𝐁𝐲𝐠𝐮𝐥 𝐚𝐭 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐫𝐨𝐚𝐝𝐬
الذهاب إلى القناة على Telegram
إظهار المزيد
618
المشتركون
-124 ساعات
-27 أيام
+530 أيام
أرشيف المشاركات
ဒီနေ့တော့ pile မတင်တော့ဘဲ စကားနည်းနည်းပြောမလို့ပါ။ Demons တွေအကြောင်းဆို ဘယ်လိုလဲ...🤔
ဒီအကြောင်းကို ပြောဖို့စဥ်းစားထားတာတော့ မဟုတ်ပေမယ့် sharing လုပ်ပေးချင်တာလေးရှိလို့ပါ။ အခုတလောစီက မီရာတို့စီကို တစ်ချို့ clients လေးတွေလာပြကြတယ်ပေါ့ အဲ့ဒါက သူတို့ တစ်ခြားကဆရာတွေ၊ ဆရာမစီမှာ ဗေဒင်ကြည့်ခဲ့တယ် ။ တစ်ဖက်ကလဲ သူတို့အဆင်မပြေတာတွေကို ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတာ ပြောပြပေးတယ်ပေါ့နော်။ ဆက်မပြောခင်မှာ အရင်ဆုံး ဒီပိုစ့်က ပုဂ္ဂိုလ်ရေးအရမဟုတ်ဘူးဆိုတာကို အရင်ဆုံးပြောချင်တယ်။ တိုက်ဆိုင်သွားတာရှိရင်လဲ သူကငါ့ကိုပြောနေတာပဲလို့ မတွေးပါနဲ့ တစ်ကမ္ဘာလုံးက သင့်ကိုသိနေတာမဟုတ်ပါဘူး။
အဓိက အကြောင်းကိုဆက်ပြောပါမယ်။ Clients တွေလာပြတဲ့ထဲမှာ သူတို့ရဲ့အဆင်မပြေတဲ့အရာတွေကို ဖြေရှင်းဖို့ ၊ အဆင်ပြေသွားဖို့အတွက် တစ်ဖက်က demon တွေနဲ့ trade လုပ်ခိုင်းတယ် ၊ demon တွေကို ပင့်ဖိတ်ခိုင်းတယ် ဆိုတဲ့အကြောင်းအရာတွေ အများကြီးတွေ့ရတယ်။ အဲ့တာတွေကြောင့် ကြောက်တာကော / လုပ်လို့အဆင်ပြေပါ့မလားဆိုတာကို လာမေးကြတဲ့သူတွေများတယ်။ သူတို့ကို Seals တွေဆွဲခိုင်းတယ်၊ invocation အတွက် လိုတာတွေရွတ်ခိုင်းတယ် ၊ လက်ကသွေးတွေဖောက်ခိုင်းတယ်ပေါ့။
ပင့်ဖိတ်ရမယ့် demons တွေက 72 Demons of the Ars Goetia ထဲက demons တွေပါ။ ပထမဆုံးအနေနဲ့ ဘာအလေ့အကျင့်မှမရှိဘဲ သာမန်လူတစ်ယောက်က demon ကိုပင့်ဖိတ်နိုင်မယ်လို့ထင်လား....
ကိုယ့်ဘဝထဲကအခက်အခဲတွေ ၊ အဆင်မပြေတာတွေကို အားလုံးဖြေရှင်းနိုင်တဲ့သူက ကိုယ်ကလာလို့ခေါ်လိုက်တာနဲ့ အာလာဒင်ရဲ့မီးခွက်စောင့်ဘီလူးလို "ကြိုက်တဲ့ဆန္ဒကိုပြောလိုက် အကုန်ဖြည့်စည်းပေးမယ်"ဆိုပြီး တန်းလာမှာလား.....
လက်အောက်ငယ်သားတွေအများကြီးရှိတဲ့ demons တွေကို ကိုယ်ကလက်ကသွေးလေးနည်းနည်းရင်းရုံနဲ့ demon တွေက " wow...ဒီလူကတော်လိုက်တာ၊ သတ္တိရှိလိုက်တာ ငါ့ကိုပင့်ဖိတ်ဖို့အတွက်နဲ့ ကိုယ့်လက်ကိုယ်တောင် အပ်ကြီးနဲ့ထိုးပြီး သွေးတစ်စက်ကြီးတောင်ရင်းထားတာ မဖြစ်တော့ဘူး ဒီလောက်သတ္တိရှိတဲ့သူ ငါသွားပြီးသူဖြစ်ချင်တာတွေ အာလုံးလုပ်ပေးမှရမယ်"လို့ တွေးနေတာတော့ မဟုတ်ဘူးမလား...
Seals တွေဆိုတာကလဲ စာရွက်နဲ့ဘောပင်ရှိရင် ကူးဆွဲတဲ့အလုပ်ကလူတိုင်းဆွဲလို့ရတယ်။ ဒါပေမယ့် လူတိုင်းဆွဲတဲ့ seals တွေကအလုပ်ဖြစ်ပါ့မလား။ Demons တွေဆိုတာက ကိုယ်ကခေါ်ချင်တိုင်းခေါ်လို့ရတာမဟုတ်ပါဘူး။ လူတိုင်းခေါ်လဲ လူတိုင်းနားကို သူတို့မလာဘူး။ မဟုတ်ဘူး...လာတယ်လို့ မပြောနဲ့ ရောက်လာတယ်ပဲထား သူတို့ရဲ့ energy ကိုတကယ်ခံနိုင်ပြီး တကယ်လက်ခံနိုင်မှာလားဆိုတာ စဉ်းစားပါ။ ပင့်ဖိတ်နေတဲ့အချိန် လိုက်နာရမယ့်အရာတွေ၊ လုပ်ဆောင်ရမယ့်အရာတွေအပေါ် အမှားပါခဲ့ရင် လူကိုပြန်ထိပါတယ်။
Ranks မြင့်တဲ့ demons တွေကိုတောင် ကိုယ့်ကဘာအလေ့အကျင့်မှ မရှိဘဲ ၊ ဘာစည်းမျဉ်းစည်းကမ်းမှ မလိုဘဲ ပင့်ဖိတ်ပြီး ကိုယ့်ကိစ္စတွေကိုအဆင်ပြေအောင်လုပ်ခိုင်းနိုင်နေပြီဆိုရင် အိမ်မှာလိုအပ်တာတစ်ခုခုရှိရင်လဲ အားတဲ့သရဲခနလာဆိုပြီး ခေါ်ခိုင်းကြည့်ပေါ့နော်🤪
#Miranda
+1
ကိုယ့်ဘေးနားက သူငယ်ချင်း၊အပေါင်းအသင်းတွေက စစ်မှန်ရဲ့လား....🪽
ကိုယ်နဲ့ energy ကိုက်တဲ့ pile ကိုရွေးပါနော်။
General reading မို့အကုန်လုံးနဲ့တော့ energy မကိုက်နိုင်ပါဘူး။ အရမ်း serious မဖြစ်ဘဲပေါ့ပေါ့ပါးပါးရွေးချယ်ပေးပါ ။
Personal reading အတွက် dm မှာစုံစမ်းနိုင်ပါတယ်။
Dm- @Miranda_bell3
#Miranda
+1
နာမ်လောကသားတွေစီမှာ မင်းအတွက် message တစ်ခုရှိနေတယ်....
General reading မို့အကုန်လုံးနဲ့တော့ energy မကိုက်နိုင်ပါဘူး။ အရမ်း serious ဖြစ်တတ်တဲ့သူတွေဆိုရင် မရွေးချယ်ပါနဲ့။ အဖြေကို cmt မှာတင်ပေးပါမယ်။
Personal reading အတွက် dm မှာစုံစမ်းနိုင်ပါတယ်။
DM - @Miranda_bell3
+1
ကံကြမ္မာသာ တဖန်ပြန်လည်ပတ်မယ်ဆိုရင် ငါတို့ထပ်ပြီးဆုံတွေ့နိုင်အုံးမလား....🐇
General reading မို့အကုန်လုံးနဲ့တော့ energy မကိုက်နိုင်ပါဘူး။ အရမ်း serious မဖြစ်ဘဲပေါ့ပေါ့ပါးပါးရွေးချယ်ပြီး အဖြေလေးကိုဖတ်ပေးပါ။
Personal reading အတွက် dm မှာစုံစမ်းနိုင်ပါတယ်။
#Miranda
ဒီလို ဆရာနဲ့ tarot မေးချင်ရင် ကလေးတို့အနေနဲ့ Bygul at the crossroads က Wiwi ကိုသာဆက်သွယ်လိုက်ပါနော်☺️🤚
#Miranda
Tarot သင်ပေးလားဆိုပြီး လာမေးကြတဲ့သူလေးတွေ ဒီတလောမီရာ့စီမှာ တော်တော်လေးများပါတယ်။ အဲ့ထဲမှာမှ အချိန်မရတဲ့သူတွေလဲ တော်"ပါတယ်။လောလောဆယ် မီရာ့စီမှာ သင်တန်းတွေ မဖွင့်ထားပေမယ့် ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ပြောပြချင်တာလေးတစ်ခု ရှိလို့ပါ။
Tarot သင်တဲ့အခါမှာ အချိန်ပေးရပါတယ်။ ဒါကတော့ tarot မှမဟုတ်ဘူး တစ်ခြားဘယ်ပညာရပ်ကိုမဆို လေ့လာတဲ့အချိန်မှာ ကျွမ်းကျင်နေဖို့အထိကအသာထား၊ အရင်ဆုံးသေချာနားလည်ဖို့ကိုပဲ အချိန် ဆိုတာပေးရပါတယ်။ ဒါကိုတစ်ချို့က တစ်လနဲ့မရဘူးလား၊ ဘယ်လောက်နဲ့မရဘူးလား တစ်ခြားမှာဆိုရတယ်.....။ ရရင်ရတဲ့သူစီ သွားသင်ပါ။
Tarot ဆိုတာက ကဒ်တစ်ကဒ်ချင်းစီအလိုက် ပါဝင်တဲ့နိမိတ်ပုံတွေ၊အရောင်တွေ ၊ element တွေကစလို့ clients နဲ့ထိတွေ့ပုံတွေ၊ ဘယ်ကဒ်နဲ့ဘယ်ကဒ်တွဲရက်ကျရင် ဟောကွက်ပြောင်းသင့်လဲ ၊ နိမိတ်တွေက မေးခွန်းတွေအပေါ်မူတည်ပြီး ဘယ်လိုအပြောင်းအလဲရှိလဲ ၊ ဘယ်လိုယူဆရမလဲဆိုတာတွေ.... စသည်ဖြင့်အများကြီးလေ့လာရတယ် လေ့ကျင့်ရပါတယ်။
အကယ်၍အချိန်မပေးနိုင်ဘူး ဘာကဒ်ကျရင်ဘယ်လိုဟောရမလဲ 78 cardsကိုအလွတ်ကျက်ပြီး အခြေခံလောက်သိရင်ရပြီ ၊ အများကြီးလဲ မလေ့လာချင်ဘူးလို့ယူဆထားတယ်ဆိုရင် သင်တန်းတွေ လျှောက်မjoin ပါနဲ့။ ပိုက်ဆံကုန်ပါတယ်။ Tarot ကဒ်တစ်ထုပ်ဝယ်တယ်မလား အဲ့ထဲမှာ guide book ပါပါတယ်။( တစ်ချို့ decks တွေကတော့မပါတတ်ဘူး )
အဲ့ထဲမှာ ဘာတွေပါလဲဆိုတော့ tarot ကဒ်တွေရဲ့သမိုင်းကြောင်းပါတယ် ၊ Creators တွေအကြောင်းနဲ့ ခုနှစ်တွေကအစပါတယ်။ ပြီးရင် ကဒ်အလိုက် ဘယ်ကဒ်မှာတော့ ဘယ်သူကဘယ်လိုပုံစံရှိတယ်။ အဲ့ကဒ်ကိုပဲ အတည့်( Upright) ကျရင် ဘယ်လို အဓိပ္ပါယ် ၊ ပြောင်းပြန်( Reverse )ကျရင် ဘယ်လို အဓိပ္ပါယ်လဲဆိုတာ ပါတယ်။ နောက်ထပ်က တစ်ကဒ်တည်းနဲ့ဟောမလား ၊ 3ကဒ်ဆိုရင် ဘယ်လို ၊ 5ကဒ်လား.....10ကဒ်လား ပါသေးတယ်။ Spread လုပ်နည်းတွေလဲ ပါတယ်။ အားလုံးပြီးရင် Noted မှတ်ဖို့ပါ စာရွက်အလွတ်လေးတွေ ပါသေးတယ်။
ဒီတော့ guide book ထဲကအကြောင်းအရာလောက်ပဲ သင်မယ်ဆိုရင် သင်တန်းတွေမတက်ပါနဲ့။ အချိန်အားဖြင့်ဆိုရင်လဲ တစ်လတောင်ပေးစရာမလိုဘူး ပါတဲ့ guide book တစ်အုပ်လုံးကိုဖတ် တစ်ရက်မကြာဘူး။ (မှတ်မိဖို့ ၊ တစ်ခါတည်းနားလည်ဖို့ကတော့ ဖတ်တဲ့သူ ရဲ့ဉာဏ်ရည်နဲ့ အချိန်ပေးနိုင်မှုပေါ်ပဲမူတည်မှာ) ၊ ဘာသာစကားအခက်အခဲရှိတဲ့သူတွေ ဆိုရင်လဲစိတ်မပူနဲ့ ခေတ်ကြီးကတိုးတက်နေတာ translate လုပ်လို့ရတဲ့နေရာတွေမှ အများကြီးရှိတယ်။
Online Shop မှာ အဝတ်တစ်ထည်ဝယ်ရင်တောင် ပိတ်စအသား၊ Instock ရမရ၊ အရောင် ရှိမရှိ အသေးစိတ် မေးကြတယ်မဟုတ်လား။ အဲ့ဒါကြောင့် သင်တန်းတစ်ခုခု တက်မယ်ဆိုရင်လည်း ဘယ်လိုအကြောင်းအရာတွေ ပါမလဲ၊ ဘယ်လိုပုံစံ သင်မှာလဲဆိုတာတွေကို သေချာမေးမြန်းပါ။ (တကယ် သေချာလုပ်ချင်တယ်ဆိုရင်ပေါ့နော်)။
လူတိုင်း ဆရာအရွေးမမှားကြပါစေနဲ့ ။ ဆရာတိုင်းလဲ တပည့်အရွေးမမှားကြပါစေနဲ့။
(P.S : မီရာ့စီမှာ ဘာသင်တန်းမှ မရှိပါဘူး။)
#Miranda
Collective Reading 🍃
Collective reading ဖြစ်တာကြောင့် အကုန်လုံးနဲ့တော့ energy ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ Reading လေးကိုတော့ cmt မှာဖတ်နိုင်ပါတယ်။
#Miranda
Hello! Mira ကိုလေ statue လေးတွေနဲ့ တစ်ခြား accessories လေးတွေ ၊ tarot decks လေးတွေ instock ရနိုင်မယ့် channel လေးတွေ page လေးတွေရှိရင် ညွှန်းပေးကြပါအုံး
#Miranda
+1
ကံတရားက မင်းတို့ကိုဘာလို့တွေ့ဆုံစေခဲ့တာလဲ💘
ကိုယ်နဲ့ energy ကိုက်တဲ့ pile ကိုရွေးပါနော်။
General reading မို့အကုန်လုံးနဲ့တော့ energy မကိုက်နိုင်ပါဘူး။ အရမ်း serious မဖြစ်ဘဲပေါ့ပေါ့ပါးပါးရွေးချယ်ပေးပါ ။အဖြေကို cmtမှာတင်ပေးပါမယ်ရှင့်။
Personal reading အတွက် dm မှာစုံစမ်းနိုင်ပါတယ်။
DM - @Miranda_bell3
#Miranda
ကိစ္စလေးတစ်ခုရှိလို့ Free reading 4 ယောက်လုပ်ပေးပါမယ်။ သူငယ်ချင်း4ယောက်ကို ဒီပိုစ့်လေးရှဲပေးပြီး မေးခွန်းတစ်ခုလာမေးလို့ရပါတယ်။ ဟောပေးမယ့် 4ယောက်ကိုတော့ ညမှရွေးပေးမယ်နော်
DM - @Miranda_bell3
#Miranda
+1
ဒီ Chapter မှာ Universe က မင်းကိုဘာတွေ သိစေချင်တာလဲ...? ဘာတွေ သင်ယူ စေချင်တာလဲ...??
ကိုယ်နဲ့ energy ကိုက်တဲ့ pile ကိုရွေးပါနော်။
General reading မို့အကုန်လုံးနဲ့တော့ energy မကိုက်နိုင်ပါဘူး။ အရမ်း serious မဖြစ်ဘဲပေါ့ပေါ့ပါးပါးရွေးချယ်ပေးပါ ။အဖြေကို cmtမှာတင်ပေးပါမယ်ရှင့်။
Personal reading အတွက် dm မှာစုံစမ်းနိုင်ပါတယ်။
DM - @Miranda_bell3
#Miranda
အိမ်ကိုလဲစောင့်ရှောက်ပါ
ပစွည်းတေလဲထက်မဖျောက်ပါနဲ့🙂↔️🤟
ပီးတော့ မှားinvokeမိတာရှိရင်ဝန်တာမိဘာ
🙂↔️🙏
By_Wiwi
ငါပြော ပြမယ်ကွာ
Chariot puller cat က2ကောင်ရှိတယ်သိလားအခုသူတျောက်ထဲကိုချစ်လို့ တမင်invoke လိုက်တာကွာ
ငါ့မာ ရုံးဆင်းလို့ ငွေကောင်တာထဲကလက်ကျန် ရေပေးတာ total 4000THB ထဲကတရာလျှော့နေတယ် ခုနတင်အလုပ်ရှင်နဲ့ငါရေသွားတာပါနျောက်လုံး🙂↔️🤌
ရုံးကလှေကားမာဖိနပ်စင်ကြည့်တော့ ငါ့ဖိနပ်ပျောက်နေတယ်
🥹Orange slippers လေးပါကွာဘသူမခိုးချင်စရာမရှိဝူး
ဘူသွားလို့အမြဲထည့်ထားတဲ့ဆေးလိပ်နဲ့မီးခြစ်အိတ်ထဲကယူတာမီးခြစ်ပျောက်နေတယ်
🙂↔️🤌တအိတ်လုံးလှန်ချလဲပါမလာဘူး
သိလားအာ့နဲ့ သူများအလုပ်စီးတဲ့
Slipper ငှားပြန်လာဘီး
ကဒ်မေးကြည့်တယ်
Bygul ရေဒါဘသူ့လက်ချက်လဲဟေပေါ့
အမယ်သူက
The Chariot ( သူ့ရဲ့main card)
2 of cups လေးနဲ့
The lovers လေး
အောက်မှာreason က
6 of swords နဲ့
The hermit လေး🙂↔️🤌
နှစ်ကောင်လေးရှိတာတကောင်ထဲခွဲခေါ်လာလို့ပေါ့နော်
အင်းဘာ bygul ရယ်
ပုံဖိနပ်ပျောက်၍ဘူနေသော
#Wiwi
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
