HM Movies
الذهاب إلى القناة على Telegram
7 345
المشتركون
+724 ساعات
+1077 أيام
+45030 أيام
أرشيف المشاركات
7 345
Hitman 2 (2025) အသစ်စက်စက်ဇာတ်ကားသစ်
**
Hitman 1 တုန်းကလိုပဲ ဝက်ဝက်ကွဲ ရယ်ရဦးမဲ့ Hit Man 2 ထွက်ရှိလို့လာပါပြီ။
သရုပ်ဆောင်တွေအနေနဲ့ S1 တုန်းကအတိုင်း Kwon Sang Woo, Jung Joon Ho,
Lee Yi Kyung, Kim Sung Oh, Hwang Woo Seul Hye, Han Ji Eun တို့က
အဓိက ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။
S1 တုန်းကလို ကာတွန်း ရေးရတာကို ဝါသနာပါတဲ့ ဂင်ဘုံဂျွန်ဟာ သူ့ဘဝဇာတ်ကြောင်းကို
အခြေခံပြီး ရေးသားထားတဲ့ “လုပ်ကြံရေးသမားဂျွန်” ဆိုတဲ့ Webtoonကို အတွဲ၂ ထွက်ရှိဖို့
ကြိုးစားခဲ့ပေမဲ့ သူ ထင်ထားသလို မအောင်မြင်တဲ့အပြင် အပျက်သဘောဆောင်တဲ့
မှတ်ချက်တွေနဲ့ပါ တိုက်ခိုက်ခံလာရပြီး နာမည်ပျက်ဖို့ လမ်းစပြုလာခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ အကြမ်းဖက်သမား အစစ်တွေ ကိုရီးယားကို ရောက်ရှိလာပြီး ဂင်ဘုံဂျွန်ကို
လုပ်ကြံဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို စတင် ပြုလုပ်လာပါတော့တယ်။
ဒါပေမဲ့လည်း အဲဒီ အကြမ်းဖက် လုပ်ရပ်တွေက ဂင်ဘုံဂျွန်ရဲ့ ဇာတ်လမ်းထဲကအတိုင်းတစ်ထပ်တည်း
ဖြစ်နေခဲ့တာကြောင့် ဂင်ဘုံဂျွန်ဟာ သံသယရှိတဲ့ တရားခံအနေနဲ့ သတ်မှတ်ခံလိုက်ရပြန်ပါတော့တယ်။
အဲဒီ အခြေအနေကို ဂင်ဘုံဂျွန် တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ..
ဘယ်လိုအလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှုစားပေးကြပါဦးနော်။
7 345
The Point Men (2023)
IMDb (6.8/10)
Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!
ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့
ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။
အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင်
သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊
လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့
အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။
7 345
Runway 34 [2022]
ကပ္ပတိန် ဗစ်ကရန့်ခန်နား...
"မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်"
"ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ"
"အဲ့ဒီနှစ်ခုကြားထဲက အနားသတ်မျဉ်းလေးမှာ
အမှန်တရားက တိမ်ဝှက်နေတယ်"
နာရာယန်းဗီဒန့်...
"အမှားလုပ်ပြီးသွားရင် မင်းလုပ်နိုင်တာ သုံးခုပဲရှိတယ်"
"အမှားကို ဝန်ခံမယ်"
"အမှားကနေ သင်ယူမယ်"
"နောက်တစ်ခါ မမှားအောင် ဆင်ခြင်မယ်"
ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့
မင်းသားကြီးအဂျေးနဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ပါဝင်သရုပ်ဆောင်ထားတယ့်
ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့
ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီးရိုက်ကူးထားတယ်...
ကပ္ပတိန်ဗစ်ကရန့်ခန်နား(အဂျေး) က နာမည်ကြီးလေယာဉ်မှူးတစ်ယောက်...
အဲ့ဒီနေ့က ပျံသန်းတဲ့ခရီးစဉ်မှာ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက်
မတော်တဆမှုဖြစ်ခဲ့ပါတယ်...
ဒီကိစ္စမှာ မသင်္ကာစရာကိစ္စလေးတွေပါဝင်နေတဲ့အတွက်
လေကြောင်းမတော်တဆစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်
နာရာယန်းဗီဒန့် (အမီတာဘဂျမ်း) ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမေးမြန်းတာကို
ဝေဟင်ပေါ်က ထိတ်လန့်ဖွယ် မြင်ကွင်းတွေနဲ့အပြင်
ဝါရင့်သရုပ်ဆောင်နှစ်ဦးရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို
ကျေကျေနပ်နပ်ကြီး မြင်တွေ့ရမှာဖြစ်ပါတယ်...
7 345
TikTok Boost Service & Japan TikTok account region seller ⬇️
Like 1k = 3000ကျပ်
Like 2k = 6000ကျပ်
Like 3k = 9000ကျပ်
Like 4k = 12000ကျပ်
Like 5k = 15000ကျပ်
view 100 = 100ကျပ်
view 200 = 200ကျပ်
view 300 = 300ကျပ်
view 400 = 400ကျပ်
Follower 100 = 2000ကျပ်
Follower 200 = 4000ကျပ်
Follower 300 = 6000ကျပ်
Follower 400 = 8000ကျပ်
Follower 500 = 10000ကျပ်
- Telegram
- Tiktok
- Facebook
- Youtube
- Twitter
🔔Tiktok ကနေ ဝင်ငွေရနေတဲ့ Japan region account တေကိုလည်း စျေးနှုန်းချိုသာစွာနဲ့ ရပါတယ်ဗျ 🥰🥰
🔉TikTok ကို ဒီတိုင်း ကြည့်နေမယ့်အစား video ကြည့်နေရင်းနဲ့ auto point လေးတေတက်ပီး အဲ့ point လေးတေကို ရောင်းပြီး အပိုဝင်ငွေရှာလို ရတယ်နော် 😊😊
အသေးစိတ်သိချင်ရင်တော့ မင်" ရှင်းပြပေးပါတယ် 😊
✅Dm - @baiyu200
#MFUowner
7 345
L_o-n_d-o_n H_a-s F_a_l-l_e-n ( 2016 )
အညွှန်း* 🔽🔽🔽
၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။
London has fallen ရဲ့ဇာတ်လမ်းကတော့……
လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြ!မ်းဖက်သမားတစ်ယောက်ကသူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသ!တ်ဖြတ်မှုကိုလဲတစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။
ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။
IMDb Rating (5.9/10) ရရှိထားတဲ့ Action, Thriller ဇာတ်ကားဖြစ်ပါတယ်။
7 345
C_h-ic_k-e_n-h_a-r_e a_n-d t_h-e H_a-m_s-t_e-r o_f D_a-r_k-n_e-s_s(2022)
အညွှန်း* 🔽🔽🔽
Chickenhare လို့ခေါ်တဲ့ ကြက်တစ်ပိုင်း ယုန်တစ်ပိုင်း သတ္တဝါဆန်းလေးဟာထင်ရှားတဲ့ စွန့်စားသူ ဘုရင်ကြီး ပီတာ ရဲ့ မွေးစားသားလေးပါ....
အများနဲ့မတူဘဲ ကွဲထွက်နေတဲ့ သူ့ရဲ့ ကြက်တစ်ပိုင်း ယုန်တစ်ပိုင်း ပုံစံကြောင့်အမြဲအလှောင်ခံနေရတဲ့ Chickenhare လေးရဲ့ အိပ်မက်ကတော့ သူ့မွေးစားအဖေလို နာမည်ကျော် စွန့်စားသူ ဖြစ်ဖို့ပါ....တစ်နေ့မှာ တိုင်းပြည်ရဲ့ ဒုစရိုက်ကောင် Chickenhare ရဲ့ ဦးလေးဖြစ်သူထောင်ထဲကနေ လွတ်မြောက်ပြီး ထီးနန်းလုဖို့ ကြိုးစားတဲ့ အခါမှာတော့ Chickenhare နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့
လိပ်ကလေး အေ့ဗ် ကိုယ်ခံပညာရှင် မက်ခ်တို့ သူ့ဦးလေးကို တားဆီးဖို့ စွန့်စားခန်း ထွက်ကြပုံတွေကို တင်ဆက်ပေးထားတာပါ
ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံနိုင်ဖို့ကိုပါ မီးမောင်းထိုးပြထားတဲ့ 2022 ခုနှစ်ထွက် ဒီ ဟာသ animation လေးပါ.....
ဇာတ်ကားကြည့်ရန် 🔽🔽🔽
7 345
Fight Against Evil ( 2021 )
ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက် Chinese အက်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်
ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်
လီဟုမ်ချီကတော့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီးတိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ်
လီဟုမ်ချီက သူ့ရည်းစားဖြစ်သူရဲ့ အိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကိုခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီအမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်
လီဟုမ်ချီကယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူနေရင်း ၊ မထင်မှတ်ပဲ လူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပြီး၊ သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ဒီညီအကို ၃ယောက်ကဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲ
မင်းသား လီဟုမ်ချီကရော ဒီအမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ယောက္ခထီးဖြစ်သူကြားမှာရောပတ်သက်မှုတွေရှိနေလို့ အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ
7 345
ဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့
အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်
အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီးအိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ်
အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ
အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကိုမီးရှိခဲ့တဲ့အတွက်သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကိုပြန်ပြီး မီးရှိခဲ့ပါတယ်
အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန်
မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ်
ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ
အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လိုဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ်
ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီးသေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ်
အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ်
အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့
ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်...
7 345
Fantastic Beasts 3: The Secrets of Dumbledore (2022)
====================================
Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ...
အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန်ပေါ်လာခဲ့တယ်...
ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ကြုံလာခဲ့တယ်...
နျူ့ထ်တို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီးမနည်းလွတ်အောင်ပြေးလာခဲ့ရတယ်...
ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်...
ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ
မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်...
ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး
ကြည့်ရှုနိုင်မှာပါ အားပေးလိုက်ကြပါဦး….
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)
(Korea Hardsub ပါနေပေမယ့် ရုပ်သံအကြည် Version ဖြစ်ပါတယ်)
7 345
Fantastic Beasts 2: The Crimes of Grindelwald (2018)
===============================
IMDb.. 6.6/10
2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။
ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။
ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။
ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။
အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။
သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်း
============
ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။
အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။
ခရီးဒန့်စ်ကတော့ သူ့ရဲ့ မိဘနဲ့ဘဝအမှန်ကိုလိုက်ရှာနေပါပြီ။
