ar
Feedback
HM Movies

HM Movies

الذهاب إلى القناة على Telegram

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235

إظهار المزيد
7 320
المشتركون
+1924 ساعات
+1497 أيام
+45530 أيام
أرشيف المشاركات
photo content

Summer Night In Lost City (2025) 720p WEB-DL AAC2.0-CM

photo content

Holy Night- Demon Hunters (2025) WEB-DL 720p (CM)

photo content

( အော်စကာပါရနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ကား )

photo content

F9: The Fast Saga (2021)

F9: The Fast Saga (2021) 📱IMDb Rating __5.2/10, Rotten ___59% ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလိ
F9: The Fast Saga (2021) 📱IMDb Rating __5.2/10, Rotten ___59% ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ….. အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်က အရေးပေါ်အချက်ပြကလည်းထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်… ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီး အေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင် မယုံရလို့အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်…. လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ….ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ…..ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား… ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ပိုမြိုင်လာတယ်လို့ပြောရမှာပဲ

( အော်စကာပါရနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ကား ) + အချို့အခန်းတွေ screen နည်းနည်းကျဉ်းသွားလည်း မပူပါနဲ့ အပြည့်ပြန်လာပါတယ် Imax Sce
( အော်စကာပါရနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ကား ) + အချို့အခန်းတွေ screen နည်းနည်းကျဉ်းသွားလည်း မပူပါနဲ့ အပြည့်ပြန်လာပါတယ် Imax Scene အချို့ ပါနေလို့ပါ + IMDb 8, Rotten Tomatoes 97% တောင် ရရှိထားပြီး 35 နှစ်အတွင်း ပထမဦးဆုံး A အဆင့်ကို ပြန်လည်ရရှိခဲ့တဲ့ ဗန်ပိုင်းယားဟော်ရာ ဇာတ်ကား လာပါပြီ။ ရုံတင်တုန်းကလည်း ရီဗျူးကောင်းတွေ ရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ဟော်ရာမူဗီအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ကြည့်ရှုသူတွေကလည်း ဒီဇာတ်လမ်းဟာ ဗန်ပိုင်းယားတွေကို realistic အဆန်ဆုံး ရိုက်ပြနိုင်တဲ့ကားဖြစ်ကြောင်းချီးကျူးထားပါသေးတယ်။ Cast တွေကလည်း Michael B Jordan, Hailee Steinfeld တို့လို နာမည်ကြီးတွေနဲ့ ရိုက်ကူးထားပါတယ်။ ➡️ဇာတ်လမ်းအကျဉ်း ++++++++++++စမုတ်ခ်နဲ့ စတက်ခ်ဆိုတဲ့ အမြွှာညီအစ်ကိုဟာ ချီကာဂိုကနေ ဇာတိဖြစ်တဲ့ မစ္စစ္စပီကို ပြန်လာပြီး သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂျုကလပ် ဖွင့်ဖို့ စတင်ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီအရပ်ဒေသမှာ ကြောက်ဖို့ကောင်းပြီး အန္တရယ်များတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေပါတယ်။ ဒီလိုနဲ့ အတိတ်ဘဝဆိုးကို မေ့ဖျောက်ပြီး ဘဝသစ်စမဲ့ အမြွှာညီအစ်ကိုဟာ ပိုဆိုးတဲ့ ဘဝအတွေ့အကြုံကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီဇာတ်လမ်းမှာ ဘာသာရေး၊ ဂီတ၊ မိသားစုရေးရာ စတဲ့ topic မျိုးစုံကို နှီးနှောပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပြထားပါတယ်။ တစ်ရက်တာဆိုတဲ့ အချိန်အတွင်းမှာ ဖြစ်ပျက်သမျှတွေကို thriller နဲ့ action vibe အပြည့်အဝပေးပြီး တင်ဆက်ပြသွားတာကို မြင်ရမှာပါ။ ဇာတ်ကားလင့် 🔽 https://t.me/moviesforUS2025sub/3734 မင်" channel လေးကို သူငယ်ချင်းတေဆီကိုလည်း share လုပ်ပေးအုံးနော် 🖤

The gentlemen (2019)

The Gentlemen (2019) 📱IMDb Rating ___7.8/10, Rotten ___75% သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယ
The Gentlemen (2019) 📱IMDb Rating ___7.8/10, Rotten ___75% သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်…သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး…ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်… လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာ သိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်…. ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ… ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ… လည်သူစားစတမ်းတွေ….လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်… အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ…

🎬 Movie Name: COMA (2020) ⭐ IMDb: 6.3/10 Genre: Sci-Fi / Action / Mystery Director: Nikita Argunov Language: Russian (with E
🎬 Movie Name: COMA (2020) ⭐ IMDb: 6.3/10 Genre: Sci-Fi / Action / Mystery Director: Nikita Argunov Language: Russian (with English subtitles available) “မျက်စိဖွင့်တော့… ကမ္ဘာကြီးက မယုံနိုင်လောက်အောင် ပြောင်းလဲသွားခဲ့တယ်… ဒါက အဖြစ်မှန်လား? အိပ်မက်လား?” မတော်တဆအနာတရရပြီး coma ထဲပြုတ်ကျသွားတဲ့ အင်ဂျင်နီယာတစ်ဦးဟာ သူ့တစ်ဦးတည်းဘဝကနေ ထွက်လာပြီး Virtual-Like World တစ်ခုထဲမှာ မျက်စိဖွင့်ခဲ့တယ်။ အဲ့ဒီလောကကတော့ တကယ့်လောကထဲက အမှတ်ရဖွယ်ရာတွေကို ပုံဖော်ထားတဲ့ ရုပ်သိမ်းသွားတဲ့ Fantasy Space တစ်ခုဖြစ်ပြီး အဲမှာအမြဲတမ်းပျောက်ကွယ်နေသူတွေ၊ စွမ်းအားထူးခြားတဲ့သူတွေနဲ့ အချိန်မရွေးယှဉ်ပြိုင်ရတဲ့ အန္တရာယ်များစွာ… သူကရော ဘယ်လိုထွက်နိုင်မလဲ? ဒါကအိပ်မက်လား? သေတယ်ဆိုတာကမှန်တာလား?

ရှင်းဂျုကူ ၏ အမှောင်ခြမ်း (၂၀၀၉) 🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

ရှင်းဂျုကူ ၏ အမှောင်ခြမ်း (၂၀၀၉) IMDb - 6.9/10 Genre - Drama ဂျက်ကီချမ်း ရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါ
ရှင်းဂျုကူ ၏ အမှောင်ခြမ်း (၂၀၀၉) IMDb - 6.9/10 Genre - Drama ဂျက်ကီချမ်း ရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်ပရိတ်သတ်တောင်းဆိုမှုလည်းအတော်များတဲ့ကားလေးပါပဲ။ ဂျပန်နိင်ငံမှာတရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့တရုတ်လူမျိူးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ။ တရုတ်လူမျိူးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့ အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်း ကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်။ မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်။ တရုတ်တွေနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရမယ့်ဇတ်ကားပါပဲ။ ဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်။ တစ်ကားဆိုတစ် ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇာတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန်တော်တို့ပရိတ်သတ်တွေအတွက်တင်ဆက်လိုက်ရပါတယ်။

Doctor Strange: IN THE MULTIVERSE OF MADNESS Action /Aventure/ fantasy IMDb 7.3 ဒဇာတ်လမ်းကတော့ ဝန်ဒါဗီရှင် ဇာတ်လမ်းတွဲကနေ စတာ
Doctor Strange: IN THE MULTIVERSE OF MADNESS Action /Aventure/ fantasy IMDb 7.3 ဒဇာတ်လမ်းကတော့ ဝန်ဒါဗီရှင် ဇာတ်လမ်းတွဲကနေ စတာပါ။ဝန်ဒါဗီရှင်စီးရီးအပြီး စကားလက်ဝစ်ချ်(ကြက်သွေးရောင်စုန်းမ) ဖြစ်သွားတဲ့ ဝန်ဒါဟာ မှော်ပညာတွေကို စွန့်လွှတ်ပြီး တစ်ယောက်တည်း နေထိုင်နေပါပြီ။ ဒါပေမဲ့ အပြိုင်စကြဝဠာတွေကို ကူးသန်းဖို့ ပေါ်တယ်တံခါး ဖွင့်နိုင်စွမ်းရှိတဲ့ အမေရိကချားဗက်စ်ဆိုတဲ့ ကလေးမလေးနဲ့ ဒေါက်တာစထရိန့်ဂျ်တို့ တွေ့ဆုံတဲ့အခါ၊ ကလေးမလေးကို နတ်ဆိုးတစ်ကောင်က လိုက်ဖမ်းနေကြောင်း သိလိုက်ရတာမို့ ဒေါက်တာစထရိန့်ဂျ်ဟာ ဝန်ဒါမက်ဆီမော့ဖ်ကို အကူအညီတောင်းလာပါတော့တယ်။အဲဒီကနေ အပြိုင်စကြဝဠာတစ်လျှောက် ရန်သူတွေ တိုက်ပွဲတွေ စတင်လာပါတော့တယ်…။

Baby Blues (2013)

2013ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ခြောက်ခြောက်ခြားခြား horrorကားတခုပါပဲ လူတိုင်းလိုလိုကြားဖူးကြမှာပါ ကျွန်တော်တို့တွေ တနေရာရာကို ပြ
2013ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ခြောက်ခြောက်ခြားခြား horrorကားတခုပါပဲ လူတိုင်းလိုလိုကြားဖူးကြမှာပါ ကျွန်တော်တို့တွေ တနေရာရာကို ပြောင်းရွေ့ကြတဲ့အခါ အဲ့ဒီနေရာမှာ မကျွတ်မလွတ်ပရလောကသားတွေ ရှိတက်ပြီး သူတို့ရဲ့အစွဲအလမ်းရှိရာ အရာဝတ္ထုတခုခုမှာ တွယ်ကပ်နေတက်တာကိုပေါ့ ဒီဇာတ်လမ်းလေးကလဲ အဲ့ဒီလိုဇာတ်လမ်းမျိုးကို ကျောရိုးခံထားပါတယ် .ဇာတ်လမ်းအကျဉ်းကတော့ လူငယ်စုံတွဲတတွဲဟာ ဈေးသက်သာတဲ့ အိမ်တလုံးမှာ အတူနေထိုင်ဖို့ ငှားရမ်းပြီး ရွေ့ပြောင်းလာခဲ့ပါတယ်. အဲ့ဒီအိမ်မှာပဲ ထူးခြားတဲ့အရုပ်မလေးကို တွေ့ခဲ့ပါတယ်. ပထမကတော့ နဂိုအိမ်ငှားတွေကျန်ခဲ့တဲ့အရုပ်တခုပါပဲဆိုပြီး နမော်နမဲ့နေခဲ့ကြပေမယ့် နောက်ပိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေ ခြောက်ခြားဖွယ်ရာတွေကို ကြုဲံတွေ့လာရချိန်မှာတော့…………