ar
Feedback
NOM

NOM

الذهاب إلى القناة على Telegram

NOM Official Backup Channel - 2

إظهار المزيد
Myanmar38 251الفئة غير محددة
201
المشتركون
لا توجد بيانات24 ساعات
-17 أيام
-830 أيام
أرشيف المشاركات
NOM
201
Repost from News Of Myanmar
🇷🇺⚠️💥🇺🇦ရုရှားဒရုန်းတပ်ဖွဲ့များသည် ကင်မရာနှင့် Starlink အင်တာစနစ် တပ်ဆင်ထားသည့် BM-35 (70) အမျိုးအစား ကင်းထောက်-တိုက်ခိုက်ရေး ဒရုန်းများဖြင့် ယူကရိန်းနိုင်ငံ၊ ပိုတာဗာဒေသ မီဂိုရော့ဒ်နယ်မြေအတွင်းရှိ ယူကရိန်းလေတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း Su-27 တိုက်လေယာဉ်နှစ်စင်း၊ F-16 တိုက်လေယာဉ်တစ်စင်းနှင့် ရေဒါစနစ်များကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်။ News Of Myanmar NOM

NOM
201
ဒေါ်နယ်ထရမ့် : “တရုတ်က ကနေဒါကို သိမ်းပိုက်တာကို ကျနော်တို့ မလိုလားပါဘူး၊ တကယ်လို့သာ သူတို့သဘောတူညီချက်ရရင် သူတို့ပထမဆုံးလုပ်မယ့် အရာက ရေခဲပြင်ဟော်ကီကို အဆုံးသတ်ဖို့ပါ” News Of Myanmar NOM

NOM
201
Repost from News Of Myanmar
ဒါကတော့ အီရန်တံငါသည်တစ်ဦးနဲ့ အမေရိကန်ဖျက်သင်္ဘောတို့ကြား ရေဒီယိုကနေတစ်ဆင့် ပြောဆိုခဲ့တဲ့ ရယ်စရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခုရဲ့ ဘာသာပြန်ဖြစ်ပါတယ်။ "ခင်ဗျားတို့ဟာ အီရန်နိုင်ငံရဲ့ ပိုင်နက် ရေပြင်ထဲမှာ ခုတ်မောင်းနေတာ ဖြစ် ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ သင်္ဘောရဲ့ အမြင့်ဆုံးနေရာမှာ မြင့်မြတ်တဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတော်အလံကို လွှင့်တင်ထားရပါမယ်။" စကားပြောနေစဉ် တစ်နေရာမှာတော့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က အဲဒီတံငါသည်ကို အမေရိကန်ဖျက်သင်္ဘောနဲ့ စကားဆက်မပြောဖို့ ရေဒီယိုကနေ ဝင်ရောက်တားမြစ်တာကိုလည်း ကြားခဲ့ရပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
၂၀၂၀ ခုနှစ် FBI စာရွက်စာတမ်းတစ်ခု၏ ဖော်ပြချက်အရ အပ်စတိန်း (Epstein) သည် အစ္စရေးသူလျှိုအဖြစ် လုပ်ဆောင်နေသည်ဟု သံသယရှိခြင်းခံရပ
+1
၂၀၂၀ ခုနှစ် FBI စာရွက်စာတမ်းတစ်ခု၏ ဖော်ပြချက်အရ အပ်စတိန်း (Epstein) သည် အစ္စရေးသူလျှိုအဖြစ် လုပ်ဆောင်နေသည်ဟု သံသယရှိခြင်းခံရပြီး စတီးဗ် ဘန်နွန် (Steve Bannon) နှင့်လည်း တိုက်ရိုက်စီးပွားရေးပတ်သက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အပ်စတိန်းသည် အစ္စရေးငွေကြေးများကို ဘန်နွန်ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ဘန်နွန် သည် အိမ်ဖြူတော်အနီးတွင် အစ္စရေး၏ ထောက်လှမ်းရေးပစ္စည်းများ ရှိနေမည်ကို စိုးရိမ်ပူပန်ခဲ့ကြောင်းလည်း အဆိုပါစာရွက်စာတမ်းတွင် စွပ်စွဲဖော်ပြထားသည်။ စတီးဗ် ဘန်နွန် (Steve Bannon)? စတီးဗ် ဘန်နွန် (Steve Bannon) သည် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အိမ်ဖြူတော် မဟာဗျူဟာမှူးဟောင်းနှင့် Breitbart News ၏ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ထွက်ပေါ်လာသော အချက်အလက်များအရ ၎င်းနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) တို့အကြား ယခင်က သိထားသည်ထက် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး၏ ဆက်သွယ်မှုများကို အကျဉ်းချုပ်ဖော်ပြရလျှင် - * ပုံရိပ်ပြန်လည်တည်ဆောက်ရေး အကြံပေးခြင်း: ဘန်နွန် (Bannon) သည် အပ်စတိန်း (Epstein) ၏ ပျက်စီးနေသော လူထုပုံရိပ်ကို ပြန်လည်ကောင်းမွန်လာစေရန် အကြံပေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း Epstein ကို ၁၅ နာရီကြာ ဗီဒီယိုအင်တာဗျူးများ ရိုက်ကူးခဲ့ပြီး မှတ်တမ်းတင်ရုပ်ရှင်တစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သည်။ * မီဒီယာနှင့် နိုင်ငံရေးဆိုင်ရာ အကြံပေးမှုများ အပ်စတိန်း သည် ဘန်နွန်၏ မီဒီယာလုပ်ငန်းများနှင့် ထရမ့်အစိုးရအတွက် ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်များတွင် နောက်ကွယ်မှ အကြံပေးအဖြစ်ပါဝင်ခဲ့သည်။ စီးပွားရေးမူဝါဒများနှင့် အခွန်လျှော့ချရေးဆိုင်ရာ ပြောဆိုချက်များကိုပါ အပ်စတိန်းက ကူညီရေးသားပေးခဲ့သည်။ * လျှို့ဝှက်စွာ ဆက်သွယ်ခြင်း ၎င်းတို့နှစ်ဦးအကြား စာတို (Text Messages) ရာပေါင်းများစွာ အပြန်အလှန် ပေးပို့ခဲ့ကြသည်။ ဘန်နွန်သည် အပ်စတိန်း၏ နေအိမ်သို့ လုံခြုံရေးမျက်စိများကို ရှောင်ရှားကာ လျှို့ဝှက်တံခါးမှတစ်ဆင့် သွားရောက်တွေ့ဆုံမှုများ ရှိခဲ့သည်။ * လက်ဆောင်နှင့် အကူအညီများ အပ်စတိန်းက ဘန်နွန်ကို Hermès Apple Watch ကဲ့သို့သော တန်ဖိုးကြီးလက်ဆောင်များ ပေးခဲ့သလို၊ ဘန်နွန် ကလည်း ခရီးသွားရန်အတွက် အပ်စတိန်း၏ ကိုယ်ပိုင်လေယာဉ်ကို အသုံးပြုခွင့် တောင်းဆိုခဲ့ဖူးသည်။ ဘန်နွန်က ထိုဗီဒီယိုရိုက်ကူးမှုများသည် အပ်စတိန်း၏ ဖောက်ပြန်ကျဆုံးမှုများကို ဖော်ထုတ်ရန်ဖြစ်သည်ဟု ဆိုသော်လည်း၊ ယခုထွက်ပေါ်လာသည့် အထောက်အထားများအရ ၎င်းတို့မှာ အလွန်ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး အပြန်အလှန် အကျိုးပြုခဲ့ကြကြောင်း တွေ့ရှိရသည်။ News Of Myanmar NOM

NOM
201
နော်ဝေအိမ်ရှေ့မင်းသမီး Mette-Marit ဟာ မကြာခင် အများပြည်သူဆီ ထုတ်ပြန်ခဲ့တဲ့ Epstein ဖိုင်တွေမှာ အကြိမ်ရာပေါင်းများစွာ‌ ဖော်ပြခ
နော်ဝေအိမ်ရှေ့မင်းသမီး Mette-Marit ဟာ မကြာခင် အများပြည်သူဆီ ထုတ်ပြန်ခဲ့တဲ့ Epstein ဖိုင်တွေမှာ အကြိမ်ရာပေါင်းများစွာ‌ ဖော်ပြခံခဲ့ရတယ်လို့ နော်ဝေမီဒီယာတွေက ရေးသားခဲ့ပါတယ်။ မီဒီယာတွေရဲ့ ရေးသားထားမှုမှာဆိုရင် မင်းသမီးဟာ သူမရဲ့ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်၊ Epstein နဲ့ ဆက်သွယ်မှုတွေ လုံး၀ရှိခဲ့တဲ့အပေါ် နောင်တရနေတယ်လို့လည်း ပါဝင်ပါတယ်။ "Epstein Files" ဆိုတာက အမေရိကန် ငွေကြေးသူဌေးကြီး ဂျက်ဖရီအပ်စတိုင်း (Jeffrey Epstein) ရဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ လူကုန်ကူးမှု အရှုပ်တော်ပုံတွေနဲ့ ပတ်သက်တဲ့ တရားရုံးမှတ်တမ်းတွေ၊ စုံစမ်းစစ်ဆေးရေး စာရွက်စာတမ်းတွေ ဖြစ်ပါတယ်။ ဂျက်ဖရီအပ်စတိုင်း (Jeffrey Epstein) ဟာ ကမ္ဘာကျော် လူကုဋေကြီးများ၊ နိုင်ငံခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါကြေင့် ဒီဖိုင်တွေ ထွက်ပေါ်လာတာက သူရဲ့ ရာဇဝတ်မှုတွေမှာ ဘယ်လိုထိပ်သီးပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေလဲဆိုတာကို လူထုက တော်တော်လေးစိတ်ဝင်စားနေပါတယ်။ ၂၀၂၅ နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ် အစောပိုင်းတွေမှာ ကန်အစိုးရက စာမျက်နှာပေါင်း သန်းနဲ့ချီတဲ့ ဖိုင်ကို အများပြည်သူသိနိုင်ဖို့ တဖြည်းဖြည်းချင်း ချပြနေပါတယ်။ News Of Myanmar NOM

NOM
201
နော်ဝေအိမ်ရှေ့မင်းသမီးရဲ့ အသက် ၂၉ နှစ်အရွယ် သားတော် Marius Borg Hoibyဟာ စွဲချက် ၃၈ ချက်နဲ့ ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခံရမယ့်
နော်ဝေအိမ်ရှေ့မင်းသမီးရဲ့ အသက် ၂၉ နှစ်အရွယ် သားတော် Marius Borg Hoibyဟာ စွဲချက် ၃၈ ချက်နဲ့ ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။ သူဟာ အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်မှုအပြင် မူးယစ်ဆေးဝါးမှုဆိုင်ရာ ပြစ်မှုတွေနဲ့လည်း စွပ်စွဲခံထားရပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🚢🛢ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တို့မှ ကွန်ဒင်းဆိတ် (Condensate) များ (သဘာဝဓာတ်ငွေ့မှ ထွက်ရှိသော အပေါ့စားဆီ (သို့မဟုတ်) ရေနံဆီတစ်မျိုး) တင်ဆောင်လာသည့် ရေနံတင်သင်္ဘောကြီးများ၏ သွားလာလှုပ်ရှားမှုများကို ပြသထားသော Kepler Oil Institute ၏ ဗီဒီယိုမှတ်တမ်း။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷🛢🛢💲"၁၉၈၀ ခုနှစ်တုန်းက အီရန်နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်​ရဲ့ ပြောကြားချက်" ၁၉၈၀ ခုနှစ်တုန်းက အီရန်နိုင်ငံနဲ့ပတ်သက်ပြီး အသက် ၃၄ နှစ်အရွယ် ဒေါ်နယ်ထရမ့်​ ပြောကြားခဲ့တဲစကားဟာ တော်တော်လေးကို ပွင့်လင်းပြီး ပြင်းထန်တဲ့ အာဘော်မျိုး ဖြစ်ပါတယ်။ သူကအခုလိုပြောခဲ့ပါတယ်။ "ကျွန်တော်တို့ အီရန်ကို စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်ခဲ့သင့်တာ။ အဲဒီလိုသာ လုပ်ခဲ့ရင် အခုဆို သူတို့ရဲ့ ရေနံတွေကို ကျွန်တော်တို့ ပိုင်ဆိုင် နေမှာဖြစ်ပြီး ချမ်းသာတဲ့ ရေနံနိုင်ငံတစ်ခု ဖြစ်နေမှာ။ ကျွန်တော်တို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရပြီ။" ဒီစကားဟာ ၁၉၈၀ ခုနှစ်၊ အီရန်ဓားစာခံအကျပ်အတည်း (Iran Hostage Crisis) ဖြစ်ပွားနေချိန်အတွင်း ထရမ့်က ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးအနေနဲ့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက သူဟာ "အကျိုးအမြတ်ကို အခြေခံတဲ့နိုင် ငံခြားရေးမူဝါဒ" အမြင်ရှိနေတာကို ဒီစကားမှာ တွေ့နိုင်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷⚔️🇸🇦🇺🇸"အီရန်အရေးနှင့်ပတ်သက်ပြီး ဆော်ဒီစိတ်ပြောင်းသွား၊ အီရန်အားစစ်ရေးအရအရေးယူရန် ထရမ့်ကိုတိုက်တွန်း" အက်ဆီယို့စ် သတင်းဌာနရဲ့ရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက် အရ ဆော်ဒီကာကွယ်ရေးဝန်ကြီး (Khalid bin Salman) ဟာ အမေရိကန်အရာရှိတွေနဲ့ တွေ့ဆုံစဉ်အတွင်း အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ သမ္မတ ထရမ့် (Trump) ကို တိုက်တွန်းခဲ့ပါတယ်။ အကယ်၍ စစ်ရေးအရ အရေးမယူဘူးဆိုရင် အီရန်အစိုးရက ပိုမိုရဲတင်းလာမှာဖြစ်ပြီး၊ စစ်ရေးခြေလှမ်း မပြင်တာဟာ အားနည်းချက်တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခံရနိုင်သလို အီရန်အတွက် ဒေသတွင်း သြဇာလွှမ်းမိုးမှု ပိုမိုရရှိသွားစေနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။ အမေရိကန်အရာရှိတွေရဲ့ အဆိုအရ ဆော်ဒီအာရေဗျဟာ Trump ရဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ဟာ "ချမှတ်ပြီးသားဖြစ်နေပြီ" ဆိုတာကို သဘောပေါက်နားလည်သွားပြီးနောက် အီရန်အပေါ်ထားရှိတဲ့ ၎င်းတို့ရဲ့ သဘောထားကို ပြောင်းလဲခဲ့တာဖြစ်တယ် လို့ ယူဆရပါတယ်။ News Of Myanmar NOM

NOM
201
အမေဇုန်က ငွေကုန်ကြေးကျခံပြီး ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ဇနီးသည် Melania ရဲ့ documentary ကို နှစ်ခါ ကြည့်ပြီးပြီဖြစ်ကာ သူ သဘောကျတယ
အမေဇုန်က ငွေကုန်ကြေးကျခံပြီး ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ဇနီးသည် Melania ရဲ့ documentary ကို နှစ်ခါ ကြည့်ပြီးပြီဖြစ်ကာ သူ သဘောကျတယ်လို့ ထရမ့်က ဆိုပါတယ်။ ဒီရိုက်ကူးမှုအမတွက် အမေဇုန်က ထုတ်လုပ်ရေးကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ အထိ ရှိခဲ့ကာ စျေးကွက်ရှာဖွေရေးအတွက် ဒေါ်လာ ၃၅ သန်းအထိ ပေးချေခဲ့တယ်လို့ ဆိုပါတယ်။ Melania : ရက် ၂၀ သမိုင်းလို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို မနေ့က အမေရိကန်နိုင်ငံတဝှမ်းက ရုပ်ရှင်ရုံတွေမှာ ပြသခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇺🇳💸"ကုလသမဂ္ဂ ဘဏ္ဍာရေးပြိုလဲတော့မည့်အန္တရာယ်ရှိကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် သတိပေး" ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက
🇺🇳💸"ကုလသမဂ္ဂ ဘဏ္ဍာရေးပြိုလဲတော့မည့်အန္တရာယ်ရှိကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် သတိပေး" ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရိုက်တာသတင်းဌာနက ဖော်ပြချက်အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် အဖွဲ့ဝင်နိုင်ငံများထံသို့ ပေးပို့သောစာတွင် အဖွဲ့အစည်း၏ ဘဏ္ဍာရေးအခြေအနေမှာ အလွန်စိုးရိမ်ရသည့်အဆင့်သို့ရောက်ရှိနေကြောင်း အသိပေးခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများက ပေးဆောင်ရန် ရှိသည့် ထည့်ဝင်ကြေးများ မပေးဆောင်ခြင်းနှင့် မသုံးစွဲရသေးသော ရန်ပုံငွေများကို ပြန်လည်ပေးအပ်ရမည်ဆိုသည့် ဘတ်ဂျက်စည်းမျဉ်းများကြောင့် ကုလသမဂ္ဂသည် ငွေကြေးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂသို့ ရန်ပုံငွေ အများဆုံးထည့်ဝင်သည့် အမေရိကန်ပြည် ထောင်စုက ၎င်းတို့ပေးဆောင်ရမည့် မဖြစ်မနေထည့်ဝင်ကြေးများကို ပေးဆောင်ရန် ငြင်းဆိုထားခြင်းနှင့် စေတနာအလျောက် ထည့်ဝင်ငွေများကို ဖြတ်တောက်လိုက်ခြင်းတို့က အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။ ယခုနှစ် ဇူလိုင်လအတွင်း ကုလသမဂ္ဂ၌ အသုံးပြုရန် ငွေကြေးကုန်ဆုံးသွားနိုင်ပြီး လုပ်ငန်းစဉ်များ ရပ်တန့်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။ ၂၀၂၅ ခုနှစ်ကုန်တွင် ကုလသမဂ္ဂသို့ ပေးဆောင်ရန် ကျန်ရှိနေသော ကြွေးမြီစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝနှင့် အချိန်မီထမ်းဆောင်ရန် သို့မဟုတ် ဘဏ္ဍာရေးစည်းမျဉ်းများကို အကြီးအကျယ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုထားသည်။ "ဒီအကျပ်အတည်းက ပိုမိုနက်ရှိုင်းလာနေပြီး စီမံကိန်းတွေ အကောင် အထည်ဖော်မှုကို ခြိမ်းခြောက်နေသလို ဘဏ္ဍာရေးပြိုလဲမှုဆီကိုလည်း ဦးတည်နေပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ အခြေအနေက ပိုပြီးဆိုးရွားလာပါလိမ့်မယ်" ဟု ဂူတာရက်စ်က ၎င်း၏စာတွင် ရေးသားထားသည်။ News Of Myanmar NOM

NOM
201
အီကွေဒေါနိုင်ငံရဲ့ အကြီးဆုံး ရေနံချက်စက်ရုံ Esmeraldas မှာ မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားနေတာဖြစ်ပါတယ်။ သတငိးရင်းမြစ်- The Informant News Of Myanmar NOM

NOM
201
အာတိတ်ကောင်းကင်မှာ နေသုံးစင်းပေါ်လာလို့ ရုရှားနိုင်ငံ၊ မာမန်စ်မြို့က ဒေသခံတွေကြား အံ့မခန်းဖွယ်ကောင်းနေပါတယ်။ Solar gala လို့ ခေါ်ပြီး နေရောင်ခြည်က ရေခဲပုံဆောင်ခဲသန်းပေါင်းများစွာကို ထိမှန်ပြီး ရောင်ပြန်ဟပ်ကာ နေ ၃ စင်းသဖွယ် မြင်ယောင်နေရတာပါ။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷🇺🇸"အီရန်နိုင်ငံအားတိုက်ခိုက်ပါက ပါဝင်မည့် အမေရိကန် ရေတပ်သင်္ဘောများ တပ်ဖြန့်မှုအခြေအနေ" အဆိုပါ စစ်သင်္ဘောစာရင်းတွင် လေယ
🇮🇷🇺🇸"အီရန်နိုင်ငံအားတိုက်ခိုက်ပါက ပါဝင်မည့် အမေရိကန် ရေတပ်သင်္ဘောများ တပ်ဖြန့်မှုအခြေအနေ" အဆိုပါ စစ်သင်္ဘောစာရင်းတွင် လေယာဉ်တင်သင်္ဘော (၁) စီးနှင့် လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော (၇) စီး ပါဝင်သည်။ 🚀၎င်းတို့အနက် အများစုမှာ အီရန်နိုင်ငံ၏ ဇိုးလ်ဖာဂါ (Zolfaghar) တိုတောင်းသော ပဲ့ထိန်းဒုံးကျည်များ ရောက်ရှိနိုင်သည့် အကွာအဝေးဖြစ်သော ၇၀၀ ကီလိုမီတာ အတွင်းတွင် တည်ရှိနေပါသည်။ 🚢 🚢ပါဝင်သော စစ်သင်္ဘောများ စာရင်း- ⚓️USS Abraham Lincoln (CVN-72) – လေယာဉ်တင်သင်္ဘော (အုပ်စု၏ အဓိကပင်မသင်္ဘော) ⚓️USS Spruance (DDG-111) – လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော (Arleigh Burke-class) ⚓️USS Petersen Jr. (DDG-121) – လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော (Frank E. Petersen Jr.) ⚓️USS Murphy (DDG-112) – လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော (Michael Murphy) ⚓️USS Roosevelt (DDG-80) – လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော ⚓️USS D. Black (DDG-119) – လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော (Delbert D. Black) ⚓️USS McFaul (DDG-74) – လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော ⚓️USS Mitscher (DDG-57) – လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော News Of Myanmar NOM

NOM
201
Repost from News Of Myanmar
ပိုလန်နိုင်ငံ၊ လော့ဒ်ဇ် (Lodz) မြို့မှာ အမျိုးသမီးတစ်ဦးက ယူကရိန်းနိုင်ငံသား တက္ကစီဒရိုင်ဘာတစ်ဦးကို ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိထားပြီး သူမဟာ အသက် ၃၂ နှစ်အရွယ် ဖြစ်ပါတယ်။ စစ်ဆေးမေးမြန်းမှုအတွင်း သူမက ဘာမှမမှတ်မိတော့ကြောင်း ထွက်ဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူမပြစ်မှုကျူးလွန်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကို ပြလိုက်ချိန်မှာတော့ သူမကိုယ်သူမ ပြန်လည်မှတ်မိသွားပြီးနောက် ပြစ်မှုကိုဝန်ခံခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
💲"သမ္မတ ထရန့်က ၎င်း၏အခွန်ဆိုင် ရာ အချက်အလက်များ ပေါက် ကြားမှုနှင့် ပတ်သက်ပြီး အမေရိကန်ပြည်တွင်းအခွန်များဌာန (IRS) ကို လျော်က
+1
💲"သမ္မတ ထရန့်က ၎င်း၏အခွန်ဆိုင် ရာ အချက်အလက်များ ပေါက် ကြားမှုနှင့် ပတ်သက်ပြီး အမေရိကန်ပြည်တွင်းအခွန်များဌာန (IRS) ကို လျော်ကြေး ဒေါ်လာ ၁၀ ဘီလီယံရလိုမှုဖြင့် တရားစွဲဆို" အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏လျှို့ဝှက်အခွန်ဆိုင် ရာ အချက်အလက်များကို မီဒီယာများသို့ တရားမဝင် ပေါက်ကြားစေခဲ့မှုအတွက် အမေရိကန် ပြည်တွင်းအခွန်များဌာန (IRS) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (Treasury Department) တို့ကို ဒေါ်လာ ၁၀ ဘီလီယံ လျော်ကြေးရလိုမှုဖြင့် တရားစွဲဆိုလိုက်သည်။ အမေရိကန် ပြည်တွင်းအခွန်များဌာန မှ ကန်ထရိုက်ဝန်ထမ်းဟောင်း ချားလ်စ် လစ်တဲလ်ဂျွန် (Charles Littlejohn) သည် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များအတွင်း ထရန့်၏ အခွန်မှတ်တမ်းများကို ခိုးယူကာ New York Times နှင့် ProPublica ကဲ့သို့သော သတင်းဌာနများထံ ပေါက် ကြားစေခဲ့မှုကို အစိုးရဌာနများက မတားဆီးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုအမှုတွင် သမ္မတထရန့်နှင့်အတူ ၎င်း၏ သားကြီးနှစ်ဦးဖြစ်သူ ဒေါ်နယ်ဂျူနီယာ (Donald Jr.)၊ အဲရစ်ထရန့် (Eric Trump) နှင့် ထရန့်အဖွဲ့အစည်း (Trump Organization) တို့က ပူးတွဲတရားလိုအဖြစ်ပါဝင်ကြသည်။ အဆိုပါ အချက်အလက်များ ပေါက်ကြားမှုကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် စီးပွားရေး လုပ်ငန်းများတွင် ကြီးမားသော ထိခိုက်နစ် နာမှုများရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပေါ်တွင်လည်း မကောင်းသော သက်ရောက်မှုများ ရှိခဲ့သည်ဟု တရားစွဲဆိုချက်တွင် ဖော်ပြထားသည်။ အချက်အလက်များကို ခိုးယူခဲ့သည့် လစ်တဲလ်ဂျွန်သည် ၂၀၂၄ ခုနှစ်တွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံထားရသည်။ ထရန့်၏ ရှေ့နေအဖွဲ့က ယခုလုပ်ရပ်သည် "နိုင်ငံရေးအရ လှုံ့ဆော်မှု" (Politically motivated) ရှိသော ဝန်ထမ်းတစ်ဦး၏ လုပ်ဆောင်ချက် ဖြစ်ပြီး အစိုးရဌာနများအနေဖြင့် ပြည်သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကာကွယ်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် ထရန့်သည် အမေရိကန် သမ္မတအဖြစ် တာဝန်ယူထားသော်လည်း ယခုအမှုကို သမ္မတအဆင့်ဖြင့် မဟုတ်ဘဲ "ပုဂ္ဂိုလ်ရေးအရ" တရားစွဲဆိုခြင်း ဖြစ်သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇺🇸⚔️🇮🇷အီရန်ကိုမနက်ဖန်တနင်္ဂနွေတိုက်မည်ဟုသတင်းများထွက် အမေရိကန်က အီရန်လေပိုင်နက်ကိုလေယာဥ်မပျံသန်းရဇုန်အဖြစ်ယနေ့ကြေညာလိုက်သည့်အတွက်မနက်ဖန်တနင်္ဂနွေနေ့တွင် အီရန်ကိုစတင်တိုက်ခိုက်မည်ဟုစစ်ရေးသုံးသပ်သူများကခန့်မှန်းလိုက်သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇬🇧🤝🇨🇳 "တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုမလုပ်ဖို့ ထရန့်က သတိပေးထားတဲ့ကြားကပဲ၊ တရုတ်နိုင်ငံနဲ့ ပေါင်ဘီလီယံနဲ
🇬🇧🤝🇨🇳 "တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုမလုပ်ဖို့ ထရန့်က သတိပေးထားတဲ့ကြားကပဲ၊ တရုတ်နိုင်ငံနဲ့ ပေါင်ဘီလီယံနဲ့ချီတဲ့ ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေကို ရယူနိုင်ခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောကြားခဲ့ပါတယ်။" News Of Myanmar NOM

NOM
201
Repost from News Of Myanmar
💥💥💥 💥💥💥 "Epstein" နှင့်ပတ်သက်သည့် စာရွက်စာတမ်းသစ်တစ်ခု၏ ဖော်ပြချက်အရ ဂျော့ချ် ဘုရှ် ၁ (George Bush ၁) (အမေရိကန်ပြည်ထောင
💥💥💥 💥💥💥 "Epstein" နှင့်ပတ်သက်သည့် စာရွက်စာတမ်းသစ်တစ်ခု၏ ဖော်ပြချက်အရ ဂျော့ချ် ဘုရှ် ၁ (George Bush ၁) (အမေရိကန်ပြည်ထောင်စု ၏ ၄၁ ဦးမြောက်သမ္မတ) သည် ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ပြီး၊ ကလေးငယ်များ၏ အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ခြင်း၊ အူလမ်းကြောင်းများကို ထုတ်ယူခြင်းနှင့် မစင်များကို စားသုံးခြင်း စသည့် ယဇ်ပူဇော်မှုဆိုင်ရာ ထုံးတမ်းစဉ်လာများကို ကိုယ်တိုင်မြင်တွေ့ခဲ့သည်ဟု ဆိုသည်။" "Epstein Files" ဆိုသည်မှာ အမေရိကန် ငွေကြေးသူဌေးကြီး ဂျက်ဖရီ အပ်စတိုင်း (Jeffrey Epstein) ၏ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနှင့် လူကုန်ကူးမှု အရှုပ်တော်ပုံများနှင့် ပတ်သက်သည့် တရားရုံးမှတ်တမ်းများနှင့် စုံစမ်းစစ်ဆေးရေး စာရွက်စာတမ်းများကို ဆိုလိုခြင်းဖြစ်သည်။ ဂျက်ဖရီ အပ်စတိုင်း (Jeffrey Epstein) သည် ကမ္ဘာကျော် လူကုဋေကြီးများ၊ နိုင်ငံခေါင်းဆောင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သူဖြစ်သည်။ ထို့ကြောင့် ဤဖိုင်များ ထွက်ပေါ်လာခြင်းက သူ၏ ရာဇဝတ်မှုများတွင် မည်သည့် ထိပ်သီးပုဂ္ဂိုလ်များ ပါဝင်ပတ်သက်နေသလဲဆိုသည်ကို လူထုက စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် အမေရိကန်အစိုးရက စာမျက်နှာ သန်းပေါင်းများစွာရှိသည့် အဆိုပါဖိုင်များကို အများပြည်သူ သိရှိနိုင်ရန် တဖြည်းဖြည်းချပြခဲ့သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇷🇺 🛬 🇮🇷 "ရုရှားကုန်တင်လေယာဉ်များ အီရန်သို့ဆိုက်ရောက်လာ" ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ လေကြောင
🇷🇺 🛬 🇮🇷 "ရုရှားကုန်တင်လေယာဉ်များ အီရန်သို့ဆိုက်ရောက်လာ" ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ လေကြောင်းခရီးစဉ်တွေကို လေ့လာဆန်းစစ်ချက်အရ Antonov-124 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စီးနဲ့ Ilyushin အမျိုးအစား လေယာဉ် ၁ စီးတို့ ဆိုက်ရောက်ခဲ့တာကို တွေ့ရှိရပါတယ်။ အဆိုပါ ကုန်တင်လေယာဉ်ကြီးတွေဟာ အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးရဲ့ မော်စကိုခရီးစဉ်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အဲဒီလေယာဉ်တွေမှာ ပါရှိလာတဲ့ ကုန်ပစ္စည်းတွေနဲ့ ပျံသန်းမှုရဲ့ ရည်ရွယ်ချက် အသေးစိတ်ကိုတော့ လက်ရှိအချိန်ထိ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။ News Of Myanmar NOM