HM Movies
الذهاب إلى القناة على Telegram
HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235
إظهار المزيد7 278
المشتركون
+1624 ساعات
+1517 أيام
+46130 أيام
أرشيف المشاركات
7 278
KPop Demon Hunters (2025)
ကိုရီးယားရဲ့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Lee Byung Hun, Ahn Hyo Seop တို့အပြင်
Arden Cho, May Hong, Ken Jeong, Daniel Dae Kim တို့လို အမေရိကန်သရုပ်ဆောင်တွေက
အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားကြပြီး TWICE လိုမျိုး World Star Kpop အဖွဲ့ကပါ Ost မှာ
Featuring အနေနဲ့ သီဆိုပေးထားတဲ့ Music, Comedy Movie အမျိုးအစား ကားသစ်လေး
တင်ဆက်ပေးပါရစေ ..
ဇာတ်လမ်းအညွှန်း
*
နာမည်ကြီး Kpop Girl Group “Huntrix” ရဲ့ အဖွဲ့ဝင် ၃ ယောက်ဖြစ်တဲ့ Rumi, Mira နဲ့
Zoey တို့ဟာ သဘာဝလွန်ဖြစ်တည်မှုတွေဆီကနေ သူတို့ရဲ့ ပရိသတ်တွေကို ကာကွယ်ဖို့အတွက်
မကောင်းဆိုးဝါးမုဆိုးတွေအဖြစ် လျှို့ဝှက်စွာ ဘဝနှစ်မျိုးကို နေထိုင်နေကြသူတွေပါ..
တစ်ဖက်မှာလည်း Huntrix အဖွဲ့ရဲ့ ပြိုင်ဘက် Group .. The Saja Boys ရဲ့ အဖွဲ့ဝင်တွေက
မကောင်းဆိုးဝါးတွေဖြစ်နေတဲ့အခါ ..
Rumi, Mira နဲ့ Zoey တို့ ၃ ယောက် မကောင်းဆိုးဝါးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ..
အဲဒါအပြင် ဘယ်လိုလှည့်ကွက်တွေပါနေဦးမလဲဆိုတာကို သီချင်းတွေနဲ့ ရှယ်ကြမ်းထားတဲ့
ကားလေးမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ..
7 278
ဒီတခါမှာတော့ ဘောလီဝုဒ်ဖန်တွေအတွက် IMDb 7.6/10 အထိရရှိထားတဲ့ ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်
ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး အတော်လေးကို ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲ
နိုင်ငံရေးအရှုပ်အထွေး၊ နိုင်ငံတကာဖိအားတွေကြားက နျူကလီးယားစမ်းသပ်မှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာကို တင်ဆက်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်
၁၉၉၅ ခုနှစ်ဟာ အိန္ဒိယနိုင်ငံအတွက် အခက်ခဲဆုံံးကာလတစ်ခုဖြစ်ခဲ့ပါတယ်
ဆိုဗီယက်ပြည်ထောင်စုတွေ ကွဲပြိုခဲ့ပြီး အိန္ဒိယဘက်မှာမဟာမိတ်အနေနဲ့ မည်သည့်အင်အားကြီးနိုင်ငံမှ ရှိမနေခဲ့ပါဘူး
ဒါပေမဲ့ ပါကစ္စတန်ကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေရဲ့ အကူညီရကာ စစ်ရေးအတောင့်တင်းဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ်
အိန္ဒိယကို နိုင်ငံတကာသဘောတူညီစာချုပ်တွေမှာ လက်မှတ်ထိုးစေချင်ပြီး မည်သည့်အင်အားမှ မတိုးတက်လာအောင် အမေရိကန်၊ ပါကစ္စတန်နဲ့ နိုင်ငံအများစုက ဖိအားပေးနေပါတယ်
အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်နိုင်ခဲ့ပေမယ့် အိန္ဒိယကတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး
ဒါကြောင့် ၁၉၉၅ မှာ အိန္ဒိယအနေနဲ့ ဖိုကာရန်ကွင်းမှာ နျူကလီးယားစမ်းသပ်မှုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန်၏ စောင့်ကြည့်နေမှုကြောင့် မအောင်မြင်ခဲ့ပါဘူး
၁၉၉၈ မှာတော့ အိန္ဒိအနေနဲ့ ဘယ်လိုဘယ်ပုံများ အောင်မြင်အောင် ကြိုးစားခဲ့သလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကျိလိုက်ကြရအောင်
#Crd
7 278
အကျဥ်းထောင်ထဲကဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်
“2037” ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအညွှန်း …
၁၉နှစ်အရွယ် ယွန်းယောင်းဆိုတဲ့ ကောင်မလေးဟာ အချိန်ပိုင်းအလုပ်လုပ်ရင်း အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေပါတယ်။
ဉာဏ်ကောင်းတဲ့သူဖြစ်တဲ့အလျောက် သူငယ်ချင်းတွေလို ကျောင်းတက်ချင်ပေမယ့် မသန်စွမ်းမိခင်ကြီးအတွက် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ဖို့သာ ဦးစားပေးနေရသူလေးဖြစ်ပါတယ်။
ငွေကြေးချို့တဲ့တာကလွဲရင် အမေဖြစ်သူနဲ့ ပျော်ရွှင်နေတဲ့ ယွန်းယောင်းတို့ဘဝထဲ ကံကြမ္မာမုန်တိုင်းတစ်ခု တိုက်ခတ်လာပါတော့တယ်။
မမျှော်လင့်ထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယွန်းယောင်းတစ်ယောက် “နစ်နာသူ” ကနေ “လူသတ်သမား” ဖြစ်သွားပြီး မတရားသဖြင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်။
အကျဥ်းထောင်ထဲမှာ “ယွန်းယောင်း” ဆိုတဲ့နာမည်အစား “၂၀၃၇” ဆိုတဲ့ အကျဥ်းသားနံပါတ်ကို ခေါ်ဝေါ်သံနဲ့အတူ
မျှော်လင့်ချက်မဲ့နေတဲ့ ကောင်မလေးကို ဇာတ်လမ်းကိုယ်စီရှိကြတဲ့ အကျဥ်းခန်းအဖော်တွေက ဘယ်လိုလက်ကမ်းကူညီပေးကြမလဲဆိုတာ
7 278
မြန်မာစာတန်းထိုး
လူသားစား သဲကန္တာရ
အားလပ်ရက်မှာ သူငယ်ချင်းတစ်သိုက်
ကမ်းခြေအပျော်ခရီးထွက်ရင်း
မထင်မှတ်ထားသော အန္တာရာယ်ကြီးနှင့်ကြုံ ရတဲ့ ဇာတ်ကားလေးပါ
သူငယ်ချင်းတစ်သိုက် အသက်ရှင်ပါ့မလား
ဆက်လက်ကြည့် ရှုလိုက်ပါနော်
7 278
Orange [2010]
==========
အချစ်ဟာ တစ်ခါတစ်ခါ အရာရာ တစ်ခါတလေ ဘာမှမဟုတ်ပါဘူး..အချစ်ကို ဘယ်သူမှ ပြည့်စုံအောင်ဖွဲ့ဆိုနိုင်ခြင်းမရှိ ချစ်နေရင်းနဲ့အချစ်ဆိုတာဘာလဲ မသိ နက်နဲတဲ့အချစ်…
အချစ်ဆိုသည်မှာ ကြည်နူးတဲ့အခိုက် လမင်းတစ်ရာ အချစ်ဆိုသည်မှာ ဝမ်းနည်းတဲ့အခိုက် နေမင်းကုဋေ ကုဋာ လို့ ကျွန်တော်တို့ရဲ့ မှော်ဆရာကြီး ကိုငှက်(ထူးအိမ်သင်) က တေးသီသွားခဲ့ပါတယ်…
ကျွန်တော်တို့ရဲ့ ဗိုင်အာဗာ မင်းသား ရမ် ချရနး က ဘယ်လို ဖော်ပြမလဲဆိုတာ ဒီကားမှာ ကြည့်ကြည့်လိုက်ပါ…
ကြည့်ပြီးသူတွေ ရှိသလို မကြည့်ရသေးသူတွေလည်း ကြည့်နိုင်အောင်လို့ ပြန်တင်လိုက်တာပါ…
ယောကျာ်းတစ်ယောက်ဟာ ဘယ်တော့မှ တစ်ဘဝစာ အချစ်နိုင်ဘူးလုံ ယုံကြည်ထားတဲ့ကောင်လေးတစ်ယောက် ရင်ခုန်လှိုက်မောစရာ အချစ်ကို တည်မြဲဖို့ အမြဲတမ်းလမ်းခွဲနေရမယ်လို့ သူက သတ်မှတ်ထားတဲ့ ဒဿနကို လက်တွေ့ကျင့်သုံးတဲ့အခါ ဘယ်လိုမျိုးတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းမှာ ခံစားကြည့်လိုက်ကြပါလို့
#Credit
7 278
Gangnam Blues (2015)
-------------------------
IMDB (6.2/10)
လှုပ်လှုပ်ရှားရှား မှုခင်းရုပ်ရှင်ဖြစ်တဲ့ Gangnam Blues (Gangnam 1970) ကို ဒါရိုက်တာ ယိုဟက ရိုက်ကူးပြီး မြန်မာပရိသတ်တော်တော်များများသဘောကျကြတဲ့ မင်းသား လီမင်ဟိုနဲ့ Love Story in Harvard (တစ်ခါတုန်းက တက္က သိုလ်)မှာ ပါဝင် ခဲ့တဲ့ ဇာတ်ဆောင်မင်းသား ကင်ရေးဝန်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်
Gangnam Blues ဟာ ၁၉၇၀ ခုနှစ်အလွန် ဝရုန်းသုန်းကားဖြစ်နေတဲ့ လူမှုရေး၊ နိုင်ငံရေးအခြေအနေတွေကြားထဲကနေ ဆိုးလ်မြို့ရဲ့ ဂန်းနမ်စီရင်စုက အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်လာပုံကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ
ဒီထဲမှာနိုင်ငံရေး သြဇာအာဏာနဲ့ ရာဇဝတ်မှုကျူးလွန်ကြတဲ့ အဖွဲ့အစည်းတွေကြားထဲက လွန်ဆွဲပွဲတွေရယ်၊ လိမ်လည်မှုတွေရယ်ကြောင့် ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက ပေါင်းသင်းခင်မင်လာတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို စမ်းသပ်ခံရတဲ့အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်
7 278
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီး စိတ်ဒဏ်ရာ မျိုးစုံပေးခဲ့တဲ့ "သေခြင်းဆိုးဖြင့်သေကြသူများ" ရုပ်ရှင် ၆ ကားမြောက်ထွက်လာပါပြီ။
ဒါရိုက်တာကတော့ Zach Lipovsky & Adam Stein တို့ပါပဲ။
FD ရုပ်ရှင်တွေရဲ့ အမာခံ ဇာတ်ကောင်ကြီး Tony Todd (Nov 2024 တွင် ကွယ်လွန်) လည်း နောက်ဆုံးအနေနဲ့ ပါဝင်ထားပါတယ်။
အရင်ရုပ်ရှင်တွေကြောင့် သံချောင်းတွေ၊ သစ်လုံးတွေ၊ ရိုလာကိုစတာတွေ တွေ့တိုင်း လန့်နေရအပြီးမှာ ဒီရုပ်ရှင်ကြည့်ပြီးရင်ရော ဘာတွေလန့်ရမလဲ တွေ့ရပါလိမ့်မယ်။
ဒီ ရုပ်ရှင်ထဲမှာ ပထမဆုံး အမြင်ကြိုရခဲ့တဲ့ အိုင်းရစ်ကတော့ ရုပ်ရှင် ၆ ကားလုံးမှာ အစောဆုံး အမြင်ကြိုရတဲ့သူ ဖြစ်ပါတယ်။
1968 မှာ ဖြစ်ခဲ့တဲ့အဖြစ်ကို အခြေခံပြီးတော့ ပြီးခဲ့တဲ့ရုပ်ရှင်တွေနဲ့ ဆက်စပ်ခဲ့သလို နောက်ဆုံး ဖြစ်စဉ်အထိ ဆွဲခေါ်သွားခဲ့တာပါပဲ
7 278
Words of War (2025)
📱IMDb Rating __5.6/10, Rotten Tomatoes __70%
ဒီရုပ်ရှင်က ရုရှားဂျာနယ်လစ် Anna Politkovskaya ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိဒရာမာတစ်ခုပါ။
Maxine Peake က Anna အဖြစ် သရုပ်ဆောင်ထားပြီး သူမရဲ့ ရဲရင့်တဲ့ ဂျာနယ်လစ်ဘဝကို ပြသထားတယ်။
ဇာတ်လမ်းက ချေချင်းယားမှာ ရုရှားစစ်တပ်ရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ရင်း ဗလာဒီမာပူတင်ရဲ့ အာဏာရှင်စနစ်ကို စိန်ခေါ်ခဲ့တဲ့ Anna ရဲ့ဘဝကို အခြေခံထားတယ်။သူမက ခြိမ်းခြောက်ခံရတာ၊ အဆိပ်ခတ်ခံရတဲ့ဒဏ်တွေကို ရင်ဆိုင်ခဲ့ရပေမယ့် အမှန်တရားကို ဖော်ထုတ်ဖို့ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။
ဒီရုပ်ရှင်မှာ Jason Isaacs က Anna ရဲ့ခင်ပွန်း Sasha အဖြစ်နဲ့ Ciarán Hinds က သူမရဲ့ အယ်ဒီတာ Dmitry အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းက အက်ရှင်ထက် စိတ်ခံစားမှုနဲ့ လူသားဆန်တဲ့ အခိုက်အတန့်တွေကို ဦးစားပေးထားတယ်။
ဥပမာ၊ Anna ရဲ့ ချေချင်းယားက ပြည်သူတွေနဲ့ စကားပြောတဲ့အချိန် သူတို့ရဲ့ ယုံကြည်မှုကို တဖြည်းဖြည်း ရယူတဲ့ပုံက အတော်ခံစားရပါတယ်။
ဒါပေမယ့် သူမရဲ့ သတ္တိက နောက်ဆုံးမှာ သူ့ဘဝကို ပေးဆပ်လိုက်ရတဲ့ ဖြစ်ရပ်ဆီ ဦးတည်သွားခဲ့တယ်။
ဒီရုပ်ရှင်က သိပ်ပြဇာတ်ဆန်တဲ့ စတိုင်မျိုးမဟုတ်ဘဲ ရိုးရှင်းပြီး နက်ရှိုင်းတဲ့ မက်ဆေ့ချ်တွေကို ပေးတယ်။ဂျာနယ်လစ်တွေရဲ့ အန္တရာယ်နဲ့ သူတို့ရဲ့အမှန်တရားအတွက် တိုက်ပွဲကို ပြသရင်း ဒီကနေ့ ကမ္ဘာ့အခြေအနေတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ခံစားရတယ်။
သမိုင်းနဲ့ ဂျာနယ်လစ်ဇင်ကို စိတ်ဝင်စားရင် ဒီရုပ်ရှင်က ကြည့်လို့ကောင်းမယ့် ရွေးချယ်မှုတစ်ခုလို့ ပြောလိုက်ပါရစေဗျ။
7 278
The Front Line (2011)
၁၉၅၀ ၀န်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို
အခြေခံပြီးရိုက်ကူးထားတယ်
၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်
လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်
တွေအငြင်းပွါးကြတယ် ဒီတောင်ကုန်းကို၂ဖက်တပ်တွေအလုအယက်
သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ…
တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီး
နောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ….အသက်ရောရှင်ရဲ့လား….
တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်
နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ…အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားက
စစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်
သရုပ်ဖော်
ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်း တကားဖြစ်ပါတယ်
တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားပါတယ်
7 278
War Horse (2011)
📱IMDb Rating ___7.2/10 ,Rotteen ___76%
အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ပရိသတ်ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်
စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို နာမည်ကြီး ဒါရိုက်တာ Steven Spielberg က မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ် ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်…
ဇာတ်လမ်းကတော့ ပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ လယ်ထွန်ဖို့အတွက် မြင်းတွေကို အသုံးပြုခဲ့ပြီး ဈေးတွေမှာ မြင်းတွေကို လေလံဆွဲရောင်းချရာကနေ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Joey ဆိုတဲ့မြင်းလေးကို Ted Narracott ဆိုတဲ့လူက ဝယ်ယူခဲ့ရာက စတင်ထားပါတယ်
Albertရဲ့ အဖေ Ted Narracott ဟာ လယ်ထွန်တတ်တဲ့ မြင်း မဝယ်ပဲစစ်မြင်းကို ဝယ်ချလာတဲ့ အခါ ပြဿနာမျိုးစုံတက်တော့တာပါပဲ...
Albert က မြင်းလေးကိုကောင်းကောင်းမွန်မွန်သင်ကြားပေးခဲ့ပေမဲ့ အခြေအနေတွေကြောင့် ဒီမြင်းလေး ကို စစ်တပ်ကို ရောင်းခဲ့ရပါတယ်…
ဒီလိုနဲ့ ပထမကမ္ဘာစစ်မှာ မြင်းလေးကို အသုံးပြုဖို့ဖြစ်လာခဲ့ပြီး သူ့ကိုအရမ်းချစ်တဲ့ Albert ကတော့ မြင်းလေးနဲ့ ဝေးဖို့ဖြစ်လာခဲ့ရာကနေ သူ့ရဲ့မြင်းလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားခဲ့ပုံတွေကို ရိုက်ကူးထားတာပါ…
