NOM
الذهاب إلى القناة على Telegram
204
المشتركون
+324 ساعات
+37 أيام
-430 أيام
أرشيف المشاركات
204
အမေရိကန်ရဲ့ တိုက်ခိုက်မယ်ဆိုတာဟာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အီရန် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီဆီ သတိပေးသတင်းစကားပေးပို့ရုံသာဖြစ်ကာ အစိုးရကို တိုက်ရိုက်ဖြုတ်ချဖို့ ရည်ရွယ်တာမျိုး မဟုတ်ဘူးလို့ အမေရိကန်အရာရှိတွေက NYT ကို ပြောကြားခဲ့ပါတယ်။
NOM
204
အောက်လွှတ်တော် ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျင်မီ ဂိုမက်ဇ်က 'ဂရင်းလန်း အချုပ်အခြာအာဏာ ကာကွယ်ရေး အက်ဥပဒေ' ကို တင်သွင်းလိုက်ကြောင်း Axios က ဆိုပါတယ်။
ဥပဒေကြမ်းအရ အမေရိကန်က ကျူးကျော်ခြင်း၊ သိမ်းပိုက်ခြင်း၊ ဝယ်ယူခြင်း ဒါမှမဟုတ် ဂရင်းလန်းကို အခြားပုံစံနဲ့ ရယူခြင်း' ကို ငွေကြေးထောက်ပံ့ဖို့ ဖက်ဒရယ်ရန်ပုံငွေတွေကို အသုံးမပြုနိုင်အောင် ဟန့်တားမှာ ဖြစ်ပါတယ်။
NOM
204
မျှော်လင့်ချက်မဲ့မှု၊ သစ္စာဖောက်မှု၊ မယုံကြည်မှု : ကနေဒါကို ထွက်ပြေးခဲ့တဲ့ ယူကရိန်းနိုင်ငံသားတွေဟာ နေထိုင်ခွင့်ရရှိဖို့အတွက် ၅၅ နှစ်ကြာအောင် စောင့်ဆိုင်းရလိမ့်မယ်လို့ CBC က ပြောဆိုခဲ့ပါတယ်။
NOM
204
ထရမ့်အစိုးရဟာ ၂၀၂၅ အတွင်း ဗီဇာပေါင်း ၁ သိန်းကျော်အထိ ရုတ်သိမ်းခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။ ဒါဟာ ဘိုင်ဒင်လက်ထက် ၂၀၂၄ အတွင်းက ရုတ်သိမ်းခဲ့တာထက် ၂ ဆကျော်ပိုများတဲ့ ပမာဏဖြစ်ပါတယ်။
NOM
204
ရီပတ်ဘလီကန် လွှတ်တော်အမတ် Randy Fine ဟာ အမေရိကန်ပြည်ထောင်စုက ဂရင်းလန်းကျွမ်းကို သိမ်းပိုက်ခြင်းနဲ့ ပြည်နယ်အဖြစ် ပေးအပ်ခြင်း" ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းခဲ့တယ်လို့ ကွန်ဂရက်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
NOM
204
ဗြိတိန်ဟာ Greenland ကို ကာကွယ်ပေးမယ့် အစီအစဉ်မရှိဘူးလို့ ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် Richard Nayton ပြောဆိုခဲ့ပါတယ်။
NOM
204
Wall Street Journal :
နိုင်ငံတစ်ဝှမ်း အင်တာနက်တွေ ပိတ်ဆို့ထားချိန်အတွင်း ဆူပူအကြမ်းဖက်ဆန္ဒပြသူတွေက ဗီဒီယိုတွေထုတ်လွှင့်ဖို့ အင်တာနက်ဝန်ဆောင်မှုကို Starlink ကတဆင့် အသုံးပြုနေပြီး အီရန်က Starlink terminal တွေကို ခြေရာခံပြီး သိမ်းဆည်းနေပါတယ်။
NOM
204
အီရန်နဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့ နိုင်ငံတွေကို ထရမ့်က ထိုးနှက်ဖို့ လုပ်ဆောင်နေချိန်မှာ တရုတ်ကို ထိခိုက်နိုင်တယ်လို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီခြိမ်းခြောက်မှုဟာ အီရန်ရေနံကို ကမ္ဘာ့ထိပ်တန်းဝယ်ယူသူဖြစ်နေတဲ့ ပေကျင်းနဲ့အတူ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပြေငြိမ်းရေးကို ပျက်ပြားစေနိုင်တယ်လို့ ဆိုထားပါတယ်။
NOM
204
အီရန်အပေါ် တိုက်ခိုက်ဖို့အတွက် ပင်တဂွန်ဟာ ဒေါ်နယ်ထရမ့်ဆီ တင်ပြခဲ့မှုဟာ ယခင်က ဖော်ပြခဲ့တာတွေထက် ပိုမိုကျယ်ပြန့်တဲ့ တိုက်ခိုက်ရေး ရွေးချယ်စရာတွေကို ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာဆိုရင် နူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်မှတ်ထားမှုတွေ ပါဝင်လာတယ်လို့ The New York Times က ဖော်ပြခဲ့ပါတယ်။
NOM
204
“ကျနော်တို့က စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေသလို စားပွဲဝိုင်းမှာ ဆွေးနွေးဖို့အတွက်လည်း အသင့်ပါပဲ”
- အီရန်နိုင်ငံခြားရေးဝန်ကြီး Araqchi
NOM
204
တီဟီရန်က မိန်းကလေးတစ်ဦးဟာ ပြည်ပြေး လူရွှင်တော်မင်းသား Reza Pahlavi ကို ကောင်းကောင်းပြန်တုံ့ပြန်သွားခဲ့ပါတယ်။
'ငါတို့က နင့်အဖေ ရှားဘုရင်ကို ခွေးတကောင်လို ကန်ထုတ်ခဲ့တာ၊ နင့်ကိုလည်း ငါတို့ ပြန်လာခွင့်မပြုဘူး'။
NOM
204
BREAKING : အီရန်ကို စစ်ရေးအရ စစ်ဆင်ရေးလုပ်ဖို့ စီစဉ်နေတာ အတော်လေးခရီးပေါက်နေပြီဖြစ်ပြီး ထရမ့်က အလေးအနက် စဉ်းစားနေတယ်လို့ အမေရိကန်အရာရှိတစ်ဦးက Al-Jazeera ကို ပြောကြားခဲ့ပါတယ်။
NOM
204
“ညှိနှိုင်းမှုတွေလုပ်ဖို့အတွက် အီရန်ခေါင်းဆောင်တွေက မနေ့က တောင်းဆိုခဲ့ပေမယ့် ကျနော်တို့ဘက်ကတော့ ဘယ်လိုပဲဖြစ်ပါစေ တိုက်ခိုက်နိုင်ပါတယ်” – ဒေါ်နယ်ထရမ့်
NOM
204
အီရန်နိုင်ငံက မြို့ကြီးတွေဖြစ်တဲ့ Arak၊ Brijand ၊ Ardebil ၊ Kerman၊ Iranian Azerbaijan နဲ့ အခြားမြို့တွေမှာ အစိုးရထောက်ခံဆန္ဒပြပွဲတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ လူတွေဟာ လမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။
Rasht မြို့မှာဆိုရင် ဆူပူအကြမ်းဖက်ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ ဈာပနအခမ်းအနားမှာ ထောက်ခံသူအများအပြားကို မြင်တွေ့ခဲ့ရပါတယ်။
NOM
204
အီရန်အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့တွေဟာ ဆူပူအကြမ်းဖက်ဆန္ဒပြခေါင်းဆောင်တွေကို နိုင်ငံအတွင်း ရှာဖွေနှိမ်နှင်းနေကြတာ ဖြစ်ပါတယ်။
NOM
204
အီရန်ဟာ တရားစီရင်ရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်လိုက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အဓိကရုဏ်းဦးဆောင်သူတွေ ပထမအသုတ်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဝတ်ပြုပြီးနောက် မသေမချင်း ကြိုးကွင်းစွပ် ကွပ်မျက်သွားမှာ ဖြစ်ပါတယ်။ ကွပ်မျက်မှုအချို့ကို အစ္စလာမ်ဥပဒေများအရ အများပြည်သူရှေ့မှောက်မှာ စီရင်နိုင်တယ်လို့လည်း ဆိုပါတယ်။
NOM
204
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ရာထူးကိုလည်း ပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။
ဘင်ဂျမန်နေတန်ယာဟု = အမေရိကန်သမ္မတ
😅😜😁
NOM
204
ပြည်ပြေး နောက်ဆုံးရှားဘုရင်ရဲ့ အကြီးဆုံးသား လူရွှင်တော်မင်းသား Reza Pahlavi က အီရန်အစိုးရအဆောက်အဦတွေကို သိမ်းပိုက်ဖို့၊ အစိုးရဝန်ထမ်းအားလုံးကို လုပ်ကြံသတ်ဖြတ်ဖို့နဲ့ ကမ္ဘာတဝှမ်းက အီရန်သံရုံးတွေမှာ ရှားဘုရင်အုပ်ချုပ်ရေးအလံကို လွှင့်ထူနိုင်ဖို့အတွက် ကြိုးစားဖို့ ဆူပူအကြမ်းဖက်ဆန္ဒပြသမားတွေကို တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
NOM
204
“ကျူးဘားဆီ ဗင်နီဇွဲလားရဲ့ ရေနံနဲ့ ငွေတွေ နောက်ထပ် စီးဆင်းတော့မှာ မဟုတ်ပါဘူး၊ သုညပါပဲ၊ အချိန်မနှောင်းခင်မှာ သဘောတူညီချက်တခုလုပ်ဖို့ ကျနော် အထူးအကြံပေးချင်ပါတယ်”
ကျူးဘားဟာ ဗင်နီဇွဲလားဆီကနေ တနေ့ကို ရေနံစည် ၃၅၀၀၀ ခန့် ရရှိနေတယ်လို့ ယူဆရပြီး အခုအခါမှာ ဒါတွေ တင်ပို့မှာမဟုတ်တော့ဘူးလို့ ထရမ့်က ပြောဆိုပြီး သူတို့နဲ့ သဘောတူညီချက်လုပ်ဖို့ ခြိမ်းခြောက်လိုက်ပါပြီ။
ကျူးဘားသမ္မတကတော့ “ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာကို ဘယ်သူကမှ အမိန့်ပေးလို့ မရပါဘူး” လို့ ပြန်တုံ့ပြန်ထားပါတယ်။
NOM
204
Minneapolis မြို့မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းသိမ်းရေးဌာန (ICE) အေးဂျင့်တဦးရဲ့ ပစ်ခတ်မှုကြောင့် လူဖြူအမျိုးသမီးတဦး သေဆုံးခဲ့တဲ့အတွက် စနေနေ့က ဆန္ဒပြပွဲတွေမှာ လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။
အစောပိုင်းမှာ အာဏာပိုင်တွေက ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃၀ ခန့်ကို ဖမ်းဆီးခဲ့ကာ ရဲအရာရှိတဦးကတော့ ရေခဲတုံးနဲ့ ပစ်ပေါက်ခံရလို့ ဒဏ်ရာရသွားကြောင်း သိရပါတယ်။ အေးခဲနေတဲ့ ရာသီဥတုအောက်မှာတောင် လူအများပြားက စုပေါင်းကာ ဆန္ဒပြခဲ့ပြီး အော်စတင်၊ ဆီယက်တဲလ်၊ နယူးယောာက်နဲ့ လော့စ်အိန်ဂျလိစ်တို့ အပါအဝင် အခြားမြို့တွေမှာလည်း ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
NOM
