HM Movies
الذهاب إلى القناة على Telegram
7 350
المشتركون
لا توجد بيانات24 ساعات
+857 أيام
+43130 أيام
أرشيف المشاركات
7 350
Ghostbusters: Frozen Empire (2024) ဇာတ်ကားသစ်
=========
IMDb Rating (6.3)
Rotten Tomatoes (83%)
သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။
ဇာတ်လမ်းအကျဉ်း
သရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လိုရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အပန်းဖြေဖိုအတွက် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။
7 350
Gr.....ave Tor.....ture (2024) ဇာတ်ကားသစ်
Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား
လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur
(Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန်
ရရှိထားပါတယ်။
အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ
နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့
ဘာသာဝင်တွေလည်း ရှိပါသေးတယ်။
အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ
အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင်
မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့
အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင်
ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။
အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ
ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့
မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။
စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး
အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့
အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့
လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့
ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး
အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့
စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး
တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့
အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့
မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့
Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
7 350
Saaho (2019) မြန်မာစာတန်းထိုး
===========================
ဇာတ်လမ်းအကျဉ်း..
မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်...
ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်... အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်...
အချင်းချင်းတွေ ကွဲနေကြတယ်... ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်...
မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ...
ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့... မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး ခင်ဗျာ...
7 350
Val**iant O*ne 2025 ဇာတ်ကားသစ်
အက်ဒဝပ် ဘရော့ခ်မန်းဟာ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်တာများတဲ့ နည်းပညာရှင်တပ်ကြပ်တစ်ယောက်ဖြစ်ပြီး ဆယ်ဘီကတော့ သူနဲ့ ရာထူးအဆင့်တူတဲ့ တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ တောင်ကိုရီးယားပိုင်နက်မှာ တခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ မြေအောက်ခြေရာခံစက်ချို့ယွင်းမှုကို စစ်ဆေးဖို့အတွက် သာမန်စစ်ဆင်ရေးတစ်ခုအနေနဲ့ ရဟတ်ယာဉ်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။
ဒီလိုနဲ့ နည်းပညာချို့ယွင်းမှုကို စစ်ဆေးပြီး ပြန်အလာမှာ ရဟတ်ယာဉ်က စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ဗိုလ်မှူးက အပြင်းအထန်ဒဏ်ရာရပြီး ရှေ့ဆက်သွားဖို့မဖြစ်နိုင်တဲ့အတွက် ဘရော့ခ်မန်းကို ဦးဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတော့တယ်။ သူတို့ဟာ ဂြိုဟ်တုဖုန်းနဲ့ အခြေစိုက်စခန်းကို လာရောက်ကယ်ဆယ်ပေးဖို့ စစ်ကူတောင်းခံတဲ့အခါ သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိနေမှန်း သိလိုက်ရပါတော့တယ်။
အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်နက်ကို ဝင်တာနဲ့ စစ်ကြေညာတဲ့သဘော သက်ရောက်သွားမှာဖြစ်တဲ့အတွက် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်ခြားမျဉ်းက ကိုဩဒိနိတ်တစ်ခုကို အရောက်လာခဲ့မှသာလျှင် ကယ်ထုတ်ပေးနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီတော့ သူတို့တွေ မြောက်ကိုရီးယားကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ ဘယ်လိုကြိုးပမ်းကြမလဲဆိုတာက စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
7 350
+1
Good Newwz [2019]
===============
Bollywood မင်းသားကြီး Akshay Kumar
သရုပ်ဆောင်ထားသော အိမ်ထောင်ရေးဟာသ
ဇာတ်ကားကြီးတစ်ခုဖြစ်ပါသည်။
နာမည်တူသော အိမ်ထောင်နှစ်စု၏ ကလေးမရသည့်ပြဿနာကို
အခြေခံ၍ ရိုက်ကူးထားပါသည်။
ဖန်ပြွန်အိမ်သန္ဓေ
သားစနစ်ဖြင့် ကိုယ်၀န်ဆောင်ကြသော အိမ်ထောင်
စုနှစ်ခုသည်ဆရာ၀န် ၏လွှဲချော်မှုကြောင့် သုတ်ပိုး
များကို အပြန်အလှန်မှား၍ထည့်မိလိုက်သည်။
ထို အမှားတစ်ချက်ကြောင့် အိမ်ထောင်စုနှစ်ခုကြားတွင်
ပြဿနာစတက်တော့သည်။
ဆရာ၀န်ကြောင့် ခင်ပွန်းနှင့်အိမ်ရှုင်မတို့၏ သုတ်ပိုးမှားထည့် သည့် ပြဿနာမှစသည့် အိမ်ထောင်ရေးဟာသ ဇာတ်
ကားကြီးတစ်ခုဖြစ်ပါသည်။
Akshay Kumar နှင့် Kareena Kapoor တို့သည် လင်မယားတစ်တွဲ ဖြစ်ပြီး Diljit Dosanjh နှင့် Kiara Advani လင်မယားတစ်တွဲအဖြစ် သရုပ် ဆောင်ထားပါသည်။
ခေတ်သစ်စနစ်ဖြင့် သန္ဓေတည်သောခရီးစဉ်တွင်
ဆရာ၀န်၏လွှဲမှားမှု၊ အသွင်မတူသော မိသားစု
နှစ်ခုနှင့် ရှင်းမရသော ပြဿနာများကြားတွင်မည်
သို့မည်ပုံ တစ်ဦးနှင့်တစ်ဦးညှိနှိုင်းကာ ရှေ့ဆက်
တိုးကြသည်ကို ပုံစံအသစ်ဖြစ်ရိုက်ကူးထားပါသည်။
ထူးခြားသည့်ဇာတ်လမ်းတစ်ခုဖြစ်ပြီး
အူတက်အောင် ရီရမည့်ဟာသဇာတ်လမ်းကောင်းလေး
7 350
Upon the Magic Roads (2021)
==========================
ဒါကတော့ ရုရှားစကားပြောကားလေးပါ ရုရှား ရှေးပုံပြင်တစ်ပုဒ်ဖြစ်တဲ့ The Humpbacked Horse ကိုရုပ်ရှင်ရိုက်ထားတာပါ...
ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာက လူစကားတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို လက်ဆောင်ရပြီး တူတူစွန့်စားခန်းထွက်ကြပါတယ်...
ရုပ်ရှင်က ရုရှားကားဆိုပေမယ့် ၀တ်စုံတွေ Visual effects တွေကြည့်လို့ကောင်းပြီးမူလပုံပြင်အတိုင်းဖြစ်အောင်ရိုက်ကူးထားပါတယ် ပေါ့ပေါ့ပါးပါးနဲ့မိသားစုလိုက်ကြည့်နိုင်မယ့်ကားလေးပါ.....
7 350
ချန်အန်းသမိုင်း၏အာဏာစက်
(长安三万里)Chang An [2023] ရုပ်ရှင်
🪭 Rating 8.3 ထိရထားပြီး ဒီနှစ်နွေရာသီရဲ့အပေါက်ဆုံး၊ ရုံတင်ငွေအကောင်းဆုံး Animation ရုပ်ရှင်အဖြစ်ရပ်တည်နေတဲ့ Chang An ဆိုတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
7 350
"အခွန်မှူး ရမ်နန်ဒန်" [ 2/0/2/5 ] မြန်မာစာတန်းထိုး
RRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့
မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ
ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။
RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း
ထင်သလောက်မပေါက်ဖြစ်နေတဲ့
ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….
ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ
အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့
အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။
မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့
ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..
ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ
ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို
နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့
အေးဆေးရထားလေးစီးမသွားရပဲ
ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။
မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့်
ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့်
ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက်
ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက
ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို
ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေ...
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။
7 350
Centurion (2010)
အညွှန်း* 🔽🔽🔽
ဇာတ်လမ်းကတော့ ရောမစစ်သမိုင်းမှာ နာမည်ကြီးကြမ်းတမ်းတဲ့ Ninth Legion ဆိုတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်အားရင် လူသတ်မယ်အရက်သောက်ရင်း ပျင်းလာရင် လူရိုက်မယ်ဆိုတဲ့ အကြမ်းစားတပ်ဖွဲ့ကြီးတစ်ဖွဲ့ပေါ့
ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း စစ်တပ်ကိုမုန်းတဲ့ ပြည်သူတွေဆိုတာ
ရှိတာကိုး
အဲ့ဒီထဲကမှ Picts လူမျိုးစုတစ်စုဟာ စစ်တပ်ကို သေလောက်အောင် မုန်းတီးနေသူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်တာကြောင့် ရောမအကြီးအကဲတွေတောင် အကျပ်ရိုက် ကြောက်လန့်လာရပါတယ်
အဲ့ဒီအချိန်မှာ ကြမ်းပေ့ဆိုတဲ့ Ninth Legion တပ်ဖွဲ့ကြီးကို ဖိတ်ခေါ်ပြီး အဆိုပါလူမျိုးစုတွေကို သွားရောက်နှိမ်နင်းခိုင်းတဲ့အခါမှာတော့ ရောမစစ်တပ်နဲ့ Picts လူမျိုးစုတွေ တွေ့ကြပါတော့တယ်
ဒီဇာတ်လမ်းရဲ့ 90% လောက်က သ!တ်နေဖြတ်နေတာပါ…တိုက်ပွဲထဲမှာ ခေါင်းမှီရင် ခေါင်းကိုခုတ် လက်မှီရင် လက်ကိုခုတ် ဆိုတာမျိုးတွေ အပြည့်နဲ့ တကယ့်ရှေးခေတ်စစ်ပွဲတစ်ပွဲကိုကြည့်ရသလိုနေမှာပါ။။။
#Credit
ဇာတ်ကားကြည့်ရန် 🔽🔽🔽
7 350
Madraskaaran (2025)ဇာတ်ကားသစ်
“အိပ်မက်များ”
အသစ်စက်စက် တမီးလ်အက်ရှင်ဇာတ်ကြမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်
သရုပ်ဆောင်တွေအနေနဲ့ Shane Nigam နဲ့ Niharika Konidela တို့က အဓိကပါဝင်ထားပြီး
ဇာတ်လမ်းအကျဉ်းကိုပြောရရင် နယ်မြို့လေးတစ်မြို့က ဆတ်တယာဟာ ချန်နိုင်းမြို့သူလေး
မီရာ့ကိုမှ တန်းတန်းစွဲချစ်သွားခဲ့ပြီး သူတို့နယ်လေးမှာ
အမျိုးတွေအများကြီးနဲ့ ခြိမ့်ခြိမ့်သဲမင်္ဂလာဆောင်ကျင်းပဖို့ စီစဉ်နေကြတာပါ
ဒါပေမဲ့ ကံဆိုးချင်တော့ သတိမမူမိတဲ့ အမှုမဲ့အမှတ်မဲ့
ကိစ္စလေးတစ်ခုကြောင့် ပြဿနာတွေ မီးခိုးကြွက်လျှောက်လိုက်လာပြီး
နှစ်ကိုယ်တူမက်ခဲ့တဲ့ အတူပေါင်းဖက်ရဖို့ အိမ်မက်တွေနဲ့
တစ်စစီဝေးကွာသွားမလား ပြန်လည်ပြုပြင်ဖို့
ကြိုးစားလို့ရနိုင်ဦးမှာလား ဆက်လက်ကြည့်ရှုလိုက်ပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
