ar
Feedback
The Standard Time Digital

The Standard Time Digital

الذهاب إلى القناة على Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
274
المشتركون
لا توجد بيانات24 ساعات
+27 أيام
+2630 أيام
أرشيف المشاركات
photo content

◾️YBS ယာဉ်လိုင်းများတွင် EV Bus များစမ်းသပ်ပြေးဆွဲမည် လေထုညစ်ညမ်းမှုနှင့်လောင်စာများလျော့ပါးသက်သာစေရန်ဟုဆိုကာ YBS ယာဉ်လိုင်းများတွင် EV Bus များစမ်းသပ်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC) ထံမှသိရသည်။ EV Bus များအစားထိုးပြေးဆွဲနိုင်ရန် ၂၀၂၃ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံရှိ EV ထုတ်လုပ်သည့်ကုမ္ပဏီများအားခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ EV Bus စမ်းသပ်ပြေးဆွဲနိုင်ရန် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ တရားဝင်ပို့ကုန်တင်ပို့လျက်ရှိသော ကုမ္ပဏီ၏တင်သွင်းခွင့်ပြုချက်လိုင်စင်နှင့် Pathein Auto Trading ကုမ္ပဏီမှတစ်ဆင့် EV Bus 8.19 meter နှစ်စီးအား YRTC မှဝယ်ယူခဲ့ကြောင်း တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။ ဝယ်ယူခဲ့သည့် ာဉ်အမျိုးအစားမှာ ၂၀၂၄ ခုနှစ်ပုံစံ Bus 4x2 EV 8.19 meter N8 Pure Electronic Urban Bus ဖြစ်ပြီး အရောင်မှာအဖြူရောင်နှင့်အစိမ်းရောင်ဖြစ်ကြောင်း၊ ယာဉ်အလေးချိန် - ၈၂၀၀ KG ရှိပြီး ထိုင်ခုံ ၂၅ လုံး၊ လက်တန်း ၂၀ ပါရှိပြီး MAX Driving- ၃၄၀ km နှင့် အားသွင်းရန်ကြာချိန်လေးနာရီ ဖြစ်ကြောင်းသိရသည်။ တန်ဖိုးအနေဖြင့် USD 80,000 (ကျပ် ၃၆၂,၈၃၅,၂၀၀)၊ သယ်ယူပို့ဆောင်မှုစရိတ် - USD 12,000 (ကျပ် ၅၄,၄၂၅,၂၈၀)၊ လုပ်ငန်းကြီးကြပ်ခ- USD 3150 (ကျပ် ၁၄,၂၈၆,၆၃၆)၊ ဆိပ်ကမ်းရောက်တန်ဖိုး - USD 95150 (ကျပ် ၄၃၁,၅၄၇,၁၁၆) ရှိကြောင်း ဦးလျန်ကျင့်မန်ကပြောသည်။ “EV ကားအသုံးပြုမှုတွေကို YRTC ကအခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ဦးစီးမှုနဲ့ ကျင်းပဆောင်ရွက်တဲ့ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ နိုင်ငံတော်ဆိုင်ရာအခမ်းအနားများ၊ တိုင်းဒေသကြီးအခမ်းအနားများ၊ ပညာရေး/ကျန်းမာရေး/ အားကစား/ဈေးရောင်းပွဲတော်များနဲ့ အခြားကျင်းပဆောင်ရွက်သည့်အခမ်းအနားများမှာ အခမဲ့ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိစာရင်းများအရ မြန်မာနိုင်ငံတွင်မော်တော်ယာဉ် ၅,၅၈၅,၇၈၅ စီးရှိပြီး EV ကား ၂၇၅၂၇ စီးရှိကြောင်းသိရသည်။ လောင်စာဆီသုံးယာဉ်များအတွက် လိုအပ်သောစက်သုံးဆီနှင့်ဒီဇယ်ဆီကို ပြည်ပမှတင်သွင်းရခြင်းကြောင့် တိုင်းပြည်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်လာသကဲ့သို့ လေထုညစ်ညမ်းမှုကိုလည်းဖြစ်စေကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုနှင့် လောင်စာများလျော့ပါးသက်သာစေရန် ၂၀၃၀ ပြည့်နှစ်တွင် ၃၂ ရာခိုင်နှုန်း၊၂၀၄၀ ပြည့်နှစ်တွင် ၆၇ ရာခိုင်နှုန်း၊၂၀၅၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်းအထိ EV ကားများအသုံးပြုရန် နိုင်ငံတော်ရည်မှန်းချက်နှင့်အညီ YRTC အနေဖြင့်လည်း Ev Bus များအစားထိုးပြေးဆွဲနိုင်ရန် စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။ သတင်း - အင်ကြင်း ဓာတ်ပုံ - YRTC #ပြည်တွင်းသတင်း

photo content

‎◾️ယီမင်အခြေစိုက် ဟူသီသူပုန်အုပ်စု အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ် ‎ ‎အီရန်စစ်ပွဲ စတင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယီမင်နိုင်ငံက အစ္စရေးနိုင်ငံကို ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က မတ် ၂၈ ရက်တွင် သတင်းထုတ်ပြန် ထားသည်။ ‎ ‎ယီမင်အခြေစိုက် ဟူသီသူပုန် အုပ်စုက မတ် ၂၈ ရက်တွင် အစ္စရေး နိုင်ငံကို ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက် မှုသည် အရှေ့အလယ်ပိုင်းစစ်ပွဲ ပိုမို ကျယ်ပြန့်လာသည့်သဘောကို ပြသ လျက်ရှိသည်။ ‎ ‎အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက် တွင် အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ် ပိုင်းစစ်ပွဲ စတင်ခဲ့ရသည်။ ‎ ‎အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့က ဆက်လက်တိုက်ခိုက် နေမည်ဆိုပါက မိမိတို့အနေဖြင့် တုံ့ပြန်ရန် ပြင်ဆင်ထားကြောင်း ဟူသီ သူပုန်အုပ်စုက မတ် ၂၈ ရက်အစော ပိုင်းတွင် ပြောကြားထားသည်။ ‎ ‎အစ္စရေးနိုင်ငံသည် မတ် ၂၈ ရက်တွင် အီရန်နိုင်ငံ တီဟီရန်မြို့တော် တို့ရှိပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေစဉ် ယီမင်အခြေ စိုက်ဟူသီအုပ်စု၏ ဒုံးကျည်တိုက်ခိုက် မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ‎ ‎ဟူသီသူပုန်အုပ်စုသည် အီရန် နိုင်ငံ၏ အရှေ့အလယ်ပိုင်း မဟာမိတ် အုပ်စုများထဲတွင်ပါဝင်သော ရှီးယိုက်စ် လက်နက်ကိုင်အုပ်စုဖြစ်သည်။ ‎ ‎ဟူသီသူပုန်အုပ်စုသည် ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဂါဇာကမ်းမြောင်စစ်ပွဲ စတင်ခဲ့ပြီး နောက် အစ္စရေးနိုင်ငံနှင့် ပင်လယ်နီ ရေလမ်းကြောင်းများကို ခြိမ်းခြောက် တိုက်ခိုက်ခဲ့ဖူးသည်။ ‎ ‎ကိုးကား- ရိုက်တာ ‎#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️အီရန်အတွက် မြေပြင်တပ်များမလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်စစ်ရေးရည်မှန်းချက်များကို မြေပြင်တပ် များသုံးရန်မလိုဘဲ ရယူနိုင်စွမ်းရှိကြောင်းအမေရိကန် နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက မတ် ၂၇ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။ ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သောဂျီ (၇) အုပ်စု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် အီရန်စစ်ရေးရည်မှန်းချက်များကို ရယူနိုင်ရန်ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်ပြီး ယင်းရည်မှန်းချက်များရရှိရေးအတွက် မြေပြင်တပ်များအား အသုံးပြုရန် မလိုကြောင်းမာကိုရူဘီယိုက ပြောကြားခဲ့သည်။ ယင်းအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်ရေတပ်နှင့်လေတပ်ကို ဖျက်ဆီး နိုင်ခဲ့သလိုဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုစက်ရုံများကိုလည်း ဖျက်ဆီးနိုင်ခဲ့ရာ အီရန်စစ်ပွဲကို လာမည့်သီတင်းပတ် အနည်းငယ်အတွင်းအဆုံးသတ်နိုင်ဖွယ်ရှိကြောင်း နိုင်ငံ ခြားရေးဝန်ကြီး မာကိုရူဘီယိုကသုံးသပ်ထားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပင်လယ်ကွေ့ဒေသသို့မြေပြင်တပ်ဖွဲ့ဝင်များ စေလွှတ်ထားမှုသည်အီရန်ပြဿနာကို တုံ့ပြန်ရာတွင်သမ္မတဒေါ်နယ်ထရန့်အတွက် ရွေး ချယ်နိုင်မည့်နည်းလမ်း စုံလင်စေရန်စေလွှတ်ထားခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားထားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းဒေသသို့ မြေပြင်တပ်ဖွဲ့ဝင် ၁၀၀၀၀ခန့် ထပ်မံစေလွှတ်ရန် စဉ်းစားနေကြောင်း သတင်းများပေါ်ထွက်နေချိန် တွင်နိုင် ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ သုံးသပ်ချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။ လက်ရှိဖြစ်ပွားဆဲ အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရေးအတွက်အမေရိကန်နှင့် အီရန်တာဝန်ရှိသူများ ဆွေးနွေးနေကြချိန်တွင်အီရန်၏ ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း များအား တိုက်ခိုက်ဖျက်ဆီးမည့်အစီအစဉ်ကို ဧပြီ ၆ ရက်အထိ၁၀ ရက် နောက်ဆုတ် ပေးထားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၂၇ ရက်တွင် ပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ချင်းမိုင်၌ အလုပ်လုပ်ကိုင်ခွင့် မရှိဘဲ လုပ်ကိုင်သူများ ဖမ်းဆီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားသုံးဦး၊ လာအို တစ်ဦးနှင့် မှတ်ပုံတင်မရှိသူ သုံးဦးကို ဖမ်းဆီးခဲ့ကြောင်းချင်းမိုင်လူဝင်မှု ကြီးကြပ်ရေးဌာနကမတ် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ မတ် ၂၆ ရက်တွင် ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်ခရိုင် အလုပ်အကိုင် ရှာဖွေရေးရုံးနှင့် ပူးပေါင်း၍ ဖားဟမ်းရပ်ကွက်အတွင်းရှိ လုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ၎င်းနေရာတွင် နိုင်ငံခြားသားများကို တရားမဝင် ငှားရမ်းခိုင်းစေနေကြောင်း သတင်းပေး ချက်အရ စစ်ဆေးရာ မြန်မာနိုင်ငံသား သုံးဦး၊ မှတ်ပုံတင်မယ့်သူသုံးဦးနှင့် လာအို နိုင်ငံသားတစ်ဦး စုစုပေါင်း ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့အား အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲအလုပ်လုပ်ကိုင်ခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်ရှိသော်လည်း အလုပ်ဝင်ပြီး ၁၅ ရက်အတွင်း အလုပ်ရှင်အမည်၊ လုပ်ငန်းခွင်နေရာနှင့် အလုပ်အမျိုးအစား ပြောင်းလဲမှုကို မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရန် ပျက်ကွက်ခြင်း စသည့် ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ချက်အရ မတ် ၂၆ ရက်တစ်ရက်တည်းတွင် ဆန်ဆိုင်းမြို့နယ် ဆန်စိုင်နွိုင်ရပ်ကွက်ရှိ လုပ်ငန်းခွင်တစ်ခု၌အလှပြင်အလုပ်လုပ် ကိုင် နေသည့် မြန်မာအမျိုးသမီးနှစ်ဦးနှင့် အိမ်အကူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-Chiangmai Immigration #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ဘင်္ဂလားဒေ့ရှ်၌ ခရီးသည်တင် ဘတ်စကားတစ်စီးကူးတို့သင်္ဘောပေါ် မောင်းတက်စဉ် မြစ်ထဲထိုးကျ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပက်ဒမာမြစ်ထဲ၌ ကူးတို့သင်္ဘောတစ်စင်းပေါ် မောင်းတက်ရန် ကြိုးပမ်းနေသည့် ခရီးသည်တင် ဘတ်စကားတစ်စင်း မြစ်ထဲထိုးကျခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ရကြောင်းဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက မတ် ၂၆ ရက်တွင်ပြောကြားသည်။ အဆိုပါဖြစ်စဉ်သည် ဒါကာမြို့တော်နှင့် ၆၂မိုင်ခန့်အကွာ ရာ့ဂ်ျဘာရီခရိုင် ဒါလာဒီးယားကူးတို့ ဆိပ်၌ မတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။လူပေါင်း ၄၀ ခန့်လိုက်ပါလာသော ယင်း ခရီးသည်တင် ဘတ်စကားသည် မြစ်ဆိပ်၌ ကူးတို့သင်္ဘောပေါ်မောင်းတက်ရန် ကြိုးပမ်း နေစဉ် အရှိန်မထိန်းနိုင်တော့ဘဲ ပက်ဒမာမြစ်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားသည်။ ပက်ဒမာမြစ်ထဲသို့ ဘတ်စကားထိုးကျခဲ့ပြီးနောက် တာဝန်ရှိသူများက သေဆုံးသူ ၂၄ ဦးတို့၏ရုပ်အလောင်းများကို ပြန်လည်ရယူနိုင်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရေငုပ်သမားများက ဘတ်စကားမတော် တဆမှုအတွင်း ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးသည်တင် ဘတ်စကားသည်ကူးတို့သင်္ဘောပေါ်မှ ထိုးကျခဲ့ပြီးနောက် အနက် ပေ ၃၀ နီးပါးရှိသော ပက်ဒမာမြစ်အတွင်း နစ်မြုပ်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ ကပြောကြားထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကုန်းလမ်းယာဉ်မတော်တဆမှုများနှင့်၊ ရေကြောင်းလမ်း ရေယာဉ် မတော်တဆမှုများကြောင့် နှစ်စဉ်လိုလို လူပေါင်းများစွာသေဆုံးကြရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️စစ်ရေးအရှုံးကိုလက်မခံပါကတိုက်ခိုက်မှုနှင့် ထပ်မံရင်ဆိုင်ရနိုင်ကြောင်းအီရန်ကို သတိပေး အီရန်နိုင်ငံအနေဖြင့် စစ်ရေးအရ ရှုံးနိမ့်မှုကို လက်ခံခြင်းမရှိခဲ့ပါက အမေရိကန်အစိုးရ၏ တိုက်ခိုက်မှုနှင့် ပြင်းပြင်းထန်ထန် ထပ်မံရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ကာရိုလိုင်းလီဗစ်က မတ် ၂၅ ရက်တွင် ပြောကြားထားသည်။ စစ်ရေးအရ အရေးနိမ့်မှုကို အီရန်အစိုးရက လက်ခံခြင်းမရှိပါက သမ္မတဒေါ်နယ်ထရန့် အနေဖြင့် ပို၍ပြင်းပြင်းထန်ထန်တိုက်ခိုက်ရန် ပြင်ဆင်ထားမည်ဖြစ်ကြောင်း ကာရိုလိုင်းလီဗစ်က ပြောကြားထားသည်။ ယင်းအပြင် အီရန်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေနှင့်ပတ်သက်ပြီးအတွက်အချက် ထပ်မမှားသင့်တော့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက သတိပေးထားသည်။ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုသည် အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် အဆိုပြုချက်တစ်ရပ်ကို ရေးဆွဲထားရာ အီရန်နိုင်ငံက ယင်းအဆိုပြုချက်ကို သုံးသပ်နေ ဆဲဖြစ်ကြောင်း အီရန်အစိုးရထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အမေရိကန်မီဒီယာများ၏ အဆိုအရ သမ္မတဒေါ်နယ်ထရန့်သည် အီရန်စစ်ပွဲအဆုံးသတ်ရေး အတွက် အချက် ၁၅ ချက်ပါ အဆိုပြုချက်တစ်ရပ်ကို အီရန်အစိုးရထံ ပေးပို့ထားကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ပတ္တယားတွင် မြန်မာလုပ်သားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၄၆ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားမြို့တွင် မြန်မာအလုပ်သမား ၆၃ ဦးအပါအဝင် နိုင်ငံခြား သားအလုပ်သမား ၁၄၆ ဦးကို ချွန်ဘူရီခရိုင် လ၀ကရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြချက်အရသိရသည်။ မတ် ၁၆ ရက်မှ ၂၂ ရက် အတွင်းပတ္တယားရှိ တရားမဝင်နိုင်ငံခြားသားလုပ်သားများကို နှိမ်နင်းခဲ့ရာ လူပေါင်း၁၄၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဗီဇာ ၂၅၀ကို ပယ်ဖျက်ခဲ့ပြီး တရားမဝင်နိုင် ငံခြားသားလုပ်သားများကို ဖမ်းဆီးမှုများ၊ဗီဇာပယ်ဖျက်မှုများနှင့် နာမည်ပျက် စာရင်း သွင်းခြင်း (Blacklist) တို့ကိုဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မတ် ၂၄ ရက်တွင် ချွန်ဘူရီခရိုင်လ၀ကတပ်ဖွဲ့သည် ပတ္တယားနှင့် အနီးတစ်ဝိုက်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားလုပ်သားများအား နှိမ်နင်းသည့် စစ်ဆင်ရေးရလဒ်ကို ပူးတွဲကြေညာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ အဓိကပြစ်မှုများမှာ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ကိုင်ခြင်း ၉၈မှုနှင့် ခွင့်ပြုချက် ပြင်ပတွင် လုပ်ကိုင်ခြင်း ၄၉ မှုတို့ဖြစ်သည်။ တရားမဝင်လုပ်ကိုင်နေသည့် အလုပ်များတွင်လမ်းဘေး ဈေးရောင်းခြင်း ၃၆ မှု၊ဆံပင်ညှပ်ခြင်း တစ်မှုနှင့် စာရေး တစ်မှု ကဲ့ သို့ တားမြစ်ထားသော အလုပ်များပါဝင်နေပြီး အခြားအလုပ်များမှာဆိုင်အကူ ၄၄ မှု၊ အလုပ်သမား ၃၆ မှု၊ စား သောက်ဆိုင်လုပ်သားခြောက်မှုနှင့် အခြားအထွေထွေအလုပ် ၂၈ မှုတို့ဖြစ်ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️မြန်မာသံအဆို‌တော် ပက်ထရစ်တင်ထွန်း ယာဉ်မောင်းနှင်နေစဉ် သေဆုံး ကာလပေါ်မြန်မာသံအဆိုတော်တစ်ဦးဖြစ်သည့် ပက်ထရစ်တင်ထွန်းသည် ယနေ့ (မတ် ၂၆ရက်) မွန်းလွဲပိုင်းက အပူဒဏ်ကြောင့် ဦးနှောက် သွေးကြောပြတ်သည်ဟု ယူဆရသည့်အခြေအနေဖြင့် သေဆုံးခဲ့ကြောင်း မေတ္တာအလင်းလူမှု ကူညီရေး အသင်းထံမှသိရသည်။ ဦးပက်ထရစ်တင်ထွန်းသည် ကမ္ဘာအေးဘုရားလမ်းအတိုင်း အငှားယာဉ်မောင်းနှင်လာစဉ် မဟာစည်သာသနာ့ရိပ်သာလမ်းထိပ်သို့ရောက်ချိန်တွင် လမ်းဘေးထိုးရပ်ကာ သတိပြန်လည်မလာတော့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကိုကူညီခဲ့သည့် မေတ္တာအလင်း လူမှု ကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။ “နေအရမ်းပူတော့ Heat Stroke ဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်တယ်လို့ ယူဆရပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။ အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ စက်သုံးဆီ တန်းစီရင်း သေဆုံးကြောင်း ရေးသားဖော်ပြမှုများရှိသော် လည်း မဟုတ်မှန်ကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် ဗဟန်းမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူတစ်ဦးကလည်းပြောသည်။ “ကားမောင်းလာရင်း မမောင်းနိုင်တော့လို့ မဟာစည်သာသနာ့ရိပ်သာရှေ့အရောက်မှ လမ်းဘေးထိုးရပ် သွားတာပါ။ သတိလစ်နေလို့ ဆီတန်းစီနေသူတွေက ဝိုင်းပြီးပြုစုပေးကြပေမဲ့ သတိပြန်မရတော့တာ”ဟု ၎င်းကပြောသည်။ နေ့အပူချိန် မြင့်တက်လေ့ရှိသည့် နှစ်စဉ်နွေရာသီကာလများတွင် နိုင်ငံတဝန်း၌ အပူရှိန်ကြောင့် သွားလာ ရင်းလဲကျသေဆုံးသူများ၊ ယာဉ်မောင်းနှင်ရင်း သတိလစ်ကာ သေဆုံးသည့်ဖြစ်စဉ်များပေါ်ပေါက်လေ့ရှိသည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ဓာတ်ပုံ- Nwe Lay/FB #ပြည်တွင်းသတင်း

photo content

◾️တာမွေရှိ အကြည်တော်ဟိုတယ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိအကြည်တော်ဟိုတယ် အထပ်မြင့်ခုနစ်လွှာမှအမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှု ယ‌နေ့(မတ် ၂၆ ရက်) နံနက် ၉ နာရီခန့်ကဖြစ်ပွားကြောင်း MSDK Rescue အဖွဲ့ထံမှသိရသည်။ အဆိုပါ အကြည်တော်ဟိုတယ်သည် တာမွေမြို့နယ်သမိန်ဗရမ်းလမ်းမကြီး၊ အမှတ် (၁/က) အသောကမှတ်တိုင်ရှေ့တွင်ရှိသည့်ဟိုတယ်ဖြစ်ကြောင်း သိရသည်။ သေဆုံးသူမှာ ယမန်နေ့(မတ် ၂၅ ရက်) ညနေပိုင်းတွင်ရှမ်းပြည်နယ်မှတစ်ဦးတည်းလာရောက်တည်းခိုနေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ အသက်(၃၀) ဝန်းကျင်ဖြစ်ကြောင်း MSDK Rescue အဖွဲ့မှတာဝန်ရှိသူတစ်ဦးကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။ "အကြည်တော်ဟိုတယ်က တာမွေသမိန်ဗရမ်းလမ်းပေါ် orange supermarket ဘေးမှာ။ ခုနစ်လွှာပါ။ ဖြစ်စဉ်ကကျွန်တော်တို့ ဝင်စွက်ဖက်လို့မရလို့ ဝင်နားမထောင်ခဲ့ဘူး။ သက်ဆိုင်ရာနဲ့ ဟိုတယ်ဝန်ထမ်းတွေတော့အတွင်းထဲမှာစကားပြောကြတာဆိုတော့ ကျွန်တော်တို့မသိဘူး။ ဒါပေမယ့်ကောင်မလေးက ရှမ်းပြည်နယ်ကလာတာ။ မနေ့ကညနေ ၆ နာရီလောက်မှာ တက္ကစီနဲ့လာပြီးအခန်းယူပြီးနေတယ်။ မနက်ကျ ခုန်ချလိုက်တယ်ပေါ့။ အသက်ကတော့ ၃၀ ပတ်ချာလည်ပါ" ဟု ၎င်းကပြောသည်။ အဆိုပါ သေဆုံးသူအမျိုးသမီး၏ရုပ်အ‌လောင်းကို သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။ သတင်း - အင်ကြင်း ဓာတ်ပုံ - MSDK Rescue #ပြည်တွင်းသတင်း

photo content