HM Movies
الذهاب إلى القناة على Telegram
7 340
المشتركون
+1824 ساعات
+1297 أيام
+46430 أيام
أرشيف المشاركات
7 338
404 Run Run (2024)
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် ATM မင်းသားကြီး P’Ter နဲ့ Century of Loveထဲက ကိုကိုကတုံး Daouတို့ရဲ့ အမိုက်စား ဟာသသရဲကားလေး ထွက်ရှိလိုလာပါပြီခင်ဗျ။
ဒီထဲမှာတော့ ဇာတ်လိုက်ကျော်ကြီးက အာဝဇ္ဇန်းရွှင်သလောက် အလုပ်မဖြစ်တဲ့ အိမ်ခြံမြေပွဲစားလေး နာ့ခရော့အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အိမ်ခြံမြေပွဲစားလေးနာ့ခရော့ဟာ အပြောမှာတော့ရွှေမန်းဆိုပေမဲ့ လက်တွေ့မှာတော့ အိမ်စုတ်တွေကို ကြည့်ကောင်းရုံနှမ်းဖြူးလေးပြင်ပြီး ဂျင်းထည့်ရောင်းနေတဲ့လူလိမ်ပေါ့။
ဒါပေမဲ့ လူတွေကလည်း ဂျင်းထည့်ဖို့ ထင်သလောက်မလွယ်တော့ တစ်ဖက်က အကြွေးနွံနစ်ပြီး ချစ်သူဖြစ်တဲ့လင်းနဲ့မင်္ဂလာဆောင်ဖို့ ပြင်ဆင်ရာကနေ အကြိမ်ကြိမ်လွဲချော်နေတဲ့ အရှုံးသမားလေးပါ။
ဒီလိုနဲ့ နောက်ဆုံးတစ်ခါ အခွင့်အရေးပေးဖို လင်းကို ကတိတွေပေးလိုက်ပေမဲ့ လမ်းစပျောက်နေတဲ့ နာ့ခရော့တစ်ယောက်
အိမ်ခြံမြေကြီးကြီးကိုရှာပြီး အချီကြီးရအောင် အပီကြံမယ်လို့အားခဲလိုက်ရာကနေ ရှာတွေ့ခဲ့တဲ့ ဆွခ်ဟီနီရမ်ဟိုတယ်ကြီး….
ခမ်းနားတဲ့ဟိုတယ်ကြီး မြေပိုင်လည်းဖြစ်တဲ့အပြင် ဈေးကလည်းအရမ်းပေါနေပေမဲ့ ဝယ်သူမရှိရတဲ့အကြောင်းရင်းကတော့…
ဒီတော့ ချစ်သူလေးနဲ့နီးစပ်ဖို့အရေး ဟိုတယ်ကြီးကိုဝယ်ပြီး ချမ်းသာဖို့ကြံနေတဲ့နာ့ခရော့တို့လူတစ်စုကို ဟိုတယ်ကြီးထဲမှာ ဘယ်လိုထူးခြားဖြစ်စဉ်တွေက စောင့်ကြိုနေမလဲဆိုတာ CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။
7 338
See you in my 19th Life (2023)
“ဇာတိဿရဉာဏ်” ဆိုတာ အရင်ဘဝအဆက်ဆက်ကို မှတ်မိနေတဲ့ အထုံဉာဏ်ကို ခေါ်တာပါ။
ဒီလို ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ ဘန်ဂျီအင်မ် နှစ်ပေါင်းထောင်ချီပြီး ဘဝပေါင်းများစွာ ဝင်စားခဲ့တဲ့ ကောင်မလေးပါ။
နောက်ဆုံး ၁၈ ဘဝမြောက်မှာ မတော်တဆမှုနဲ့ သေဆုံးခဲ့ရတဲ့ ဘန်ဂျီအင်မ် ဟာ အရင်ဘဝက အဆက်အစပ်ရှိခဲ့ဖူးတဲ့လူတွေနဲ့
ဆက်သွယ်ဖို့ ကြိုးစားရင်း အရင်ဘဝက ဆောဟာ ဆိုတဲ့ ကောင်လေးနဲ့ပါ တွေ့ဖို့ ကြိုးစားပါတော့တယ်။
သူ့ရဲ့အရင်ဘဝက မှတ်ဉာဏ်တွေက လက်ရှိ ၁၉ ဘဝမြောက်က အချစ်ရေးမှာ အနှောက်အယှက်ပေးမှာလား?
ဒါမှမဟုတ် အချစ်က ဘဝပေါင်းများစွာ ကျော်ဖြတ်ပြီး ကြံ့ကြံ့ခံပြီး ရင်ဆိုင်သွားနိုင်မှာလား ဆိုတာကတော့ ….
