ar
Feedback
The Standard Time Digital

The Standard Time Digital

الذهاب إلى القناة على Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
276
المشتركون
لا توجد بيانات24 ساعات
+17 أيام
+2630 أيام
أرشيف المشاركات
◾️မြန်မာနိုင်ငံကို အာဆီယံနှင့် ပြန်လည်ချိတ်ဆက်ပေးရေးအတွက် ပေါင်းကူးတံတားအဖြစ် ရပ်တည်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ပြောကြား မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ပြန်လည်ခေါ်ယူနိုင်ရန်ထိုင်းနိုင်ငံက မျှော်လင့် ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံ ဖူးခက်မြို့၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကိုအာဆီယံနှင့်ပြန်လည် ချိတ်ဆက်ပေးရေးအတွက်ပေါင်းကူး တံတားအဖြစ် ရပ်တည်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းန်ိုင်ငံခြားရေးဝန်ကြီးဆီဟဆက်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။ အလားတူ တစ်ဖက်တွင်လည်းမြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်နိုင်ငံတကာ အသိုက်အဝန်း တို့၏စိုးရိမ်မှုများကို ပြန်လည်တုံ့ပြန်ပေးခြင်းဖြင့် ထိုင်းနိုင်ငံအား ပြန်လည်ကူညီရမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏အဆိုအရ ထိုင်းအစိုးရ၏ မူဝါဒမှာအချက်ငါးချက်ပါ အာဆီယံ ငြိမ်းချမ်းရေး သဘောတူညီချက်နှင့်အညီအာဆီယံနှင့် မြန်မာအကြား တိုက်ရိုက် ထိတွေ့ ဆက်ဆံမှု ပြန်လည်စတင်နိုင်ရေးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေး သဘောတူညီချက်ကိုအကောင်အထည်ဖော် သင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်းဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင် ကြောင်းကို ပြသမည်ဖြစ်ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကတိပေးထားသည်။ ၂၀၂၁ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သော နိုင်ငံရေးပြဿနာများကို အကြောင်းပြု၍ အာဆီယံ အဖွဲ့သည် အဓိက အာဆီယံ ထိပ်သီးညီလာခံများ၌ မြန်မာနိုင်ငံအစိုးရခေါင်းဆောင်များ ပါဝင်မှုကို ပိတ်ပင်ထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️တောင်ဒဂုံရှိ သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ စာချုပ်တွင် မပါဝင်သူများကို နေထိုင် စေခြင်းနှင့် အခန်းအရောင်း အဝယ် ပြုလုပ်ပါက အရေးယူခံရမည် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်ရှိသုခဒဂုံ ပြည်သူ့အငှားအိမ်ရာ အတွင်း တရားဝင် နေထိုင်ခွင့်ရသူမှအပ ထပ်ဆင့်ငှားရမ်းခြင်းအိမ်ငှားစာချုပ်တွင် မပါဝင်သူများ ကိုနေထိုင်စေခြင်းနှင့်အခန်း များ အရောင်းအဝယ်လုပ်ခြင်းများကို ရှောင်ကြဉ်ကြရန် နှင့် စစ်ဆေး ပေါ်ပေါက် ပါက အခန်းငှားရမ်းနေ ထိုင်ခွင့်ကို ပယ် ဖျက်၍ ဥပဒေနှင့်အညီ အရေးယူခံ ရမည် ဖြစ်ကြောင်း အသိပေးအပ်ကြောင်း မြို့ပြနှင့် အိမ် ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ နိုင်ငံပိုင် အခန်းများကို ခွင့်ပြုချက်မရှိဘဲ ရောင်းစား သူများနှင့် ပူးပေါင်း ပါဝင်သူများကို အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသည် နေရေး အခက်အခဲရှိသော ပြည်သူ့အငြိမ်းစား ဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း များကို ငါးနှစ် ငှားရမ်းနေထိုင်ခွင့်ပေးသည့် ပြည်သူ့အငှား အိမ်ရာဖြစ်ကြောင်း သိရ သည်။ တချို့ ငှားရမ်းနေထိုင်ခွင့် ရရှိသူများသည် ကိုယ်တိုင်နေထိုင်ခြင်းမရှိဘဲ ထပ်ဆင့်ငှား ရမ်းခြင်း၊ ငှားရမ်းခွင့်စာရင်းတွင် မပါဝင် သူများကို နေထိုင်စေခြင်း၊ တချို့မှာ မိမိ မပိုင်သော အခန်းများ ကို လက်ညှိုးထိုး ရောင်းစားခြင်း၊ဈေးဆိုင်ခန်းများကို လက်ညှိုးထိုး ရောင်းစားခြင်းများ ဆောင်ရွက်နေကြောင်းကြား သိရကြောင်း၊ နိုင်ငံပိုင်အခန်းများကို ခွင့်ပြုချက်မရှိ ဥပဒေမဲ့ ရောင်းစားသူများနှင့်ပူးပေါင်း ပါဝင်သူများကို တရားစွဲဆိုခဲ့ရာ သုံးဦးကို တရားရုံးက ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး ဥပဒေ ပုဒ်မ -၆(၁) အရပြစ်မှု ကျူးလွန် သဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ကျခံ စေခဲ့ကာ ဌာနကလည်း အိမ်ခန်းငှားရမ်းခွင့် ပယ်ဖျက်ပြီးအခန်းကို ပြန်လည် သိမ်းယူခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။ သတင်း-လူ့တလူ ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ပီရူးသမ္မတ ဟိုဆေးဂျာရီကို ကွန်ဂရက်လွှတ်တော်အမတ်များ ရာထူးမှဖယ်ရှား ပီရူးသမ္မတ ဟိုဆေးဂျာရီကိုတရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံမှုဖြင့် ပီရူးကွန်ဂရက်လွှတ်တော်က ဖေဖော်ဝါရီ ၁၈ရက်တွင် ရာထူးမှ ဖယ်ရှားခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၈ ရက် ပီရူးကွန်ဂရက်လွှတ်တော်မဲခွဲပွဲတွင် လွှတ်တော်အမတ် ၇၅ ဦးတို့က သမ္မတဟိုဆေးဂျာရီအား ရာထူးမှ ဖယ်ရှားရေး အဆိုပြုချက်ကို ထောက်ခံမဲ ပေးခဲ့ကြပြီး ကန့်ကွက်မဲပေးသူ လွှတ်တော်အမတ်အရေအတွက်မှာ ၂၄ ဦးသာရှိခဲ့သည်။ သမ္မတဟိုဆေးဂျာရီသည် ပီရူးသမ္မတရာထူးကို ရယူခဲ့ပြီး လေးလခန့်အကြာတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။ယင်းအပြင် ဟိုဆေးဂျာရီသည်ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ပီရူးကွန်ဂရက်လွှတ်တော်က ရာထူးမှဖယ်ရှားခဲ့သော တတိယမြောက် သမ္မတလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ပီရူးကွန်ဂရက်လွှတ်တော်သည် သမ္မတရာထူးကို ရယူရမည့် လွှတ်တော် ဥက္ကဋ္ဌသစ်ကိုရွေးချယ်တင်မြှောက်ရန် စီစဉ်ထားသည်။အဆိုပါလွှတ်တော်ဥက္ကဋ္ဌသစ်သည် (၁၀) နှစ်တာ ကာလအတွင်းရှစ်ဦးမြောက်သမ္မတအဖြစ် ပီရူးနိုင်ငံရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာ များကို ဖြေရှင်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ သမ္မတ ဟိုဆေးဂျာရီသည်ကျိဟွာယန်း အမည်ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် စားသောက်ဆိုင်တစ်ဆိုင်၌ ညပိုင်းကာလ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက်ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးမှုကိုသမ္မတဟိုဆေးဂျာရီအနေဖြင့် လူသိရှင်ကြား ကြေညာခဲ့ ခြင်းမရှိကြောင်းပီရူးလွှတ်တော်အမတ်များက ပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️တာကာအိချီကို ဝန်ကြီးချုပ်အဖြစ်ဂျပန်လွှတ်တော် ပြန်လည်ခန့်အပ် ဂျပန်ဝန်ကြီးချုပ် တာကာအိချီကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဂျပန်လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းကျင်းပခဲ့သော ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်တာကာအိချီ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက အပြတ်အသတ် အနိုင်ရရှိ ခဲ့ပြီးနောက် ဂျပန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က တာကာအိချီကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အောက်လွှတ်တော် ရွေးကောက်ပွဲရလဒ်များအရအစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေးအတွက် ဝန်ကြီးချုပ်တာကာအိချီ ဦးဆောင်သော ဂျပန်အစိုးရအဖွဲ့တစ်ဖွဲ့လုံးဖေဖော်ဝါ ရီ ၁၈ ရက် နံနက်ပိုင်းတွင် နုတ်ထွက်ပေးခဲ့ပြီးနောက် တာကာအိချီအား ဂျပန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်အဖြစ် ပြန်လည် ခန့်အပ်ခံခဲ့ရပြီးနောက်တာကာအိချီ အနေဖြင့် ၎င်း၏ ဒုတိယမြောက် အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးရမည်ဖြစ်သည်။ ဝန်ကြီးချုပ် တာကာအိချီ၏ အစိုးရအဖွဲ့သစ်တွင် ယခင်အစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင်အားလုံးနီးပါး ပြန်လည်ပါဝင်လာနိုင် ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့သော ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲများတွင် တာကာအိချီ၏ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီသည် အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာ၏ သုံးပုံ နှစ်ပုံကို ထိန်းချုပ်နိုင်ခဲ့သည်။ ဝန်ကြီးချုပ် တာကာအိချီအနေဖြင့် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်မှု ပြဿနာ၊ လူဦးရေ ကျဆင်းမှုပြဿနာနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးစိုးရိမ်မှုများကို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။ ယင်းအပြင် တာကာအိချီသည် ဂျပန်နိုင်ငံ၏ စစ်ရေး အသုံးစရိတ်ကို မြှင့်တင်သုံးစွဲရန်၊ အစိုးရအသုံးစရိတ်ကို မြှင့်တင်ရန်နှင့် ကွန်ဆာဗေးတစ် လူမှုရေးမူဝါဒများ အားကောင်း ခိုင်မာလာစေရန်အတွက်လည်း ဦးစားပေး ကြိုးစားဖွယ်ရှိသည်။ တစ်ချိန်တည်းမှာပင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့ အကြား ပေါ်ပေါက်နေသော သံတမန်ရေးတင်းမာမှုများကိုလည်းဝန်ကြီးချုပ်တာကာအိချီအနေဖြင့်ရင်ဆိုင်ကျော်လွှားရမည်ဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ထိုင်းတွင် ကြောင်အား နှလုံးစက် ထည့်သွင်းကုသမှု ပထမဆုံး အောင်မြင် ထိုင်းနိုင်ငံတွင် ကြောင်တစ်ကောင်အတွင်း နှလုံးကြိမ်နှုန်းထိန်းစက် ထည့်သွင်းကုသနိုင်ခဲ့မှုကို ချူလာလောင်ကွန်းတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုသရေး ဆရာဝန်များက ပထမဆုံးအကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ပက်စီဟု ခေါ်သော ရှစ်နှစ်သား အမွှေးတို အိမ်မွေးကြောင်သည် ခွဲစိတ်ကုသမှု မလုပ်ခင်က နှလုံးခုန်နှုန်း မမှန်သောကြောင့် မူးဝေပြီး တစ်နေ့လျှင် သုံး၊ လေးကြိမ်ခန့် လဲကျနေခဲ့သည်။ ခွဲစိတ်မှု ခံယူပြီးနောက်တွင် ကြောင်လေးက အပြည့်အဝ ပြန်လည် ကျန်းမာနေပြီဖြစ်ကာ ဆော့ကစားတတ်သော ၎င်း၏ပုံစံအတိုင်း ပုံမှန် ကျန်းမာသောဘဝကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။ ကြောင်လေး၏ သွေးကြောများ သေးငယ်မှုနှင့် ပါးလွှာ သော နှလုံးနံရံများကြောင့် ခွဲစိတ်မှုလုပ်ရခြင်းမှာ အလွန်ရှုပ်ထွေးပြီး ရင်ဘတ်ကို ဖွင့်၍ တိုက် ရိုက်ခွဲစိတ်ကုသမှု နည်းလမ်းကို အသုံးပြုခဲ့ရသည်။ ‌ ကြောင်လေးပက်စီ၏ မူမမှန်သော နှလုံးခုန်နှုန်း မှန်ကန်သွားစေရန် ချူလာလောင်ကွန်းတက္ကသိုလ် တိရစ္ဆာန်ဆေး ကုသရေးဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအနုဆစ်ကစ်တာဝန်ရတ်နှင့် အဖွဲ့က လူသားများတွင် အသုံးပြုသော နှ လုံးကြိမ်နှုန်းထိန်းစက်ကို ပြုပြင်၍ ထည့်သွင်းကုသပေးခဲ့ကြသည်။ ပက်စီအား ခွဲစိတ်ကုသမှုသည် နည်းစနစ်ပိုင်းအရ စိန်ခေါ်မှုတစ်ခုဖြစ်သလို ထိုင်းနိုင်ငံ၏ တိရစ္ဆာန်နှလုံးကုသမှုတွင် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ဒေါက်တာအနုဆစ်က ဆိုသည်။ သတင်း-ရဲမင်း ကိုးကား-The Nation #နိုင်ငံတကာသတင်း

photo content

◾️ထိုင်းတွင် CI စာအုပ်အသစ်ထုတ်ပေးရေးစခန်းများ ဖွင့်လှစ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI စာအုပ်)အသစ် ထုတ်ပေးရေးစခန်းများကို ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ ဖွင့်လှစ်ပေးနေပြီဖြစ်သည်။ CI စာအုပ်အသစ် ထုတ်ပေး ရေးစခန်းများကိုစမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီစသော ခရိုင်ငါးခုတွင် ဖွင့်လှစ်နေခြင်းဖြစ်ပြီး CI စာအုပ်အသစ်ပြုလုပ်လို သူများ အနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ဘတ် ၂၆၇၀ ကို ပေးသွင်း၍ ကြိုတင်ရက်ချိန်းရယူရမည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) စာရွက်များကို ကိုင်ဆောင်၍ မိမိရွေးချယ်ထားသော ဃှု စခန်းများတွင် စာအုပ်အသစ် လုပ်ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပြုလုပ် ထားပြီး နိုင်ငံကူးလက်မှတ်စာအုပ်မရှိသည့် မြန်မာအလုပ်သမားများ CI စာအုပ်အသစ် စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်အလုပ် လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ထားသူများမှာမူ CI စာအုပ်အသစ်လုပ်၍ မရသေးကြောင်း မြန်မာ အလုပ်သ မားအကျိုးဆောင်များထံမှ သိရသည်။ ယခုနှစ် CI စာအုပ်အသစ် ပြုလုပ်သူများသည်အလုပ်လုပ်ခွင့်လက်မှတ်ကို သက်တမ်းတိုး ပြီးပါကအလုပ်လုပ်ခွင့်ဗီဇာ (Non LA) ကို ၂၀၂၇ ခုနှစ် မတ်၃၁ ရက်အထိ ရရှိ မည်ဖြစ်ပြီး ဗီဇာကို တစ်နှစ်အတွင်းနှစ်ကြိမ်အထိ တုံးထုရမည်ဖြစ်ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- CJ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️သာကေတနှင့် သန်လျင်ရှိ LNG သုံး ဓာတ်အားပေးစက်ရုံများမှ နွေရာသီတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည် သာကေတနှင့် သန်လျင်ရှိ LNG သုံးဓာတ်အားပေးစက်ရုံများမှ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။ ကုန်ထုတ်စွမ်းအား တိုးတက်စေရန်အတွက် LNGသုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ် သည့် ဓာတ်အားများကို တိုက်ရိုက်လိုင်းဖြင့်ဓာတ်အားပေးထားသည့် စက်မှုဇုန်၊ အထူး စီးပွားရေးဇုန်နှင့် စက်မှုစီးပွားရေးလုပ်ငန်းများအား၂၄ နာရီ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာများတွင် ယခင်အသုံးပြုခဲ့သည့် ဓာတ်အားများအား အများပြည်သူထံ ဖြန့်ဖြူး သွားမည်ဖြစ်ပြီး နွေရာသီကာလတွင် သုံးစွဲသူများ ဓာတ်အားတိုးတက်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစတင်ပြီး သာကေတနှင့် သန်လျင်LNG သုံး ဓာတ်အားပေး စက်ရုံများမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေပြီးဖေဖော်ဝါရီလအတွင်းတွင်လည်း LNG တင်သွင်းလာသည့် သင်္ဘောများ ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- MDN #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ထိုင်းနိုင်ငံ အလယ်ပိုင်းတွင်တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံအလယ်ပိုင်း ဖိချိတ် (Phichit)ခရိုင်တွင်ဖေဖော်ဝါရီ ၁၇ ရက်က တရားမဝင် ဝင်ရောက်လာသည့်မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်း၏ဖော်ပြချက်အရ သိရသည်။ ရဲတပ်ဖွဲ့သည် ဖိချိတ်ခရိုင် ၀ချီရာဘာရာမီမြို့နယ် နောင်လုံ ကျေးရွာအနီး ဖိစနု လောက်-နခွန်စဝမ် လမ်းမကြီး (အဝေးပြေးလမ်း ၁၁၇) ပေါ်၌အရှိန်ပြင်းစွာ မောင်းနှင်နေသည့် သံသယဖြစ်ဖွယ် ကားသုံးစီးကိုစစ်ဆေးရာက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကားများသည် ချင်းမိုင်လိုင်စင်များဖြစ်ကြပြီး ကားများပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူအားလုံးနှင့် သိမ်းဆည်းရမိသည့်ယာဉ်များကို ၀ချီရာဘာရာမီရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️အီရန် တော်လှန်ရေးအစောင့်တပ်ဟော်မုဇ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်မှုစတင် အီရန်တော်လှန်ရေး အစောင့်တပ် လက်နက်ကိုင်တပ်များက ကမ္ဘာ့အရေးကြီးဆုံး မဟာဗျူဟာ မြောက် ရေလမ်းကြောင်းတစ်ခုဖြစ်သော ဟော်မုဇ်ရေလက်ကြား၌ ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်းအီရန်အစိုးရ မီဒီယာများက သတင်း ထုတ်ပြန် ထားသည်။ ဟော်မုဇ်ရေလက်ကြားဒေသ၌ပေါ်ထွက်လာနိုင်သောလုံခြုံရေးနှင့်စစ်ရေးခြိမ်းခြောက်မှုများအတွက် အသင့်အနေထား ပြင်ဆင်ထားရန် အီရန်တော်လှန်ရေး အစောင့်တပ်က စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းအီရန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အီရန်နှင့်အမေရိကန် ကိုယ်စားလှယ်များ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများ မစတင်မီ တစ်ရက်အလိုတွင်အီရန်တော်လှန်ရေး အစောင့်တပ်က ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်နေခြင်းဖြစ်သည်။ အီရန်နှင့်အမေရိကန် ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများကိုဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲများ၌အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့်အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီတို့ တက်ရောက်ကြမည်ဖြစ်သည်။ အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက် မရယူနိုင်ပါက ဆိုးရွားသည့် အကျိုးဆက် များနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတိပေး ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဗန်ကောက်တွင် အမေရိကန်တစ်ဦး အသတ်ခံရမှုမြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို ဖမ်းဆီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Chom Thongခရိုင် Soi suksawat 26 တွင် ဖေဖော်ဝါရီ ၁၆ ရက်က မြန်မာအမျိုးသားလေးဦး၏ ရိုက်နှက်မှုကြောင့် အသက် (၅၅) နှစ်အရွယ်အမေရိကန် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ထိုင်းသတင်းများ၌ ဖော်ပြချက်အရ သိရသည်။ အဆိုပါ မြန်မာများနှင့် အမေရိကန်တို့သည် အဆောင်တစ်ခုတည်း၌နေထိုင်ကြသူများဖြစ်ပြီး ထိုလေးဦးထဲမှ တစ်ဦး၏ညီမဖြစ်သူနှင့် သေဆုံးသူ အမေရိကန်နိုင်ငံသားမှာ ရည်းစား ဟောင်း များဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင်အမေရိကန်နိုင်ငံသားမှာ၎င်း၏ ရည်းစားဟောင်း မြန်မာအမျိုးသမီး၏ အခန်းသို့ ဓားကိုင်ဆောင်ကာရောက်ရှိလာခဲ့သဖြင့် အစ်ကိုဖြစ်သူအပါ သူငယ်ချင်းများနှင့်ပါ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်၌ အမေရိကန်နိုင်ငံသား ထပ်မံ ရောက်ရှိ လာခဲ့ပြီးဓားဖြင့်ထိုးရန် ကြိုးစားခဲ့ရာ မြန်မာအမျိုးသားလေးဦးက ကိုယ့်ကိုယ်ကိုယ်ကာကွယ် သည့်အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းအား သတ်ရန်ရည်ရွယ်ချက်မရှိခဲ့ဟု ရဲတပ်ဖွဲ့ ထံ ထွက်ဆိုထားကြောင်း သိရသည်။ သေဆုံးသွားသည့် အမေရိကန်အမျိုးသားတွင် ဓားဒဏ်ရာ ငါးချက်တွေ့ရှိရသလို ရိုက်နှက်ခံရ မှုကြောင့် ခြေထောက်နှစ်ဖက်စလုံးကျိုးနေသည်ကို တွေ့ရပြီးရုပ်အလောင်းအား Siriraj ဆေး ရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့သည် အမှုကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်ပြီး ဖမ်းဆီးခံရသူ လေးဦးအား မည်သည့်ပုဒ်မများဖြင့်အရေးယူမည်ကို အတည်မပြုရ သေးကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-Amarin TV #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content