NOM
الذهاب إلى القناة على Telegram
201
المشتركون
لا توجد بيانات24 ساعات
-17 أيام
-830 أيام
أرشيف المشاركات
201
အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲအပေါ် ထောက်ခံမှုနည်းပါးတာနဲ့ ပတ်သက်ပြီး နေတိုးမဟာမိတ်အဖွဲ့ကို သူရဲဘောကြောင်သူတွေလို့ ထရမ့်က ပြောဆိုလိုက်ပါတယ်။
“အမေရိကန်သာ မရှိရင် နေတိုးဆိုတာ စက္ကူကျားတကောင်ပဲ” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ ရေးသားခဲ့ပြီး ထောက်ခံမှုမလုပ်တဲ့အပေါ်မှာ သူ ဒေါသထွက်နေတယ်ဆိုတာကို ပြသခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အီရန်ဟာ ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံရမယ့်အစား ဒုံးကျည်တွေနဲ့ လက်နက်တွေအတွက်ပဲ သုံးစွဲနေတယ်လို့ အမေရိကန်စစ်ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် Pete Hegseth က စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ တကယ့်တကယ်မှာတော့ သူကိုယ်တိုင်ကလည်း အမေရိကန် ပြည်သူတွေအတွက် သုံးရမယ့်အစား လက်နက်တွေအတွက် ဒေါ်လာ ဘီလီယံ ၂၀၀ တောင်းခံနေတဲ့ မိန့်ခွန်းအတွင်းမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
NOM
201
စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာပြီးနောက် စားသုံးသူတွေအပေါ် ဖိအားတွေ များလာတာကို လျှော့ချဖို့အတွက် နေအိမ်ကနေပဲ အလုပ်လုပ်တာ၊ လေကြောင်းခရီးသွားလာတာကို ရှောင်ကြဉ်တာတွေကို ပြုလုပ်ဖို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ကပါ အဆိုပြုချက်တွေ ထုတ်ပြန်နေပြီဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ စျေးနှုန်းတွေမြင့်တက်လာလို့ ဝယ်ယူသုံးစွဲသူ ခံစားနေရတဲ့ ဝေဒနာတွေကို လျှော့ချနိုင်မယ်လို့လည်း ဆိုပါတယ်။
News Of Myanmar NOM
201
အမေရိကန်ရဲ့ တဖက်သတ်ဖိအားပေးပြီး အကျပ်ကိုင်မှုကြောင့် စွမ်းအင်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျူးဘားရဲ့ မြို့တော်တဝှမ်းမှာ ရေအခက်အခဲကိုပါ ရင်ဆိုင်နေရပြီး ပြည်သူတွေဟာ ရေကားတွေကနေ ရေရဖို့အတွက် ပုံးတွေကိုင်ပြီးတော့ တန်းစီစောင့်ဆိုင်းရတဲ့အထိ ဖြစ်နေပါတယ်။
လျှပ်စစ်ဓါတ်အားပြတ်လပ်မှုကြေင့် ရေပေးဝေရေးအထောက်အပံ့လုပ်ငန်းတွေ အခက်တွေ့ခဲ့ရတယ်လို့ ပြည်နယ်ရေပေးဝေရေးဌာနက အတည်ပြုခဲ့ပြီး လူတွေဟာ ရေထရပ်ကားတွေကို စောင့်ဆိုင်းနေရပြီး ရေကို အလုအယက်ဖြစ်နေရပြီလို့ ဒေသခံတွေကလည်း ပြောဆိုခဲ့ကြပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
ရုပ်ရှင်မင်းသားကြီးချက်နောရစ်ကွယ်လွန်
ကိုယ်ခံပညာချန်ပီယံနှင့် အက်ရှင်ရုပ်ရှင်မင်းသား ချက်နောရစ် (Chuck Norris) (အသက် ၈၆ နှစ်)သည် ယနေ့သောကြာနေ့တွင် ကွယ်လွန်သွားပြီဖြစ်သည်။
ဟာဝိုင်ယီကျွန်းစု၊ ကောင်ရိုင်ကျွန်းတွင်နေထိုင်သော ချက်နောရစ်သေဆုံးမှုကို ဇနီးဖြစ်သူ၏ အင်စတာဂရမ်အကောင့်တွင် ဖော်ပြချက်အရ သောကြာနေ့နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုက အတည်ပြုခဲ့သည်။
NOM
201
Repost from News Of Myanmar
အမေရိကန်ကအရှေ့အလယ်ပိုင်းရှိသူ၏ အာရပ်မဟာမိတ်များကိုဆက်ဆံပုံကို ယီမင်ကာတွန်းဆရာက ရေးဆွဲလှောင်ပြောင်လိုက်သည်။
NOM
201
Repost from News Of Myanmar
အီရန်တော်လှန်ရေးအစောင့်တပ် IRGC ၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ကျဆုံး
အီရန်တော်လှန်ရေးအစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အလီအလီ မိုဟာမက် နာအီနီ သည် ယနေ့သောကြာနေ့၌ အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ကျဆုံးသွားကြောင်း အီရန်ကကြေညာသည်။
NOM
201
ဒီလအစောပိုင်းမှာ အမေရိကန်က အရပ်ဘက်လေဆိပ်တခုမှာ စစ်လေယာဉ်နှစ်စင်းကို ဖြန့်ကျက်ဖို့ တောင်းဆိုခဲ့တာကို ငြင်းဆန်ခဲ့တယ်လို့ သီရိလင်္ကာက ပြောဆိုလိုက်ပါတယ်။ ကြားနေဝါဒကို ထိန်းသိမ်းဖို့နဲ့ တိုင်းပြည်အတွင်းမှာ ဘယ်ဘက်ကိုမဆို အထောက်အကူဖြစ်စေမယ့် ဒါမှမဟုတ် အနှောင့်အယှက်ဖြစ်စေမယ့် စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုမယ့် တောင်းဆိုချက်တွေကို ငြင်းပယ်မှာဖြစ်တယ်လို့ သမ္မတ Anura Kumara Dissanayake က ဒီနေ့မှာ လွှတ်တော်အမတ်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷💥🇰🇼 ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ကူဝိတ်နိုင်ငံရှိ မီနာ အယ်လ်-အာမဒီ (Mina Al-Ahmadi) ရေနံချက်စက်ရုံ ထိမှန်ခဲ့
ဤစက်ရုံသည် ပင်လယ်ကွေ့ဒေသတွင် အကြီးဆုံးသော ရေနံချက်လုပ်ငန်းစုကြီးများထဲမှ တစ်ခုဖြစ်ပြီး တစ်နေ့လျှင် ရေနံစည်ပေါင်း ၃၄၆,၀၀၀ ခန့် ထုတ်လုပ်နိုင်စွမ်းရှိသည်။
အနီးနားရှိ မီနာ အဗ္ဗဒူလာ (Mina Abdullah) ရေနံချက်စက်ရုံနှင့် ပေါင်းစပ်လိုက်ပါက ဤလုပ်ငန်းစုသည် ကူဝိတ်နိုင်ငံ၏ တစ်နေ့တာ ရေနံချက်လုပ်နိုင်စွမ်း စည်ပေါင်း ၈၀၀,၀၀၀ ခန့်ကို ကိုယ်စားပြုနေခြင်းဖြစ်သည်။ လက်ရှိတွင် ထိုထုတ်လုပ်မှုအပိုင်းအချို့ ရပ်တန့်သွားပြီဖြစ်သည်။
မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီဟု သတင်းရရှိသော်လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။
NOM
201
ရုရှားရေနံနဲ့ ဓါတ်ငွေ့တွေ တင်ဆောင်လာတဲ့ သင်္ဘောနှစ်သင်းဟာ ကျူးဘားကို ရောက်ရှိလာဖို့ ရှိနေပြီး ဒါဟာ ၃ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်းနိုင်ငံဆီ စွမ်းအင်ပို့ဆောင်မှုဖြစ်တယ်လို့ Financial Times က ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။
ရေကြောင်းထောက်လှမ်းရေးရင်းမြစ်တွေကို ကိုးကားကာ ဖော်ပြခဲ့တာဖြစ်ပြီး ဟောင်ကောင်အလံလွှင့်ထူထားတဲ့ သင်္ဘောက ဓါတ်ငွေ့ ၂၇၀၀၀ တန်ခန့် သယ်ဆောင်လာသလို ရုရှားအလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောက ရေနံစိမ်း မက်ထရစ်တန် ၁ သိန်းခန့် တင်ဆောင်လာမယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ ဖိအားပေးပိတ်ဆို့မှုကြောင့် စွမ်းအင်အကျပ်အတည်းရင်ဆိုင်နေရတဲ့ ကျူးဘားအတွက် ဒါက အသက်ရှူချောင်လာစေမှာလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
အစီရင်ခံစာတွေအရ အစ္စရေးဟာ အီရန်စစ်ပွဲ ပထမ ရက် ၂၀ အတွင်းမှာပဲ စစ်အသုံးစရိတ် ဒေါ်လာ ၆.၄ ဘီလျံအထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ တရက်တာ စစ်ပွဲစရိတ်ကုန်ကျမှုဟာ ခန့်မှန်းချေအားဖြင့် ဒေါ်လာ သန်း ၃၂၀ အထိ ရှိခဲ့ပြီး စစ်ပွဲအတွက် ရရှိထားတဲ့ စုစုပေါင်းဘတ်ဂျက်ဟာ ဒေါ်လာ ၁၂.၅ ဘီလျံရှိပြီး လက်ရှိကုန်ကျမှုနဲ့ နှိုင်းယှဉ်ကာ ဘတ်ဂျက်ကျန်ငွေ ဘယ်လောက်ရှိလဲဆိုတာ ခန့်မှန်းနိုင်လိမ့်မယ်လို့လည်း သတင်းရင်းမြစ်တွေက ထောက်ပြခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများအတွင်း ကူဝိတ်လေတပ်ပိုင် ယူရိုတိုက်လေယာဉ် သုံးစင်း ပျက်စီးသွားပြီး အီတလီလေတပ်ပိုင် နှစ်စင်းကတော့ ပျက်စီးသွားပေမဲ့ ပြန်ပြင်လို့ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
NOM
201
Repost from News Of Myanmar
အီရန်ဝေဟင်ထက်တွင် F-35 တိုက်လေယာဉ်တစ်စင်း ပျက်စီးသွားသည့် အခိုက်အတန့်ကို ရုပ်သံမှတ်တမ်းတွင် မြင်တွေ့ရသည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) - ယနေ့ နံနက်အစောပိုင်း ၂ နာရီ ၅၀ မိနစ်အချိန်တွင် အီရန်နိုင်ငံအလယ်ပိုင်း လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အမေရိကန်စစ်တပ်၏ F-35 တိုက်လေယာဉ်တစ်စင်းကို IRGC လေကြောင်းနှင့် အာကာသတပ်ဖွဲ့၏ ခေတ်မီဆန်းသစ်သော လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်ဖြင့် ပစ်ခတ်ခဲ့ရာ ပြင်းထန်စွာ ထိမှန်ပျက်စီးသွားခဲ့သည်။
အဆိုပါ တိုက်လေယာဉ်၏ နောက်ဆုံးအခြေအနေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပျက်ကျသွားနိုင်ခြေ အလွန်များပြားသည်။
NOM
201
Repost from News Of Myanmar
အမေရိကန်နိုင်ငံ ဘော့စတွန်မာရသွန် ဗုံးဖောက်ခွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ကုသပေးခဲ့တဲ့ ဟားဗတ်တက္ကသိုလ် ခွဲစိတ်ကုသမှုဆိုင်ရာ ပါမောက္ခတစ်ဦးဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်မှာရှိတဲ့ သူရဲ့ "အိမ်မက်အိမ်လေး" အစ္စရေးရဲ့ ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ရုပ်သံဖိုင်ကို မျှဝေခဲ့ပါတယ်။
"အမေရိကန်လက်နက်တွေနဲ့ ဖျက်ဆီးခံရတာပါ။ ကျွန်တော်ကိုယ်တိုင် ပေးဆောင်ထားတဲ့ အခွန်ငွေတွေနဲ့ပဲ ကျွန်တော့်အိမ်ကို ပြန်တိုက်ခိုက်လိုက်သလိုပါပဲ။"
သူ့ဘဝရဲ့ ၇ နှစ်တာ အချိန်ပေးခဲ့ရသမျှတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပျောက်ဆုံးသွားခဲ့ရပါပြီ။
NOM
201
Repost from News Of Myanmar
အစ္စရေးက မီဒီယာများကိုပစ်မှတ်ထားတိုက်ခိုက်
လက်ဘနွန်တောင်ပိုင်းတွင် သတင်းယူနေသော RT သတင်းဌာနမှသတင်းထောက်နှင့်အဖွဲ့ကို အစ္စရေးလေတပ်က ပစ်မှတ်ထားတိုက်ခိုက်သဖြင့် သတင်းထောက်၊ကင်မရာသမားနှင့် သတင်းအဖွဲ့သားအားလုံးဒဏ်ရာရရှိခဲ့သည်။
NOM
201
Repost from News Of Myanmar
တီဟီရန် (အီရန်)မြို့၏ လွှတ်တော်ကိုယ်စားလှယ်က ပြောကြားရာတွင် ကျွန်ုပ်တို့သည် လွှတ်တော်အတွင်း စီမံကိန်းတစ်ခုကို လုပ်ဆောင်နေပြီး ယင်းစီမံကိန်းအရ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများဖြတ်သန်းသွားလာခြင်း၊ စွမ်းအင်သယ်ယူပို့ဆောင်ခြင်းနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် လုံခြုံစိတ်ချရသော လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာနိုင်ငံများသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံထံသို့ အခွန်အခနှင့် လမ်းတံခါးခများ ပေးဆောင်ရန် တာဝန်ရှိမည်ဖြစ်သည်ဟု ဆိုပါသည်။
NOM
201
တောင်ကိုရီးယား အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ စုပေါင်းကာ အီရန်နဲ့ ဆက်စပ်တဲ့ ပဋိပက္ခတွေမှာ တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ပေးဖို့ တောင်ကိုရီးယားအစိုးရကို မနေ့က တောင်းဆိုခဲ့ပါတယ်။
ဆိုးလ်မြို့လယ်က Sejong Center for the Performing Arts အနီးမှာ စုဝေးခဲ့ပြီး အဖွဲ့အစည်းပေါင်း ၆၆၀ နဲ့ လူပုဂ္ဂိုလ်ပေါင်း ၁၇၁၅ ဦးက ပူးတွဲကြေညာချက်တခု ထုတ်ပြန်ခဲ့ကာ အီရန်အပေါ် အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ စစ်ဆင်ရေးကို ရှုတ်ချခဲ့သလို ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ဖို့လည်း အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။
“အီရန်ကိုကျူးကျော်မှုဟာ ဘယ်လိုအခြေအနေမှာမဆို တရားမျှတမှုမရှိနိုင်” လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
News Of Myanmar NOM
201
အရှေ့အလယ်ပိုင်းပဋိပက္ခတွေ မြင့်တက်လာချိန်မှာ တောင်ကိုရီးယားအာဏာပိုင်တွေက စွမ်းအင်ထောက်ပံ့မှုတွေကို ကာကွယ်နိုင်ဖို့ ရုရှားရေနံစိမ်း တင်သွင်းနိုင်ခြေအတွက် ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ စက်မှုဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲဖြစ်ပြီးနောက် ၂၀၂၂ ဒီဇင်ဘာကစပြီး ရုရှားရေနံတင်သွင်းမှုကို ရပ်တန့်ထားခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အခက်အခဲတွေဖြစ်လာပြီး ရုရှားရေနံပိတ်ဆို့မှုကိုလည်း အမေရိကန်က တလကြာ ပယ်ဖျက်ပေးချိန်မှာ ပြန်လည်တင်သွင်းဖို့ လုပ်ဆောင်လာတာပါ။
News Of Myanmar NOM
201
အီရန်စစ်ပွဲအတွက် ကွန်ဂရက်ဆီကနေ ဒေါ်လာ ၂၀၀ ဘီလျံတောင်းခံထားတာကို အတည်ပြုပေးဖို့အတွက် ပင်တဂွန်က အိမ်ဖြူတော်ကို တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အီရန်စစ်ပွဲကို ဆက်ဆင်နွှဲဖို့ အမေရိကန်စစ်တပ်ဟာ ဘတ်ဂျက်အများအပြား ထပ်မံလိုအပ်နေတာကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
