Ko Aumg ငွေတုရောင်းဝယ်ရေး
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام Ko Aumg ငွေတုရောင်းဝယ်ရေး
تُعد قناة Ko Aumg ငွေတုရောင်းဝယ်ရေး (@hackapp112) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 24 542 مشتركاً، محتلاً المرتبة 3 586 في فئة ألعاب والمرتبة 5 752 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 24 542 مشتركاً.
بحسب آخر البيانات بتاريخ 20 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -1 723، وفي آخر 24 ساعة بمقدار -97، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 2.37%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 0.21% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 0 مشاهدة. وخلال اليوم الأول يجمع عادةً 51 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 21 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة ألعاب.
24 542
المشتركون
-9724 ساعات
-3927 أيام
-1 72330 أيام
أرشيف المشاركات
🎬Sarileru Neekevvaru (2020)📱🔔
Review ဖတ်ရန် ⤵️
စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ ခွင့်လည်း တောင်းထားပြီးသား ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက်သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့ မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။
🎬Fighter (2024)📱🔔
Imdb6.9/10
Review ဖတ်ရန် ⤵️
လက်ပွားမင်းသားရီသိက်ရိုရှန်နဲ့ အိန္ဒိယရဲ့တန်ကြေးအကြီးဆုံးမင်းသမီးစာရင်းဝင် ဒီပီကားပါဒူကွန်းတို့ရဲ့ အက်ရှင်ကားလေး ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ရုံတင်ရက်တွေ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရပေမယ့် ရုံတင်ချိန်မှာတော့ world wide ၃၃၇.၂ ကုဋေထိ အသားတင်ဝင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ အခုလက်ပွားဦးဆောင်ပါဝင်ထားတဲ့ကားက အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားက မရိုးနိုင်တဲ့တိုက်ပွဲတွေကို အခြေခံလို့ ဇာတ်လမ်းဆင်ထားပါတယ်။ အိန္ဒိယလေတပ်က ဇွတ်တရွတ် တိုက်လေယာဉ်မှူးနဲ့ မင်းသမီးချောချောလေးနဲ့ အချစ်ဇာတ်လမ်း ဘာညာ အက်ရှင်အသားပေးတင်ဆက်ထားပါတယ်။ ဘောလိဝုဒ်အနေအထားနဲ့ဆို ရှယ်လန်းတဲ့ အက်ရှင်စွန့်စားခန်းတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး မင်းသားရော မင်းသမီးရော ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတဲ့ ဝါရင့်သရုပ်ဆောင်တွေမလို့ bollywood ဖန်တွေ ကျေနပ်အားရမယ့်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
🎬Super (2019)📱🔔
Review ဖတ်ရန်⤵️
နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ဒီလိုသူ့ရဲ့ အရည်အချင်းကြောင့် ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက သင်္ချာအထူးပြုနဲ့ PhD ရဖို့သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပြီး မမျှော်လင့်ဘဲ ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေများလာပြီး ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့ 🔝 S_u-p_e-r 3_0 အိပ်မက် ဖြစ်တည်လာခဲ့ပါတော့တယ်....
🎬S_e-c_t-o_r 7 (2011)📱⚪
အညွှန်းဖတ်ရန်🔽
ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ပါတဲ့။ အပေါ်ကကားတွေက ကေဖန်တွေကြည့်ဖူးကြသလို ကြိုက်လည်းကြိုက်ကြ ပေါက်လည်းပေါက်ခဲ့တဲ့ကားတွေချည်းပါပဲ။
🎬Master (2021)📱✉️
ဒီတစ်ခါမှာတော့ မင်းသားကြီး ဗီဂျေးနဲ့
ဗီဂျေးစည်သူပသီတို့ရဲ့နာမည်ကြီးဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
Review ဖတ်ရန် ⬇️⬇️
အရက်တွေသောက် ဆိုးသွမ်းလှတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ဘယ်ကျောင်းမှာမှအဆင်မပြေပါဘူး။ တစ်နေ့တော့ သူဟာ ကလေးထောင်လို့ခေါ်တဲ့ကလေးပြုပြင်ထိန်းသိမ်းရေးကျောင်းမှာ တာ၀န်ကျဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ထောင်က ကလေးတွေဟာ မူးယစ်ဆေးအပြင် ခိုးဆိုးလုနှိုက်၊လူသတ်တာတွေအပါအ၀င် ပြစ်မှုမျိုးစုံကို ကျူးလွန်နေကြတဲ့ လူမိုက်ပေါက်စလေးတွေပါ။ လူမိုက်ဆရာနဲ့ လူမိုက်တပည့်တွေ တွေ့ကြတဲ့အခါမှာတော့...ဇာတ်လမ်းအလှည့်အပြောင်းမျိုးစုံနဲ့ကြည့်ရှုလိုက်ကြပါဦးဗျ။Channel📎🤩 https://t.me/+u1_eEvfKvVI5NzE9 ကြည့်ရန်📎🤩 https://t.me/c/3685513630/253 🍿ဒီလိုဇာတ်ကားကောင်း လေးတေကြည့်ချင်ရင်အောက်ကလင့်အပြာလေးကိုနှိပ်ပြီးjoinထားကြနော်🇲🇲⚪🔽 🤩 https://t.me/addlist/E31OL1GCwzxkMjA1 🔝🔝🔝🔝🔝🔝🔝🔝🔝🔝
Identity (2025)📱
Action ,Thriller
Bollywood ပရိသတ်ကြီးအတွက် ဇာတ်လမ်းဆန်းဆန်း rating ကောင်းကောင်းနဲ့ မလေယာလမ်းစကားပြော အိန္ဒိယကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Review ဖတ်ရန် ⬇️
ဇာတ်လမ်းလေးရဲ့အစမှာတော့ အိမ်ထောင်ကွဲလို့ အမေ တစ်ယောက်အဖေတစ်ယောက် အုပ်ထိန်းခွင့်ယူကြတဲ့အခါမှာ အဖေ့ဘက်လိုက်နေရတဲ့ ဟာရန်လေးဟာ ဖခင်အရက်သမားရဲမှူးရဲ့သင်တန်းကျောင်းနေရသလို ထိန်းကျောင်းပုံကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထရော်မာဝင်ပြီး ဘာမဆိုပြည့်စုံမှ ကြိုက်တဲ့ စိတ်ရောဂါရသွားပါတယ်… နှစ်တွေကြာပြီးနောက် စတိုးဆိုင်တစ်ခုက အဝတ်လဲခန်း မှာ ကင်မရာခိုးထားပြီး ကောင်မလေးတွေကို ဗီဒီယိုရိုက်ငွေညှစ်လုပ်စားနေတဲ့ အမာရ်ဆိုတဲ့ လူယုတ်မာတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာတော့ ခွင်ဖန်နေတုန်း ချောင်းရိုက်ကောင်ကို ဘယ်ကမှန်းမသိတဲ့ဘဲတစ်ပွေက အရှင်လတ်လတ်မီးရှို့ပြီး အလောင်းကိုချောင်းထဲပစ်ချ လိုက်ပါတယ် ဒီအမှုကို ရဲတွေကလည်း ကြိုးစားပမ်းစားစစ်ဆေးဖို့ ကြိုးစားကြရင်း ဘယ်သူတွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေမလဲဆိုတာ ပိတ်သားပြင်ထက်မှာပဲ ဆက်လက်ရှုစားနိုင်ဖို့ တင်ဆက်ပေးပါရစေ။
စစ်ပွဲမှာ သားလေးနဲ့ ကိုယ်တိုင်၀င်ပြီးဆင်နွှဲမယ့် ဂျက်ဆီဘုရင်မ 😍😍
အညွှန်းဖတ်ရန်🔽⬇️
” ကျောထက်မှာ သားကို ပိုးလို့ ၊ လက်ဖဝါးမှာလည်း ဓားကို ဆုပ်လို့ “ဤမြင်ကွင်းသည် မြင်နေကြ ရှုခင်းမဟုတ်။ လှပစွာ စုက်ချက်ထွင်းထားသည့် ပန်းချီကား ဟုလည်း မဆိုနိုင်။ သို့ပင် နှစ်လိုဖွယ် ကောင်းလှသည်။ ဤသည်ကားတိုက်ခိုက်ရေး အသွင်မှ ထင်းလင်းလာသည့် ပုံရိပ်ဖြစ်သည်။ သူမ၏ ကျောထက်မှ သား သည် တိုင်းပြည် ၏ အသက် ဖြစ်သည်။ သူမ လက်ဖဝါးတို့သည် နူးညံ့စွာ တည်ရှိရမည့်အစား ရဲရင့်လှသည် ထို့နှင့် သွေးကြော အမျှင် တန်းတို့ သည်လည်း အညံ့မခံလိုသော စိတ်တို့ ကို လစ်ဟနေသည်။ ထိုအချိန်တွင် တိုင်းသူ့ပြည်သား တို့သည် သူမအတွက် အသက်ပင် စွန့်ပစ်ရပါစေ ပေးဆပ်ဖို့ အသင့်ဖြစ်နေကြလေပြီ။ သူမကား အခြားသူမဟုတ်။ လက်ရုံးရည် နှလုံးရည် ပြည့်ဝလှသော မိန်းမကောင်း မိန်းမမြတ် စာရင်းဝင် ” လက်ရ်ှမီးဘိုင် “ပင်ဖြစ်တော့သည်။Channel📎🤩 https://t.me/bjdusvns ကြည့်ရန်📎🤩 https://t.me/bjdusvns/60 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️⬇️ 🤩 https://t.me/addlist/E31OL1GCwzxkMjA1
ပွတ်ရှ်ပါမင်းသားအာလူးအာဂျွန်ရဲ့
ရာဇဝင်ဇာတ်ကြမ်းကား🖤📱
အညွှန်းဖတ်ရန်🔽⬇️
အိန္နိယတောင်ပိုင်း ရှပ်ရှင်ဇတ်ကားကြီးဖြစ်တဲ့ ရှဒ မာဒေဖီဟာဆိုရင် အိန္ဒိယ သမိုင်းမှာ အုပ်ချုပ်ခဲ့တဲ့ အနည်းငယ်မျုသော ဘုရင်မတွေထဲကမှ ရှဒမာဒေဝီ ဘုရင်မ ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ငယ်ဘဝထဲက အခက်အခဲ ကြမ်းတမ်းစွာ ယောကျာ်းလေးဟန်ဆောင်ပြီး ဖြတ်သန်းခဲ့ရတဲ ရှဒမာဒေဝီ ၊ ငယ်ရွယ်စဉ်ဘဝထဲက မိန်းကလေး တန်မဲ့ မင်းသားတို့ တတ်အပ်တဲ့ အဌာရသ ၁၈ရပ်ကိ ပင်ပန်းခက်ခဲ့စွာ သင်ကြားခဲ့ရတဲ့ ရှဒမာဒေဝီ အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာတော့ ပြိုင်ဘက် တိုင်းပြည်တွေကို ဘယ်လု ဖြိုခွင်းပြီး အခက်အခဲတွေကြားထဲက တိုင်းပြည်ကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲ်ဆိုတာ.. မင်းသမီး Anushka Shetty က ရုဒမာဒေဗီဘုရင်မ အဖြစ် ပါဝင်ထားပြီး တောင်ပိုင်းရဲ့ Stylish Star မင်းသားအာလူးအာဂျွန်းကိုလဲ စတိုင်အပြည့်နဲ့တွေ့ မြင်ရမှာပါ။ Action,Fantasy သဘောတင်ဆက်ထားတာမို့ ချ ခန်းဖိုက်ခန်းတွေကြိုက်ရင် မိုက်မှာပါ။Channel📎🤩 https://t.me/bjdusvns ကြည့်ရန်📎🤩 https://t.me/bjdusvns/59 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️⬇️ 🤩 https://t.me/addlist/E31OL1GCwzxkMjA1
🎬T*he T*housand F*aces o*f D*unjia (20/17)
Reviewဖတ်ရန်နှိပ်ပါ👇
ဒီတစ်ခါမှာတော့ သိုင်းလောကရဲ့ ထူးဆန်းအံ့သြဖွယ် မှော်အတတ်တွေနဲ့ ဂြိုလ်သားမိစ္ဆာတွေရဲ့ တိုက်ပွဲကို ခံစားချင်တဲ့ ပရိသတ်ကြီးအတွက် Fantasy အက်ရှင်ကားကြီး လာပါပြီဗျာ။ လောကကြီးကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ဂြိုလ်သားမိစ္ဆာဆိုးတွေကို တားဆီးဖို့အတွက် အစွမ်းထက်မှော်သိုင်းပညာရှင်တွေ စုစည်းနေထိုင်ရာ "ဝူယင်ဂိုဏ်း" က ရှေ့တန်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။ လူသားတွေကြားထဲမှာ အသွင်အမျိုးမျိုးနဲ့ ရောနှောနေထိုင်နေတဲ့ ဒီအဖွဲ့သားတွေဟာ လောကကြီးကို ကယ်တင်နိုင်မယ့် သူတို့ရဲ့ ဂိုဏ်းချုပ်အသစ်ကို ရှာဖွေရမှာဖြစ်သလို၊ တစ်ဖက်မှာလည်း အင်အားကြီးမားလှတဲ့ မိစ္ဆာတွေကို အသက်နဲ့ရင်းပြီး ရင်ဆိုင်တိုက်ခိုက်ရမှာပါ။ မမြင်နိုင်တဲ့ မှော်အတတ်တွေ၊ ကိုယ်ယောင်ဖျောက်အတတ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီစစ်ပွဲမှာ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ ခွဲခြားရခက်လှပါတယ်။ နောက်ဆုံးမှာတော့ ဒီလျှို့ဝှက်သိုင်းအဖွဲ့သားတွေဟာ မိစ္ဆာဆိုးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အောင်နိုင်မလဲ၊ ကမ္ဘာကြီးကိုရော ဘေးအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ Visual အလန်းစား အက်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။
🔰J-a-c-k-p-o-t
🔰Review ဖတ်ရန်နှိပ်ပါ👇
နာမည်ကျော် ကိုရီးယား Squid Game တို The hungover games တိုလို Fun ဂိမ်းတွေဆော့ သတ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေဖြစ်တဲ့ John Cena, Marvel သရုပ်ဆောင်သစ်တွေဖြစ်တဲ့ Shang Chi မင်းသားကြီး Simu Liu နဲ့ awkwafina တို အဓိကပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြိုကို သရုပ်ဆောင်ဖြစ်ဖိုအတွက် ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြိုမှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။ ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာ ဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။
ရာဂျူးဆိုတဲ့ကောင်လေးနောက်ကိုလိုက်နေတဲ့ထိပ်သီးကုမ္ပဏီရဲ့မီနာရှီ🖤📱
အညွှန်းဖတ်ရန်🔽⬇️
အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာအလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက် ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့ ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင်လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ် ရာဂျူးကလည်း အခုမှတွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိမိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ် စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမယ့် ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်းရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါတော့တယ် ဒါပေမယ့် အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကိုရူးရူးမူးမူးလိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ ရာဂျူးကရော ခါးခါးသီးသီးငြင်းဆိုနေတဲ့နောက်ကွယ်မှာ အကြောင်းအရင်းက ဘာများလဲChannel📎🤩 https://t.me/bjdusvns ကြည့်ရန်📎🤩 https://t.me/bjdusvns/54 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️⬇️ 🤩 https://t.me/addlist/E31OL1GCwzxkMjA1
Baaghi 4 (2025) HD
Channel📎🤩 https://t.me/bjdusvns
ကြည့်ရန်📎🤩 https://t.me/bjdusvns/53
🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️⬇️
🤩 https://t.me/addlist/E31OL1GCwzxkMjA1
သူများဒုက္ခရောက်တာကိုအရသာခံကြည့်ချင်သူတွေအတွက်ဇာတ်ကားအသစ်လေး🖤📱
📱IMDb Rating (4.0)
အညွှန်းဖတ်ရန်🔽⬇️
မာ့ခ်ဟာ လမ်းဖြတ်ကူးရင်းမြေကြီးပေါ်က တုန်ခါမှုတွေနဲ့အတူဖြစ်ပေါ်လာတဲ့မြေကျင်းကြီးထဲပြုတ်ကျပြီး သတိလစ်သွားခဲ့ပါတယ်။ သူသတိပြန်ရလာချိန်မှာတော့ တွင်းအောက်ခြေမှာဖြစ်ပြီး အပေါ်မှာတော့ ဝုန်းဒိုင်းကျဲဆူညံသံတွေ အော်ဟစ်သံတွေနဲ့အတူ ကမ္ဘာပျက်နေခဲ့ပါပြီ။ အဲ့ဒီမြေအောက်မှာပဲ သူလိုအသက်ရှင်ကျန်ရစ်တဲ့ မိန်းမငယ်တစ်ယောက်ကိုရှာတွေ့ခဲ့ပြီး အဲ့ဒီမိန်းကလေးရဲ့အပြောအရ ဧရာမ သတ္တဝါကြီးတွေက တွေ့တဲ့သူမှန်သမျှကိုလိုက်လံတိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒါနဲ့မရှေးမနှောင်းမှာပဲ သူတို့ရောက်နေတဲ့မြေအောက်ထဲမှာပါ အဲ့ဒီသတ္တဝါတွေရောက်ရှိနေပြီး သူတို့ကိုလိုက်လံတိုက်ခိုက်ပါတော့တယ်။ အဲ့ဒီလိုသတ္တဝါဆိုးတွေရန်အပြင် သူနဲ့အတူရောက်ရှိနေတဲ့ မိန်းကလေးကလည်း လိုအပ်ရင်သူ့အသက်ကိုချနင်းဖို့ဝန်မလေးတဲ့ တကိုယ်ကောင်းသမားဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ မာ့ခ်အတွက်စွန့်စားခန်းစတင်ရပါတော့တယ်။ တစ်ကားလုံးနီးပါးကို ရိုက်ချက်ရှည်တွေနဲ့ဖွဲ့စည်းထားပြီး ဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေဟာလည်း အချိန်နဲ့တစ်ပြေးညီဖြစ်တဲ့အတွက်ကိုယ်တိုင်ပါ သူတို့နောက်ကိုလိုက်ပါမွန်းကျပ်ပြီး သည်းထိတ်ရင်ဖို ခံစားချက်ကိုအပြည့်အ၀ ပေးစွမ်းနိုင်မယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။Channel📎🤩 https://t.me/bjdusvns ကြည့်ရန်📎🤩 https://t.me/bjdusvns/52 🍿ဒီလိုဇာတ်ကားကောင်း လေးတေကြည့်ချင်ရင်အောက်ကလင့်အပြာလေးကိုနှိပ်ပြီးjoinထားကြနော်🇲🇲⚪🔽 🤩 https://t.me/addlist/E31OL1GCwzxkMjA1 🔝🔝🔝🔝🔝🔝🔝🔝🔝🔝
🎬O-s-c-a-r S-h-a-w (20/26)📱🖤⚡
⚡Review ဖတ်ရန်နှိပ်ပါ🔽
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ အက်ရှင်ကားတွေနဲ့လူသိများတဲ့ မင်းသားကြီး Michael Jai White ပါဝင်ထားတဲ့ မှုခင်းအက်ရှင်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ အော်စကာရှောဟာ မူးယစ်ဆေးစုံစမ်းရေးရဲတပ်ဖွဲ့မှာ နှစ်ပေါင်း ၃၀ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ပြဿနာတစ်ခုကြောင့် မတရားအလုပ်ထုတ်ခံခဲ့ရတဲ့ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ အော်စကာဟာ သာမန်လူတစ်ဦးလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ နေ့စဉ်ဘဝကို အေးဆေးဖြတ်သန်းနေပါတယ်။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ရေမွန်ဟာ ရုတ်တရက် အသတ်ခံလိုက်ရပါတယ်။ ဒီလူသတ်မှုဟာ ရိုးရိုးတန်းတန်းလူသတ်မှုမဟုတ်ဘဲ မူးယစ်ဂိုဏ်းတစ်ခုနဲ့ ဆက်နွယ်နေတာကို အော်စကာသိလိုက်ရတဲ့အခါ သူ့သူငယ်ချင်းအတွက် လက်စားချေဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဒီလိုနဲ့ လူသတ်မှု သူကိုယ်တိုင်စုံစမ်းရာကနေပြီး ဒီအမှုဟာ သူထင်ထားတာထက် ပိုနက်နဲတဲ့အမှုဖြစ်နေတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။Channel📎🤩 https://t.me/+u1_eEvfKvVI5NzE9 ကြည့်ရန်📎🤩 https://t.me/c/3685513630/198 🍿ဒီလိုဇာတ်ကားကောင်း လေးတေကြည့်ချင်ရင်အောက်ကလင့်အပြာလေးကိုနှိပ်ပြီးjoinထားကြနော်🇲🇲⚪🔽 🤩 https://t.me/addlist/E31OL1GCwzxkMjA1 🔝🔝🔝🔝🔝🔝🔝🔝🔝🔝
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
