ar
Feedback
HM Movies

HM Movies

الذهاب إلى القناة على Telegram

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235

إظهار المزيد
7 293
المشتركون
+1624 ساعات
+1517 أيام
+46130 أيام
أرشيف المشاركات
ဒီဇာတ်ကားဟာ နျူကလီးယားကပ်ဘေးဆိုက်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူသုံးယောက်တို့ရှင်သန်ရပ်တည်ဖို့ရုန်းကန်ကြိုးစားကြပုံကိုဇ
ဒီဇာတ်ကားဟာ နျူကလီးယားကပ်ဘေးဆိုက်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူသုံးယောက်တို့ရှင်သန်ရပ်တည်ဖို့ရုန်းကန်ကြိုးစားကြပုံကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာCraig Zobel ရိုက်ကူးပုံဖော်ထားတဲ့ Black Wheel Awards ,Phoenix Film Critics Society Awards ဆုတွေရရှိထားပြီး rating 6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ ရုပ်ရှင်သရုပ်ဆောင်ကော စာရေးဆရာကော ဒါရိုက်တာအဖြစ်ကော အသက်မွေးပြီးအကယ်ဒမီဆုပေါင်းများစွာ ရရှိထားတဲ့ မင်းသားChiwetel Ejioforအပြင် အခြားအကျော်အမော်တွေဖြစ်ကြတဲ့ မင်းသားChristopher Whitelaw Pine နဲ့ ဟာလေကွင်းလိုလူသိများတဲ မင်းသမီး Margot Elise Roobie တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအစမှာ နျူကလီးယားကပ်ဘေးသင့်ပြီးတဲ့နောက် ဖာရိုဆိုတဲ့ ခွေးလေးတစ်ကောင်ကို အဖော်ပြုပြီး တစ်ကိုယ်တည်းရှင်သန်ရပ်တည်နေတဲ့ အန်ဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ အစပျိုးထားပါတယ် အဲ့ဒီနောက်အန်ဆန်ဆိုတဲ့ ကောင်မလေးရဲ့ဘဝထဲကို မစ္စတာလူးမစ်နဲ့ ကေလမ်ဆိုတဲ့ အမျိုးသားနှစ်ဦးရောက်ရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမှာလဲ.....

A Spy Girl (2004)

ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့ မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ .. မြောက်ကိုရီးယားသူလျှိုကောင
ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့ မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ .. မြောက်ကိုရီးယားသူလျှိုကောင်မလေးနဲ့ တောင်ကိုရီးယားကောင်လေးကြားက Romance, Comedy အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သင်တန်းကျောင်းတစ်ခုက ကျောင်းသားတွေက ဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေအပျော်တင်ပြီးတော့ အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။ တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာ အသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့ ရုတ်တရက် နာမည်ကြီးလာပါတယ်။ တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားကရောက်လာတဲ့ သူလျှိုဖြစ်နေတဲ့အခါမှာတော့... သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ... သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး (Gong Yoo) နဲ့ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်

Zhu.Bajie.The.Spring.Years.2021.CHINESE.480p.WEB-DL.x264-[MMFILG].mp4

A Piggy Love Story / Zhu Bajie: The Spring Years Comedy Fantasy Romance ဝူခုံးဇာတ်ကားထဲကပါကျဲကို​တော့လူတိုင်းသိမယ်ထင်ပါတယ် ဝူ
A Piggy Love Story / Zhu Bajie: The Spring Years Comedy Fantasy Romance ဝူခုံးဇာတ်ကားထဲကပါကျဲကို​တော့လူတိုင်းသိမယ်ထင်ပါတယ် ဝူခုံးအ​ကြောင်း​တွေအများကြီးထွက်​ပေမယ့် ကျန်တဲ့သူ​တွေအ​ကြောင်းက​တော့ထွက်တာရှားပါတယ် အခုကပါကျဲအ​ကြောင်းပါ... သိကြတဲ့အတိုင်းနတ်ပြည်က​နေနှင်ထုတ်ခံရတဲ့ပါကျဲဟာလူပြည်မှာရှစ်ဘဝဝင်စားပြီး​နောက်ဆုံးဘဝမှာသူတို့ရဲ့နဂါးပြည်ကိုကယ်ဖို့ကမ်း​ပေါ်ကိုတက်လာပြီး​ရွှေပြဒါးလုံးကိုလာရှာတဲ့နဂါးမ​လေးနဲ့ချစ်ကျွမ်းဝင်ခဲ့တဲ့ဇာတ်လမ်း​ပေါ့ ဝူခုံးကား​တွေထဲမှာလည်းအလွဲ​တွေနဲ့ပါကျဲ အခုကားထဲမှာလည်းဘယ်လို​​လွဲဦးမလည်း ​ရွှေပြဒါးရှင်လုံးကိုလိုချင်တဲ့မ​ကောင်းဆိုးဝါး​တွေနဲ့​​ရောဘယ်လိုရင်ဆိုင်ရမှာလည်း သူနဲ့နဂါးမ​လေးက​ရော​ပေါင်းရပါ့မလား ​ရွှေပြဒါးလုံးကို​ရောနဂါးမ​လေးကဘဲရသွားမလား တရုတ်​တွေရဲ့မ​ကောင်းဆိုးဝါးအ​ပေါ်ထားတဲ့အယူအဆ​တွေကိုမြင်​တွေ့ရမှာဖြစ်ပြီး ကြည့်လို့​ကောင်းတဲ့ဇာတ်ကား​လေးတစ်ကားဖြစ်ပါတယ်

Red Cliff 2 (2009)

Red Cliff 2 (2009) ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီးနောက် ဒုတိယကားကို (၂၀၀၉) ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ်..ဇာတ်လမ်းကတေ
Red Cliff 2 (2009) ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီးနောက် ဒုတိယကားကို (၂၀၀၉) ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ်..ဇာတ်လမ်းကတော့ ပထမကားကိုပဲ ဆက်လက်ရိုက်ကူးထားပြီး ပထမကားကိုသာ ကြည့်ပြီးမှ ဒီကားကိုဆက်ကြည့်မှသာ ဇာတ်ရည်လည်မှာပဲဖြစ်ပါတယ် ဒီကားကတော့ (IMDb Rating 7.6) ထိရရှိထားပြီး သိုင်းကား ရှေးရာဇဝင်စစ်ကားကို ကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် (ချောင်ချောက်) ရဲ့ ကုန်းတပ်စစ်ဦးကို အနိုင်တိုက်ပြီးနောက်မှာ အင်အားသောင်းချီတဲ့ ရေတပ်ကြီးကို (ကျိုးယွီ) နဲ့ (ခုံးမင်) တို့ ဘယ်လို ဆက်ရင်ဆိုင်ကြမလဲဆိုတာ

Megalomaniac (2022)

၁၉၉၀ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ၆ လအတွင်း အမျိုးသမီး ၁၅ ယောက်တိတိကို သတ်ပြီးတော့ လူမြင်ရာတွေမှာ အလောင်းအိတ်တွေနဲ့ ချန်
၁၉၉၀ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ၆ လအတွင်း အမျိုးသမီး ၁၅ ယောက်တိတိကို သတ်ပြီးတော့ လူမြင်ရာတွေမှာ အလောင်းအိတ်တွေနဲ့ ချန်ထားလေ့ရှိတဲ့ လူသတ်သမားတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူသတ်သမားဆီမှာ မာသာနဲ့ ဖီးလစ်လို့ခေါ်တဲ့ သားသမီး နှစ်ယောက်ရှိခဲ့ပါတယ်။ ဖီးလစ်ကတော့ အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ခြေရာနင်းပြီး လူလိုက်သတ်ပါတယ်။ မာသာကတော့ သန့်ရှင်းဝန်ထမ်း တစ်ယောက်ပေါ့။ သူဟာ အလုပ်မှာ အမြဲကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ အလုပ်မှာလည်း လူလိုဆက်ဆံမခံရ၊ ဘဝကြီးကိုလည်း ပုံမှန်လူတွေလိုမဟုတ်ဘဲ တစ်ဆင့်ခံမြင်ရကြားရတဲ့ အခြေအနေမျိုးနဲ့ပဲ ဖြတ်သန်းရတဲ့ မာသာဟာ ကြာလာတဲ့အခါ စိတ်ရူးပေါက်ပြီးတော့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ မာသာတစ်ယောက် စိတ်ထွက်ပေါက်ကို ဘယ်လိုနည်းတွေနဲ့ရှာလဲ… ကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကို ဘယ်လိုဝ⁠ဋ်ကြွေးပြန်ဆပ်မလဲ… ဆိုတာကို အလန့်တကြားကြည့်ရမှာပဲဖြစ်ပါတယ်။

Juliet & Romeo (2025)

ရှိတ်စပီးယားရဲ့ ပြဇာတ်ဖြစ်တဲ့ ရိုမီယို ဂျူးလိယက်ပြဇာတ်ဟာ နာမည်ကျော်ပြီးသားဖြစ်သလို အများသိပြီးသားဖြစ်ပါတယ်.. ရိုမီယို ဂျူးလိယ
ရှိတ်စပီးယားရဲ့ ပြဇာတ်ဖြစ်တဲ့ ရိုမီယို ဂျူးလိယက်ပြဇာတ်ဟာ နာမည်ကျော်ပြီးသားဖြစ်သလို အများသိပြီးသားဖြစ်ပါတယ်.. ရိုမီယို ဂျူးလိယက် ပြဇာတ်ကို မူအမျိုးမျိုးနဲ့ ရုပ်ရှင် ပြဇာတ် သီချင်းစတဲ့နယ်ပယ်အသီးသီးမှာ ပုံဖော်ကြသလို ခုတစ်ခေါက်ကားလေးဟာလည်း အသွင်သဏ္ဌာန်တစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေး ဖြစ်ပါတယ်.. အီတလီနိုင်ငံအဖြစ်မပေါ်ထွန်းသေးခင် အချိန်ကာလ ပုပ်ရဟန်းမင်းနဲ့ ရောမတော်ဝင်နွယ်တို့အားပြိုင်ကြချိန် ဗရိုနာ ဒေသဟာ အစုတ်ဖြဲခံရမယ့် နယ်မြေဖြစ်လာခဲ့ပါတယ်.. သို့သော်လည်း ဗရိုနာဒေသဟာ မူလကတည်းက စည်းလုံးညီညွတ်မှုမရှိဘဲ မိသားစုကြီးနှစ်ခုတို့ အားပြိုင်နေကြတဲ့ အရပ်ဖြစ်တဲ့အတွက် အင်အားကြီးသူတို့ ဝင်လာတဲ့အခါ အင်အားမမျှဘဲ ထိုးအပ်လိုက်ရမယ့်အခြေအနေ ဆိုက်ခဲ့ပါတယ်.. သို့နှင့် ဂျူးလိယက်ရဲ့ဖခင်ဖြစ်သူဟာ နယ်ခြားဒေသကဖြစ်သူ မင်းသားတစ်ပါးနဲ့ ဂျူးလိယက်ကို လက်ဆက်ပေးကာ မဟာမိတ်ဖွဲ့ဖို့လုပ်နေစဉ်မှာပဲ မဟာရန်သူတော်မိသားစုမှ ရိုမီယိုနဲ့ ဂျူးလိယက်တို့ အချစ်ဇာတ်လမ်းပေါ်ပေါက်ခဲ့ပြီး

Predator: Killer of Killers (2025)

Predator: Killer of Killers (2025) 📱IMDb Rating ___8.8/10 Predator ကာတွန်းရုပ်ရှင်အသစ် လာပါပြီ။ ဒါရိုက်တာကတော့ Prey နဲ့ The
Predator: Killer of Killers (2025) 📱IMDb Rating ___8.8/10 Predator ကာတွန်းရုပ်ရှင်အသစ် လာပါပြီ။ ဒါရိုက်တာကတော့ Prey နဲ့ The Boys ရဲ့ ဒါရိုက်တာ Dan Trachtenberg ပါပဲ။ ဗိုက်ကင်း၊ ဆာမူရိုင်း၊ စစ်သည် စသဖြင့် ခေတ်ပေါင်းစုံက သတ္တိခဲတွေကို စုပြီး ပရက်ဒေတာ ဂြိုလ်ပေါ်မှာ တိုက်ခိုက်ခိုင်းတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းကောင်း အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းမို့ ကြည့်လိုက်ကြပါဦး။

The Accountant 2 (2025) 📱IMDb Rating 7.0/10, Rotten Tomatoes 77% 2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှ
The Accountant 2 (2025) 📱IMDb Rating 7.0/10, Rotten Tomatoes 77% 2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O’Connor ပါပဲ။ ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။ ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို့ ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။ ဇာတ်လမ်းအကျဉ်း ရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသက်ခံလိုက်ရပါတယ်။ အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။ အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို့ ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။ ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။

The Accountant 2 (2025)

ခြံစည်းရိုးက အပေါက် (၂၀၂၁) 🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟 ဇာတ်ကားကောင်းလေးတွေကြည့်ရှုဖို့အတွက် မင်မင်ရဲ့ Main Channel လေးတွေကို Join ထားကြပါအုန်းနော် 🙏

ခြံစည်းရိုးက အပေါက် (၂၀၂၁) IMDB - 6.2/10 Genre - Thriller, Drama ဒီ ဇာတ်ကား လေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်
ခြံစည်းရိုးက အပေါက် (၂၀၂၁) IMDB - 6.2/10 Genre - Thriller, Drama ဒီ ဇာတ်ကား လေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသားလေး တွေက လော့စ်ပီနို လို့ခေါ်တဲ့ နွေရာသီ ဘာသာရေးစခန်း တစ်ခုကို လာရောက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ လော့စ်ပီနို ဟာ မြို့ပြင်မှာ သီးခြားတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ချို့တဲ့သော လူတန်းစားတွေ နေထိုင်ကြတာပဲဖြစ်ပါတယ်။ စခန်းရဲ့ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့ ကောင်လေး တွေကို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပေးဖို့ပါပဲ။ တစ်နေ့မှာတော့ ကျောင်းသား တွေဟာ စခန်းထဲမှာ ကွင်းဆင်းလေ့လာနေရင်း စခန်းကိုကာရံထားတဲ့ ခြံစည်းရိုးကို တစ်ယောက်ယောက်က အပေါက်ဖေါက်ထားတာကို တွေ့မိကြပါတယ်။ ဒီအဖြစ်အပျက်ကနေစလို့ ပိုပြီးထူးဆန်းတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်လာတဲ့အခါမှာတော့ စခန်းပတ်ဝန်းကျင်ရဲ့ အခြေအနေအမှန်တွေ၊ ဆရာ တွေရဲ့ ရည်ရွယ်ချက်အမှန်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဘာသာရေး နဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေနဲ့ ဆယ်ကျော်သက်ဘဝ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

The Accountant (2016)

The Accountant (2016) 📱IMDb Rating ___7.3/10, Rotten ___53% Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပ
The Accountant (2016) 📱IMDb Rating ___7.3/10, Rotten ___53% Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်း🔽🔽 ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။ လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ…….

Synopsis of American Manhunt: Osama bin Laden (2025) American Manhunt: Osama bin Laden (2025) =========================== IMD
Synopsis of American Manhunt: Osama bin Laden (2025) American Manhunt: Osama bin Laden (2025) =========================== IMDb – 7.7/10 Rotten Tomatoes – 100% Rotten Tomatoes မှာ 100% ရထားတဲ့ Documentary အမျိုးအစား စီးရီးတစ်ခုဖြစ်ပြီး Netflix ကနေ ထုတ်လုပ်ရိုက်ကူးထားပါတယ်။ အမေရိကမှာ မသိသူမရှိသလို တစ်ကမ္ဘာလုံးမှာလည်း မသိသူ မရှိသလောက်ရှားတဲ့ အယ်ကိုင်ဒါး အကြမ်းဖက်စစ်ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန်တွေ ဖမ်းကြတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို documentary ပုံစံ ရိုက်ကူးထားတာပါ။ Real footage တွေ ‌အမြောက်အမြားပါဝင်ပြီး အမေရိကန်တွေရဲ့ အသည်းနှလုံးတစ်ခုဖြစ်ခဲ့တဲ့ World Trade Center ကြီးရဲ့ တာဝါ ၂ ခုကို စက်တင်ဘာလ ၁၁ ရက်နေ့၊ ၂၀၀၁ ခုနှစ်မှာ လေယာဉ် ၂ စီးနဲ့ အသေခံဝင်တိုက်တာနဲ့ စထားပါတယ်။ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတာမို့ documentary စီးရီးတစ်ခုလို့ မမြင်မိပဲ စုံထောက်စီးရီးတစ်ခုကို ကြည့်နေရသလိုမျိုးတောင် မြင်မိပါတယ်။ ၃ ပိုင်းပါဝင်ပြီး တစ်ပိုင်းချင်းစီဟာ အနှစ်သာရ အပြည့်ရှိတာမို့ ထိုင်ရာက မထပဲ ဆက်တိုက်ကြည့်ချင်သွားစေမှာပါ။ Crd to the CM team ❗️❗️❗️❗️❗️ ➡️https://t.me/+rXzOfgzuRHU0ZjE9 ဇာတ်ကားလင့် ⤵️⤵️⤵️ https://t.me/c/2625883651/35 2025 ထွက်သီးသန့် ဇာတ်ကားတေမှ ကြည့်ချင်သူများ အောက်က channel လေးကိုJoin ထားပေးပါဗျ https://t.me/+rXzOfgzuRHU0ZjE9