𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿 🇲🇲
الذهاب إلى القناة على Telegram
နည်းပညာနှင့် IT ပညာရပ်များကို မြန်မာလို လေ့လာနိုင်မည့် Learning Hub 🇲🇲 💻 Programming • AI • Networking • Cybersecurity 📚 Tutorials • Roadmaps • Free Resources 🎥 YouTube: youtube.com/@tech4u-mm
إظهار المزيد5 817
المشتركون
+524 ساعات
+147 أيام
+7530 أيام
أرشيف المشاركات
5 817
ဒီသင်ခန်းစာမှာတော့ Hospital Database ကိုအသုံးပြုပြီ SQL Aggregate functions တွေအကြောင်းကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ 🏥💻
▶️ YouTube Video Link
Aggregate functions တွေဟာ SQL မှာ အလွန်ပဲ အရေးပါပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က သာမန် Raw database records တွေကို အသုံးဝင်တဲ့ သတင်းအချက်အလက်တွေအဖြစ် ပြောင်းလဲပေးနိုင်လို့ပါ။
Billing records ပေါင်း ရာနဲ့ချီကို တစ်ခုချင်းလိုက်ကြည့်နေစရာမလိုဘဲ SQL စာကြောင်း အနည်းငယ်နဲ့တင် Summaries တွေနဲ့ Reports တွေကို မြန်မြန်ဆန်ဆန် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
📁 Source Codeကို Download ရယူရန် အောက်မှာ Telegram Channel ကို ပေးထားပါတယ် 👇
🔗 Source Code File ရယူရန်
#SQL #MySQL #AggregateFunctions #Programming #ComputerScience #TechLearning #DatabaseDevelopment
5 817
ကိုယ်ရေးထားတဲ့ Code ကို အခြားသူတွေကို professional ဆန်ဆန် ရှင်းပြနိုင်ဖို့နဲ့ နည်းပညာစကားဝိုင်းတွေမှာ လွယ်လွယ်ကူကူ နားလည်နိုင်ဖို့အတွက် Python မှာ မရှိမဖြစ်သိထားရမယ့် Terminologies ၉ ခု ကို မျှဝေပေးလိုက်ပါတယ်ဗျာ! 💡
💻 IDLE (Integrated Development and Learning Environment)
Python Code တွေကို လွယ်လွယ်ကူကူ ရေးသား၊ ပြင်ဆင်ပြီး စမ်းသပ် run နိုင်အောင် ပြုလုပ်ပေးထားတဲ့ Environment ဖြစ်ပါတယ်။
⚡️ Python Shell
Code တွေကို ရိုက်ထည့်လိုက်တာနဲ့ result ကို တိုက်ရိုက် တန်းထုတ်ပြပေးတဲ့ Interactive Environment ဖြစ်ပါတယ်။
⚙️ System Python
မိမိ Operating System (Windows/Mac/Linux) နဲ့အတူ တစ်ခါတည်း သီးသန့် ပါဝင်လာတဲ့ Python Version ဖြစ်ပါတယ်။
⏩ Prompt (
>>>) Python က သင့်ဆီကနေ ညွှန်ကြားချက် (Code) တွေကို လက်ခံဖို့ စောင့်ဆိုင်းနေကြောင်း ပြသတဲ့ သင်္ကေတ ဖြစ်ပါတယ်။ 🔄 REPL (Read-Evaluate-Print-Loop) Interactive Window ရဲ့ အလုပ်လုပ်ပုံ အဆင့်ဆင့် ဖြစ်ပါတယ်။ (Python က Code ကိုဖတ်တယ် ➔ တွက်ချက်စစ်ဆေးတယ် ➔ ရလဒ်ထုတ်ပေးတယ် ➔ ဒီတိုင်း အကန့်အသတ်မရှိ ပတ်ချာလည် အလုပ်လုပ်ပေးတယ်) 📩 Argument Function တစ်ခုကို ခေါ်သုံးတဲ့အခါ ထည့်သွင်းပေးလိုက်တဲ့ တန်ဖိုး (Value) ဖြစ်ပါတယ်။
ဥပမာ -
print("Hello World")
မှာ
"Hello World"
က Argument ဖြစ်ပါတယ်။🛠 Function Input (Argument) တွေကို လက်ခံယူ၊ ပြုပြင်တွက်ချက်ပြီး ရလဒ် (Return Value) ထုတ်ပေးတဲ့ Code အစုအဝေး ဖြစ်ပါတယ်။
ဥပမာ -
print("Hello World")
မှာ
က Function ဖြစ်ပါတယ်။📤 Return Value Function တစ်ခု အလုပ်လုပ်ပြီးသွားတဲ့အခါ ပြန်ထုတ်ပေးလိုက်တဲ့ ရလဒ် (Output) ဖြစ်ပါတယ်။
>>> print("Hello World")
Hello World <-- ဒါဟာ Return Value (Output) ဖြစ်ပါတယ်။
(Return Value တွေဟာ Integer, String, Object စတဲ့ Variable Type အမျိုးမျိုး ဖြစ်နိုင်ပါတယ်)
📜 Script & Script Files
Python Code တွေကို Text file အဖြစ် သိမ်းဆည်းထားပြီး Command တစ်ခုတည်းနဲ့ Run လို့ရအောင် စုစည်းထားတဲ့ File ကို ခေါ်တာဖြစ်ပါတယ်။
#Tech4UMyanmar #Python #PythonTerminologies #LearnPython #CodingBeginner #MyanmarTech5 817
💻 Error တွေကြားထဲမှာ အားမလျှော့လိုက်ပါနဲ့!
Developer တစ်ယောက်ရဲ့ ခရီးလမ်းမှာ Bug တက်တာ၊ Code တွေ အလုပ်မလုပ်တာ၊ နာရီပေါင်းများစွာ စဉ်းစားမရဘဲ ပိတ်မိနေတာတွေဆိုတာ မအောင်မြင်ခြင်း မဟုတ်ပါဘူး။ ဒါဟာ သင်ယူမှုရဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ ✨
🔴 Bug တိုင်းမှာ သင်ခန်းစာရှိတယ်
Code Error တက်တိုင်း စိတ်ဓာတ်မကျပါနဲ့။ Error တက်လေလေ၊ စနစ်တစ်ခု ဘယ်လို အလုပ်လုပ်လဲဆိုတာကို ပိုပြီး သေချာ ဂဃနဏ နားလည်လာလေလေပါပဲ။
⏳ အချိန်ယူရတာကို မကြောက်ပါနဲ့
Senior Developer တစ်ယောက်ဖြစ်ဖို့ ဆိုတာ ညတွင်းချင်း ဖြစ်လာတာ မဟုတ်ပါဘူး။ နာရီပေါင်းများစွာ code ရေး၊ ပြဿနာတွေကို တစ်ခုချင်း ရှင်းထုတ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
🚀 သင်ဟာ ပြဿနာကို ဖြေရှင်းသူပါ
Programmer ဆိုတာ စာကြောင်းတွေကို အလွတ်ကျက်ရေးနေတဲ့သူ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ပြဿနာတွေကို Technology နဲ့ ဖြေရှင်းပေးနေတဲ့ Problem Solver တစ်ယောက်ပါ။
💡 "A red error message doesn't mean you failed; it just means you are one step closer to the solution."
(အနီရောင် Error စာသားပေါ်လာတာဟာ မင်း ကျရှုံးသွားတာ မဟုတ်ဘူး၊ အဖြေမှန်နဲ့ တစ်လှမ်း ပိုနီးကပ်သွားတာပါ!)ဒီနေ့လည်း စိတ်ကျေနပ်စရာ Output တွေ ထွက်ရှိပြီး Bug အကုန်ရှင်းနိုင်တဲ့ နေ့တစ်နေ့ ဖြစ်ပါစေ! 💪🔥 #Tech4UMyanmar #DeveloperMotivation #ProgrammerLife #KeepCoding #NeverGiveUp #TechCommunity
5 817
Programmer တစ်ယောက်နေ့စဉ်အလုပ်မှာ မရှိမဖြစ် သုံးနေရတဲ့ Tools (၆) ခု 💻🔥
Programmer တစ်ယောက်အနေနဲ့ Project တွေကို ဖန်တီးတဲ့အခါ Code ရေးတာ၊ Design ဆွဲတာ၊ API Test လုပ်တာကနေ Deploy လုပ်တဲ့အထိ အလုပ်တွေကို ပိုမြန်၊ ပိုထိရောက်စေတဲ့ Tools တွေ လိုအပ်ပါတယ်။
ဒီနေ့မှာတော့ Programmer တွေနေ့စဉ်အလုပ်လုပ်တဲ့အခါ မရှိမဖြစ် အားကိုးရတဲ့ Tools (၆) ခုကို ဝေမျှပေးလိုက်ပါတယ်။
🔗 Note အပြည့်အစုံကို ရယူရန်။
🔗 PDF ဖိုင်ရန် ရယူရန်။
#programmer #developer #coding #tools #vscode #figma #github #docker #postman #cursor #Tech4UMyanmar
5 817
🚀 Programming ကို ZERO ကနေ စလေ့လာတော့မယ်ဆိုရင်... ဘယ်ကစရမလဲ?
"IT / Developer လမ်းကြောင်းကို စိတ်ဝင်စားတယ်၊ ဒါပေမဲ့ ဘာမှမသိသေးလို့ ဘယ်ကစရမှန်း မသိဘူး" ဆိုတဲ့သူတွေအတွက် Step-by-Step Road Map လေး မျှဝေပေးချင်ပါတယ်ဗျာ! 💡
📌 Step 1: Basic Computer Logic & Fundamental
ဘာ Code မှ မရေးခင် Computer တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို အရင်နားလည်အောင် လုပ်ပါ။
Algorithm နဲ့ Flowchart ဆိုတာ ဘာလဲဆိုတဲ့ Logic ပိုင်းကို အခြေခံ ပိုင်အောင် ကြည့်ထားပါ။
📌 Step 2: Beginner-Friendly Language တစ်ခုရွေးပါ
အစမှာတင် အရမ်းခက်တာတွေ သွားမလုပ်ပါနဲ့ဦး။
Website စိတ်ဝင်စားရင်:
HTML, CSS, JavaScriptSoftware / AI / Automation စိတ်ဝင်စားရင်:
Pythonဒီထဲက မိမိ ဝါသနာပါရာ တစ်ခုကိုပဲ စွဲစွဲမြဲမြဲ စလေ့လာပါ။ 📌 Step 3: Theory ထက် Practical ကို ဦးစားပေးပါ စာအုပ်တွေ၊ ဗီဒီယိုတွေကိုပဲ ထိုင်ကြည့်နေလို့ Coding မတတ်ပါဘူး။ စာကြောင်း ၁၀ ကြောင်း တတ်ရင် ၁၀ ကြောင်းစလုံးကို Code Editor ထဲမှာ ကိုယ်တိုင် လက်တွေ့ လိုက်ရိုက်ကြည့်ပါ။ 📌 Step 4: Small Project လေးတွေ စဆောက်ပါ လေ့လာပြီးသွားရင် project သေးသေးလေးတွေ စလုပ်ကြည့်ပါ (ဥပမာ - Calculator လေးလုပ်တာ၊ To-Do List App လေးလုပ်တာ)။ ကိုယ်တိုင် ဖန်တီးလိုက်ရတဲ့ ခံစားချက်က အကောင်းဆုံး Motivation ပါပဲ! 🎯 Pro Tip: Programming ဆိုတာ "အလွတ်ကျက်ရတဲ့ ဘာသာရပ်" မဟုတ်ပါဘူး၊ "ပြဿနာကို ဖြေရှင်းတဲ့ (Problem Solving) အနုပညာ" တစ်ခုပါ။ Error တက်တိုင်း အားမငယ်ပါနဲ့၊ Developer တိုင်း Error နဲ့ပဲ ကြီးပြင်းလာကြတာပါ! 💪 #Tech4UMyanmar #ProgrammingForBeginners #CodingRoadmap #LearnCoding #TechMyanmar #DeveloperLife #CareerAdvice #TechTips
5 817
🎓 MIT Computer Science Course (၁၉) ခု — YouTube အခမဲ့ လေ့လာရန် Link များ
ကမ္ဘာ့ထိပ်တန်း MIT တက္ကသိုလ်က Computer Science ဘာသာရပ်တစ်ခုလုံးစာ Course တွေကို YouTube ပေါ်မှာ Free လေ့လာနိုင်အောင် စုစည်းပေးထားပါတယ်။
CS အခြေခံ ပိုင်နိုင်ချင်သူတွေနဲ့ AI / Software Engineering ပိုင်း လေ့လာနေသူများ မဖြစ်မနေ သိထားသင့်တဲ့ Resources တွေပဲ ဖြစ်ပါတယ်! 💻✨
📚 Course List & Direct Links:
🐍 Introduction to Python Programming
👉 https://www.youtube.com/playlist?list=PLUl4u3cNGP62A-ynp6v6-LGBCzeH3VAQB
⚙️ Data Structures and Algorithms
👉 https://www.youtube.com/playlist?list=PLUl4u3cNGP63EdVPNLG3ToM6LaEUuStEY
📐 Mathematics for Computer Science
👉https://www.youtube.com/playlist?list=PLUl4u3cNGP61VNvICqk2HXJTonnKgAc9d
🤖 Machine Learning
👉https://www.youtube.com/playlist?list=PLxC_ffO4q_rW0bqQB80_vcQB09HOA3ClV
🧠 Artificial Intelligence
👉https://www.youtube.com/playlist?list=PLUl4u3cNGP63gFHB6xb-kVBiQHYe_4hSi
🏥 Machine Learning in Healthcare
👉https://www.youtube.com/playlist?list=PLUl4u3cNGP60B0PQXVQyGNdCyCTDU1Q5j
🗄 Database Management Systems
👉https://www.youtube.com/playlist?list=PLfciLKR3SgqOxCy1TIXXyfTqKzX2enDjK
💻 Operating Systems
👉https://www.youtube.com/playlist?list=PLTsf9UeqkReZHXWY9yJvTwLJWYYPcKEqK
📊 One-Variable Calculus
👉https://www.youtube.com/playlist?list=PL590CCC2BC5AF3BC1
📈 Many-Variable Calculus
👉https://www.youtube.com/playlist?list=PL4C4C8A7D06566F38
🎲 Introduction to Probability Theory
👉https://www.youtube.com/playlist?list=PLUl4u3cNGP60hI9ATjSFgLZpbNJ7myAg6
📉 Statistics
👉https://www.youtube.com/playlist?list=PLUl4u3cNGP60uVBMaoNERc6knT_MgPKS0
📋 Probability Theory and Statistics
👉https://www.youtube.com/playlist?list=PLl8XY7QVSa4aUyZAtL2Hlf_mx3LaSix9B
🔢 Linear Algebra
👉https://www.youtube.com/playlist?list=PL221E2BBF13BECF6C
🧮 Matrix Calculus for Machine Learning
👉https://www.youtube.com/playlist?list=PLUl4u3cNGP62EaLLH92E_VCN4izBKK6OE
☕️ Java Programming
👉https://www.youtube.com/playlist?list=PL0065A2C3177ACC8A
🔍 Design and Analysis of Algorithms
👉https://www.youtube.com/playlist?list=PLUl4u3cNGP6317WaSNfmCvGym2ucw3oGp
🏗 Advanced Data Structures
👉https://www.youtube.com/playlist?list=PLUl4u3cNGP61hsJNdULdudlRL493b-XZf
💭 Introduction to Computational Thinking
👉https://www.youtube.com/playlist?list=PLP8iPy9hna6Q2Kr16aWPOKE0dz9OnsnIJ
#MIT #ComputerScience #FreeCourses #Programming #Tech4UMyanmar
5 817
📚 The Art of Hardware Architecture
Digital System Design၊ RTL Coding နဲ့ Chip Design နယ်ပယ်မှာ မဖြစ်မနေ သိထားရမည့် Hardware Architecture ဆိုင်ရာ အခြေခံမှ အဆင့်မြင့် နည်းပညာများကို အသေးစိတ် ဖော်ပြထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဘာတွေပါမလဲ?
🔹Multi-stage Synchronizers နဲ့ MTBF တွက်ချက်နည်းများ 🔹Clock Gating, Reset Synchronizers နဲ့ Clock Skew ထိန်းချုပ်နည်းများ 🔹Handshake signaling နဲ့ Async FIFO (Gray Code) သုံးပြီး Multi-Clock ကိုင်တွယ်နည်း 🔹Dynamic Voltage & Frequency Scaling (DVFS), Power Gating နဲ့ RTL Low Power နည်းလမ်းများ 🔹Pipelining Hazards ရှင်းလင်းနည်းနဲ့ Hardware Debouncing/EMC နည်းပညာများVerilog/VHDL နဲ့ Hardware Design ကို စနစ်တကျ ရေးသားလိုသူများ၊ FPGA/ASIC Engineer များအတွက် Must-Read Guidebook ဖြစ်ပါတယ်။ 🚀 📥 စာအုပ်ရယူရန် 👇 💡📲 @tech4umm
5 817
ဒီမှာ အဖြေမှန်လေး ရွေးပေးကြအုံးဗျ။
အားလုံးပဲ သာယာချိုမြိန်တဲ့ အိမ်မက်တွေ မက်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ကြပါစေဗျာ... Good Night ပါ! 💤✨
5 817
အားလုံးပဲ မင်္ဂလာညချမ်းပါဗျာ... 🌙
မအိပ်ခင် စိတ်အပန်းပြေလေးဖြစ်ရအောင် Quiz လေး ဖြေကြည့်ကြပါအုံးဗျ။
5 817
Website လည်းဟုတ်တယ်၊ App လည်းဖြစ်တယ်? 📱✨
အခုနောက်ပိုင်းမှာ User တွေဟာ Web ထက်စာရင် Native App တွေပေါ်မှာပဲ အချိန်ပိုကုန်ကြပါတယ်။ ဒါပေမဲ့ Business တိုင်းအတွက် Native App တစ်ခုဆောက်ဖို့ဆိုတာ စရိတ်လည်းကြီးသလို Store တွေမှာ တင်ရတာလည်း ရှုပ်ထွေးပါတယ်။
ဒီပြဿနာကို ဖြေရှင်းပေးလိုက်တာကတော့ PWA (Progressive Web Apps) ပဲဖြစ်ပါတယ်။
Native App တွေရဲ့ Capabilities နဲ့ Web ရဲ့ Reach ကို ပေါင်းစပ်ထားတာကြောင့် အခုခေတ် Web Developer တိုင်း မသိမဖြစ် လေ့လာထားသင့်တဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။
#PWA #ProgressiveWebApps #WebDevelopment #TechEducation #Tech4UMyanmar #CodingMyanmar
5 817
ကဲ့.. မအိပ်ခင်လေး နည်း"စဉ်းစားပြီ ဖြေခဲ့ ကြပါနော်😴
အဖြေမှန် ဘယ်သူတွေ သိမလဲ❓😅
5 817
ကျွန်တော်တို့ အသုံးပြုနေသော programming language တွေက အသက်ဘယ်လောက်ရှိပြီးလဲဗျ....❓
#programming
#tech4u_myanmar
5 817
SVGs ဆိုတာ ဘာလဲ❓
ဒီ video မှာ ရှင်းပြပေးထားပါတယ်ဗျ။
⏩ Full-stack Web Development သင်တန်းက Video Lecture တစ်ခုဖြစ်ပါတယ်ဗျ။
#python
#tech4u_myanmar
#web_development
5 817
Microservices Architecture ဆိုတာဘာလဲ? 🚀
Software တစ်ခုလုံးကို Monolithic (တစ်ဆက်တည်း) မတည်ဆောက်ဘဲ သီးခြား Service သေးသေးလေးတွေခွဲပြီး စနစ်တကျ ချိတ်ဆက်တည်ဆောက်ခြင်း ဖြစ်ပါတယ်။
📱 Client & Gateway: Request တွေကို Load Balancer က မျှပေးပြီး API Gateway က လမ်းကြောင်းပြပေးပါတယ်။
🔐 Security: Identity Provider က လုံခြုံရေးနဲ့ Token Verification စစ်ပေးပါတယ်။
⚙️ Microservices: Service တစ်ခုစီက သီးသန့် Database တွေနဲ့ လွတ်လပ်စွာ အလုပ်လုပ်ပါတယ်။
📩 Communication: Message Broker နဲ့ Service Discovery တို့က စနစ်တစ်ခုလုံးကို ချိတ်ဆက်ပေးပါတယ်။
🌟 Main Benefit: System မကျဘဲ လိုအပ်တဲ့ Service တစ်ခုတည်းကိုပဲ သီးသန့် Scale လုပ်နိုင်ပါတယ်။
#Microservices #SystemDesign #tech4umyanmar
