NOM
الذهاب إلى القناة على Telegram
204
المشتركون
لا توجد بيانات24 ساعات
+37 أيام
-330 أيام
أرشيف المشاركات
203
၂၀၂၅ ခုနှစ်အတွင်း အီရန်မှာ ကွပ်မျက်မှုအရေအတွက်က ၂၀၂၄ ကထက် ၂ ဆကျော် မြင့်တက်ခဲ့တယ်လို့ နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့ပါတယ်။ အဆိုပါအဖွဲ့က ကွပ်မျက်မှုပေါင်း ၁၅၀၀ ကို အတည်ပြုခဲ့ပြီး အဆိုပါပမာဏထက် ပိုမိုများပြားဖို့သာ ရှိနေပါတယ်။ အရင်က သေဒဏ်ချမှတ်မှုကို အပြင်းထန်ဆုံးရာဇဝတ်မှုတွေအတွက်သာ အသုံးပြုတယ်လို့ အီရန်အစိုးရက ပြောဆိုထားခဲ့ပြီး အခုအခါမှာတော့ ကွပ်မျက်မှုတွေကို အများအပြားပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
NOM
203
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့ကာ ဒီနေ့ကစ အကျုံးဝင်ခဲ့ပြီလို့ သိရပါတယ်။
NOM
203
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ အာဏာအလွဲသုံးစားမှုနဲ့ ငွေကြေးခဝါချမှု၊ နိုင်ငံပိုင်ငွေကြေးကို ရယူခဲ့မှုတွေအတွက် မနေ့က ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။
သူ့ရဲ့ အာဏာသက်တမ်း ၉ နှစ်တာကာလအတွင်း နာဂျစ်ဟာ 1Malaysia Development Barhad ကနေ အနည်းဆုံး ဒေါ်လာ ၄.၅ ဘီလျံအထိ အလွဲသုံးစားလုပ်၊ ရယူခဲ့တယ်လို့လည်း ဆိုပါတယ်။
NOM
203
အမေရိကန်နိုင်ငံ၊ Idaho ပြည်နယ်မှာ သေနတ်သမားတဦးက ရဲအရာရှိတဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အနည်းဆုံး သေနတ်သံ ၇ ချက်အထိ ကြားခဲ့ရကာ ရဲအရာရှိအပါအဝင် အခြားသူတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ သေနတ်သမားက အစိုးရရှေ့နေရုံးခန်းအတွင်း ပိတ်မိနေပြီး ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ SWAT တပ်ဖွဲ့တွေလည်း ရောက်ရှိနေကာ သေနတ်သမား ပြေးပေါက်မရှိအောင် အတားအဆီးတွေနဲ့ ပိတ်ဆို့ကာ ဝိုင်းထားတယ်လို့လည်း သိရပါတယ်။
NOM
203
မြောက်ကိုရီးယားဟာ တန်ချိန် ၈၇၀၀ အထိ ရှိတဲ့ ဧရာမ နူကလီးယားရေငုပ်သင်္ဘောသစ်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။
NOM
203
တရုတ်ထုတ် အတွဲလိုက်ပစ်ဒုံးကျည်တွေနဲ့ ထိုင်းဘက်ခြမ်းကို ပစ်ခတ်တိုက်ခိုက်နေချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားစစ်သား ၈ ဦးအထိ သေဆုံးခဲ့တဲ့ ရုပ်သံဖိုင်လို့ သိရပါတယ်။ ပေါက်ကွဲချိန်မှာ မီးတောက်ကြီး ထွက်ပေါ်လာခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။
NOM
203
ရုရှားနိုင်ငံ Sverdlovsk ဒေသမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးဟာ အသက်မပြည့်သေးတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးရဲ့ တင်ပါးကို ရိုက်ခဲ့တဲ့လုပ်ရပ်အတွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံလိုက်ရပါတယ်။
ဖမ်းဆီးခံရချိန်မှာ အဆိုပါအမျိုးသားက သူဟာ “စိတ်ကောင်းရှိသူတဦးဖြစ်ပြီး မိန်းကလေးရဲ့ အသက်ကို မသိခဲ့ဘဲ ကျောကိုသာ ပုတ်ခဲ့တာဖြစ်ပါတယ်” လို့ ထွက်ဆိုခဲ့ပါတယ်။
ဒါပေမယ့် မိန်းကလေးကတော့ အမျိုးသားက သူမကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခဲ့ပြီး တင်ပါးကို အတန်ကြာ ဆုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
NOM
203
ဗင်နီဇွဲလားအပေါ် ဖိအားပေးဖို့ လုပ်ဆောင်နေရာမှာ ကာရစ်ဘီယံကို ရောက်ရှိနေတဲ့ ကန်စစ်တပ်အနေနဲ့ ရေနံတင်သင်္ဘောတွေကို ထိန်းသိမ်းဖို့ကိုသာ ဦးစားပေးဖို့ ထရမ့်အစိုးရက အမိန့်ပေးလိုက်ပါတယ်။ စစ်ရေးအရ ရွေးချယ်စရာတွေ ရှိနေပေမယ့် အဓိကအနေနဲ့ စီးပွားရေးဖိအားကို အသုံးပြုကာ လုပ်ဆောင်သွားဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်။
NOM
203
Texas က စတိုးဆိုင်တခုမှာ ATM စက်ကို ခိုးယူဖို့အတွက် ကြိုးစားခဲ့တာပါ။ သံသယရှိသူတဦးက ATM စက်မှာ ကြိုးချည်ခဲ့ပြီးနောက် အပြင်မှာ ရပ်ထားတဲ့ SUV ကားနဲ့ဆွဲပြီးတော့ ယူဆောင်ဖို့ အားထုတ်ခဲ့တာပါ။ ကားကို အရှိန်နဲ့ မောင်းထွက်လိုက်ချိန် ATM စက်က ပါသွားခဲ့ကာ ဆိုင်လည်း ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ပါတယ်။ လက်ရှိမှာ သံသယရှိသူတွေကို ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။
NOM
203
ဒီဇင်ဘာ ၂၄ ရက်နေ့ ညက ဂျပန်ဧကရာဇ် နာရူဟီတိုက ဂျပန်ဝန်ကြီးချုပ်သစ် တာကာအိချီကို ညစာစားပွဲ ဖိတ်ကြားခဲ့တာက ဂျပန်မှာ နှစ် ၁၀၀ အတွင်း ရှားရှားပါးပါး ဖြစ်ရပ်တခုအဖြစ် ရှိလာခဲ့ပါတယ်။
ဂျပန်ဧကရာဇ်ဟာ ဝန်ကြီးချုပ်နဲ့ သူမရဲ့ အစိုးရအရာရှိတွေကို နန်းတော်ဆီ ဖိတ်ကြားကာ တည်ခင်းဧည့်ခံခဲ့တာလည်းဖြစ်ပါတယ်။
NOM
203
တူရကီမှာ လေယာဉ်ပျက်ကျမှုကြောင့် လစ်ဗျားစစ်ဦးစီးချုပ် မိုဟာမက်အယ်လ်ဟက်ဒက်နဲ့ အခြား ၄ ဦး သေဆုံးခဲ့တယ်လို့ လစ်ဗျားဝန်ကြီးချုပ်က အတည်ပြုလိုက်ပါတယ်။ သူနဲ့အတူ လိုက်ပါခဲ့သူတွေဟာ အကြံပေးအရာရှိ၊ ဗိုလ်ချုပ်ကြီးတဦးနဲ့ သူ့ရဲ့ အကြံပေး၊ ဓါတ်ပုံဆရာတဦးတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
တူရကီကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကနေ ပြန်လာချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အန်ကာရာမြို့က အီဆန်ဘိုဂါလေဆိပ်က ထွက်ခွာပြီး မိနစ် ၄၀ အကြာမှာ လေကြောင်းထိန်းသိမ်းရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကာ ပျက်ကျခဲ့ပြီး စက်ချို့ယွင်းမှုကြောင့်လို့ သိရပါတယ်။
NOM
203
ဗြိတိန်ရဲတပ်ဖွဲ့ဟာ မူစလင်တွေကို တပ်ဖွဲ့အင်အားတိုးပွားလာအောင် ဆွဲဆောင်မှုအဖြစ် အမျိုးသမီးတပ်သားတွေကို သံလိုက် hijabs တွေ ဝတ်ဆင်ပေးပြီး စတင်လာတယ်လို့ Telegraph က ဆိုပါတယ်။
ရုန်းရင်းဆန်ခတ်အခြေအနေတွေမှာ ခေါင်းကို အဆွဲခံရရင်တောင် ဆံပင်ကို မပေါ်စေသလို ဖြုတ်တပ်ရာမှာလည်း လွယ်ကူအောင် ဒီဇိုင်းထုတ်ထားကာ လည်ပင်းညှစ်ခံရတာကိုလည်း ကာကွယ်ပေးနိုင်မယ်လို့ သိရပါတယ်။
NOM
203
ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့ပေးနေမှုတွေဟာ ဇန်နဝါရီကနေ အောက်တိုဘာလအတွင်း ၇၇ ဆ အထိ လျော့ကျသွားခဲ့တယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တရားဝင်အကူညီပေးမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ယူရို ၃၈.၇ ဘီလျံအထိ ရှိခဲ့ရာကနေ ဒီနှစ်မှာ ယူရို ၅ သိန်းအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
အီးယူက ကူညီပေးနေမှုကလည်း ဒီကွာဟချက်ကို လုံလောက်အောင် မဖြည့်တင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။
NOM
203
ယူကရိန်းရဲ့ စစ်ဘက်-စက်မှုလုပ်ငန်းနဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက် ဒရုန်းတိုက်ခိုက်မှုကို ရုရှားက စတင်ခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက video clip နဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။ ပစ်မှတ်အားလုံးကို ထိမှန်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
NOM
203
သံချပ်ကာယာဉ်တွေနဲ့ ထိုင်းတော်ဝင်တပ်မတော်စစ်ကြောင်းတခုပါ။ အမေရိကန်လုပ် M113 APC နဲ့ M2 Browning စက်သေနတ်တွေကို သံချပ်ကာယာဉ်တွေမှာ တပ်ဆင်ထားကာ ပစ်ခတ်တိုက်ခိုက်နေပြီး တပ်ဖွဲ့ဝင်တွေက အစ္စရေးနိုင်ငံလုပ် 🇮🇱 IWI Tavor TAR-21 တိုက်ခိုက်ရေးရိုင်ဖယ်တွေကို ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။
NOM
203
ကမ္ဘောဒီးယားနဲ့ နယ်စပ်က ခမာအခြေစိုက်စခန်းကို ထိုင်းစစ်သားတဦးက ပစ်ခတ်တိုက်ခိုက်နေတာပါ။ သူ ကိုင်ဆောင်ထားတဲ့ သေနတ်က အစ္စရေးလုပ် lMl Negev NG-5/7 အပေါ့စားစက်သေနတ်လို့ ဆိုပါတယ်။
NOM
203
တနင်္လာနေ့က မက္ကဆီကိုရေတပ်ရဲ့ လေယာဉ်တစင်းဟာ မီးလောင်ဒဏ်ရာရတဲ့ ကလေးငယ်တဦးကို ပို့ဆောင်ဖို့ ပျံသန်းနေချိန် တက္ကဆက်ပြည်နယ် Galveston အနီး၊ မြူဆိုင်းနေတဲ့ ရာသီဥတုအောက်မှာ ပျက်ကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ မက္ကဆီကိုကလေးငယ်တွေ ပြင်းထန်မီးလောင်ဒဏ်ရာရရှိပါက စောင့်ရှောက်မှုပေးတဲ့ Michou y Mau Fondation ကိုယ်စား ဆေးဘက်ဆိုင်ရာမစ်ရှင်မှာ ပါဝင်လုပ်ဆောင်ပေးခဲ့တာပါ။ တဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၂ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
NOM
203
Telegram ကို တည်ထောင်သူ Pavel Durov က သူ့ရဲ့ သုက်ပိုးကို အသုံးပြုလိုတဲ့ အသက် ၃၇ နှစ်နဲ့အောက် အမျိုးသမီးတွေအတွက် IVF (in vitro fertilization) ကုသမှုကို တာဝန်ယူမယ်လို့ ပြောဆိုခဲ့ကြောင်း The Wall Street Journal က ဖော်ပြခဲ့ပါတယ်။
Durov ဟာ အိမ်ထောင်ဖက် ၃ ဦးကနေ ကလေး ၆ ဦး ရရှိထားပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမျာ သုက်ပိုးလှူဒါန်းမှုကတဆင့် ကလေး ၁၀၀ ကျော်အထိ ရှိပါတယ်။
အဆိုပါ ကလေးအားလုံးဟာ တချိန်မှာ သူ့ရဲ့ ကြွယ်၀မှုတွေကို ဝေစုခွဲယူရမယ်လို့ ပြောဆိုဖူးသူပါ။ ကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး ကြွယ်၀တဲ့ Durov က ရုရှားလူမှုမီဒီယာ VK ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
NOM
203
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ထွက်ခွာစေဖို့အတွက် အမေရိကန်၊ အမိမြေလုံခြုံရေးဌာနက ဒေါ်လာ ၁၀၀၀ ကနေ ဒေါ်လာ ၃၀၀၀ အထိ တိုးမြှင့်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်ခင် ပြန်လည်ထွက်ခွာမယ့် သူတွေအတွက်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလိုမျိုး တိုးမြှင့်ပေးချေမှာမို့ တိုင်းပြည်တွင်းကနေ ပြန်ထွက်ခွာမယ့် အရေအတွက် မြင့်မားလာမယ်လို့လည်း မျှော်လင့်နေပါတယ်။ အတင်းအကြပ် ပြန်လည်ထွက်ခွာဖို့ လုပ်ဆောင်နေရတာတွေကိုလည်း လျှော့ချနိုင်မယ်လို့ ယူဆနေပါတယ်။
NOM
203
ပါကစ္စတန်ဟာ လစ်ဗျားအမျိုးသားတပ်မတော် (Libyan National Army ) ဆီ ဒေါ်လာ ၄ ဘီလျံတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန် အရာရှိ ၄ ဦးက အတည်ပြုခဲ့ပြီး မတည်ငြိမ်မှုတွေဖြစ်နေတဲ့ မြောက်အာဖရိကနိုင်ငံဆီ ရောင်းချသွားမှာပါ။
ဒီသဘောတူညီချက်ဟာ ပါကစ္စတန်အတွက် အကြီးမားဆုံးသော လက်နက်ရောင်းချမှုဖြစ်လာမှာပါ။ ပြီးခဲ့တဲ့အပတ်က နောက်ဆုံးအကြိမ် နှစ်ဖက်ဆွေးနွေးမှုကို လစ်ဗျားနိုင်ငံက Benghazi မြို့မှာ ပါကစ္စတန်စစ်တပ်အကြီးအကဲ Asim Munir နဲ့ လစ်ဗျားအမျိုးသားတပ်မတော်ရဲ့ ဒုတိယအကြီးအကဲ Saddam Khalifa Haftar တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရောင်းချမယ့် စစ်လက်နက်ပစ္စည်းတွေထဲမှာ ကြည်း၊ ရေ၊ လေတပ်တွေအတွက် ၂ နှစ်ခွဲအတွင်းပေးပို့သွားမှာဖြစ်ပြီး JF-17 တိုက်လေယာဉ်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ စာချုပ်တန်ဖိုးဟာ ဒေါ်လာ ၄ ဘီလျံလို့ တာဝန်ရှိသူ ၂ ဦးက ပြောဆိုခဲ့ပြီး အခြားသူ ၂ ဦးရဲ့ ပြောဆိုမှုအရတော့ ဒေါ်လာ ၄.၆ ဘီလျံလို့ သိရပါတယ်။
NOM
