NOM
الذهاب إلى القناة على Telegram
201
المشتركون
لا توجد بيانات24 ساعات
-17 أيام
-830 أيام
أرشيف المشاركات
201
Repost from News Of Myanmar
အီရန်နိုင်ငံ၊ အစ်စဖာဟန် စက်မှုတက္ကသိုလ် (Isfahan University of Technology) လေကြောင်းကနေ နောက်တစ်ကြိမ် တိုက်ခိုက်ခံရ
အစ်စဖာဟန် စက်မှုတက္ကသိုလ်ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ချက်အရ...
မတ်လ ၂၉ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ အစ်စဖာဟန် စက်မှုတက္ကသိုလ်ဟာ အစ္စရေးနဲ့ အမေရိကန် ကျူးကျော်သူတွေရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ဒုတိယအကြိမ် ထပ်မံခံခဲ့ရပါတယ်။
ကနဦးသတင်းတွေအရ ဒီတိုက်ခိုက်မှုဟာ တက္ကသိုလ်ဝင်းထဲက သုတေသနဌာနတစ်ခုကို ဦးတည်ခဲ့တာဖြစ်ပြီး အနီးအနားက တခြားအဆောက်အဦတချို့လည်း ပျက်စီးသွားပါတယ်။
ဒီဖြစ်စဉ်ကြောင့် တက္ကသိုလ်ဝန်ထမ်း ၄ ဦးမှာ ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
NOM
201
Repost from News Of Myanmar
🚨 အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် ၎င်း၏နိုင်ငံအတွင်းရှိ အီရန်ပိုင် ပိုင်ဆိုင်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃၀ ဘီလီယံ ဖိုးကို သိမ်းဆည်းလိုက်သည်။
အီရန်နိုင်ငံသားများအားလုံးကို ထုတ်ပေးထားသည့် နေထိုင်ခွင့်ပါမစ်များအားလုံးကို ရုပ်သိမ်းလိုက်သည်။ ယင်းတွင် ရေရှည်နေထိုင်ခွင့်အဖြစ် လူသိများသည့် ရွှေရောင် ဗီဇာ (Golden Visa) များလည်းပါဝင်သည်။
ယခင်က အဆိုပါ ဗီဇာရှင်များကို ၉၉ နှစ်အထိ နေထိုင်ခွင့်ပေးမည်ဟု ကတိပြုထားသော်လည်း ယခုအခါ ထိုကတိကို ဖျက်သိမ်းလိုက်သည်။
NOM
201
+6
ပီရူးနိုင်ငံ Aucallama ဒေသက နေအိမ်လေးဟာ ကမ္ဘာ့အပါးလွှာဆုံးနေအိမ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်လာဖွယ်ရှိပါတယ်။ နေအိမ်အကျယ်ဟာ ၂၄ လက်မသာရှိပြီး ရေချိုးခန်းနဲ့ မီးဖိုချောင်တောင် ပါရှိပါတယ်။
တရားဝင်ဆုံးဖြတ်ချက် မချရသေးပေမယ့်လည်း ခရီးသွားတွေကတော့ ဒီ ထူးဆန်းတဲ့အိမ်လေးကို စုပြုံပြီး ရောက်ရှိကာ စူးစမ်းနေကြပါတယ်။ ကွန်ကရစ်အဆောက်အအုံတွေကြားမှာ ဒီအိမ်လေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။
၂ ထပ်အိမ်ဖြစ်ပြီး သစ်သားနဲ့ တည်ဆောက်ထားကာ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ အိပ်ခန်းတွေကို ထည့်သွင်းထားသလို အလှဆင်ပစ္စည်းတွေတောင်မှ ပါဝင်ပါသေးတယ်။ အကျဉ်းဆုံးနေရာဟာ ၃၆ လက်မရှိပြီး အကျယ်ဆုံးနေရာက ၅၉ လက်မရှိကာ ဂင်းနစ်မှတ်တမ်းဝင်ဖို့၊ ခရီးသွားတွေကို ဆွဲဆောင်ဖို့ရည်ရွယ်ကာ လုပ်ခဲ့တာလို့ ဒီဇိုင်းထုတ်ဆောက်လုပ်ခဲ့တဲ့ Fabio Moreno က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အမေရိကန်နိုင်ငံ မိုင်ယာမီ (Miami) မှာ ပြုလုပ်တဲ့ ဆော်ဒီရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတစ်ခုမှာ အမေရိကန်သမ္မတထရမ့် (Trump) က 'ဆော်ဒီအိမ်ရှေ့မင်းသား' လို့ ခေါ်ကြတဲ့ မိုဟာမက် ဘင် ဆလ်မန် (Mohammed bin Salman) ကို အရှက်ခွဲပြောဆိုလိုက်ပါတယ်။
"သူ ကျွန်တော့်ကို kiss my ass လုပ်ရမယ် (ကျွန်တော့်ကို အောက်ကျို့ခံပြီး ဖားရမယ်၊ မျက်နှာချိုသွေးရမယ်လို့ ဆိုလိုတာပါ) လို့ သူကိုယ်တိုင်လည်း တစ်ခါမှ မထင်ထားခဲ့ဘူး။ တကယ်ကို မယုံကြည်ခဲ့တာ... အခုတော့ သူ ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံရတော့မယ်... သူ ကျွန်တော့်အပေါ် ယဉ်ကျေးပျူငှာတာ ပိုကောင်းလိမ့်မယ်။ သူ အဲဒီလို လုပ်ကိုလုပ်ရမှာပဲ..."
NOM
201
Repost from News Of Myanmar
အီရန်တက္ကသိုလ်များအပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်မည်
အီရန်တက္ကသိုလ်များအပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းတစ်လွှားရှိ အမေရိကန်ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသည် ယခုအခါ တိုက်ခိုက်မည့်ပစ်မှတ်များ ဖြစ်လာကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သတိပေးလိုက်သည်။
နောက်ဆုံးအချိန်သတ်မှတ်ချက် -
တီဟီရန်စံတော်ချိန် တနင်္လာနေ့၊ မတ်လ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီ။
ကာတာနိုင်ငံ
• ကာနက်ဂီ မယ်လွန် တက္ကသိုလ် (Carnegie Mellon University)
• ဂျော့ဂျ်တောင်း တက္ကသိုလ် (Georgetown University)
• တက်ကဆက် အေအန်အမ် တက္ကသိုလ် (Texas A&M University)
• နော့ဝက်စ်တန်း တက္ကသိုလ် (Northwestern University)
• ဝေးလ် ကော်နဲလ် ဆေးတက္ကသိုလ် (Weill Cornell Medicine)
အာရပ်စော်ဘွားများပြည်ထောင်စု
• အန်ဝိုင်ယူ အဘူဒါဘီ (NYU Abu Dhabi)
• ဒူဘိုင်း အမေရိကန် တက္ကသိုလ် (American University in Dubai)
• ရှာဂျာ အမေရိကန် တက္ကသိုလ် (American University of Sharjah)
လက်ဘနွန်နိုင်ငံ
• ဘေရွတ် အမေရိကန် တက္ကသိုလ် (American University of Beirut)
• လက်ဘနွန် အမေရိကန် တက္ကသိုလ် (Lebanese American University)
အီရတ်နိုင်ငံ
• အီရတ် အမေရိကန် တက္ကသိုလ် — ဘဂ္ဂဒက် (American University of Iraq — Baghdad)
• အီရတ် အမေရိကန် တက္ကသိုလ် — ဆူလေမာနီယာ (American University of Iraq — Sulaimani)
• ကာဒစ်စတန် အမေရိကန် တက္ကသိုလ် — ဒူးဟော့ခ် (American University of Kurdistan — Duhok)
ကူဝိတ်နိုင်ငံ
• ကူဝိတ် အမေရိကန် တက္ကသိုလ် (American University of Kuwait)
ဂျော်ဒန်နိုင်ငံ
• မာဒါဘာ အမေရိကန် တက္ကသိုလ် (American University of Madaba)
NOM
201
Repost from News Of Myanmar
ယူအေအီးနိုင်ငံသားများ အိုမန်သို့ထွက်ပြေး
အီရန်က ယူအေအီးနိုင်ငံရှိ အမေရိကန်အကျိုးစီးပွားများကိုပြင်းထန်စွာ တိုက်ခိုက်နေသဖြင့် ယူအေအီးနိုင်ငံသားများ အိုမန်သို့ထွက်ပြေးစစ်ရှောင်နေရာ ယူအေအီး-အိုမန်နယ်စပ်တွင် စစ်ရှောင်ကားတန်းကြီးဖြင့်လမ်းပိတ်ဆို့လျက်ရှိသည်။
NOM
201
Repost from News Of Myanmar
ဆီးရီးယားသမ္မတ အာမတ် အယ်လ်-ရှာရာ (ဂျိုလာနီ) ကို လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး တောင်းဆို
အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင် ဂါဗီယာ (Itamar Ben Gvir) က ဆီးရီးယားသမ္မတ အာမတ် အယ်လ်-ရှာရာ (ဂျိုလာနီ) ကို လုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုလိုက်သည်။
"ဆီးရီးယားသမ္မတသစ်ဟာ အသတ်ခံရမယ်... ဆီးရီးယားသစ်နဲ့ ဖြစ်လာမယ့် တိုက်ပွဲဟာ အစ္စရေးတွေအတွက် ကံကြမ္မာအဆုံးအဖြတ် တိုက်ပွဲတစ်ခုဖြစ်ပြီး အဲဒီအချိန်က ရောက်လာတော့မှာပါ" ဟု ၎င်းက ဆိုသည်။
NOM
201
Repost from News Of Myanmar
ယီမင်နိုင်ငံသားတစ်ဦးက ဘာရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို ဖုန်းဆက်ပြီး "စစ်ပွဲသတင်း ဘာကြားလဲ" လို့ မေးလိုက်ပါတယ်။
တစ်ဖက်က တာဝန်ရှိသူက "ဘာသတင်းမှမရှိပါဘူး။ အခြေအနေအားလုံး အေးဆေးပါပဲ" လို့ ပြန်ဖြေပါတယ်။
အဲဒီအခါ ယီမင်နိုင်ငံသားက "မင်းတို့အတွက် သတင်းကောင်းရှိတယ်။ ယီမင်က စစ်ပွဲထဲကို စတင်ဝင်ရောက်လာပြီ" လို့ ပြောလိုက်ပါတယ်။
တာဝန်ရှိသူက "ခင်ဗျား ဘယ်ကနေ ဖုန်းဆက်နေတာလဲ" လို့ ပြန်မေးတဲ့အခါမှာတော့—
သူက "ယီမင်ကနေ ဆက်နေတာ။ တို့ဆီကနေ ဒုံးကျည်တစ်စင်း မင်းတို့ဆီ လာလိမ့်မယ်။ အီရန်ကနေလည်း တစ်စင်းလာမယ်။ မင်းတို့ဆီမှာ အချက်ပေးဥသြ (Alarm) တစ်ခုပဲ ရှိတာဆိုတော့ အခု နောက်ထပ်တစ်ခု ထပ်ဝယ်ထားလိုက်တော့။ အဲဒါမှ နှစ်ခုဖြစ်သွားမှာ" လို့ ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
+2
အီရန်ဒုံးကျည်ထိမှန်မှုကြောင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိတဲ့ အမေရိကန်ရဲ့ E-3 Ox ကြိုတင်သတိပေးလေယာဉ်ပျက်စီး
ဆော်ဒီအာရေဗျနိုင်ငံ၊ Prince Sultan လေတပ်စခန်းက ဓာတ်ပုံမှတ်တမ်းတွေအရ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိတဲ့ အမေရိကန်ရဲ့ E-3 Ox ကြိုတင်သတိပေးလေယာဉ် ပျက်စီးသွားတာကို တွေ့ရပါတယ်။ ဒီလေယာဉ်ဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ဒီလိုလေယာဉ်မျိုး ၁၆ စင်းပဲ ရှိတာပါ။
လေယာဉ်အမြီးပိုင်းက နံပါတ်ဟာ 81-0005 နဲ့ ကိုက်ညီနေပြီး ဒါဟာ ပြီးခဲ့တဲ့ အပတ်တွေကမှ အဲဒီစခန်းကို ရောက်ရှိလာတဲ့ E-3 လေယာဉ် ဖြစ်ပါတယ်။
အမေရိကန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ အနည်းဆုံး E-3 လေယာဉ် ၁ စင်း ဒါမှမဟုတ် ၂ စင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီလေယာဉ်ဟာ ရေဒါစနစ်တွေအတွက် အလွန်အရေးပါတဲ့ လေယာဉ်ဖြစ်လို့ အခုလို ပျက်စီးသွားတာဟာ အမေရိကန်လေတပ်အတွက် အရှုံးကြီးတစ်ခု ဖြစ်နိုင်ပါတယ်။
NOM
201
ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်နဲ့ တက်စမေးနီးယားပြည်နယ်တွေမှာ လောင်စာဆီစျေးနှုန်း မြင့်တက်လာမှုရဲ့ သက်ရောက်မှုတွေကို လျှော့ချဖို့ အခမဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ယာယီလုပ်ပေးသွားမယ်လို့ သိရပါတယ်။
ပြည်နယ်အစိုးရတွေရဲ့ အီးမေးလ်ပေးပို့မှုတွေမှာ မတ်လ ၃၀ ရက်နေ့ကနေ ဇူလိုင် ၁ ရက်နေ့အထိ ဘတ်စ်ကားနဲ့ ကူးတို့သင်္ဘောတွေအတွက် အခကြေးငွေပေးစရာမလိုဘဲ အခမဲ့စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဩစတြေးလျမှာ လောင်စာဆီထောက်ပံ့မှု အန္တရာယ်က မြင့်မားနေပြီး လိုအပ်နေရာတွေ အများအပြားရှိနေကာ စိုက်ပျိုးရေးနဲ့ သတ္ထုတွင်းကဏ္ဍတွေကို ထိခိုက်နေတယ်လို့ ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+2
ဆော်ဒီ (Petroline) ပိုက်လိုင်းတွေကတစ်ဆင့် ပင်လယ်နီထဲကို အိုပက် (OPEC) ရဲ့ ရေနံတွေ ဆက်လက်စီးဆင်းနေပါတယ်။
ရေနံဈေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၁၀၀ ဝန်းကျင်မှာ တည်ငြိမ်နေစေဖို့အတွက် တစ်နေ့ကို ရေနံစည်ပေါင်း ၆ သန်းထက်မနည်း ပို့လွှတ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
မနေ့ကအစောပိုင်းမှာ ယီမင်နိုင်ငံက အန်ဆာအလ္လာဟ် (AnsarAllah) (ဝါ) ဟူသီလက်နက်ကိုင်အဖွဲ့ စစ်ပွဲထဲကို ပါဝင်လာတာနဲ့အမျှ ပိုက်လိုင်းရဲ့ ဘယ်နေရာကိုမဆို ဒရုန်းနဲ့တစ်ချက်လောက် တိုက်ခိုက်လိုက်ရုံနဲ့တင် ရေနံဈေးဟာ တစ်ညတွင်းချင်း တစ်စည်ကို ဒေါ်လာ ၂၀၀ အထိ ထိုးတက်သွားနိုင်ပါတယ်။
ဆော်ဒီအာရေဗျဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖိအားပေးမှုတွေ၊ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေပေမယ့် ဒီစစ်ပွဲထဲကို တရားဝင်မပါဝင်ချင်ဘူးဆိုတာ ရှင်းနေပါတယ်။
အိမ်ရှေ့မင်းသား MBS ရဲ့ ရာထူးဟာလည်း အခုအချိန်မှာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
NOM
201
Repost from News Of Myanmar
မနေ့က ကူဝိတ်နိုင်ငံတကာလေဆိပ်ဧရိယာကို ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ရေဒါစနစ် အပြင်းအထန် ပျက်စီးသွားပါတယ်။
NOM
201
ပဲရစ်မြို့က Bank of America ဘဏ်ခွဲကို ပစ်မှတ်ထားကာ ပေါက်ကွဲစေတတ်တဲ့ လက်လုပ်ပစ္စည်းနဲ့
တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတဦးကို ညတွင်းချင်းဖမ်းဆီးခဲ့ကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးရှေ့နေရုံးက စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေကာ အကြမ်းဖက်ရာဇဝတ်ဂိုဏ်းတခုမှာ ပါဝင်ပတ်သက်မှုစွဲချက်နဲ့လည်း စွဲချက်တင်ထားပြီး ပူးပေါင်းကြံစည်သူတွေနဲ့ ကွန်ရက်တွေကို ထပ်မံရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ သံသယရှိသူအမျိုးသားက သူ့ကို Snapchat ကတဆင့် ဆက်သွယ်လာခဲ့ပြီး ဒီလုပ်ရပ်ကို လုပ်ဆောင်ပေးဖို့ ယူရို ၆၀၀ ပေးချေခဲ့တယ်လို့ ရဲတွေကို ဝန်ခံခဲ့ပြီး အခြားသူတဦးက အခင်းဖြစ်ရာနေရာဆီ ကားမောင်းနှင်လာခဲ့တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။ သူဟာ အမျိုးအမည်မသိ အရည်တမျိုးနဲ့ ပေါက်ကွဲတတ်တဲ့ ပစ္စည်းတခုဖြည့်ထားတဲ့ ၅ လီတာဆံ့ ပစ္စည်းတခုကို ယူဆောင်လာခဲ့ပြီး ဖောက်ခွဲဖို့ ကြိုးစားနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
News of Myanmar NOM
201
Repost from News Of Myanmar
တဲလ်အဗစ်မြို့တွင် စစ်ဆန့်ကျင်ရေး စုဝေးပွဲတစ်ခုကို အစ္စရေးရဲတပ်ဖွဲ့က လူစုခွဲ
NOM
အီရန်နိုင်ငံ အပေါ်အစ္စရေး၏ စစ်ဆင်ရေးကို ကန့်ကွက်ရန် လူရာပေါင်းများစွာ သည် အစ္စရေးနိုင်ငံတဲလ်အဗစ်မြို့တွင်စုဝေးခဲ့ကြသည်။ ပါဝင်သူများက အစိုးရ ၏နှစ်နှစ်ကျော်ကြာ ဆင်နွှဲနေသော စစ်ပွဲများကို ငြီးငွေ့နေပြီဟု ပြောကြားခဲ့သည်။
201
Repost from News Of Myanmar
+1
အီရန်၏ ပဲ့ထိန်းဒုံးကျည် ၃ စင်းအနက် ၁ စင်းသည် အစ္စရေးနိုင်ငံတောင်ပိုင်း၊ နီဂေ့ဗ် (Negev) ရှိ အာရှာလင် (Ashalim) ဆိုလာဖိုတိုဗော်လ်တိုက် (Solar Photovoltaic) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထိမှန်ခဲ့သည်။
NOM
201
Repost from News Of Myanmar
🚨 လက်ဘနွန်တွင် အစ္စရေးက သတင်းထောက်နှစ်ဦးကို ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်
လက်ဘနွန်နိုင်ငံတောင်ပိုင်း၊ ဂျက်ဇင်း (Jezzine) လမ်းပေါ်တွင် သတင်းထောက်များ စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီးကို အစ္စရေးက လေကြောင်းမှစောင့်ကြည့်ပြီး ဒရုန်းဖြင့်လုပ်ကြံတိုက်ခိုက်ခဲ့ရာ သတင်းထောက် ၂ ဦး သေဆုံးသွားခဲ့သည်။
သေဆုံးသူများမှာ အလ်-မာနာ တီဗီ (Al-Manar TV) သတင်းဌာနမှ အလီ ရှိုအစ်ဘ် (Ali Shoeib) နှင့် အလ်-မာယာဒင်း (Al-Mayadeen) သတင်းဌာနမှ ဖာတီမာ ဖတူနီ (Fatima Ftouni) တို့ ဖြစ်သည်။
NOM
201
Repost from News Of Myanmar
🚨 ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်စစ်တွင် ပူးပေါင်းတော့မည်
အမေရိကန်မီဒီယာ Fox News ၏ ဖော်ပြချက်အရ ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်စစ်တွင် ပူးပေါင်းတော့မည်ဖြစ်ကြောင်း သိရသည်။
ယခုလုပ်ရပ်သည် ယီမင်နိုင်ငံရှိ အန်ဆာအလ္လာဟ် (AnsarAllah) (ဝါ) ဟူသီ လက်နက်ကိုင် အဖွဲ့က အီရန်နှင့် ဟစ်ဇဘိုလာ တို့ကို ထောက်ခံအားပေးရန်အတွက် စစ်ပွဲအတွင်း တရားဝင်ပါဝင်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
NOM
201
Repost from News Of Myanmar
အီရန်က ဒူဘိုင်းတွင်ရှိသော အမေရိကန်စစ်တပ်ကို ကူညီရန်ရောက်ရှိနေသည့် ယူကရိန်းနှင့် ပတ်သက်သော ဒရုန်းရန် ကာကွယ်ရေးစနစ်သိုလှောင်ရုံတစ်ခုကို ဖျက်ဆီး
ဟာဇရသ် ခါတမ် အယ်လ်-အန်ဘီယာ (Hazrat Khatam al-Anbiya) ဗဟိုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ-
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ လေကြောင်းနှင့် ရေတပ်အင်အားစုများသည် ဒူဘိုင်းတွင်ရှိသော အမေရိကန်စစ်တပ်ကို ကူညီရန်ရောက်ရှိနေသည့် ယူကရိန်းနှင့်ပတ်သက်သော ဒရုန်းရန် ကာကွယ်ရေးစနစ်သိုလှောင်ရုံတစ်ခုကို ဖျက်ဆီးခဲ့ပြီး အဆိုပါနေရာရှိ ယူကရိန်းတပ်ဖွဲ့ဝင် ၂၁ ဦး၏ ကံကြမ္မာကိုမူ 'မသိရသေး' ဟု ဆိုသည်။
ဇီလန်းစကီးသည် လက်ရှိတွင် ယူအေအီး (UAE) အစိုးရနှင့် တွေ့ဆုံနေသည်။
NOM
201
Repost from News Of Myanmar
ပြည်သူလူထု၏ ကျန်းမာရေးနှင့်ယာဉ်ကြောရှင်းလင်းရေးအတွက်စက်သုံးဆီဆိုင်များ ညဘက်ရောင်းချသင့်
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်လောင််စာဆီများ ကမ္ဘာအနှံ့ရှားပါးလာချိန်တွင် မြန်မာနိုင်ငံ၌လည်းစက်သုံးဆီဆိုင်များတွင် လေးငါးမိုင်မျှရှည်လားသော ဆီတန်းစီသည့်ကားများကိုတွေ့နေရသည်။
အဆိုပါ ဆီတန်းစီသူများသည် တညလုံးတန်းစီထားပြီး ဆီဆိုင်ဖွင့်သည့် နေ့အချိန်ရောက်မှ ထည့်ရသဖြင့် တညလုံးအိပ်ရေးပျက်ခံကာတန်းစီရခြင်းဖြစ်သည်။ ထို့ကြောင့် ပူပြင်းသော ယခုကာလ၌ ရေရှည်တွင် ကားသမားများ ကျန်းမာရေးထိခိုက်လာနိုင်သည်။ လက်ရှိတွင်ပင် အငှားယာဉ်မောင်းတစ်ဦးဆီတန်းစီရင်းသေဆုံးခဲ့ရပြီဖြစ်သည်။
ထို့အပြင် ဆီဆိုင်များတွင်တန်းစီနေသော ကားတန်းကြီးကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို သိမ်ဖြူလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ဦးဝိစာရလမ်း၊ ကမ္ဘာအေးဘုရားလမ်းတို့ကဲ့သို့ မြို့တွင်းတွင်သာမက ဒဂုံဆိပ်ကမ်းရှိ ကျန်စစ်သားလမ်းကဲ့သို့သော လမ်းများပင် ယာဉ်ကြောပိတ်ဆို့မှုများကြုံတွေ့နေရသည်။
ထို့ကြောင့် အများပြည်သူ၏ကျန်းမာရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် စက်သုံးဆီဆိုင်များကို ညနေ ၆ နာရီမှ နံနက် ၈ နာရီအတွင်းရောင်းချပေးသင့်ပါကြောင်းအကြံပြုလိုက်ရပါသည်။
NOM
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
