ar
Feedback
NOM

NOM

الذهاب إلى القناة على Telegram

NOM Official Backup Channel - 2

إظهار المزيد
Myanmar38 251الفئة غير محددة
201
المشتركون
لا توجد بيانات24 ساعات
-17 أيام
-830 أيام
أرشيف المشاركات
NOM
201
Repost from News Of Myanmar
🇮🇷 - အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ်အဖြစ် အယာတိုလာ ဆယက် မော့ဂျ်တာဘာ ခါမေနီကို တင်မြှောက် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တ
🇮🇷 - အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ်အဖြစ် အယာတိုလာ ဆယက် မော့ဂျ်တာဘာ ခါမေနီကို တင်မြှောက် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တတိယမြောက် အဓိပတိခေါင်းဆောင်အဖြစ် အယာတိုလာ ဟက်ဂျ် ဆယက် မော့ဂျ်တာဘာ ခါမေနီ (Ayatollah Haj Seyyed Mojtaba Khamenei) ကို အီရန်ကျွမ်းကျင်သူများကောင်စီ (Assembly of Experts) က တခဲနက်မဲပေး ရွေးချယ်တင်မြှောက်လိုက်ပြီ ဖြစ်သည်။ ၎င်းသည် အမေရိကန်နှင့် အစ္စရေးတို့​၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့သော အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီ၏ သားဖြစ်ပြီး အီရန်နိုင်ငံရေးတွင် ဩဇာညောင်းသူတစ်ဦးဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
+1
🇧🇭 - ဘာရိန်းနိုင်ငံ၊ မနားမားမြို့တွင် ကြားဖြတ်ချေမှုန်းရေး ဒုံးကျည်တစ်စင်းသည် နည်းပညာချို့ယွင်းမှုဖြစ်ပွားခဲ့သည်။ ဘာရိန်းရှိ အမေရိကန်တပ်စခန်းများကို ကာကွယ်ရန်အတွက် ပက်ထရီးယော့တ် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်က ပစ်လွှတ်လိုက်သော အဆိုပါ ဒုံးကျည်တစ်စင်းသည် ဘာရိန်း​၏အရပ်ဘက် အခြေခံအဆောက်အအုံများကို ထိမှန်ခဲ့သည်။ အဆိုပါ ဒုံးကျည်၏ ချို့ယွင်းမှုကို ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာနက ဖုံးကွယ်ရန် ကြိုးပမ်းနေကြောင်း သတင်းများက ဆိုသည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီ- "ကျွန်ုပ်တို့တွင် ဒုံးကျည်ထုတ်လုပ်နိုင်စွမ်းရှိသော်လည်း အခြားသူများကို ခြိမ်းခြောက်မှုမဖြစ်စေရန် ကီလိုမီတာ ၂,၀၀၀ အောက်သာ ကန့်သတ်ထားပါသည်" မေးခွန်း - အီရန်တောင်ပိုင်းက မူလတန်းကျောင်းတစ်ခု တိုက်ခိုက်ခံရပြီး ကလေးငယ်များအပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့အပေါ် သမ္မတ ထရန့်က အီရန်မှာ တာဝန်ရှိတယ်လို့ ပြောထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ? အာရတ်ဂ်ချီ - "အဲဒီပြောကြားချက်က တကယ်ကို ရယ်စရာကောင်းပါတယ်။ အဲဒီကျောင်းက ကျွန်ုပ်တို့ကျောင်း၊ အဲဒီကျောင်းသား၊ ကျောင်းသူတွေက ကျွန်ုပ်တို့ရဲ့ သားသမီးတွေပါ။ သူတို့ဟာ အမေရိကန် တိုက်လေယာဉ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။ အီရန်မှာ ဘယ်လိုလုပ် တာဝန်ရှိနိုင်မှာလဲ? ကျွန်ုပ်တို့က ဒီစစ်ပွဲကို စခဲ့တာလား? ကိုယ့်ပြည်သူကို ကိုယ်ပြန်တိုက်မှာလား? မဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးနေရင်း သံတမန်ရေးရာတွေ လုပ်ဆောင်နေရင်း အလယ်မှာတင် သူတို့က ကျွန်ုပ်တို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့ဟာ ကျောင်းတွေ၊ ဆေးရုံတွေအပါအဝင် နေရာတော်တော်များများကို တိုက်ခိုက်ခဲ့ပြီး ဒီကျောင်းကို အမေရိကန်တိုက်လေယာဉ်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အများကြီးရှိပါတယ်။" မေးခွန်း - ဒီစွပ်စွဲချက်အတွက် အီရန်မှာ ဘယ်လိုသက်သေတွေ ရှိပါသလဲ? အာရတ်ဂ်ချီ - "အမေရိကန်မဟုတ်ရင် နောက်ဘယ်သူ ဖြစ်နိုင်ဦးမလဲ? အစ္စရေးလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ကျွန်ုပ်တို့ကို ဘယ်သူတွေ တိုက်ခိုက်နေသလဲဆိုတာကတော့ ရှင်းနေတာပဲ မဟုတ်လား။" မေးခွန်း - မြေပြင်တပ်ဖွဲ့တွေ စေလွှတ်နိုင်ခြေရှိတဲ့အပေါ် ဝန်ကြီးက 'ကျွန်ုပ်တို့ သူတို့ကို စောင့်နေပါတယ်' လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ထရန့်ကတော့ မြေပြင်တိုက်ပွဲမှာ အီရန်ဘက်က ထပ်မံခုခံနိုင်စွမ်းမရှိတော့တဲ့အထိ အားနည်းသွားတဲ့ အခြေအနေရောက်မှသာ တပ်ဖွဲ့တွေ စေလွှတ်မယ်လို့ ပြောထားပါတယ်။ သူပြောတာ မှန်ပါသလား? အာရတ်ဂ်ချီ - "အနည်းဆုံးတော့ အခုလောလောဆယ်အထိတော့ အဲဒီလို မဟုတ်သေးပါဘူး။ လောလောဆယ်မှာ ကျွန်ုပ်တို့ဆီမှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်း အပြည့်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ မြေပြင်ကို ကျူးကျော်ဝင်ရောက်လာမယ့် ဘယ်ရန်သူကိုမဆို တိုက်ခိုက်ချေမှုန်းဖို့ အသင့်ရှိနေတဲ့ ရဲစွမ်းသတ်သတ္တိရှိတဲ့ စစ်သည်တော်တွေ ရှိပါတယ်။ ဒီအခြေအနေဟာ လာမယ့်ရက်တွေ၊ နှစ်တွေနဲ့ အီရန်မှာ အမြဲတမ်း ဆက်ရှိနေမှာပါ။ ကျွန်ုပ်တို့ဟာ ရဲရင့်တဲ့ ပြည်သူတွေဖြစ်သလို ကြီးကျယ်တဲ့ ယဉ်ကျေးမှုလည်း ရှိပါတယ်။ နှစ်ပေါင်းထောင်ချီကတည်းက ကျွန်ုပ်တို့ရဲ့ မြေပြင်ကို ကာကွယ်ခဲ့သလို လိုအပ်သရွေ့လည်း ဆက်လက်ကာကွယ်သွားမှာပါ။" မေးခွန်း - သမ္မတ ထရန့်က ဒီစစ်ပွဲကို စတင်ရတဲ့ အကြောင်းရင်းတစ်ခုက အီရန်မှာ ဥရောပနဲ့ အမေရိကန် အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားနိုင်တဲ့ ဒုံးကျည်တွေရှိနေပြီး မကြာခင်မှာ အမေရိကန် မြေပြင်ကိုပါ ပစ်မှတ်ထားနိုင်တော့မှာမို့လို့လို့ ပြောပါတယ်။ အီရန်အနေနဲ့ အမေရိကန်ကို တိုက်ရိုက်တိုက်ခိုက်ဖို့ ရည်ရွယ်ချက် ရှိပါသလား? အာရတ်ဂ်ချီ - "ဒီစွပ်စွဲချက်က မမှန်ကန်ပါဘူး။ တကယ်တော့ ဒါဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့မှာ ဒုံးကျည်ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ အခြားသူတွေကို ခြိမ်းခြောက်မှုတစ်ခုလို့ မယူဆစေချင်တာကြောင့် ကျွန်ုပ်တို့ရဲ့ ဒုံးကျည်တွေရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးကို ကီလိုမီတာ ၂,၀၀၀ အောက်ရောက်အောင် တမင်တကာ ကန့်သတ်ထားတာပါ။ လက်ရှိသတ်မှတ်ချက်ထက် ပိုပြီးဝေးဝေးပစ်နိုင်ဖို့ ဘယ်စီမံကိန်းမှလည်း မစတင်ထားပါဘူး။ ဒါကြောင့် အီရန်က တာဝေးပစ်ဒုံးကျည်တွေ ထုတ်လုပ်နေတယ်။ အမေရိကန်အထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ သက်သေအထောက်အထား ဒါမှမဟုတ် သတင်းအချက်အလက်ဆိုတာ လုံးဝမရှိပါဘူး။" NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီ- "ကျွန်ုပ်တို့သည် ရုရှားနှင့် မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်သည်" "အီရန်နဲ့ ရုရှားနိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ အကြောင်းအရာအသစ် မဟုတ်သလို လျှို့ဝှက်ထားတာမျိုးလည်း မဟုတ်ပါဘူး။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ အတိတ်မှာလည်း ရှိခဲ့သလို၊ အခုလည်း ရှိနေပြီး အနာဂတ်မှာလည်း ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော့်မှာ တိကျတဲ့ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်သိသလောက်တော့ ကျွန်ုပ်တို့ဟာ ရုရှားနိုင်ငံနဲ့ အလွန်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီ- "ကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်နေခြင်း မဟုတ်ပါ" အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်၍ ရှင်းလင်းချက "အီရန်က သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်နေတယ်လို့ ယူဆနေကြရင် အဲဒီအယူအဆက မှားပါတယ်။ ကျွန်ုပ်တို့ဟာ အိမ်နီးချင်းတွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်မြေထဲမှာ ရောက်ရှိနေတဲ့ အမေရိကန်ရဲ့ အခြေစိုက်စခန်းတွေနဲ့ အဆောက်အအုံတွေကိုသာ ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ အိမ်နီးချင်းတွေကို တိုက်ခိုက်တာမဟုတ်ဘဲ ကျွန်ုပ်တို့ကို အရင်တိုက်ခိုက်တဲ့ အမေရိကန်တွေကိုပဲ ပစ်မှတ်ထား တုံ့ပြန်နေတာပါ။ ကျွန်ုပ်တို့ဟာ စစ်ပွဲကို အရင်စခဲ့သူတွေ မဟုတ်ပါဘူး။ အမေရိကန်ကသာ ကျွန်ုပ်တို့အပေါ် စစ်ပွဲစတင်ခဲ့တာဖြစ်ပြီး ကျွန်ုပ်တို့ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန်မြေပြင်အထိ မရောက်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်တာကတော့ ကံမကောင်းစွာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်မြေထဲမှာ ရှိနေတဲ့ ကျွန်ုပ်တို့ပတ်ဝန်းကျင်က အမေရိကန် အခြေစိုက်စခန်းတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ်။ ပထမအချက်အနေနဲ့ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုမှာ တောင်းပန်ခြင်းဆိုတာ ဂုဏ်သိက္ခာရှိမှုနဲ့ အင်အားတောင့်တင်းမှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ အမေရိကန်ရဲ့ ကျူးကျော်မှုနဲ့ ကျွန်ုပ်တို့ရဲ့ တုံ့ပြန်မှုတွေကြောင့် ဒေသတွင်း ပြည်သူတွေ ကြုံတွေ့ရတဲ့ ပြဿနာတွေအတွက် (အီရန်ခေါင်းဆောင်က) တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ အမေရိကန်သမ္မတဟာ သူတို့ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ဖျက်ဆီးမှုတွေအတွက် ဒေသတွင်းပြည်သူတွေနဲ့ အီရန်ပြည်သူတွေကို တောင်းပန်ရမယ့်သူ ဖြစ်ပါတယ်။" NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီ- "အပစ်အခတ်ရပ်စဲရေးဆိုတာ ဒီအတိုင်းတော့ မဖြစ်နိုင်ဘူး၊ စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ဖို့ပဲ လိုအပ်တယ်" "သူတို့က အပစ်အခတ်ရပ်စဲဖို့ နောက်တစ်ကြိမ် ထပ်တောင်းဆိုနေကြပြန်ပြီ။ ဒါပေမဲ့ ဒီအတိုင်းတော့ အလုပ်မဖြစ်နိုင်ပါဘူး။ စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ဖို့ကိုသာ တည်ဆောက်ရမှာပါ။ အဲဒီလိုအခြေအနေမျိုးကို မရောက်မချင်းတော့ ကျွန်ုပ်တို့ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အစ္စရေးက ကျွန်ုပ်တို့ကို တိုက်ခိုက်တုန်းကလည်း သမ္မတ ထရန့်က 'ခြွင်းချက်မရှိ အညံ့ခံဖို့' ဆိုတဲ့ စကားလုံးကိုသုံးပြီး X (ယခင် Twitter) မှာ တင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ဖြစ်မလာခဲ့ပါဘူး။ ကျွန်ုပ်တို့က ခုခံတွန်းလှန်ခဲ့လို့ (၁၂) ရက်အကြာမှာတော့ အစ္စရေးဘက်ကပဲ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲဖို့ ပြန်တောင်းဆိုခဲ့ရတာပါ။ ဒါကြောင့် ကျွန်ုပ်တို့ ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး။ လိုအပ်သရွေ့ ဆက်လက်ခုခံသွားမှာပါ။ ကျွန်ုပ်တို့ရဲ့ မြေပြင်၊ ပြည်သူနဲ့ သိက္ခာအတွက် ခုခံကာကွယ်နေတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ သိက္ခာဟာ ညှိနှိုင်းစရာ မဟုတ်ပါဘူး။ လောလောဆယ်မှာတော့ စစ်ပွဲအဆုံးသတ်မယ့် အဆင့်ကို မရောက်သေးပါဘူး။ ဒီတစ်ကြိမ် အခြေအနေက အရင်ကနဲ့ မတူတော့ဘူး။ အရင်တုန်းက သူတို့ ကျွန်ုပ်တို့ကို တိုက်ခိုက်တယ်။ ပြည်သူတွေကို သတ်ဖြတ်တယ်။ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးတယ်။ ပြီးမှ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုကြတယ်။ ကျွန်ုပ်တို့က ခုခံကာကွယ်ရုံသက်သက်ပဲ ဖြစ်တဲ့အတွက် အကောင်းမြင်စိတ်နဲ့ လက်ခံခဲ့ပါတယ်။ ကျူးကျော်မှုရပ်ရင် ကျွန်ုပ်တို့လည်း ရပ်ခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ငြိမ်းချမ်းရေးကို ဦးမတည်ခဲ့ပါဘူး။" ဒီနှစ်မှာတော့ သူတို့က ကျွန်ုပ်တို့ကို တစ်ကျော့ပြန် တိုက်ခိုက်လာပြန်တယ်။ ကျွန်ုပ်တို့ရဲ့ ပြည်သူတွေ၊ မိန်းကလေးတွေနဲ့ ကျောင်းသားတွေကို ထပ်သတ်ဖြတ်ကြတယ်။ ဆေးရုံတွေ၊ ရေငန်သန့်စင်စက်ရုံတွေ၊ ရေနံချက်စက်ရုံတွေနဲ့ တခြားနေရာ တော်တော်များများကို တိုက်ခိုက်ခဲ့တယ်။ လူတွေသေဆုံးပြီး နေရာအများကြီး ပျက်စီးခဲ့ရတယ်။ အခုမှ သူတို့က အပစ်အခတ်ရပ်စဲဖို့ ပြန်ပြောနေကြပြန်ပြီ။ ဒါက ဒီအတိုင်းတော့ အဆင်မပြေပါဘူး။ ပထမဦးဆုံးအနေနဲ့ သူတို့ ဘာကြောင့် ဒီကျူးကျော်မှုကို စတင်ခဲ့သလဲဆိုတာကို အရင်ရှင်းပြရမယ်။ အဲဒီနောက်မှ အပစ်အခတ်ရပ်စဲရေးအကြောင်း ဆွေးနွေးလို့ရပါမယ်။ တကယ်တော့ ဘယ်သူမှ စစ်ပွဲကို ဆက်မဖြစ်စေချင်ပါဘူး။ ဒီစစ်ပွဲဟာ ကျွန်ုပ်တို့ စတင်ခဲ့တဲ့စစ်ပွဲမဟုတ်သလို ကျွန်ုပ်တို့ ရွေးချယ်ခဲ့တာလည်း မဟုတ်ဘူး။ ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့က ကျွန်ုပ်တို့အပေါ် အတင်းအဓမ္မ ကျရောက်စေခဲ့တဲ့ စစ်ပွဲပါ။ သူတို့က ဘာလှုံ့ဆော်မှုမှမရှိဘဲ အကြောင်းပြချက်မရှိဘဲ တရားမဝင် စတင်ခဲ့တာပါ။ ကျွန်ုပ်တို့ လုပ်ဆောင်နေတာက တရားဝင်ခုခံကာကွယ်မှုသာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။ ဒါကြောင့် သူတို့က ကျူးကျော်မှုကို ရပ်လိုက်ရုံနဲ့ ကျွန်ုပ်တို့ကိုလည်း ရပ်ခိုင်းဖို့ဆိုတာ မတရားပါဘူး။ ကျွန်တော်ပြောခဲ့သလိုပဲ ဒီတစ်ကြိမ်မှာ အခြေအနေက အရင်နဲ့ မတူတော့ပါဘူး။" NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီ- "ကျွန်ုပ်တို့၏ ပြည်တွင်းရေးကို မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်စွက်ဖက်ခွင့် မပြုပါ" နိုင်ငံ၏ခေါင်းဆောင်ကို ရွေးချယ်ခြင်းသည် အီရန်ပြည်သူလူထုနှင့်သာ သက်ဆိုင်သည့် ကိစ္စဖြစ်သည်။ ပြည်သူများအနေဖြင့် ကျွမ်းကျင်သူများကောင်စီ (Assembly of Experts) ကို ယခင်ကတည်းက ရွေးကောက်တင်မြှောက်ထားပြီးဖြစ်ကာ ၎င်းကောင်စီတွင်သာ ခေါင်းဆောင်သစ်ကို ရွေးချယ်ရန် တာဝန်ရှိပါသည်။ ဤအခြေအနေသည် အီရန်ပြည်သူများ၏ သီးသန့်ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး အခြားမည်သူနှင့်မျှ သက်ဆိုင်ခြင်းမရှိပါ။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံတောင်ပိုင်းရှိ မိနပ်ဘ်မိန်းကလေးကျောင်းကို အမေရိကန်-အစ္စရေးတို့ ပစ်ခတ်ခဲ့သည့် ဒုံးကျည်တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့သည့် ထိတ်လန့်ဖွယ်ရာ ဗီဒီယိုမှတ်တမ်းကို Mehr သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကျောင်းသူများနှင့် ဆရာမများ အနည်းဆုံး ၁၆၈ ဦး သေဆုံးခဲ့ရသည်။ NOM

NOM
201
Repost from News Of Myanmar
အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့အား ကလပ်စတာဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေရာအများအပြားထိမှန်ပျက်စီးပြီး ဒဏ်ရာရသူများလည်းရှိ
+7
အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့အား ကလပ်စတာဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေရာအများအပြားထိမှန်ပျက်စီးပြီး ဒဏ်ရာရသူများလည်းရှိ NOM

NOM
201
Repost from News Of Myanmar
💧🚰 အစ္စရေးနှင့် အမေရိကန်တို့ အီရန်ရှိ ရေငန်သန့်စင်စက်ရုံများကို စတင်တိုက်ခိုက် ပြီးခဲ့တဲ့ညက အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်နိုင်ငံရှိ ရေငန်သန့်စင်စက်ရုံ (Desalination plants) တွေကို ပထမဆုံးအကြိမ် စတင်ဖျက်ဆီးခဲ့ကြပါတယ်။ အီရန်ပြည်သူတွေဟာ စစ်ပွဲမတိုင်ခင်ကတည်းက သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးဟာ ရေအရင်းအမြစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်လာပြီး မနေ့က အီရန်နိုင်ငံ၊ ကက်ရှ်မကျွန်း (Qeshm) ရှိ ရေငန်သန့်စင်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဘာရိန်းနိုင်ငံရှိ ရေငန်သန့်စင်စက်ရုံတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အီရန်ရဲ့ အခြေအနေက တောင်ပိုင်းဒေသတွေကလွဲလို့ ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကာတာ - သောက်သုံးရေ ၁၀၀ % ကို ရေငန်သန့်စင်စနစ်မှရရှိသည်။ ကူဝိတ်နှင့် ဘာရိန်း- ၉၀ % ရရှိသည်။ အိုမန် - ၈၆% ခန့် ရရှိသည်။ ဆော်ဒီအာရေဗျ: ၇၀ % ရရှိသည်။ အီရန် - စုစုပေါင်း သောက်သုံးရေရဲ့ ၃၀ % ခန့်ကိုသာ ရေငန်သန့်စင်စက်ရုံတွေကနေ ထုတ်ယူသုံးစွဲနေတာဖြစ်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
အီရန်စစ်ပွဲကြောင့် ရေနံကဏ္ဍမှာ ကမောက်ကမတွေဖြစ်ပြီး ဒီအပတ်မှာလည်း ဓာတ်ဆီဈေးတွေဟာ အဆမတန် ထိုးတက်နေဆဲဖြစ်ပါတယ်။ ဗီဒီယိုကတော့ ဓါတ်ဆီဈေးတွေတက်လာလို့ ထရမ်နဲ့ သူ့ရဲ့ ဇီယွန်ဝါဒီ မဟာမိတ်ကို ပြည်သူတစ်ဦးကဆဲဆိုနေတာဖြစ်ပါတယ်။ NOM

NOM
201
အီရန်ကို တိုက်ခိုက်မှုမှာ ပါဝင်ဖို့အတွက် ဗြိတိန်ကို ဖိအားပေးခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို တွန်းလှန်ခဲ့တဲ့ ဝန်ကြီးချုပ် Keir Starmer
အီရန်ကို တိုက်ခိုက်မှုမှာ ပါဝင်ဖို့အတွက် ဗြိတိန်ကို ဖိအားပေးခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို တွန်းလှန်ခဲ့တဲ့ ဝန်ကြီးချုပ် Keir Starmer ရဲ့ လုပ်ရပ်က မှန်ကန်တယ်လို့ လန်ဒန်မြို့တော်ဝန် Sadiq Khan က ပြောဆိုလိုက်ပါတယ်။ ဒါဟာ ရွေးချယ်စရာစစ်ပွဲဖြစ်ပြီး ပြည်ပမှာ မလိုအပ်တဲ့ သတ်ဖြတ်မှုနဲ့ ဒုက္ခတွေ ဖြစ်ပေါ်စေနိုင်သလို ဗြိတိန်အတွက်လည်း ပြင်းထန်တဲ့ စီးပွားရေးအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောဆိုခဲ့ပါသေးတယ်။ News Of Myanmar NOM

NOM
201
စနေနေ့က စစ်ဆန့်ကျင်ရေးဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ လန်ဒန်မြို့လယ်မှာ ချီတက်ဆန္ဒပြခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေ
စနေနေ့က စစ်ဆန့်ကျင်ရေးဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ လန်ဒန်မြို့လယ်မှာ ချီတက်ဆန္ဒပြခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အစ္စရေးဆီ လက်နက်ရောင်းချနေမှုတွေကို ရပ်တန့်ဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ ဆန္ဒပြသူဦးရေဟာ ၅၀၀၀ ကနေ ၆၀၀၀ အထိ ရှိတယ်လို့ သိရပါတယ်။ News Of Myanmar NOM

NOM
201
“အီရန်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ ကျမတို့ ပါဝင်မှာမဟုတ်ပါဘူး၊ အီရန်ထဲကို မြေပြင်တပ်ဖွဲ့တွေ စေလွှတ်တာမျိုးမှာလည်း ပါဝင်မ
“အီရန်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ ကျမတို့ ပါဝင်မှာမဟုတ်ပါဘူး၊ အီရန်ထဲကို မြေပြင်တပ်ဖွဲ့တွေ စေလွှတ်တာမျိုးမှာလည်း ပါဝင်မှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်” - ဩစတြေးလျထိပ်တန်းသံအမတ် Penny Wong News Of Myanmar NOM

NOM
201
နော်ဝေနိုင်ငံ၊ အော်စလိုမှာရှိတဲ့ အမေရိကန်သံရုံးမှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး အနည်းငယ်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရတာမျိုး
နော်ဝေနိုင်ငံ၊ အော်စလိုမှာရှိတဲ့ အမေရိကန်သံရုံးမှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး အနည်းငယ်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ နော်ဝေအာဏာပိုင်တွေကို ကိုးကားပြီး Reuters က ဖော်ပြခဲ့ပါတယ်။ အော်စလိုအနောက်ပိုင်းက သံရုံးဝင်းအနီးမှာ ဒေသစံတော်ချိန် မနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့တာပြီး မီးခိုးတွေထွက်လာတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာကို စုံစမ်းနေဆဲဖြစ်ကာ ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုလည်း တိတိကျကျမသိရသေးဘူးလို့ အော်စလိုရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
✍️ အီရန်နိုင်ငံကို ခြွင်းချက်မရှိ လက်နက်ချဖို့ ထရမ့်ရဲ့ တောင်းဆိုမှုအပေါ် အမေရိကန်ဝါရင့်သတင်းထောက် တပ်ကာ ကာလ်ဆင် (Tucker Carlson) ရဲ့ မှတ်ချက်။ "ခြွင်းချက်မရှိ လက်နက်ချခိုင်းတယ်ဆိုတာ ခင်ဗျားတို့ရဲ့ ဇနီးမယားနဲ့ သမီးပျိုတွေကို တိုင်းတစ်ပါး စစ်သားတွေက စိတ်ကြိုက် စော်ကားဖျက်ဆီးခွင့် ပေးလိုက်တာနဲ့ အတူတူပါပဲ" ဗီဒီယိုထဲတွင် တပ်ကာကာလ်ဆင်သည် ဘယ်ဘက်။ NOM

NOM
201
အီရန်ကို အနိုင်ရဖို့အတွက် ဗြိတိန်ရဲ့ အကူအညီကို မလိုအပ်ဘူးလို့ ထရမ့်က ပြောဆိုလိုက်ကာ Truth Social က ပို့စ်တခုမှာလည်း “အီရန်နဲ့
အီရန်ကို အနိုင်ရဖို့အတွက် ဗြိတိန်ရဲ့ အကူအညီကို မလိုအပ်ဘူးလို့ ထရမ့်က ပြောဆိုလိုက်ကာ Truth Social က ပို့စ်တခုမှာလည်း “အီရန်နဲ့ ပဋိပက္ခအတွင်း ဗြိတိန်ရဲ့ ထောက်ခံမှုမရှိတဲ့ပေါ် အမှတ်ရနေမယ်” လို့လည်း ရေးသားခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အီရန်ကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ကူညီဖို့အတွက် ကူဝိတ်နိုင်ငံကို စေလွှတ်ခြင်းခံရတဲ့ နယူးယောက်ရဲအရာရှိ ဆော့ဖ်လီ
အီရန်ကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ကူညီဖို့အတွက် ကူဝိတ်နိုင်ငံကို စေလွှတ်ခြင်းခံရတဲ့ နယူးယောက်ရဲအရာရှိ ဆော့ဖ်လီ ဒေးဗီးယပ်စ် Sorffly Davius ဟာ လေဖြတ်ပြီး သေဆုံးသွားခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်ထိမှန်လို့ သေဆုံးရတာကို တခြားနည်းနဲ့ လှည့်ပတ်ဖော်ပြနေတာ ဖြစ်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
လက်ရှိဆီးရီးယားသမ္မတလုပ်နေသူ ယခင် ISIS အကြမ်းဖက်အဖွဲ့​၏ တပ်မှူးဟောင်းတစ်ဦးဖြစ်သူအား ISIS အကြမ်းဖက်အဖွဲ့က လုပ်ကြံသတ်ဖြတ်ရန်ပစ်
လက်ရှိဆီးရီးယားသမ္မတလုပ်နေသူ ယခင် ISIS အကြမ်းဖက်အဖွဲ့​၏ တပ်မှူးဟောင်းတစ်ဦးဖြစ်သူအား ISIS အကြမ်းဖက်အဖွဲ့က လုပ်ကြံသတ်ဖြတ်ရန်ပစ်မှတ်ထား ဆီးရီးယားနိုင်ငံ၏ ကိုယ့်ဘာသာကိုယ် သမ္မတအဖြစ် ခန့်အပ်ထားသူ ယခင် ISIS အကြမ်းဖက်အဖွဲ့​၏ တပ်မှူးဟောင်းဖြစ်သူအား အကာအကွယ်ပေးရန် တူရကီက ဗြိတိန်ထောက်လှမ်းရေးကို 'ပိုမိုတက်ကြွစွာ ပါဝင်ကူညီရန်' တောင်းဆိုလိုက်သည်။ ISIS အကြမ်းဖက်အဖွဲ့၏ တပ်မှူးဟောင်းဖြစ်သူ အာမတ် အယ်လ်-ရှာရာ (Ahmad al-Sharaa) (ယခင်က အဘူ မိုဟာမက် အယ်လ်-ဂျူလာနီ ဟု လူသိများသူ) သည် လက်ရှိတွင် ပြန်လည်အားကောင်းလာသော ISIS အကြမ်းဖက် အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မည့် စီမံကိန်းများတွင် ပစ်မှတ်ထားခံနေရသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသည်။ NOM

NOM
201
Repost from News Of Myanmar
🚨🇮🇷- အီရန် အမျိုးသားလုံခြုံရေးကောင်စီ (SNSC) ဥက္ကဋ္ဌ အလီလာရီဂျာနီရဲ့ ဥရောပနိုင်ငံတွေအပေါ် သတိပေးချက် "တကယ်လို့ ဥရောပနိုင်ငံတွေသာ ဒီစစ်ပွဲထဲမှာ ဝင်ရောက်စွက်ဖက်လာမယ်ဆိုရင် သူတို့ကိုလည်း ကျွန်တော်တို့ တုံ့ပြန်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။" NOM