NOM
الذهاب إلى القناة على Telegram
202
المشتركون
-124 ساعات
+17 أيام
-530 أيام
أرشيف المشاركات
202
ဒေါ်နယ်ထရမ့်ကတော့ မူးယစ်ဆေးဝါးပြသနာကို ကိုင်တွယ်ရင်း ဆက်ဆံရေးတင်းမာနေတဲ့ ဗင်နီဇွဲလားကို နောက်ထပ်ခြိမ်းခြောက်မှုတွေ လုပ်ဆောင်လိုက်ပါတယ်။
အမေရိကန်မှာ ရှိနေတဲ့ ဗင်နီဇွဲလား အကျဉ်းသားတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြသနာရှိနေသူအားလုံးကို ချက်ချင်းပြန်ခေါ်ဖို့အတွက် ပြောဆိုလိုက်ပါတယ်။
“ဒီနတ်ဆိုးတွေကြောင့် လူပေါင်းထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်၊ သူတို့ကို ငါတို့ တိုင်းပြည်ကနေ အမြန်ဆုံး ခေါ်ထုတ်ပါ၊ အဲလိုမှမဟုတ်ရင်တော့ မင်းတို့ တွေးတောင်မတွေးမိမယ့် တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်” လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသားပြောဆိုခဲ့ပါတယ်။
NOM
202
Bagram Airbase ကို တာလီဘန်တွေအနေနဲ့ အမေရိကန်ဆီ ပြန်လည်မလွှဲပြောင်းပေးဘူးဆိုရင် မကောင်းတဲ့အရာတွေ ဖြစ်လာလိမ့်မယ်လို့ ထရမ့်က သတိပေးလိုက်ပါတယ်။
NOM
202
အာဖဂန်က Bagram လေတပ်အခြေစိုက်စခန်းကို အမေရိကန်က ပြန်လည်ရရှိလိုတယ်လို့ ထရမ့်က ပြောဆိုခဲ့တာကို တာလီဘန်အရာရှိတဦးက ငြင်းဆန်လိုက်ပါတယ်။
တာလီဘန်နိုင်ငံခြားရေးဌာနရဲ့ အရာရှိတဦးဖြစ်တဲ့ Zakir Jalal က အာဖဂန်မှာ အာဏာလွှဲမယူခင် အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာတည်ရှိမှုအားလုံးကို ထိန်းသိမ်းထားဖို့ ပြောဆိုခဲ့မှုကို ဆက်လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်ခဲ့တာပါ။
NOM
202
အစ္စရေးအတွက် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ထောက်ပံ့ပစ္စည်း၊ လက်နက်တွေအပါအဝင် ဒေါ်လာ ၆.၄ ဘီလီယံတန်ဖိုးရှိတဲ့ စစ်လက်နက်ရောင်းချဖို့ လွှတ်တော်ရဲ့ အတည်ပြုချက်ကို အမေရိကန်က ရယူနေတယ်လို့ နီးစပ်သူတွေက မနေ့က ပြောဆိုခဲ့ကြပါတယ်။ ဂါဇာမှာ အစ္စရေးက အလုံးစုံသိမ်းပိုက်ဖို့ ကြိုးစားနေချိန်မှာ အမေရိကန်ဘက်က ရောင်းချဖို့ အဆိုပြုထားတဲ့ သတင်းထွက်ပေါ်လာပြီး ကုလညီလာခံမတိုင်ခင်မှာလည်း ဒိကိစ္စထွက်ပေါ်လာတာဖြစ်ပါတယ်။
NOM
202
အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ဗင်နီဇွဲလား မူးယစ်လှေတွေကို တတိယအကြိမ်တိုက်ခိုက်မှုအတွင်း ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ထောက်လှမ်းရေးသတင်းအရ မူးယစ်ဆေးတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေလို့ အတည်ပြုနိုင်ခဲ့ပြီးနောက် အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က အမိန့်ပေးခဲ့တယ်လို့ ထရမ့်ကဆိုပါတယ်။ နိုင်ငံတကာရေပိုင်နက်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့လည်း သူက ပြောဆိုခဲ့ပါသေးတယ်။
NOM
202
သောကြာနေ့က ရုရှားစစ်လေယာဉ်တွေဟာ အက်စ်တိုနီးယားလေပိုင်နက်အတွင်းကို ဝင်ရောက်ခဲ့မှုနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးဖို့ အက်စ်တိုးနီးယားက တောင်းဆိုလိုက်ပါတယ်။ ဒီကျူးကျော်မှုကို ရိုင်းစိုင်းတယ်လို့ အက်စ်တိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချခဲ့ပါတယ်။ ရုရှား MiG-31 တိုက်လေယာဉ် ၃ စင်းအထိ အက်စ်တိုနီးယားကောင်းကင်ယံကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့ကာ ဖင်လန်ပင်လယ်ကွေ့မှာ ၁၂ မိနစ်ကြာအောင်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
NOM
202
Marck Zuckerberg တယောက် စမတ်မျက်မှန်တွေကို တင်ဆက်မှုလုပ်နေတဲ့အချိန်အတွင်း ချွတ်ယွင်းမှုတွေကြောင့် တိုင်ပတ်နေခဲ့ပါတယ်။
Ray-Ban Meta စမတ်မျက်မှန်အသစ်ကို မိတ်ဆက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ Al ပါဝါကို အသုံးပြုထားတဲ့ မျက်နှာဟာ ခဏခဏချွတ်ယွင်းချက်တွေ ဖြစ်နေခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ Zuckerberg ဟာ WhatsApp ကနေ ဗီဒီယိုခေါ်ဆိုမှုကို ဖြေဆိုဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
စင်ပေါ်မှာ Zuckerberg တယောက် ၂မိနစ်လောက် မတ်တပ်ရပ်ရင်း “ဒါက တော်တော်လေးဆိုးတာပဲ” ၊ “ဘာပြောရမလဲတောင် မသိတော့ဘူးကွာ” ဆိုပြီး အရှက်ပြေ ပြောနေခဲ့ရပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ပြောဆိုဖို့ လုပ်ချိန်မှာလည်း Al က ချို့ယွင်းမှုဖြစ်ခဲ့ပြန်ပါတယ်။
အဆိုပါ စမတ်မျက်မှန်တလက်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၈၀၀ တန်တယ်လို့ ဆိုပါတယ်။
NOM
202
ဟိုက်ဒရောလစ်အသေးစား ပြသနာဖြစ်ပွားခဲ့လို့ ဒေါ်နယ်ထရမ့်ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ကို လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရတယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။
ဗြိတိန်ကိုရောက်ရှိနေတဲ့ ထရမ့်ဟာ ပြန်လည်ထွက်ခွာဖို့အတွက် အဆိုပါရဟတ်ယာဉ်နဲ့ လန်ဒန်က စတန်းစတက်လေဆိပ်ဆီ သွားနေခဲ့တာပါ။ ဒီနောက် လမ်းကြောင်းမှာ ပြသနာဖြစ်ပွားခဲ့လို့ အခြားလေဆိပ်တခုမှာ ဆင်းသက်ခဲ့ရပြီး သတ်မှတ်ချိန်ထက် မိနစ် ၂၀ ရောက်ကျပြီးမှ စတန်းစတက်လေဆိပ်ကို ရောက်ရှိခဲ့ကာ အခြားသော ကြီးကြီးမားမားပြသနာမရှိခဲ့ဘူးလို့ သိရပါတယ်။
NOM
202
ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ ကူညီပေးမှုနဲ့ ပထမဆုံးထုတ်လုပ်သွားမယ့် ပြည်တွင်းဖြစ်ဒုံးကျည်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသခဲ့ပြီး Barracuda-500 လို့ နာမည်ပေးထားကာ အမေရိကန်ကာကွယ်ရေးကုမ္ပဏီ Anduril နဲ့ ပူးပေါင်းပြီး အလုံးအရင်းထုတ်လုပ်သွားဖို့ ပြင်ဆင်ထားပါတယ်။ ဒီဒုံးကျည်ဟာ prototype အဆင့် ခရုဇ်ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။
NOM
202
ပြင်သစ်သမ္မတမာခရွန်ဟာ သူ့ရဲ့ ဇနီးသည်ဟာ အမျိုးသမီးအစစ်အမှန်ဖြစ်တယ်ဆိုတာကို ဓါတ်ပုံနဲ့ သိပ္ပံဆိုင်ရာအထောက်အထားတွေ ကန်တရားရုံးဆီ တင်ပြသွားမယ်လို့ သူ့ရဲ့ ရှေ့နေက BBC ကို ပြောဆိုလိုက်ပါတယ်။
Brigitte Macron ဟာ အမျိုးသားတဦးအဖြစ်နဲ့ မွေးဖွားခဲ့တယ်လို့ ပြောဆိုခဲ့တဲ့ လက်ယာယိမ်းလှုပ်ရှားတက်ကြွသူ Candace Owens ကို မာခရွန်ဘက်က အသရေဖျက်မှုနဲ့ တရားစွဲဆိုမှုလုပ်ထားရာမှာ တစိတ်တပိုင်းအဖြစ်နဲ့ စာရွက်စာတမ်းတွေကို တင်ပြသွားမှာပါ။
ရှေ့နေရဲ့ ပြောဆိုချက်အရ ဇနီးသည်အပေါ် ဒီလိုပြောဆိုခဲ့တာတွေကြောင့် မာခရွန်က တော်တော်လေးစိတ်မကောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းကတော့ ပြင်သစ်အယူခံတရားရုံးဟာ Brigitte ကို အမျိုးသားဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တဲ့ သတင်းထောက် Natasha Rey ကို တရားသေလွှတ်ပေးခဲ့ပါတယ်။
NOM
202
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ့် ဗြိတိန်ရဲ့ သဘောထားအပေါ် သူ သဘောမတူဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ကို ရောက်ရှိနေပြီး သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ ထရမ့်က ပြောဆိုလိုက်တာပါ။ သူ ရောက်ရှိချိန်အတွင်း ဗြိတိန်နဲ့ အမေရိကန်ကြား သဘောတူညီမှုမရှိတဲ့ အချက်အနည်းငယ်ထဲက တခုဖြစ်တယ်လို့လည်း ထရမ့်က ဆိုခဲ့ပါတယ်။
NOM
202
အမေရိကန်သမ္မတ Trump က အာဖဂန်နစ္စတန်မှာရှိတဲ့ Bagram Airfield ကို တာလီဘန်တွေဆီကပြန်လည်ရယူနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းမယ်လို့ ကြေညာလိုက်ပါတယ်။
"ဟုတ်ပါတယ်၊ အဲဒါက နည်းနည်းတော့ ထူးထူးခြားခြား သတင်းဖြစ်နိုင်တယ်။ သူတို့အနေနဲ့ ကျနော်တို့ဆီကနေ လိုအပ်တဲ့အရာတွေ ရှိနေတာကြောင့်ပါ"
"ငါတို့ ဒီအခြေစိုက်စခန်းကို ပြန်လိုချင်ပါတယ်။"
“အခြေစိုက်စခန်းဟာ တရုတ်ရဲ့ နျူကလီးယားလက်နက်ထုတ်ရာ နေရာနဲ့ဆိုတစ်နာရီလောက်သာ ဝေးကွာပါတယ်"
NOM
202
ဒေါ်နယ်ထရမ့်နဲ့ သူ့ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးမှမရှိဘူးလို့ ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။ လူလာဟာ ထရမ့်ကို မကြာခဏ ဝေဖန်လေ့ရှိသူဖြစ်ပြီး အခွန်စည်းကြပ်မှု ၅၀% အထိ ဘရာဇီးလ်အပေါ် သတ်မှတ်ပြီးနောက် ဆက်ဆံရေးက ပိုမိုဆိုးရွားလာခဲ့တာပါ။
“သူနဲ့ ကျနော့်ကြားမှ ဆက်ဆံမှုမရှိပါဘူး၊ ဘာလို့လဲဆိုတော့ သူ ပထမဆုံးအကြိမ် ရွေးချယ်ခံရတုန်းက ကျနော်က သမ္မတမဟုတ်ဘူး၊ သူက ဘိုဆွန်နာရိုနဲ့ ဆက်ဆံခဲ့တာပါ၊ ဘရာဇီးလ်နဲ့မဟုတ်ပါဘူး၊ သူက အမေရိကန်သမ္မတပါ၊ ကမ္ဘာကြီးရဲ့ အရှင်သခင်မဟုတ်ပါဘူး” လို့ BBC နဲ့ သီးသန့်အင်တာဗျူးမှာ လူလာဒါဆေးလ်ဗားက ပြောဆိုခဲ့ပါတယ်။
NOM
202
စနစ်သစ်အရ ယူကရိန်းဟာ အမေရိကန်ဆီကနေ ပထမဆုံး လက်နက်ထောက်ပံ့ပေးမှုအဖြစ် ဒုံးကျည်တွေ လက်ခံရရှိလိမ့်မယ်လို့ ဇီလင်စကီးက ပြောဆိုလိုက်ပါတယ်။ အမေရိကန်၊ ယူကရိန်းနဲ့ ဥရောပမဟာမိတ်တွေရဲ့ ရန်ပုံငွေသစ် အစီအစဉ် သဘောတူညီချက်အရ လက်ခံရရှိမှာဖြစ်ပြီး ပထမအသုတ်အဖြစ်နဲ့ ရရှိမှာလည်း ဖြစ်ပါတယ်။
NOM
202
နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်ကို ဒေါသထွက်နေခဲ့တဲ့ ပြင်သစ်အမျိုးသားတဦးဟာ ပါလီမန်အမတ်တွေရဲ့ မျိုးဆက်မပွားဖို့အတွက် ရည်ရွယ်ကာ ကွန်ဒုံး ၆၀၀ ကို အမတ်တွေအတွက်ဆိုပြီး ပေးပို့ခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ်မှာ ပြင်သစ်ပြည်သူတွေကလည်း အားတက်သရော ထောက်ခံနေကြကပါတယ်။
Pierrot Zigo လို့ အမည်ရတဲ့ အမျိုးသားက သူ့ရဲ့ စိတ်ပျက်ဒေါသထွက်မှုကို ထုတ်ဖော်ပြောဆိုဖို့ စကားမရှိဘူးလို့ ဆိုခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဆီ ကွန်ဒုံးတွေ ပေးပို့ကာ ဒီလူတွေဆီကနေ မျိုးဆက်မပွားသင့်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ သူက နိုင်ငံတွင်းက ပါတီအားလုံးမှာရှိတဲ့ နိုင်ငံရေးသမားတွေအပေါ်စိတ်ပျက်မိပြီး သူတို့ရရှိထားတဲ့ ရာထူးနဲ့ ထိုက်တန်သူမရှိဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။ “ကျနော်တို့ စံနှုန်းတွေနဲ့ မကိုက်ညီတော့တာ ကြာနေပါပြီ၊ အားလုံးက ဒလိမ့်ခေါက်ကွေး ဖြစ်နေတာပါ” လို့ သူက ဆိုခဲ့ပြီး နိုင်ငံရေးသမားတွေဟာ တခြားသူတွေကို လှောင်ပြောင်စော်ကားပြီး ရယ်စရာကောင်းတဲ့ အရှုပ်တော်ပုံတွေကိုပဲ လုပ်ဆောင်နေတယ်လို့ ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။
NOM
202
ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ Antifa ကို အကြမ်းဖက်အဖွဲ့အဖြစ် ဒေါ်နယ်ထရမ့်က ပစ်မှတ်ထားလိုက်ပါတယ်။
“Antifa ရဲ့ ငွေကြေးထောက်ပံ့မှုတွေကို အမြင့်ဆုံးဥပဒေစံနှုန်းတွေ၊ ကျင့်ထုံးတွေနဲ့အညီ သေချာစုံစမ်းစစ်ဆေးဖို့ အလေးအနက် အကြံပြုချင်ပါတယ်” လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးမယ်လို့လည်း ဆိုခဲ့ပါတယ်။
ဒါဟာ လက်ယာယိမ်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Charlie Kirk လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် လက်ဝဲယိမ်းအုပ်စုတွေကို အရေးယူဖို့ ထရမ့်က အချက်ပြခဲ့ပြီးနောက်မှာ ထပ်မံရေးသားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
NOM
202
အစ္စရေးမှာ လူပေါင်း ၇၅၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပြီး ပါလက်စတိုင်းကို အသိအမှတ်ပြုဖို့၊ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီ အဆိုပြုချက်ကို ဂျူး-အာရပ် grasstoots movement အဖြစ်နဲ့ လုပ်ဆောင်ခဲ့တာစြဖ်ပြီး နိုင်ငံတကာအသိုင်းအဝန်းဆီ စည်းလုံးညီညွှတ်တဲ့ အစ္စရေးသတင်းစကား ပေးပို့နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
NOM
202
လောလောဆယ်မှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဂျပန်က ပြောဆိုလိုက်ပါတယ်။ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး Asahi သတင်းစာက ဖော်ပြခဲ့တာပါ။ ဒါဟာ ပြင်သစ်၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျတို့က ပါလက်စတိုင်းကို အသိအမှတ်ပြုမယ့် ဆန္ဒနဲ့ ဆန့်ကျင်ပေမယ့် တဖက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရှိနေလို့ ဂျပန်အစိုးရက ချိန်ညှိနေရဖွယ်ရှိပါတယ်။
NOM
202
ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ လစ်သူယေးနီးယားဟာ အရွယ်ရောက်ပြီးသူတွေကို ဒရုန်းပျံသန်းပုံ၊ စုဖွဲ့မှုတွေကို သင်ကြားပေးမယ့် ကျောင်း ၉ ကျောင်းကို ဖွင့်လှစ်လိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ခဲ့တာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ခံစစ်စွမး်ရည်ကို တည်ဆောက်ခြင်းနဲ့ ပတ်သက်တယ်လို့ လက်ထောက်ကာကွယ်ရေးဝန်ကြီး Tomas Godiauskas က ပြောဆိုခဲ့ပါတယ်။
NOM
