ar
Feedback
NOM

NOM

الذهاب إلى القناة على Telegram

NOM Official Backup Channel - 2

إظهار المزيد
Myanmar38 251الفئة غير محددة
201
المشتركون
لا توجد بيانات24 ساعات
-17 أيام
-830 أيام
أرشيف المشاركات
NOM
201
Repost from News Of Myanmar
+4
ဘာရိန်းနိုင်ငံရှိ ရေနံသိုလှောင်ရုံများ အီရန်ပဲ့ထိန်းဒုံးကျည်များဖြင့်တိုက်ခိုက်ခံရမှုကြောင့် ပေါက်ကွဲမီးလောင်နေ။ NOM

NOM
201
အာရှအစိုးရတွေဟာ ရေနံစျေးနှုန်းမြင့်တက်မှုကို တန်ပြန်ဖို့အတွက် ဒေါ်လာဘီလျံပေါင်းများစွာကို သုံးစွဲကာ ဖြေရှင်းနေရပါတယ်။ ဂျပန် ဂ
အာရှအစိုးရတွေဟာ ရေနံစျေးနှုန်းမြင့်တက်မှုကို တန်ပြန်ဖို့အတွက် ဒေါ်လာဘီလျံပေါင်းများစွာကို သုံးစွဲကာ ဖြေရှင်းနေရပါတယ်။ ဂျပန် ဂျပန်အစိုးရဟာ ဓါတ်ဆီစျေးနှုန်း တလီတာကို ပျမ်းမျှယန်း ၁၇၀ ခန့်မှာ ထိန်းထားဖို့ ရည်ရွယ်ပြီး အရန် ရန်ပုံငွေ ယန်း ၈၀၀ ဘီလျံ ကို ထုတ်ယူလိုက်ပါတယ်။ တောင်ကိုရီးယား တောင်ကိုရီးယားဘတ်ဂျက်ဝန်ကြီးဌာနက ဝင်ငွေနည်းသူတွေ၊ လူငယ်တွေနဲ့ ကုမ္ပဏီတွေကို ထောက်ပံ့ဖို့ အစိုးရရဲ့ အပိုဘတ်ဂျက် ဝမ် ၂၆.၂ ထရီလီယံအထိ အသုံးပြုဖို့ အဆိုပြုခဲ့ပါတယ်။ အင်ဒိုနီးရှား စွမ်းအင်ထောက်ပံ့ကြေးအတွက် ရူပီးယား ၃၈၁.၃ ထရီလီယံအထိ ကို အင်ဒိုနီးရှားအစိုးရက အသင့်ပြင်ဆင်ထားကာ လောင်စာဆီစျေးနှုန်းကို ထိန်းသိမ်းဖို့ ကြိုးပမ်းမှုမှာ ထိခိုက်နစ်နာမယ့် နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီတွေကို လျော်ကြေးပေးဖို့ ဘတ်ဂျက်ချပေးထားတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင် ပီဆို ၂၀ ဘီလျံကို စွမ်းအင်လုံခြုံရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အသုံးပြုဖို့ စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုလိုက်ပြီး ပြည်တွင်းထောက်ပံ့မှုလုံလောက်စေဖို့အတွက် ရေနံစည်ပေါင်း ၂ သန်းကို ဝယ်ယူဖို့ လုပ်သွားမှာဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
အီရန်စစ်ပွဲဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းတွေ အဆမတန် ဆက်လက်မြင့်တက်နေဦးမယ်လို့ ကုလစားနပ်ရိက္ခာနဲ့ စိုက
အီရန်စစ်ပွဲဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းတွေ အဆမတန် ဆက်လက်မြင့်တက်နေဦးမယ်လို့ ကုလစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အီရန်က ကူဝိတ်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုကို တိုက်ခိုက်။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံအတွင်း ပစ်ချခံရပြီးပျောက်ဆုံးနေဆဲဖြစ်သော အမေရိကန်လေယာဉ်အမှုထမ်းကို အမေရိကန် စစ်တပ်​၏ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေလ
အီရန်နိုင်ငံအတွင်း ပစ်ချခံရပြီးပျောက်ဆုံးနေဆဲဖြစ်သော အမေရိကန်လေယာဉ်အမှုထမ်းကို အမေရိကန် စစ်တပ်​၏ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေလျက်ရှိပြီး အဆိုပါ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ စတင်ထွက်ခွာရာနေရာဖြစ်သည့် ကူဝိတ်နိုင်ငံရှိ ဘူးရင်း စစ်စခန်းကို အီရန်ကဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
🤍⚔️🇮🇷 အမေရိကန်အစိုးရဟာ စီးပွားဖြစ် ဂြိုဟ်တုဓာတ်ပုံ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအားလုံးကို အရှေ့အလယ်ပိုင်း ပဋိပက္ခဇုန်ရဲ့ ပုံရ
🤍⚔️🇮🇷 အမေရိကန်အစိုးရဟာ စီးပွားဖြစ် ဂြိုဟ်တုဓာတ်ပုံ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအားလုံးကို အရှေ့အလယ်ပိုင်း ပဋိပက္ခဇုန်ရဲ့ ပုံရိပ်တွေကို မတ်လ ၉ ရက်နေ့ကစပြီး နောက်ကြောင်းပြန် သတ်မှတ်ချက်နဲ့ အကန့်အသတ်မရှိ ဆိုင်းငံ့ထားဖို့ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့ထိပ်တန်း ဂြိုဟ်တုဓာတ်ပုံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Planet ကလည်း အဆိုပါညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်နေကြောင်း အတည်ပြုထားပါတယ်။ ဝါရှင်တန်ရဲ့ တောင်းဆိုမှုကြောင့် တိုက်ခိုက်ခံရမှု ပျက်စီးဆုံးရှုံးမှုတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေအပေါ် လွတ်လပ်စွာ အတည်ပြုနိုင်စွမ်းကို အခုအခါမှာတော့ ဖုံးကွယ်တားဆီးလိုက်ပြီ ဖြစ်ပါတယ်။ သင်ဟာ စစ်ပွဲမှာ အနိုင်ရနေတယ်ဆိုရင် ကမ္ဘာကြီးကို မြင်စေချင်မှာပါ။ ဒါပေမဲ့ အခုလို တစ်လကြာတဲ့အထိ ဂြိုဟ်တုဓာတ်ပုံတွေကို ပိတ်ဆို့ထားတယ်ဆိုတာဟာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ဖုံးကွယ်ချင်နေတာပဲ ဖြစ်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
ကူဝိတ်ရေနံကော်ပိုရေးရှင်းနှင့် ကူဝိတ်ရေနံဝန်ကြီးဌာနရှိသည့် အဆောက်အအုံ အီရန်ဒရုန်းထိမှန် အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒရုန်းတစ်စင်းသည် ကူဝိတ်ရေနံကော်ပိုရေးရှင်း (Kuwait Petroleum Corporation) အဆောက်အအုံကို ထိမှန်ခဲ့သည်။ အဆိုပါအဆောက်အအုံတွင် ကူဝိတ်နိုင်ငံ၏ ရေနံဝန်ကြီးဌာနရုံးလည်း အခြေစိုက်ထားသည်။ NOM

NOM
201
အီးယူအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ စပိန်၊‌ ပေါ်တူဂီနဲ့ ဩစတြီးယားနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီး ၅ ဦးဟာ စွမ်းအင်ကုမ္ပဏီ
အီးယူအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ စပိန်၊‌ ပေါ်တူဂီနဲ့ ဩစတြီးယားနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီး ၅ ဦးဟာ စွမ်းအင်ကုမ္ပဏီတွေဆီက အမြတ်အစွန်းတွေကို အခွန်ကောက်ခံဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ စစ်ပွဲရဲ့ အကျိုးဆက်ကနေ အကျိုးအမြတ်ရသူတွေဟာ အများပြည်သူရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ဖို့ သူတို့ရဲ့ အခန်းကဏ္ဍကို လုပ်ဆောင်ပေးရမယ်ဆိုတဲ့ ရှင်းလင်းတဲ့သတင်းစကားတခုကို ပေးပို့နိုင်မယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီးတွေက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
ဘရာဇီးလ် တောင်ပိုင်းပြည်နယ် Rio Grande do Sul မှာ မနေ့က ဒေသစံတော်ချိန် မနက် ၁၀း၃၀ နာရီမှာ လူနေရပ်ကွက်တခုအတွင်းက စားသောက်ဆိုင်ကို လေယာဉ်က တည့်တည့်ပျက်ကျခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ စားသောက်ဆိုင်က မဖွင့်သေးတဲ့ အချိန်မို့ သေဆုံးသူအရေအတွက်နည်းပါးခဲ့တာပါပဲ။ ဒီအဖြစ်အပျက်ကို အနီးကပ်မြင်တွေ့ခဲ့သူတွေလည်း ရှိခဲ့ပြီး အသက်လုထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ လေယာဉ်ဟာ အဆောက်အဦထဲကို တည့်တည့်ဝင်တိုက်မိပြီး မီးလောင်သွားခဲ့ပါတယ်။ ဒီမတော်တဆမှုကြောင့် လေယာဉ်မှူးအပါဝင် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စုံတွဲတပွဲ၊ အခြား ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ မီးသတ်သမားတွေက အတည်ပြုခဲ့ကာ မြေပြင်ပေါ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။ News Of Myanmar NOM

NOM
201
အိန္ဒိယမှာ ဆင်တကောင်ကို ပန်းရောင်ဆေးတွေ ခြယ်သပြီး ပန်းရောင်ဆေးတွေခြယ်ထားတဲ့ မော်ဒယ်လ်တွေနဲ့ ဓါတ်ပုံရိုက်ကူးခဲ့တဲ့ ရုရှားအမျို
+2
အိန္ဒိယမှာ ဆင်တကောင်ကို ပန်းရောင်ဆေးတွေ ခြယ်သပြီး ပန်းရောင်ဆေးတွေခြယ်ထားတဲ့ မော်ဒယ်လ်တွေနဲ့ ဓါတ်ပုံရိုက်ကူးခဲ့တဲ့ ရုရှားအမျိုးသမီးဓါတ်ပုံဆရာမဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ အသက် ၄၇ နှစ်အရွယ် Julia Buruleva က ထူးခြားတဲ့ ဓါတ်ပုံရိုက်ကူးမှုတွေကို လုပ်ဆောင်ခဲ့ပြီး အဲဒီနောက် ၄ လအကြာမှာ အဆိုပါ ဆင်က သေဆုံးခဲ့တာကြောင့် အပြင်းအထန်ဝေဖန်ခံနေရပြီး ခြိမ်းခြောက်မှုတွေပါ ရင်ဆိုင်နေရတာပါ။ ဆင်က အသက်အရွယ်ကြီးရင့်တာကြောင့် သေဆုံးခဲ့တာလို့ သူမက အခိုင်အမာပြောဆိုခဲ့ပေမယ့် သူမ ခြယ်သခဲ့တဲ့ ဆေးတွေကြောင့်လို့ အများစုက ယုံကြည်နေတာပါ။ ဆေးအတွက် အော်ဂဲနစ်၊ ဒေသထွက်ဆေးတွေကို အသုံးပြုခဲ့ကာ ဒေသခံတွေ ပွဲတော်တွေမှာ အသုံးပြုတဲ့ ဆေးအမျိုးအစားနဲ့ အတူတူပဲလို့ သူမက ကာကွယ်ပြောဆိုထားပါတယ်။ သူမဟာ အရင်ကလည်း ကုလားအုတ်တွေကို အရောင်အမျိုးမျိုးခြယ်သကာ အခုလိုပဲ ဓါတ်ပုံရိုက်ကူးတာတွေ လုပ်ဖူးပါတယ်။ အခုတော့ သူမရဲ့ လုပ်ရပ်ကြောင့် ဆင် သေဆုံးရတာ မဟုတ်တာကို ထောက်ခံပေးဖို့ အွန်လိုင်းတောင်းဆိုမှုတခုကို သူမက စတင်နေပါတယ်။ News Of Myanmar NOM

NOM
201
ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းနိုင်ရေးအတွက် အီရန်ကို အခကြေးငွေပေးဆောင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကို တောင်ကိုရီးယားက ငြင်းဆ
ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းနိုင်ရေးအတွက် အီရန်ကို အခကြေးငွေပေးဆောင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကို တောင်ကိုရီးယားက ငြင်းဆန်လိုက်ပါတယ်။ အရှေ့အလယ်ပိုင်းကနေ ရရှိနေတဲ့ စွမ်းအင်ထောက်ပံ့မှုတွေ ပြတ်တောက်နိုင်ချေရှိလို့ စိုးရိမ်မှုတွေ မြင့်တက်လာပြီးနောက် ဆိုးလ်ဟာ ဖြတ်သန်းခွင့်အတွက် အခကြေးငွေပေးဖို့ စဉ်းစားနေတယ်ဆိုပြီး အမည်မဖော်လိုတဲ့ သမ္မတအရာရှိတဦးကို ကိုးကားပြီး Maeil Business သတင်းစာက ဖော်ပြခဲ့တာပါ။ ဒါပေမယ့် တောင်ကိုရီးယားကတော့ ဒီအချက်ကို သူတို့ လုံး၀ထည့်သွင်းစဉ်းစားတာမျိုး မရှိဘူးလို့ မနေ့က ပြတ်ပြတ်သားသားပဲ ပြောဆိုသွားခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
ယမန်နေ့က အီရန်​၏တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်ကြည်းတပ်ပိုင် စီအိတ်ချ်-၄၇ ချီနွတ်ခ် ရဟတ်ယာဉ်တစ်စီး ထိမှန်ပျက်စ
+2
ယမန်နေ့က အီရန်​၏တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်ကြည်းတပ်ပိုင် စီအိတ်ချ်-၄၇ ချီနွတ်ခ် ရဟတ်ယာဉ်တစ်စီး ထိမှန်ပျက်စီးခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံတွင် ပစ်ချခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှ လေသူရဲ နှစ်ဦးအနက် တစ်ဦးကို အမေရိကန် အထူးတပ်ဖွဲ့များက ရှာဖွေတွေ့ရှိပြီး ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသူ တစ်ဦးကိုမူ ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း အမေရိကန် သတင်းရင်းမြစ်များကပြောကြားသည်။ NOM

NOM
201
Repost from News Of Myanmar
အမေရိကန်တိုက်လေယာဉ်တစ်စီးပစ်ချခံရပြန် ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန်စစ်တပ်၏ မြေပြင်တိုက်ခိုက်ရေးလေယာဉ် A-10 တစ်စီး ပစ်ချခ
အမေရိကန်တိုက်လေယာဉ်တစ်စီးပစ်ချခံရပြန် ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန်စစ်တပ်၏ မြေပြင်တိုက်ခိုက်ရေးလေယာဉ် A-10 တစ်စီး ပစ်ချခံလိုက်ရပြန်သည်။ လေသူရဲကိုမူကယ်ဆယ်နိုင်ကြောင်းသိရသည်။ NOM

NOM
201
Repost from News Of Myanmar
+2
အီရန်နိုင်ငံတောင်ပိုင်း ခူဇက်စတန် ပြည်နယ်တွင် ပစ်ချခံရပြီး ပျောက်ဆုံးနေသည့် အမေရိကန် F-15 တိုက်လေယာဉ်မှူးများကို အမေရိကန်တပ်ဖွဲ့များက လိုက်လံရှာဖွေနေ။ NOM

NOM
201
Repost from News Of Myanmar
အီရန်ပိုင်နက်အတွင်း ပစ်ချခံရပြီးပျောက်ဆုံးနေသော အမေရိကန် F-15 လေသူရဲများကို လိုက်လံရှာဖွေနေသည့် အမေရိကန် လေယာဉ်အချို့ကို အီရန် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိသည်။ ဤဗီဒီယိုတွင် အမေရိကန်လေယာဉ်တစ်စင်းသည် အီရန်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ထိမှန်မှုကို ရှောင်ရှားရန်အတွက် Flares များထုတ်လွှတ်နေသည်ကို တွေ့ရသည်။ NOM

NOM
201
Repost from News Of Myanmar
🚨 Breaking အီရန်အစိုးရပိုင် ရုပ်သံဌာန (IRIB) က ကိုဂီလူယေးနှင့် ဘိုယာ-အာမတ် (Kohgiluyeh and Boyer-Ahmad) ပြည်နယ်ရှိ အီရန်ဒေသခံပြည်သူများထံ အသိပေးချက်တစ်ခု ထုတ်ပြန်ကြေညာခဲ့သည်။ "အကယ်၍ သင်တို့သည် ရန်သူ့လေသူရဲ သို့မဟုတ် လေသူရဲများကို အရှင်ဖမ်းဆီးရမိပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် စစ်တပ်ထံသို့ အပ်နှံနိုင်ပါက ထိုက်တန်သော ဆုလာဘ်များကို ချီးမြှင့်သွားမည် ဖြစ်သည်။" NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံကောင်းကင်ယံတွင် ပစ်ချခံလိုက်ရသော အမေရိကန် F-15 တိုက်လေယာဉ်၏ နောက်ထပ်ဓာတ်ပုံမှတ်တမ်းများ။ အပိုင်း-၂ NOM
+8
အီရန်နိုင်ငံကောင်းကင်ယံတွင် ပစ်ချခံလိုက်ရသော အမေရိကန် F-15 တိုက်လေယာဉ်၏ နောက်ထပ်ဓာတ်ပုံမှတ်တမ်းများ။ အပိုင်း-၂ NOM

NOM
201
Repost from News Of Myanmar
ယနေ့ အီရန်တို့​ ပစ်ချခဲ့သည့် အမေရိကန် F-15 တိုက်လေယာဉ် အစိတ်အပိုင်းများ။ အပိုင်း -၁ NOM
+9
ယနေ့ အီရန်တို့​ ပစ်ချခဲ့သည့် အမေရိကန် F-15 တိုက်လေယာဉ် အစိတ်အပိုင်းများ။ အပိုင်း -၁ NOM

NOM
201
Repost from News Of Myanmar
+2
ယနေ့ အီရန်ပိုင်နက်အတွင်း ပစ်ချခံလိုက်ရသည့် အမေရိကန် F-15 တိုက်လေယာဉ်မှ ပျောက်ဆုံးနေသည့် လေယာဉ်မှူးများကို ရှာဖွေရန်အတွက် အမေရိကန် ရဟတ်ယာဉ်တင် တပ်ဖွဲ့အချို့နှင့် လေယာဉ်အချို့ အီရန်တောင်ပိုင်းသို့ ဝင်ရောက်လာကြောင်းသိရသည်။ NOM