တိုးပေးခြင်းဖြင့် ဝန်ထမ်းများရည်ရှည်ကြိုးပမ်းအားထုတ်ပြီး သင့်လျော်သော အကျိုးဝင်ငွေများကို ရရှိစေပါသည်။
ထို့အပြင် တရားမျှတပြီး ပွင့်လင်းမြင်သာသည့် စွမ်းရည် အကဲဖြတ်မှုနှင့် ရာထူး တိုးမြှင့်လမ်းကြောင်းကို တည်ဆောက်ကာ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးရေးအတွက် အတားအဆီးများကို ဖယ်ရှားပေးပါသည်။ ၂၀၂၅ ခုနှစ်တွင် ဝန်ထမ်းစုစုပေါင်း ၁၇၂ ဦး ရာထူးတိုးမြှင့်ခြင်းခံရပြီး၊ ၎င်းတို့အနက် ဒေသခံ ဝန်ထမ်း ၁၅၄ ဦးသည် စီမံခန့်ခွဲမှုရာထူးများကို ရယူခဲ့ကြကာ ကုမ္ပဏီဝန်ထမ်း ၆၉၇ ဦးမှာ မတူညီသော ကဏ္ဍများတွင် ကျွမ်းကျင်သော အဓိက ကျောရိုးများအဖြစ် ကြီးထွားလာခဲ့ကြသည်။ ဒေသခံ လူ့စွမ်းအားအရင်းအမြစ်များသည် ကုမ္ပဏီ ၏ လုပ်ငန်း လည်ပတ်မှုတွင် တဖြည်းဖြည်းနှင့် အဓိက အသက်သွေးကြော ဖြစ်လာခဲ့သည်။
ဝန်ထမ်းများ၏ လုပ်ငန်း ကျွမ်းကျင်မှုစွမ်းရည်ကို အပြည့်အဝ မြှင့်တင်ရန် အဆင့်အလိုက်၊ အမျိုးအစား အလိုက်နှင့် အတွင်းအပြင် ပူးပေါင်းသည့် သုံးဖက်မြင် သင်တန်းစနစ်ကို တည်ဆောက်ခဲ့ပါသည်။ တစ်ဖက်တွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းအားလုံးကို လွှမ်းခြုံသည့် နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွင်းပိုင်း သင်တန်းများကို ပုံမှန် ကျင်းပပြီး အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာ ဖလှယ်လေ့လာမှု လမ်းကြောင်းများကို ဖွင့်လှစ်ကာ ထူးချွန်သည့်ဝန်ထမ်းများအား တရုတ်နိုင်ငံသို့ သင်တန်းတက်ရောက်ခြင်း၊ ပြိုင်ပွဲဝင်ခြင်းနှင့် အဆင့်မြင့်လေ့လာခြင်းများ ပြုလုပ်ရန် စေလွှတ်ပါသည်။
၂၀၂၅ ခုနှစ်တွင် ထူးချွန်သော မြန်မာဝန်ထမ်း ၁၆ ဦးသည် ကျွမ်းကျင်မှုသင်တန်းနှင့် အတွေ့အကြုံဖလှယ်ပွဲများတက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ဌာနအသီးသီးမှ အဖွဲ့ခေါင်းဆောင် ၆ ဦးသည် တရုတ်နိုင်ငံ၏ China Copper Industry Cup ကျွမ်းကျင်မှုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အဖွဲ့လိုက်ရွှေတံဆိပ်နှင့် တစ်ဦးချင်းရွှေတံဆိပ် ၅ ခုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ နိုင်ငံတကာ စင်မြင့်ထက်တွင်ကုမ္ပဏီဝန်ထမ်းများ ထူးချွန်သော ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့သည်။
ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ အရည်အသွေးမြင့် အသက်မွေးဝမ်းကျောင်း ကောလိပ်များနှင့် ပူးပေါင်း၍ အချိန်ပြည့် အဆင့်မြင့် သင်တန်းများအစီအစဉ်ကိုလည်း စတင်ခဲ့ပြီး၊ စက်မှု လျှပ်စစ်နည်းပညာ (Electromechanical Technology)၊ လုပ်ငန်းလည်ပတ်မှုနှင့် ထိန်းသိမ်းမှု (Operation & Maintenance) နှင့် အခြေခံလူတန်းစား စီမံခန့်ခွဲမှုတို့တွင် အတွင်းကျကျ ကျွမ်းကျင်မှုသင်တန်းများ ရရှိစေရန် ဝန်ထမ်းများကို အသုတ်လိုက် စေလွှတ်ခဲ့သည်။ ပါဝင်သူ သုံးဦးသည် လျှပ်စစ်ကျွမ်းကျင်သူ (Electricians) နှင့် စက်ပြင်ကျွမ်းကျင်သူ (Fitters) အဖြစ် အလယ်အလတ်အဆင့် အသက်မွေးဝမ်းကျောင်းအရည်အချင်းစစ်လက်မှတ်များကို ရရှိခဲ့ကြပြီး၊ လုပ်ငန်း ကျွမ်းကျင်မှုနှင့် သက်မွေးဝမ်းကျောင်း အသိအမှတ်ပြုလက်မှတ် နှစ်ခုစလုံးတွင် တိုးတက်မှုများ ရရှိခဲ့သည်။
တစ်ချိန် တည်းတွင် မြန်မာ-တရုတ် အပြန်အလှန်ဘာသာစကားသင်တန်းများသည် ပုံမှန်လည်ပတ်မှုအဆင့်သို့ ရောက်ရှိသွားပါသည်။ တရုတ်ဝန်ထမ်းများသည် မြန်မာဘာသာစကားနှင့် ဒေသရိုးရာ ဓလေ့ထုံးတမ်းများကို တက်ကြွစွာ လေ့လာကာ ဘာသာစကားဖြတ်ကျော် ဆက်သွယ်ရေးနှင့် ပူးပေါင်း လုပ်ကိုင်မှု စွမ်းရည်ကို မြှင့်တင်ကြပြီး မြန်မာဝန်ထမ်းများသည် တရုတ်ဘာသာစကားကို တက်ကြွစွာ လေ့လာကာ နိုင်ငံတကာအမြင်ကို ကျယ်ပြန့်စေပြီး ဘက်စုံစွမ်းရည်ကို မြှင့်တင်ကြပါသည်။ နှစ်ဦးနှစ်ဖက်အဖွဲ့သည် ဘာသာစကားကို ဆက်ဆံရေးတံတားအဖြစ်၊ ယဉ်ကျေးမှုကို ကြိုးအဖြစ်အသုံးချပြီး အပြန်အလှန် ဖလှယ်မှုနှင့် ပေါင်းစည်းမှုတို့ကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်ကာ တရား မျှတမှု၊ လက်ခံ နားလည်မှုရှိစွာ ပူးပေါင်း ကြိုးပမ်းသည့် ကောင်းမွန်သော အဖွဲ့အစည်း ပတ်ဝန်းကျင်ကို တည်ဆောက်ခဲ့ပါသည်။
၄ ။ စည်းမျဉ်းအလိုက် အုပ်ချုပ်မှုကို မြှင့်တင်ကာ တည်ငြိမ်ပြီး ရေရှည်တည်တံ့သည့် လုပ်ငန်း လည်ပတ်မှုစနစ် တည်ဆောက်ခြင်း
ကုမ္ပဏီသည် လူနေမှုဘဝဆိုင်ရာ ကတိကဝတ် အားလုံးကို အလေးထား လိုက်နာပြီး သင့်လျော်သော လျော်ကြေးနှင့် ထောက်ပံ့ကြေး မျိုးစုံကို အပြည့်အဝနှင့် အချိန်မီ ပေးအပ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဝက်မှေးရွာဟောင်းနေ ရွာသားများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်၊ ဝက်မှေးရွာဟောင်း ရှိ ကျန်အိမ်ထောင်စုများ အားလုံး ကို အပြည့်အဝ ပြောင်းရွှေ့စေခဲ့သည်။
ပြောင်းရွှေ့ထောက်ပံ့ကြေး၊ မြေယာလျော်ကြေးများ ပေးအပ်ခြင်းနှင့် ပြောင်းရွှေ့သူများအား အလုပ်အကိုင် စီစဉ်ပေးခြင်းကိုလည်း တစ်ပြိုင်နက် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။ ဆည်တည်းကျေးရွာတွင် ကျန်ရှိနေသော ရွှေ့ပြောင်းရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ဆန်းသစ်သော အစီအစဉ်တစ်ခုဖြင့် ရွာသားများအားအစမ်းခန့်အလုပ်သင်များအဖြစ် စီမံကိန်းအတွင်းသို့ လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထိရောက်စွာ လျှော့ချပေးနိုင်ခဲ့သည်။
နက်နက်ရှိုင်းရှိုင်း ဆွေးနွေးတိုင်ပင်မှုများကြောင့် ၂၀၂၅ ခုနှစ်တွင် ဆည်တည်း(ရွာဟောင်း) မှ အိမ်ထောင်စု ၂၃ စုသည် မိမိဆန္ဒအလျောက် ရွှေ့ပြောင်းခဲ့ကြသည်။ ၂၀၂၆ ခုနှစ်တွင် ကျန်ရှိသော ရွာသားများကို စီမံကိန်းအတွင်းသို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့ပြီး၊ သက်ဆိုင်ရာ မူဝါဒများကို ရှင်းလင်းပြောကြားကာ ၎င်းတို့၏ မေးခွန်းများကို ဖြေကြားပေးခဲ့သဖြင့် အိမ်ထောင်စု ၂၄ စုမှာလည်း မိမိဆန္ဒအလျောက် ထပ်မံရွှေ့ပြောင်းခဲ့ကြသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပြောင်းရွှေ့ရန်ကျန်သည့် အိမ်ထောင်စု ၁၇ စုသာရှိပြီး ထိုအိမ်ထောင်စုများနှင့် ဆွေးနွေးညှိနှိုင်းရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယခုအထိ စီမံကိန်း၏ မြေယာလျော်ကြေး လက်ခံရရှိမှုနှုန်း ၉၃.၇၈ ရာခိုင်နှုန်းဖြစ်၍ ပြောင်းရွှေ့မှုနှုန်း ၉၆.၁၅ ရာခိုင်နှုန်း ရရှိသွားပြီဖြစ်သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်တွင် မြေယာ ဆုံးရှုံးမှုရှိသော ရွာသားများအတွက် Contribution Plan(ကျေးရွာခေါ်ဘဏ်စာအုပ်)အလုပ်အကိုင်စောင့်ဆိုင်းဆဲကာလ ထောက်ပံ့ကြေးများကို လျာထားသည့်အတိုင်း နှစ်သုတ်ခွဲဝေ ပေးခဲ့သည်။ ကုမ္ပဏီသည် ဆယ်နှစ်ကျော် ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက်၊ ရေရှည်တည်တံ့ပြီး ခိုင်မာတည်ငြိမ်သော အသက်မွေးဝမ်းကျောင်းအာမခံပေးနိုင်သည့် စနစ်တစ်ခုကို အပြည့်အဝ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ကုမ္ပဏီသည် ဒေသခံပြုပစ္စည်းဝယ်ယူမှုနှင့် လုပ်သားပူးပေါင်းဆောင်ရွက်မှုများကိုအမှီပြု၍ ဒေသခံ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စုပေါင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ဒေသတွင်း ကုန်ကြမ်းပစ္စည်း ပံ့ပိုးပေးကုမ္ပဏီအသစ် ၉ ခုနှင့် ဒေသတွင်း အင်ဂျင်နီယာ ကန်ထရိုက်တာအဖွဲ့ အသစ် ၃ ခုတို့နှင့် လက်တွဲ ဆောင်ရွက်ခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းအောင် ပြုလုပ်ခြင်းနှင့် စီမံခန့်ခွဲမှု အတွေ့အကြုံများနှင့် နည်းပညာများကို မျှဝေခြင်းဖြင့် ဒေသခံလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် အတားအဆီးများကို လျှော့ချပေးခဲ့ပြီး စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှုကို မြှင့်တင်ပေးခဲ့သည်။ ပတ်ဝန်းကျင် ကျေးရွာများမှ လုပ်သားအဖွဲ့များသည် သတ္တုတွင်းလုပ်ငန်း လည်ပတ်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ရေရှည်ပါဝင် လုပ်ကိုင်လျက်ရှိပြီး ဒေသခံပြည်သူများ၏ ဝင်ငွေကို ထိရောက်စွာ တိုးတက်စေခဲ့သည်။
ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာယဉ်ကျေးမှုကို အပြည့်အဝ လေးစား ပါသည်။ ပတ်ဝန်းကျင်အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းများတွင် ပုံမှန် ဆွမ်းကပ်ခြင်းနှင့် ဆုတောင်းပွဲများကျင်းပခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး သုသာန်များရွှေ့ပြောင်းခြင်းနှင့် ဘာသာရေး အဆောက်အအုံများရွှေ့ပြောင်းခြင်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် သဟဇာတဖြစ်ပြီး တည်ငြိမ်အေးချမ်းသော လူထုဆက်ဆံရေးကို ထိန်းသိမ်းထားရှိပါသည်။
၃။ ဝန်ထမ်းအရည်အသွေးမြှင့်တင်ရေးကို အဓိကထားကာ ရေရှည် တည်တံ့ သော ဒေသခံ လူ့စွမ်းအားအရင်းအမြစ်အဖွဲ့ တည်ဆောက်ခြင်း
ဒေသခံဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးသည် ကုမ္ပဏီ၏ ဝန်ထမ်း ဖွံ့ဖြိုးရေးအတွက် အဓိက မဟာဗျူဟာဖြစ်သည်။ ကုမ္ပဏီ စတင်တည်ထောင်သည့်အချိန်မှ စ၍ ဒေသခံဝန်ထမ်းများ၏ စွမ်းရည်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေးကို အဓိက မဟာဗျူဟာ လုပ်ငန်းတစ်ရပ်အဖြစ် နှင့် ရေရှည် တည်တံ့ဖွံ့ဖြိုးရေး၏ အရေးကြီး အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားပါသည်။
အလုပ်အကိုင်ရရှိရေးအာမခံခြင်း၊ လစာနှင့် အကျိုးခံစားခွင့်၊ ရာထူးတိုးမြှင့်ရေး၊ ကျွမ်းကျင်မှုသင်တန်းနှင့် နိုင်ငံတကာ ဖလှယ်ရေး ကဏ္ဍအသီးသီးမှ ပြည့်စုံသည့် ဝန်ထမ်း ဖွံ့ဖြိုးရေးစနစ်ကို တည်ဆောက်ကာ ပရော်ဖက်ရှင် နယ်နှင့် ဘက်စုံစွမ်းရည်ရှိသည့် စက်မှုလုပ်ငန်း ဝန်ထမ်းများကို အများအပြား မွေးထုတ်ပေးပါသည်။
လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ အစိုင်အခဲ စွန့်ပစ်ပစ္စည်းများနှင့် အန္တရာယ်ရှိသောဓာတုပစ္စည်း စီမံခန့်ခွဲမှု ကဏ္ဍများတွင် အသေးစိတ်ကိုတိကျစွာ အပိတ်ကွင်းဆက်ပုံစံ စဉ်ဆက်မပြတ် စီမံထိန်းချုပ်မှု လုပ်ဆောင်ပါသည်။
အဆင့်မြှင့်တင်ထားသော အွန်လိုင်း လေထုအရည်အသွေး စောင့်ကြည့်ရေးစခန်း နှစ်ခုဖြင့် PM2.5၊ PM10 နှင့် အက်ဆစ်ငွေ့ စသည့်သော့ချက်အပါအဝင် အဓိက ညစ်ညမ်းစေနိုင်သော အရာများကို ၂၄ နာရီပတ်လုံး အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပေးလျက်ရှိပြီး ဒေသတွင်း လေထု အရည်အသွေးသည် နိုင်ငံတကာ စံနှုန်းများထက် သာလွန် ကောင်းမွန်အောင် စဉ်ဆက်မပြတ် ထိန်းချုပ်နေပါသည်။
အက်ဆစ်ဓာတ်ပါဝင်သော ကျောက်ဆောင်များနှင့် လေးလံသော သတ္တုများကြောင့် ညစ်ညမ်းမှု မဖြစ်စေရန် စွန့်ပစ်ကျောက်ပုံများတွင် အလွှာပေါင်းစုံ စိမ့်ဝင်မှုကာကွယ်ခြင်း (Anti-seepage) လုပ်ငန်းနှင့် ဇုန်အလိုက် ထိန်းချုပ်ခြင်းဆိုင်ရာ နည်းပညာများ ကို အသုံးပြုထားသည်။ အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို လုပ်ငန်းစဉ် တစ်လျှောက်လုံး တင်းကျပ်စွာ စီမံခန့်ခွဲပြီး အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများကို စည်းမျဉ်းအလိုက် ထိန်းချုပ်မှုနှုန်း ၁၀၀ ရာခိုင်နှုန်း လိုက်နာဆောင်ရွက်၍ ပတ်ဝန်းကျင်လုံခြုံရေး နယ်နိမိတ်ကို အပြည့်အဝ ကာကွယ်ထားပါသည်။
သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းရလဒ်များ သည် ကျယ်ပြန့်သော အသိအမှတ်ပြုခြင်းများကို ရရှိပါသည်။ ၂၀၂၅ ခုနှစ်တွင် ကုမ္ပဏီသည် အဆင့်ဆင့် မြေပြန်လည်ထူထောင်ရေးနှင့် သဘာဝရှုခင်း အလှပြုပြင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင် ကာ တစ်နှစ်ပတ်လုံး သစ်မာပင်ကြီး နှင့် ချုံနွယ်ပင် ပေါင်း ၁,၉၉၆ ပင် စိုက်ပျိုးခဲ့ပါသည်။
ပရော်ဖက်ရှင်နယ် အပင်ပျိုးခြံ နှစ်ခုမှ ဒေသမျိုး ပျိုးပင်ပေါင်း ၁၀,၀၀၀ ကျော် စိုက်ပျိုးထားပြီး မြေယာပြန်လည် ထူထောင်ရေးအတွက် ပျိုးပင်များ လုံလောက်ဖူလုံစေရုံသာမက ဒေသမျိုး အပင်များ၏ မျိုးရိုးဗီဇ အရင်းအမြစ် သိုလှောင်ရုံ အဖြစ်လည်း တည်ရှိနေပါသည်။
ရေရှည် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်မှုအရ သတ္တုတွင်းဒေသတွင် ယခုအခါ အပင်အမျိုးအစားပေါင်း ၉၆ မျိုး၊ ငှက်အမျိုးအစားပေါင်း ၄၀ ကျော် မှတ်တမ်းတင်ထားပြီး မြန်မာနိုင်ငံ ဒေသမျိုးစိတ်များ၊ ရှားပါးသောဆောင်းခိုငှက်များနှင့် တောရိုင်းတိရစ္ဆာန်များသည် ဤဒေသတွင် အမြဲတမ်း ရှင်သန်နေထိုင်၍ မျိုးပွားလျက်ရှိပြီး ဒေသ၏ ဇီဝမျိုးစုံမျိုးကွဲအခြေအနေ ကောင်းမွန်ကြောင်းတွေ့မြင်နိုင်ပါသည်။
ထို့အပြင် “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့” နှင့် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” စသည့်အထိန်းအမှတ်ပြုပွဲတော်များ ကို အခွင့်ကောင်းယူ၍ အွန်လိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်းပြန်ကြားခြင်း၊ သန့်ရှင်းရေးလှုပ်ရှားမှုများနှင့် ဂေဟစနစ်ဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများကို စတင်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အတွေးအခေါ်များကို ဝန်ထမ်းများနှင့် ဒေသခံလူထုကြားတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်စေ ခဲ့သည်။
၂။ ဒေသခံလူမှုအသိုက်အဝန်းတွင် နက်ရှိင်းစွာ အမြစ်တွယ်၍ ခိုင်မာသောလုပ်ရပ်များဖြင့် ပေါက်ဖော် ချစ်ကြည်ရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်း
ကုမ္ပဏီသည် ဒေသခံအသိုင်းအဝိုင်းတွင် အမြစ်တွယ်ကာ ‘‘အတူတူဖန်တီးပြီး အတူတူအကျိုးခံစားမည်’’ ဟူသော မူဝါဒကို အမြဲတမ်း လိုက်နာပြီး ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဒေသခံ အသိုင်းအဝိုင်းများ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ထားပါသည်။
ကုမ္ပဏီသည် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ လူမှုဘဝဖူလုံရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင် တက်ကြွစွာ တာဝန်ယူဆောင်ရွက်ပြီး ပတ်ဝန်းကျင်ကျေးရွာများနှင့်အတူ အေးအတူ ပူအမျှ အသိုက် အဝန်း တစ်ခုကို တည်ဆောက်သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပမာဏ ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့စဉ်က ကုမ္ပဏီသည် ဘေးဒဏ်သင့်ဒေသများသို့ အကူအညီများ ပေးအပ်ရန်အတွက် အရေးပေါ် တုံ့ပြန်ရေး ယန္တရားကို ချက်ချင်းစတင်ခဲ့သည်။ ကုမ္ပဏီသည် အထူး ငလျင်ကယ်ဆယ်ရေး ရန်ပုံငွေ မြန်မာကျပ်ငွေ သန်း ၈၄၀ ကျော်ကို ထည့်ဝင်လှူဒါန်းပေးခဲ့ပါသည်။ မြန်မာ နှင့် တရုတ်ဝန်ထမ်းများ အားလုံးကလည်း လှူဒါန်းငွေ စုစုပေါင်း မြန်မာကျပ်ငွေ ၈၄.၈၃ သန်းကို မိမိဆန္ဒအလျောက် ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် ဆိုးရွားစွာ ထိခိုက်ခံရသော ဒေသများရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ အရေးပေါ်လိုအပ်သော ဆေးဝါးများနှင့် သောက်သုံးရေ ကဲ့သို့သော ပစ္စည်းများကိုလည်း ပေးပို့လှူဒါန်းခဲ့သည်။ ဤကဲ့သို့သော လက်တွေ့ကျသော လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ ငလျင် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို ပံ့ပိုးပေးခဲ့ပြီး မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား နက်ရှိုင်းသော ပေါက်ဖော်ချစ်ကြည်ရေး ကို ပိုမိုခိုင်မြဲစေခဲ့သည်။
မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးလီမိတက် ၏ ၂၀၂၅ ခုနှစ် ESG အစီရင်ခံစာ ထုတ်ပြန်ခြင်း
မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးလီမိတက်သည် ၂၀၂၅ ခုနှစ် ESG (Environmental, Social, and Governance) အစီရင်ခံစာ ကို မကြာသေးမီက တရားဝင်ထုတ်ပြန်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်အတွင်း ကုမ္ပဏီသည် ဒေသဆိုင်ရာ လုံခြုံရေး အခြေအနေရှုပ်ထွေးမှု၊ ပြင်းအားရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှု နှင့် အလွန်အမင်း မိုးရွာသွန်းမှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားခဲ့သည်။
ကုမ္ပဏီသည် “ကြေးနီတူးဖေါ်ထုတ်လုပ်ရန် ၊ အားလုံးဝေစည်တိုးတက်ဖို့”(We Mine The Copper,We All Prosper) ဟူသော ဖွံ့ဖြိုးတိုးတက်မှု အယူအဆကို အစဉ်လိုက်နာပြီး ကမ္ဘာ့အဆင့်မီ ESG စံနှုန်းများ ၊ နိုင်ငံတကာ စက်မှုလုပ်ငန်း စံချိန်စံညွှန်းများ နှင့် ကိုက်ညီအောင် လုပ်ဆောင်ကာ ပတ်ဝန်းကျင်၊ လူမှုရေး၊ ဝန်ထမ်းအရည်အသွေးနှင့် အုပ်ချုပ်မှုကဏ္ဍအသီးသီးဖြင့် ရေရှည်တည်တံ့ဖွံ့ ဖြိုးရေး ကတိကဝတ်များ ကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့ပါသည်။
အစီရင်ခံစာတွင် ကုမ္ပဏီ၏ အစိမ်းရောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသခံ အသိုင်းအဝိုင်းနှင့် အတူတကွဖွံ့ဖြိုးရေး၊ ဒေသခံ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ပေးရေးနှင့် ခေတ်မီ စည်းမျဉ်းစည်းကမ်းအလိုက် အုပ်ချုပ်မှုကဏ္ဍများရှိ လုပ်ငန်းရလဒ်များနှင့် ဆန်းသစ်တီထွင်သည့် လုပ်ဆောင်မှုများကို စနစ်တကျ ဖော်ပြထားပါသည်။
၎င်းသည် ဒေသခံ လူထုအတွင်း အမြစ်တွယ်ကာ အပြန်အလှန် အကျိုးခံစားခွင့်များနှင့် ခိုင်မာသော လုပ်ငန်းလည်ပတ်မှုများကို ဖော်ဆောင်နေသည့် တာဝန်သိ လုပ်ငန်းတစ်ခုအဖြစ် ကမ္ဘာလုံးဆိုင်ရာ သက်ဆိုင်သူများအား ကုမ္ပဏီ၏ ကောင်းမွန်သော ပုံရိပ်ကို ဖော်ပြပေးထားပါသည်။
၁။ ကမ္ဘာ့အဆင့်မီ စိမ်းလန်းသောသတ္တုတွင်းလုပ်ကွက်တစ်ခု ဖြစ်လာစေရန် ဂေဟစနစ် အခြေခံ အုတ်မြစ်များကို ကာကွယ်ခြင်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် သတ္တုတွင်းလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးရေး၏ အဓိက အခြေခံအုတ်မြစ်ဖြစ်သည်။ ကုမ္ပဏီသည် လုပ်ငန်းစတင်သည့် အချိန်မှစ၍ နိုင်ငံတကာ စည်းမျဉ်းများနှင့် အပြည့်အဝ ကိုက်ညီအောင် လုပ်ဆောင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာသက်ရောက်မှုအကဲဖြတ်အစီရင်ခံစာ (ESIA) ကို ပြုစုရေးသားပြီးစီး၍ ပတ်ဝန်းကျင် လိုက်နာမှု အသိအမှတ်ပြုလက်မှတ် (ECC) ကို ရရှိထားပါသည်။
၂၀၂၅ ခုနှစ်အတွင်း ကုမ္ပဏီသည် ISO 9001 အရည်အသွေး စီမံခန့်ခွဲမှု၊ ISO 14001 ပတ်ဝန်းကျင် စီမံခန့်ခွဲမှု နှင့် ISO 45001 အလုပ်ခွင် ကျန်းမာရေး နှင့် လုံခြုံရေး စီမံခန့်ခွဲမှု ဟူသော နိုင်ငံတကာ စီမံခန့်ခွဲမှုစနစ်သုံးမျိုး၏ အတည်ပြု လက်မှတ် (၃) စောင်၏ သက်တမ်းတိုး စစ်ဆေးမှုကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီး မြင့်မားသော စံချိန်စံညွှန်းဖြင့် လုပ်ငန်းစဉ် တစ်ခုလုံးကို စည်းမျဉ်းအလိုက် လည်ပတ်လျက်ရှိပါသည်။
လွန်ခဲ့သောဆယ်နှစ်ကျော် ကာလအတွင်း ကုမ္ပဏီသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ သန်းထက် မနည်းသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေကို သီးသန့် အသုံးပြုလျက်ရှိပြီး သတ္တုတူးဖော်ခြင်း နှင့် မြေယာပြန်လည်ထူထောင်ခြင်းကို အချိန်နှင့်တပြေးညီ လုပ်ဆောင်ခဲ့ပါသည်။
သဘာဝ ပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် သတ္တုတွင်းပိတ်သိမ်းရေး အစီအစဉ်များကို လုပ်ငန်း ဒီဇိုင်းရေးဆွဲခြင်းကာလမှစ၍ ကြိုတင်စဉ်းစားပြီး နှစ်ပေါင်းများစွာ ကွင်းဆင်းစောင့်ကြည့်၍ ရရှိသည့် အချက်အလက်များအပေါ် အခြေခံကာ သိပ္ပံနည်းကျ ကြိုတင်မျှော်မှန်းနိုင်သည့် သတ္တုတွင်း ပိတ်သိမ်းရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲထားပါသည်။
သတ္တုတွင်း သက်တမ်းကုန်ဆုံးပြီး နောက်တွင်လည်း ယင်းဒေသသည် လှပသော ရှုခင်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော လူနေမှုပတ်ဝန်းကျင်ကို ပြန်လည် ရောက်ရှိစေမည် ဖြစ်သည်။
ရေအရင်းအမြစ် စီမံခန့်ခွဲမှုသည် ကုမ္ပဏီ၏ စိမ်းလန်းသော လုပ်ငန်း လည်ပတ်မှုတွင် ထင်ရှား သည့် အားသာချက် တစ်ခုဖြစ်သည်။ ဒေသတွင်း အပူပိုင်း မုတ်သုံရာသီဥတုနှင့် ကိုက်ညီအောင် ပြုလုပ်ထားသော စုစုပေါင်း ပမာဏ ကုဗမီတာ ၁.၈ သန်းကျော် ဆံ့သည့် မိုးရေစုဆောင်း သိုလှောင်မှုစနစ်ကို တည်ဆောက်ခဲ့သည်။ ကုမ္ပဏီသည် ထုတ်လုပ်မှုလုပ်ငန်းသုံးရေကို ပြင်ပသို့ လုံးဝ စွန့်ထုတ်ခြင်း မပြုသည့် မူဝါဒကို ကျင့်သုံးပြီး ရေအရင်းအမြစ်များကို အမျိုးအစား အလိုက် စုဆောင်းကာ အဆင့်ဆင့် ပြန်လည် အသုံးပြုခြင်းကို အကောင်အထည်ဖော်သည်။
၂၀၂၅ ခုနှစ်တွင် ချင်းတွင်းမြစ်မှ ရေထုတ်ယူမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း လျော့နည်းသွားပြီး ရေအရင်းအမြစ် ပြန်လည်အသုံးပြုခြင်း ထိရောက်မှု မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
ထို့အပြင် မြေပေါ်ရေ၊ မြေအောက်ရေနှင့် မြစ်ဝှမ်းရေ အရည်အသွေးကို စောင့်ကြည့်သည့် သုံးဖက်မြင် စောင့်ကြည့်ကွန်ရက်ကို ဒေသတစ်ခုလုံးတွင် တည်ဆောက်ကာ အဓိက ပတ်ဝန်းကျင်ဆိုင်ရာ ညွှန်းကိန်း ၁၂ ခုကို ပုံမှန်စောင့်ကြည့် စစ်ဆေးလျက်ရှိပြီး ဒေသတွင်း ရေအရည်အသွေးကို သက်ဆိုင်ရာ စံနှုန်းများနှင့် အပြည့်အဝ ကိုက်ညီအောင် ထိန်းသိမ်းထားသည်။
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
