HM Movies
الذهاب إلى القناة على Telegram
7 321
المشتركون
+2724 ساعات
+1627 أيام
+47230 أيام
أرشيف المشاركات
7 320
VIKINGS (2013)
Season 1to 5 (စဆုံး)
(ကမ္ဘာ့ရှေးဦးသမိုင်းထဲက ဗိုက်ကင်းလူမျိုးတို့အကြောင်း)
Vikingsလို့ ပြောလိုက်ရင်မသိသူမရှိ သလောက်ပါဘဲ။
Vikings တွေရဲ့ကမ္ဘာကNorse ဒဏ္ဍာရီမှပေါ်ထွက်လာပြီးသမိုင်းစာမျက်နှာများတွင်ပထမဆုံးပေါ်ထွက်လာခဲ့သော Ragnar Lothbrok ရဲ့ခရီးကနေစတင်ခဲ့တယ်။
Vikings တီဗွီစီးရီးဟာ Vikings ညီနောင်တွေနဲ့ ရဂ္ဂနာ ရဲ့ အုပ်စု အသိုင်းအဝိုင်း အမြော်အမြင်ကြီး ပုံတွေကို ဖော်ပြခြင်းဖြစ်ပြီး Vikings မျိုးနွယ်စုရဲ့ဘုရင်ဖြစ်လာဖို ရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကို ရိုက်ကူးထားတာပါ။
ရဂ္ဂနာဟာ အကြောက်အလန့်ကင်းတဲ့ စစ်သားဖြစ်တာကြောင့် စစ်နတ်ဘုရားအိုဒင်မှ တိုက်ရိုက်သက်ဆင်း လာသူဟု ဒဏ္ဍာရီ ဖြစ်ပေါ်ခဲ့ပါတယ်။
Vikings လုပ်ဆောင်ချက်တွေကြောင့် နိုး(စ) ဒဏ္ဍာရီမှ သမိုင်းစာမျက်နှာ တင်ရလောက်တဲ့ အာဂလူသားတစ်ဦးအဖြစ်ကို ရရှိလာပါတော့တယ်။
ရန်သူ အငိုက်ဖမ်းဝင်ရောက် တိုက်ခိုက်မှုကြောင့် အက်ဘတ်ဘုရင်ဟာ ရှုးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါမှာတော့
7 320
Husband, Father, Killer: The Alyssa Pladl Story (2024)
ခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန် Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်…
Alyssa Pladl ဟာ Steven Pladl နဲ့ ငယ်ချစ်တွေဖြစ်ပြီး အသက် ၁၅ နှစ် အရွယ်မှာပဲ မိဘတွေသဘောမတူတဲ့ကြားက ခိုးရာလိုက်ပြေးကာလက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ပါတယ် လက်ထပ်ပြီးမကြာမီမှာပဲAlyssa တစ်ယောက်ကိုယ်ဝန်ရှိကာ သမီးလေးတစ်ယောက်ထွန်းကားပြီး နောက်မှာတော့ သိပ်ချစ်တတ်လွန်းသူ ကြင်နာယုယတတ်သူSteven Pladl ရဲ့ အလုပ်အကိုင်မည်မည်ရရမလုပ်ချင်ဘဲ မိသားစုအပေါ်အကြမ်းဖက်တတ်တဲ့စရိုက်မှန်ကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ရပါတော့တယ်…
ထိုသို့အကြမ်းဖက်တတ်တဲ့ စရိုက်တွေကြောင့် လူမမယ်သမီးလေးထိခိုက်နာကျင်ရမယ့်အရေးကို ကာကွယ်ဖို့အတွက် Alyssa တစ်ယောက်ဟာသမီးလေးကို ရင်နာနာနဲ့ပဲ အခြားမိသားစုထံပေးကာ မွေးစားစေဖို့ဆုံးဖြတ်ချက်ချလိုက်ရပါတယ်..
သို့သော်လည်း အသက်ငယ်လွန်းသေးသူ Alyssa ဟာ Steven ရဲ့ လက်ကမလွတ်နိုင်ဘဲ ငြီးငွေ့စိတ်ကုန်ဖွယ်အိမ်ထောင်ရေးမှာ နောက်ထပ်သမီးလေးနှစ်ယောက် ထွန်းကားတဲ့အထိ နေထိုင်နေရင်း သမီးလေးတွေမျက်နှာကိုထောက်ကာ ယောက်ျားဖြစ်သူကို ကွာရှင်းဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်ခဲ့ရပါတယ်…
ထိုသို့နှင့် အိမ်ထောင်သက် ၁၇ နှစ်ကျော်လောက်မှာတော့ တခြားမိသားစုဆီမွေးစားဖို့ပေးလိုက်ရတဲ့ သမီးလေး Katie တစ်ယောက် Alyssa တို့မိသားစုဆီအလည်ပြန်ရောက်လာတဲ့ရက်အတွင်း ဖခင်ရင်းဖြစ်သူ Steven ရဲ့ ညှို့ဓာတ်တွေကြားရောက်ကာ ချစ်မိသွားပြီး သမီးရည်းစားတွေဖြစ် ကိုယ်ဝန်ရှိသွားတဲ့နောက်မှာတော့…
ဒီရုပ်ရှင်ကားလေးမှာဆိုရင် ၂၀၁၈ ခုနှစ်က နယူးယော့ခ်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ၃ လောင်းပြိုင်လူသတ်မှုဖြစ်စဉ်ကို အခြေခံကာ ပြန်လည်ရိုက်ကူးထားပြီး သမီးဖြစ်သူနဲ့လင်ဖြစ်သူရဲ့ ရင်နာစရာအဖြစ်ကို မိခင်ဖြစ်သူAlyssa ဘက်ကနေ ဂရုဏာသက်ဖွယ် မွန်းကြပ်ဖွယ် ခံပြင်းဖွယ်တင်ပြထားပါတယ်
ထိုကဲ့သို့ စိတ်နှလုံးကိုထိခိုက်စရာရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ အနုပညာမြောက် ဖြစ်ရပ်မှန်ရုပ်ရှင်ကားလေးတစ်ကားကို ရုပ်ရှင်ချစ်သူ ပရိသတ်များအနေနှင့်မကြည့်လိုက်ရ မရှိရလေအောင် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…
7 320
Teas-ing Mas-ter Takagi-san (2024)
အစအနောက်သန်သူ တာခဂိ (၂၀၂၄)
IMDb - 7.8/10
Genre - Romance, Drama, Comedy
သူငယ်ချင်းအချစ်ဦးလေးနဲ့ ပြန်ဆုံတွေ့ကြတဲ့ Teas-ing Mas-ter Takagi-san ဆိုတဲ့ ဂျပန်ကားလေးက ငယ်စဉ်ဘဝအပြင် လက်ရှိကာလကိုပါ ပိုပြီးသက်ဝင်ကြည်နူးဖွယ် ခံစားမှုပေးနိုင်တဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူငယ်ချင်းနှစ်ယောက်ရဲ့ ရယ်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ စနောက်မှုတွေကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ အလယ်တန်းကျောင်းသား နီရှီခတာ ဟာ သူ့ဘေးနားကထိုင်တဲ့ တာခဂိ ဆိုတဲ့ မိန်းကလေးသူငယ်ချင်းဆီက အမြဲလိုလို စနောက်ခံရပါတယ်။ နည်းမျိုးစုံနဲ့ အမြဲစနောက်တတ်တဲ့ တာခဂိ ကို နီရှီခတာ က လက်စားချေပစ်မယ်လို့ ကြုံးဝါးခဲ့သူလည်းဖြစ်ပါတယ်။ ဘယ်လိုပဲ တာခဂိ ကို အနိုင်ချင်ပေမယ့် နီရှီခတာ ဟာ တာခဂိ ဆိုတဲ့နဲ့တင် အလိုလိုရှုံးခဲ့ရသူပါ။ အလယ်တန်းတတိယနှစ်မှာ ပါရီကို တာခဂိ ပြောင်းသွားခဲ့ပေမယ့် သူတို့နှစ်ယောက်ဟာ အဆက်အသယ်မပြတ်ခဲ့ကြပါဘူး။ ၁၀ နှစ်အကြာမှာ နီရှီခတာ က သူတို့ကျောင်းမှာပဲ ကာယဆရာအဖြစ် လုပ်နေချိန် တာခဂိ က တန်းပြဆရာမအနေနဲ့ ၃ ပတ်ကြာ အလုပ်သင်လာရောက်ခဲ့ချိန်မှာ အတူတူနီးစပ်ဖို့ ဖြစ်လာပါတယ်။ ဆရာတွေအဖြစ်နဲ့ ပြန်ဆုံတဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်ချက်တွေကို ဘယ်လိုမျိုး စဉ်းစားဖြေရှင်းကြမလဲ။ ရိုးအတဲ့ နီရှီခတာ က တာခဂိ ဆိုတဲ့ အစနောက်သန်တဲ့ မိန်းကလေးကို အနိုင်ရယူပြီး ပြန်စနောက်နိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
