ar
Feedback
NOM

NOM

الذهاب إلى القناة على Telegram

NOM Official Backup Channel - 2

إظهار المزيد
Myanmar37 735الفئة غير محددة
203
المشتركون
لا توجد بيانات24 ساعات
+37 أيام
-330 أيام
أرشيف المشاركات
NOM
202
ဂျာမန်လွှတ်တော်အမတ်တဦးဖြစ်တဲ့ Julian Schmidt ဟာ နိုင်ငံရေးစုဝေးပွဲတခုက ပြန်လာချိန်မှာ ဝိုင်းဝန်းတိုက်ခိုက်မှု ခံခဲ့ရပါတယ်။ လက်ယာစွန်းပါတီက လူငယ်အဖွဲ့သစ်တခုကို ဖွဲ့စည်းတဲ့အပေါ် ကန့်ကွက်ဖို့ လူထောင်နဲ့ချီစုဝေးခဲ့ပြီး သူ လမ်းပေါ်ရောက်ချိန် မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားအုပ်စုတခုက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတာဖြစ်ပါတယ်။ NOM

NOM
202
ကယ်လီဖိုးနီးယားက မိသားစု တွေ့ဆုံပွဲတခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကလေး ၃ ဦးအပါအဝင် ၄ ဦးအထိ သေဆုံးခဲ့တယ်လိ
ကယ်လီဖိုးနီးယားက မိသားစု တွေ့ဆုံပွဲတခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကလေး ၃ ဦးအပါအဝင် ၄ ဦးအထိ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အသက် ၈ နှစ်၊ ၉ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးငယ်တွေဖြစ်ကာ နောက်တဦးက ၂၁ နှစ်အရွယ်လို့ ဆိုပါတယ်။ Stockton မြို့က စားသောက်ဆိုင်တခုမှာ ကလေးမွေးနေ့ပါတီ ကျင်းပနေချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အခြား ၁၁ ဦးအထိလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမတိုင်ခင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး တမင် ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားကာ Stockton မြို့တော်ဝန်ကတော့ ဒါဟာ လက်မခံနိုင်စရာလုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
နေတိုးဟာ ရုရှားကို ကြိုတင်တိုက်ခိုက်မှုတွေ လုပ်သွားဖို့အတွက် စဉ်းစားနေတယ်လို့ နေတိုးရဲ့ ထိပ်တန်းစစ်ဘက်အရာရှိ ဗိုလ်ချုပ်ကြီး D
နေတိုးဟာ ရုရှားကို ကြိုတင်တိုက်ခိုက်မှုတွေ လုပ်သွားဖို့အတွက် စဉ်းစားနေတယ်လို့ နေတိုးရဲ့ ထိပ်တန်းစစ်ဘက်အရာရှိ ဗိုလ်ချုပ်ကြီး Dragone က Financial Times ကို ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ဖင်လန်နှင့် ဗြိတိန်တို့ဟာ ရုရှားနယ်စပ် — Yle အနီးမှာ Northern Axe 25 စစ်ရေးလေ့ကျင့်မှုမှုတွေ စတင်လိုက်ပါပြီ။ Kainuu ရှိ Kuhmo
ဖင်လန်နှင့် ဗြိတိန်တို့ဟာ ရုရှားနယ်စပ် — Yle အနီးမှာ Northern Axe 25 စစ်ရေးလေ့ကျင့်မှုမှုတွေ စတင်လိုက်ပါပြီ။ Kainuu ရှိ Kuhmo အနီးမှာ တပ်ဖွဲ့ဝင် ၃၀၀၀ ခန့် (အများစုမှာ အရန်တပ်ဖွဲ့ဝင်များ) နဲ့ ယာဉ် ၆၀၀ ပါဝင်လေ့ကျင့်နေပါတယ်။ လေ့ကျင့်မှုတွေဟာ တားဆီးကာကွယ်ရေးအတွက်သာမက 'မြောက်ပိုင်းနယ်မြေတွေကို ထိုးစစ်ဆင်စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ပါ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ NOM

NOM
202
ထရမ့်ဟာ ဗင်နီဇွဲလားသမ္မတမာဒူရိုဆီ ဖုန်းဆက်သွယ်ခေါ်ဆိုခဲ့ပြီး ရာထူးက မနုတ်ထွက်ဘူးဆိုရင် အင်အားသုံးသွားမယ်လို့ ခြိမ်းခြောက်ခဲ့တ
ထရမ့်ဟာ ဗင်နီဇွဲလားသမ္မတမာဒူရိုဆီ ဖုန်းဆက်သွယ်ခေါ်ဆိုခဲ့ပြီး ရာထူးက မနုတ်ထွက်ဘူးဆိုရင် အင်အားသုံးသွားမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ Washinton Post က ဖော်ပြခဲ့ပါတယ်။ NOM

NOM
202
ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ပင်ထားသင့်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ ကိုလိုနီနယ်ချဲ့ခြိမ်းခြေ
ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ပင်ထားသင့်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ ကိုလိုနီနယ်ချဲ့ခြိမ်းခြောက်မှုလို့ ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။ ဒါဟာ တရားမဝင်၊ မတရားတဲ့ ရန်လိုမှုလို့လည်း ခေါ်ဆိုခဲ့ပြီး ပြည်သူတွေအပေါ်မှာ နောက်ထပ်မတရားမှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာလို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။ ထရမ့်က “လေကြောင်းလိုင်းတွေ၊ လေယာဉ်မှူးတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေ၊ လူကုန်ကူးနေသူတွေအနေနဲ့ ဗင်နီဇွဲလားရဲ့ လေပိုင်နက်နဲ့ အနီးတဝိုက်က လေပိုင်နက်တွေကို ပိတ်ပစ်ဖို့ စဉ်းစားပေးပါ” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ NOM

NOM
202
တက္ကဆက်ပြည်နယ်မှာ အမေရိကန်တွေကို ကားဗုံးဖောက်ခွဲပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့အတွက် အာဖဂန်အမျိုးသား Mohammad Dawood Aloko
တက္ကဆက်ပြည်နယ်မှာ အမေရိကန်တွေကို ကားဗုံးဖောက်ခွဲပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့အတွက် အာဖဂန်အမျိုးသား Mohammad Dawood Alokozay က ပြောဆိုနေတဲ့ TikTok ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပြီး အဆိုပါအမျိုးသားကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ သူဟာ ဗီဒီယိုကတဆင့် ပြောဆိုနေခဲ့ပြီး သူ့ကို အခြားသော မွတ်စလင်တွေက အားပေးထောက်ခံမှုတွေ လုပ်နေတာကိုလည်း ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီပြောဆိုနေမှုအတွင်းမှာ သူက အမေရိကန်အားလုံးကို သတ်ချင်တယ်လို့ ပြောဆိုခဲ့ပြီး ကားဗုံးလုပ်ဖို့အတွက် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ Dallas နဲ့ Fort Worth နေရာတွေကို ပစ်မှတ်ထားထားတယ်လို့လည်း ပြောဆိုခဲ့ကာ အသေခံဗုံးခွဲဖို့ သူ ဆုံးဖြတ်ထားပြီး ဘာသာမဲ့တွေကို သတ်ပစ်တော့မယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။ လက်ရှိမှာ သူ့ကို Tarrant ကောင်တီအကျဉ်းထောင်ထဲ ဖမ်းဆီးထားကာ အာမခံမပေးဘူးလို့လည်း သိရပါတယ်။ NOM

NOM
202
ဂျပန်မှာ အများပြည်သူသုံး အိမ်သာအသုံးပြုနေချိန် အမျိုးသားတဦးဟာ ဝက်ဝံတကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ သောကြာန
ဂျပန်မှာ အများပြည်သူသုံး အိမ်သာအသုံးပြုနေချိန် အမျိုးသားတဦးဟာ ဝက်ဝံတကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ သောကြာနေ့က တိုကျိုမြောက်ဘက် နူမာတာ ရထားဘူတာအနီးမှာ အသက် ၆၉ နှစ်အရွယ် လုံခြုံရေးအစောင့်တဦး တိုက်ခိုက်ခံခဲ့ရတာပါ။ ဝက်ဝံဟာ အိမ်သာတွေထဲမှာ လူရှိမရှိကို လိုက်ချောင်းနေတာ သူ မြင်တွေ့ခဲ့ရတယ်လို့ လုံခြုံရေးအစောင့်က ရဲတွေကို ပြောပြခဲ့ပြီး သူ့ကိုမြင်သွားချိန် ခြေထောက်နဲ့ ကန်လိုက်လို့ နောက်ပြန်လဲကျသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီနောက်မှာ ဝက်ဝံက ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးကတော့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရရှိသွားခဲ့ကာ ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။ ဒါဟာ အဆိုပါဒေသမှာပဲ ကုန်စုံဆိုင်တခုထဲ ဝက်ဝံတကောင် ဝင်ရောက်ခဲ့ပြီး လူတွေကိုတိုက်ခိုက်ကာ အစားအစာကောင်တာတွေကို ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်အပြီး တလအကြာမှာ ထပ်မံဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ NOM

NOM
202
ဟောင်ကောင်ရဲ့ အဆိုးရွားဆုံး မီးလောင်မှုမှာ သေဆုံးသူစုစုပေါင်း ၁၂၈ ဦးအထိ ရှိလာပြီး ၈ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီးပြီလို့ သိရပါ
+1
ဟောင်ကောင်ရဲ့ အဆိုးရွားဆုံး မီးလောင်မှုမှာ သေဆုံးသူစုစုပေါင်း ၁၂၈ ဦးအထိ ရှိလာပြီး ၈ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီးပြီလို့ သိရပါတယ်။ သေဆုံးသူတွေထဲက ၈၉ ဦးဟာ ဘယ်သူဘယ်ဝါလဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။ အဆိုပါ ဆောက်လုပ်ရေးခွင်အတွင်း အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှားအလုပ်သမား ၂ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပြီး အင်ဒိုနဲ့ ဖိလစ်ပိုင် အလုပ်သမား အများအပြား အလုပ်လုပ်နေတာလို့လည်း ဆိုပါတယ်။ NOM

NOM
202
ဇယ်လင်စကီးရဲ့ ထိပ်တန်းအကြံပေးတဦးဖြစ်တဲ့ Andriy Yermak ဟာ သူ့ရဲ့နေအိမ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်စီးနင်းကာ
ဇယ်လင်စကီးရဲ့ ထိပ်တန်းအကြံပေးတဦးဖြစ်တဲ့ Andriy Yermak ဟာ သူ့ရဲ့နေအိမ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်စီးနင်းကာ စုံစမ်းရှာဖွေမှုတွေ လုပ်ခဲ့တဲ့နောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဇယ်လင်စကီးက ဒါကို အတည်ပြုခဲ့ပါတယ်။ Yermak ဟာ နိုင်ငံရေးဩဇာကြီးမားသူဖြစ်ပြီး ရုရှားနဲ့ စစ်ပွဲတလျှောက်လုံး ဇယ်လင်စကီးအတွက် အကြံပေးနေခဲ့သူဖြစ်ပြီး ဘယ်လိုအမှားမှ မကျူးလွန်ထားပေမယ့် အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေကြားမှာ ဖိအားတွေ များနေခဲ့တယ်လို့လည်း သိရပါတယ်။ NOM

NOM
202
သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် ရေးထိုးခဲ့တဲ့ လက်မှတ်တွေရဲ့ ၉၂% ဟာ auto pen ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါ လက်မှတ်ရေးထိုးထ
သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် ရေးထိုးခဲ့တဲ့ လက်မှတ်တွေရဲ့ ၉၂% ဟာ auto pen ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါ လက်မှတ်ရေးထိုးထားမှုအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ထရမ့်က ကြေညာလိုက်ပါတယ်။ ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ဝေဖန်သူတွေနဲ့ ကျွမ်းကျင်သူတွေက ထောက်ခံခဲ့ပြီး ဒီလိုမျိုး အော်တိုလက်မှတ်ရေးထိုးမှုဟာ ဥပဒေကြောင်းအရ အင်အားမရှိဘူးလို့လည်း ပြောဆိုခဲ့ကြပါတယ်။ Autopen ကို တရားမဝင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဂျိုးဘိုင်ဒင်က တိုက်ရိုက်လက်မှတ်မထိုးထားတဲ့ အမိန့်အားလုံးနဲ့ အခြားအမိန့်အားလုံးကို ကျနော်ပယ်ဖျက်လိုက်ပါပြီလို့ ထရမ့်က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ NOM

NOM
202
အာဖဂန်နစ္စတန်နဲ့ တာဂျစ်ကစ္စတန် နယ်စပ်အနီးက လက်နက်ကိုင်တိုက်ခိုက်မှုတခုအတွင်း တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့တယ်လို့ တာဂျစ်ကစ္စ
အာဖဂန်နစ္စတန်နဲ့ တာဂျစ်ကစ္စတန် နယ်စပ်အနီးက လက်နက်ကိုင်တိုက်ခိုက်မှုတခုအတွင်း တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့တယ်လို့ တာဂျစ်ကစ္စတန်မှာရှိတဲ့ တရုတ်သံရုံးက အတည်ပြုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က Khatlon ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာလည်း တရုတ်နိုင်ငံသားတဦး ဒဏ်ရာရခဲ့ကာ နယ်စပ်ကိုရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို ထွက်ခွာသွားဖို့လည်း သံရုံးက တိုက်တွန်းခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ LLC Shahin SM ကုမ္ပဏီကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူ ၃ ဦးစလုံးက အဆိုပါကုမ္ပဏီရဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။ အာဖဂန်ကလည်း ဒီဖြစ်ရပ်အတွက် တာဂျစ်နဲ့ ပူးပေါင်းကာ စုံစမ်းနေပြီး ဒေသတွင်း မတည်ငြိမ်အောင် လုပ်ဆောင်တာလို့ တုံ့ပြန်ထားပါတယ်။ NOM

NOM
202
အမေရိကန်ဟာ ရုရှားလိုမျိုး ခေတ်မီလက်နက်တွေ ဖန်တီးနိုင်စွမ်းမရှိသေးဘူးလို့ ကန်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ ကုလစစ်ဆေးရေးမှူးဟောင
အမေရိကန်ဟာ ရုရှားလိုမျိုး ခေတ်မီလက်နက်တွေ ဖန်တီးနိုင်စွမ်းမရှိသေးဘူးလို့ ကန်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ ကုလစစ်ဆေးရေးမှူးဟောင်း Scott Ritter က TASS နဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။ “Oreshnik ဒုံးကျည်က ခေတ်သစ်မှာ အန္တရာယ်အများဆုံးအရာတွေထဲက တခုပါ၊ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နူကလီးယားသယ်ဆောင်နိုင်တဲ့ အလယ်အလတ်ပစ် ဒုံးကျည်အဖြစ်နဲ့ တိုက်ပွဲတွေမှာ အသုံးပြုနိုင်ခဲ့တယ်၊ ဒါပေမယ့် အမေရိကန်က အဲလိုလက်နက်မျိုးကို မရှိပါဘူး၊ ကျနော်တို့ရဲ့ လက်နက်တွေက ဟောင်းနွမ်းနေပါပြီ၊ နှစ်ပေါင်း ၃၀ လောက် သက်တမ်းရှိနေပြီဖြစ်တဲ့ ဒုံးကျည်ကို ခေတ်မီအောင် လုပ်နေရတယ်၊ ဘာလို့လဲဆိုရင် Sentinel ဒုံးကျည်ကို မလုပ်နိုင်လို့ပါ၊ B-21 ဗုံးကြဲလေယာဉ်အသစ်တွေ တည်ဆောက်ဖို့လည်း ငွေကြေးမတတ်နိုင်လို့ နှစ် ၅၀ သက်တမ်းရှိနေတဲ့ B-52 ဗုံးကြဲလေယာဉ်တွေကို ပြန်ပြုပြင်နေရပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
“ယူကရိန်းတပ်တွေအနေနဲ့ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးတာနဲ့ စစ်ပွဲပြီးဆုံးသွားလိမ့်မယ်”လို့ ပူတင်က ပြောဆိုလိုက်
“ယူကရိန်းတပ်တွေအနေနဲ့ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးတာနဲ့ စစ်ပွဲပြီးဆုံးသွားလိမ့်မယ်”လို့ ပူတင်က ပြောဆိုလိုက်ပါတယ်။ ကာဂျစ္စတန်ကိုရောက်ရှိနေချိန်အတွင်း ပူတင်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ လာမယ့်အပတ်အစောပိုင်းမှာလည်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မော်စကိုကို လာရောက်မယ်လို့လည်း သူက အတည်ပြုခဲ့ပြီး အလေးအနက်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အသင့်ပဲလို့ ထပ်မံပြောဆိုခဲ့ပါတယ်။ တကယ်လို့ ယူကရိန်းဘက်က မဆုတ်ခွာဘူးဆိုရင် စစ်ရေးနည်းလမ်းနဲ့ အောင်မြင်အောင် လုပ်သွားမယ်လို့လည်း ပူတင်က ဆိုပါတယ်။ လက်ရှိမှာ ရုရှားက ယူကရိန်းပိုင်နယ်မြေလို့ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ နယ်မြေတွေရဲ့ ၂၀% အထိကို သိမ်းပိုက်ထားပြီး Luhansk ဒေသ အားလုံးနီးပါး၊ Donetsk, Kherson နဲ့ Zaporizhzhia ဒေသအစိတ်အပိုင်းတွေလည်း ပါဝင်ပါတယ်။ အဆိုပါ ဒေသ ၄ ခုစလုံးကို ယူကရိန်းဘက်က စွန့်လွှတ်ဖို့ ရုရှားက တောင်းဆိုထားပြီး ယူကရိန်းက လက်ခံမယ်ဆိုရင် စစ်ပွဲပြီးဆုံးမယ်လို့ ပူတင်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ NOM

NOM
202
ဝါရှင်တန်ဒီစီမှာ အာဖဂန်နိုင်ငံသားတဦးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရလို့ ဆေးရုံတင်ထားရတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ဦးထဲက တဦးဟာ ဆေး
ဝါရှင်တန်ဒီစီမှာ အာဖဂန်နိုင်ငံသားတဦးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရလို့ ဆေးရုံတင်ထားရတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ဦးထဲက တဦးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ် အမျိုးသမီးတပ်သား Sarah Bekcstrom ဖြစ်ပြီး ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါတယ်။ နောက်ထပ် တပ်သားတဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် Andrew ရဲ့ အခြေအနေကလည်း စိုးရိမ်စရာဖြစ်နေဆဲလို့ ထရမ့်က ထပ်ပြောကြားပါတယ်။ NOM

NOM
202
ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်ဖွယ် မီးလောင်မှုမတိုင်ခင်မှာ ဆောက်လုပ်ရေးလုပ်သားတဦး ဆေးလိပ်သောက်နေတဲ့ ရုပ်သံဖိုင်ဆိုပြီး ထွက်ပေါ်လာခဲ့တာပါ။ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ NOM

NOM
202
ဖလော်ရီဒါမှာ ကျင်းပမယ့် ၂၀၂၆ G20 အစည်းအဝေးတွေအတွက် တောင်အာဖရိကကို ဖိတ်ကြားခြင်းမပြုဖို့အတွက် ထရမ့် အမိန့်ပေးလိုက်ကာ ငွေကြေးထေ
ဖလော်ရီဒါမှာ ကျင်းပမယ့် ၂၀၂၆ G20 အစည်းအဝေးတွေအတွက် တောင်အာဖရိကကို ဖိတ်ကြားခြင်းမပြုဖို့အတွက် ထရမ့် အမိန့်ပေးလိုက်ကာ ငွေကြေးထောက်ပံ့ပေးနေမှုတွေကိုလည်းလည်း ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေလည်း ရေးသားပြောဆိုခဲ့ပြီး G20 အဖွဲ့ဝင်ဖြစ်ထိုက်တဲ့ နိုင်ငံမဟုတ်တာကို လုပ်ရပ်တွေက သက်သေပြနေပြီး ထောက်ပံ့ပေးနေမှုအားလုံးကို ချက်ချင်းရပ်တန့်သွားမယ်လို့ ဆိုပါတယ်။ တောင်အာဖရိကမှာ လူဖြူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်မှုတွေ၊ လူဖြူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ထရမ့်က ပြီးခဲ့တဲ့လတွေအတွင်းက စွပ်စွဲပြောဆိုထားခဲ့ပါတယ်။ NOM

NOM
202
ရုရှားမှာ လူသိများထင်ရှားတဲ့ Fitness Trainer တဦးဟာ ကိုယ်အလေးချိန်မြှင့်တင်ဖို့အတွက် junk food တွေ အလွန်အကျွံစားသုံးပြီးနောက်
+2
ရုရှားမှာ လူသိများထင်ရှားတဲ့ Fitness Trainer တဦးဟာ ကိုယ်အလေးချိန်မြှင့်တင်ဖို့အတွက် junk food တွေ အလွန်အကျွံစားသုံးပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ Dmitry Nuyanzin ဟာ ကိုယ်အလေးချိန်ကို မြှင့်တင်ပြီးနောက် မြန်မြန်ဆန်ဆန် လျှော့ချနိုင်တယ်ဆိုတာကို ပြသချင်တဲ့ စိန်ခေါ်မှုကို လုပ်ချင်နေခဲ့တာပါ။ ဒါကြောင့် သူက ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ junk food တွေကို အများအပြားစားသုံးပြီးနောက် ကိုယ်အလေးချိန်လျှော့ချဖို့ အခြားသူတွေကို လှုံ့ဆော်ပေးဖို့ကိုလည်း ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အိပ်ပျော်နေချိန် နှလုံးရပ်ကာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ မသေဆုံးခင် တရက်အလိုမှာ သူ နေမကောင်းကြောင်း သူငယ်ချင်းတွေကို ပြောဆိုခဲ့ပြီး ဆရာဝန်နဲ့ ပြသမယ်လို့လည်း ဆိုခဲ့ပေမယ့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ NOM

NOM
202
+2
ဟောင်ကောင်က တိုင်ပိုခရိုင်အတွင်း အထပ်အမြင့်အဆောက်အဦအများအပြားကို လောင်ကျွမ်းစေခဲ့တဲ့ မီးလောင်မှုမှာ အနည်းဆုံး လူ ၄၄ ဦးအထိ သေဆုံးခဲ့ပါတယ်။ နေထိုင်သူအချို့ဟာ အဆောက်အဦအတွင်း ပိတ်မိနေခဲ့ပြီး လူပေါင်း ၂၇၉ ဦးအထိ ပျောက်ဆုံးနေတယ်လို့ ရဲတွေက ပြောဆိုခဲ့ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ ဒီ မီးလောင်မှုမှာ မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်သမား ၇၆၀ ကျော်အထိ အသုံးပြုခဲ့ရပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တခုဖြစ်လာခဲ့ပါတယ်။ Wang Fuk Court အိမ်ရာဝင်းမှာ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကို အပြင်းထန်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၅ အထိပါ သတ်မှတ်ခဲ့ရပါတယ်။ မီးသတ်သမားတဦးလည်း မီးငြှိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာ သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ လူ ၃ ဦးကိုဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အဆောက်အဦတခုကို ပြန်လည်ပြင်ဆင်နေချိန် ဝါးလုံးတွေနဲ့ ငြမ်းဆင်ထားပြီး အလုပ်သမားတွေ ဆေးလိပ်သောက်ရာကနေ စတင်လောင်ကျွမ်းခဲ့တယ်လို့ သတင်းတချို့မှာ ဖော်ပြခဲ့ပါတယ်။ မီးလောင်နေချိန် အဆောက်အဦရဲ့ မီးအချက်ပေးစနစ်နဲ့ ဓါတ်လှေကားတွေ အသုံးပြုမရခဲ့လို့ အခက်တွေ့ခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောဆိုခဲ့ကာ အဆိုပါအဆောက်အဦမှာ နေထိုင်သူအများစုက သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ NOM

NOM
202
ဝါရှင်တန်ဒီစီမှာ အမျိုးသားလုံခြုံရေးအစောင့်တပ်ကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်သူဟာ ၂၀၂၁ အတွင်း အမေရိကန်ကို ရော
ဝါရှင်တန်ဒီစီမှာ အမျိုးသားလုံခြုံရေးအစောင့်တပ်ကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်သူဟာ ၂၀၂၁ အတွင်း အမေရိကန်ကို ရောက်ရှိခဲ့တဲ့ အာဖဂန်နိုင်ငံသား အသက် ၂၉ နှစ်အရွယ် Rahmanullah Lakanwal ဆိုသူ ဖြစ်ပါတယ်။ ရဲချုပ်ဖြစ်သူကတော့ အမျိုးသားအစောင့်တပ်သားတွေဟာ ချုံခိုတိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီး Lakanwal ဟာ သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့ပြီး သူ့ရဲ့ ပစ်ခတ်မှုကြောင့် အစောင့်တပ်သား ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရဖွယ်ရှိနေပြီး သေဆုံးနိုင်ချေရှိတယ်လို့ ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ အစောင့်တပ်ဖွဲ့ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် Lakanwal လည်း ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရကာ သူ့ကိုလည်း ဆေးရုံပို့ဆောင်ထားရပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုဟုတ်၊ မဟုတ် စုံစမ်းနေတယ်လို့လည်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ NOM