ar
Feedback
NOM

NOM

الذهاب إلى القناة على Telegram

NOM Official Backup Channel - 2

إظهار المزيد
Myanmar37 735الفئة غير محددة
203
المشتركون
لا توجد بيانات24 ساعات
+37 أيام
-330 أيام
أرشيف المشاركات
NOM
203
ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ သေနတ်သမားရဲ့ နာမည်နဲ့ တူနေခဲ့တဲ့ ဆစ်ဒနီက Naveed Akram ဆိုတဲ့ အမျိုးသားဟာ သူ့ကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိနေလို့ ပုန်းအောင်းနေရကြောင်း လူမှုကွန်ယက်ကနေ ဖွင့်ဟခဲ့ပါတယ်။ သူပါ ပစ်ခတ်ခဲ့သူ ပါကစ္စတန်သား Naveed Akram နဲ့ နာမည်ချင်းတူနေတာဖြစ်ပါတယ်။ NOM

NOM
203
အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘွန်ဒီကမ်းခြေအနီးက မွတ်စလင်သုဿန်ထဲကို ဝက်ခေါင်းတွေ ပစ်ထည့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ N
အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘွန်ဒီကမ်းခြေအနီးက မွတ်စလင်သုဿန်ထဲကို ဝက်ခေါင်းတွေ ပစ်ထည့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
203
BREAKING: Bondi ကမ်းခြေပစ်ခတ်မှုမှာ သေဆုံးသူ ၁၂ ဦးအထိ တိုးမြှင့်လာပြီး ကလေးတဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ - သေနတ်သမားနှစ်ဦးကို ရဲတွေက မဖမ်းဆီးနိုင်ခင် အရပ်သားတဦးက သေနတ်သမားတဦးဆီက သေနတ်ကို ဝင်ရောက်လုယူခဲ့ပါတယ်။ - သေနတ်သမားတဦး နေရာမှာတင် သေဆုံးခဲ့ပြီး ဒုတိယတဦးကိုတော့ ဒဏ်ရာနဲ့ ဖမ်းမိခဲ့ပါတယ်။ သူတို့ယူဆောင်လာတဲ့ ကားတစီးပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေပါဝင်လာတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ NOM

NOM
203
🇦🇺 သာမန်ဘေးလူတစ်ယောက်က ဆစ်ဒနီကမ်းခြေမှာ အကြမ်းဖက်သေနတ်သမားတစ်ယောက်ကို နောက်ကနေ လိုက်ဖမ်းပြီး သေနတ်ကို ဝင်လုနေခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်သေနတ်သမားဟာ ထွက်ပြေးဖို့တောင် ကြိုးစားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ NOM

NOM
203
ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ သားကောင်တဦးဖြစ်ခဲ့ပြီး ကံကောင်းစွာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ Arsen Ostrovsk
ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ သားကောင်တဦးဖြစ်ခဲ့ပြီး ကံကောင်းစွာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ Arsen Ostrovsky ကိုယ်တိုင် တင်ထားတဲ့ ရုပ်ပုံဖြစ်ပါတယ်။ NOM

NOM
203
ဘွန်ဒီကမ်းခြေပစ်ခတ်မှုရဲ့ အကြမ်းဖက်တဦးဟာ ပါကစ္စတန်ဖွား Naveed Akram ဆိုသူဖြစ်ကာ ၂၀၀၁ ဖွားမြင်ကာ အသက် ၂၄ နှစ်အ ရွယ်လို့ ဩစတြေး
+2
ဘွန်ဒီကမ်းခြေပစ်ခတ်မှုရဲ့ အကြမ်းဖက်တဦးဟာ ပါကစ္စတန်ဖွား Naveed Akram ဆိုသူဖြစ်ကာ ၂၀၀၁ ဖွားမြင်ကာ အသက် ၂၄ နှစ်အ ရွယ်လို့ ဩစတြေးလျမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ NOM

NOM
203
+1
Bondi ကမ်းခြေပစ်ခတ်ခံရမှုအတွင်းမှာ ကနဦးသတင်းတွေအရ ၅ ဦးသေဆုံးခဲ့ကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ "Jewish Hanukkah Festival" ပွဲ ကျင်းပနေချိန်အတွင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ NOM

NOM
203
ဆီးရီးယားမှာ IS သေနတ်သမားတဦးရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၂ဦးနဲ့ ကန်အရပ်သား ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့တ
ဆီးရီးယားမှာ IS သေနတ်သမားတဦးရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၂ဦးနဲ့ ကန်အရပ်သား ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ US Central Command က ပြောဆိုခဲ့ပါတယ်။ နောက်ထပ် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားလည်း တိုက်ခိုက်ခံခဲ့ရကာ သေဆု့းခဲ့တယ်လို့ ဆိုပါတယ်။ အလွန်ပြင်းထန်တဲ့ လက်စားချေမှုရှိလာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ဆီးရီးယားအစိုးရကလည်း ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ NOM

NOM
203
+1
ဩစတြေးလျက Bondi ကမ်းခြေမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ အနားယူအပန်းဖြေနေသူတွေ ၀ရုန်းသုန်းကားနဲ့ ထွက်ပြေးခဲ့ရပါတယ်။ ပစ်ခတ်ခံခဲ့ရသူတွေ များပြားတယ်လို့ သိရကာ သေနတ်သမား ၂ ဦးကို ပြန်လည်ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကာ အဆိုပါဧရိယာကို ရှောင်ရှားဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ NOM

NOM
203
Kim Jong Un welcomes DPRK troops from 120-day deployment in Russia’s Kursk region Kursk ဒေသမှာ ရုရှားအတွက် ဝင်ရောက်တိုက်ခိုက်ပေးပြီး ရက်ပေါင်း ၁၂၀ အကြာမှာ ပြန်လည်ရောက်ရှိလာတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ကို ကင်ဂျုံအန်က ကြိုဆိုခဲ့ပါတယ်။ သူရဲကောင်းတွေအဖြစ် သူက ချီးကျူးခဲ့ပြီး ပရော်ဖက်ရှင်နယ်ဆန်မှု၊ သစ္စာရှိမှုနဲ့ အမိန့်နာခံသူတွေလို့ ပြောဆိုခဲ့ ပါတယ်။ မြောက်ကိုရီးယား စစ်အင်ဂျင်နီယာတွေဟာ မိုင်းရှင်းလင်းရေးတွေကိုပါ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ NOM

NOM
203
Kharkov ဒေသမှာ ယူကရိန်းအတွက် ကိုလံဘီယာကြေးစားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်ရေးသမားတွေ ပါဝင်တဲ့ ယူနစ်တခုကို ချ
Kharkov ဒေသမှာ ယူကရိန်းအတွက် ကိုလံဘီယာကြေးစားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်ရေးသမားတွေ ပါဝင်တဲ့ ယူနစ်တခုကို ချေမှုန်းနိုင်ခဲ့တယ်လို့ ရုရှားက အတည်ပြုခဲ့ပါတယ်။ သူတို့ရုပ်အလောင်းကို ပြန်ယူဖို့ ကိုလံဘီယာအစိုးရက ငြင်းဆန်ခဲ့ပြီးနောက် ယူကရိန်းဘက်က မီးရှို့သဂြိုလ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ NOM

NOM
203
မင်နီဆိုတာပြည်နယ်က အောက်လွှတ်တော်အမတ် အီဟန် အိုမာဟာ အမေရိကန်နိုင်ငံသားဖြစ်ခွင့် အမြန်ရယူချင်တာကြောင့် အစ်ကိုဖြစ်သူနဲ့ လက်ထပ်ခ
မင်နီဆိုတာပြည်နယ်က အောက်လွှတ်တော်အမတ် အီဟန် အိုမာဟာ အမေရိကန်နိုင်ငံသားဖြစ်ခွင့် အမြန်ရယူချင်တာကြောင့် အစ်ကိုဖြစ်သူနဲ့ လက်ထပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ သူမရဲ့ ဒုတိယမြောက် ခင်ပွန်းဟောင်း အာမက်အယ်လ်မီက လက်ရှိ တောင်အာဖရိကမှာ ရှိနေပါတယ်။ အိုမာဟာ အာမက် အယ်လ်မီနဲ့ ၂၀၀၉ ကနေ ၂၀၁၇ ခုနှစ်အထိ လက်ထပ်ခဲ့ပြီး အမှန်တကယ် ညီအစ်ကိုမောင်နှမများဖြစ်ကာ အီဟန် နိုင်ငံသားဖြစ်ခွင့် ပိုမိုမြန်ဆန်စေဖို့ လက်ထပ်ခဲ့ကြတယ်လို့ ကောလာဟလများစွာ ထွက်ပေါ်ခဲ့ပါတယ်။ “သူမက အမေရိကန်ကို ဝင်ခွင့်ရဖို့အတွက် သူ့အစ်ကိုနဲ့ လက်ထပ်ခဲ့တာ မဟုတ်လား” လို့ ထရမ့်က အခု အပတ်အစောပိုင်းက ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ စုဝေးပွဲတစ်ခုအတွင်း မေးမြန်းခဲ့ကာ “ကျွန်တော်တို့ သူ့ကို မောင်းထုတ်သင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။ NOM

NOM
203
ယူကရိန်းမှာ ရွေးကောက်ပွဲတွေပြုလုပ်ဖို့ ထရမ့်က တိုက်တွန်းလိုက်ပြီး ဇယ်လင်စကီးကလည်း အသင့်ရှိကာ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ NOM
ယူကရိန်းမှာ ရွေးကောက်ပွဲတွေပြုလုပ်ဖို့ ထရမ့်က တိုက်တွန်းလိုက်ပြီး ဇယ်လင်စကီးကလည်း အသင့်ရှိကာ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ NOM

NOM
203
ထရမ့်အစိုးရဟာ လာမယ့်နှစ်အတွင်း ထရမ့်ရုပ်ပုံပါ တဒေါ်လာတန် အကြွေစေ့တွေ ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။ NOM
ထရမ့်အစိုးရဟာ လာမယ့်နှစ်အတွင်း ထရမ့်ရုပ်ပုံပါ တဒေါ်လာတန် အကြွေစေ့တွေ ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။ NOM

NOM
203
ထိုင်း-ကမ္ဘောဒီးယား နယ်စစ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီမနက်ပိုင်းမှာ ထိုင်းစစ်သားနှစ်ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း ၉ ဦးအထိ သ
ထိုင်း-ကမ္ဘောဒီးယား နယ်စစ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီမနက်ပိုင်းမှာ ထိုင်းစစ်သားနှစ်ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း ၉ ဦးအထိ သေဆုံးခဲ့ပြီလို့ သိရပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေဟာ ညလုံးပေါက်ပြင်းထန်ခဲ့ပြီး ပိုမိုဆိုးရွားလာဖွယ် ရှိနေပါတယ်။ NOM

NOM
203
အမေရိကန်ဟာ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင့်မပေးခင် ခရီးသည်တွေရဲ့ ၅ နှစ်တာ လူမှုကွန်ယက်မှတ
အမေရိကန်ဟာ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင့်မပေးခင် ခရီးသည်တွေရဲ့ ၅ နှစ်တာ လူမှုကွန်ယက်မှတ်တမ်းတွေကို ပြသဖို့အတွက် တောင်းဆိုသွားဖွယ်ရှိနေပါတယ်။ အီလက်ထရွန်းနစ်ခရီးသွားခွင့်ပြုချက် (ESTA) ပုံစံကို ဖြည့်သွင်းရမှာဖြစ်ပြီး အမေရိကန်ကို ဗီဇာမလိုဘဲ ရက်ပေါင်း ၉၀ လည်ပတ်ခွင့်ရှိတဲ့ နိုင်ငံများစွာက ခရီးသွားတွေအပေါ် ဒီစနစ်က သက်ရောက်မှာပါ။ ဒီလိုလုပ်ဆောင်တာဟာ အတားအဆီးဖြစ်နိုင်တယ် ဒါမှမဟုတ် ဒစ်ဂျစ်တယ်အခွင့်အရေးတွေကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေက ဝေဖန်နေကာ တိုင်းပြည်တွင်း ခရီးသွားဝင်ရောက်မှုကို သိသိသာသာကျဆင်းစေနိုင်တယ်လို့လည်း ထောက်‌ပြပေမယ့် ထရမ့်ကတော့ စိတ်မပူဘူးလို့ ဆိုပါတယ်။ “လူတွေ ဒီကိုလာရင် ဘေးကင်းစေချင်တယ်၊ ကျနော်တို့လည်း ဘေးကင်းချင်တယ်၊ လုံခြုံရေးလိုချင်တာပါ၊ မှားယွင်းတဲ့လူတွေ ကျနော်တို့နိုင်ငံထဲ မဝင်လာအောင် သေချာစေဖို့ပါ” လို့ ထရမ့်က ဆိုပါတယ်။ အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကိုတို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၈ လော့အိန်ဂျလိစ် အိုလံပစ်ပွဲတော်တွေကို လက်ခံကျင်းပမှာဖြစ်ပြီး နိုင်ငံခြားခရီးသွား အများအပြားလာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ NOM

NOM
203
ချမ်းသာတဲ့ နိုင်ငံခြားသားတွေအတွက် အမေရိကန်ဗီဇာတွေကို ပေးမယ့် အစီအစဉ်ကို ထရမ့်က စတင်လိုက်ပါပြီ။ ကန်ဒေါ်လာ ၁ သန်းအထိ ပေးချေရမှာ
ချမ်းသာတဲ့ နိုင်ငံခြားသားတွေအတွက် အမေရိကန်ဗီဇာတွေကို ပေးမယ့် အစီအစဉ်ကို ထရမ့်က စတင်လိုက်ပါပြီ။ ကန်ဒေါ်လာ ၁ သန်းအထိ ပေးချေရမှာဖြစ်ပြီး Gold Card လို့ တင်စားထားကာ နိုင်ငံသားဖြစ်ခွင့်အတွက် တိုက်ရိုက်လမ်းကြောင်းကို ပေးနိုင်မှာဖြစ်တယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် ထရမ့်က ပြောဆိုခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ကာ အခုတော့ အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ တိုင်းပြည်အတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်တယ်လို့ သက်သေပြနိုင်သူတွေကို ချီးမြှင့်တတဲ့ အမေရိကန်ဗီဇာတခုလို့လည်း ဆိုနိုင်ပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ခြင်းအပါအဝင် လူဝင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုကို အရှိန်မြှင့်နေချိန်မှာ ဒီအစီအစဉ် ပေါ်ပေါက်လာတာဖြစ်ပြီး ငွေကြေးချမ်းသာကြွယ်၀သူတွေအတွက်တော့ စိတ်ဝင်စားစရာဖြစ်လာမှာ သေချာပါတယ်။ NOM

NOM
203
ဗင်နီဇွဲလားကမ်းလွန်မှာ ရေနံတင်သင်္ဘောတစင်းကို အမေရိကန်က ပိတ်ဆို့သိမ်းဆည်းလိုက်တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ ဝါရှင်တန်နဲ
ဗင်နီဇွဲလားကမ်းလွန်မှာ ရေနံတင်သင်္ဘောတစင်းကို အမေရိကန်က ပိတ်ဆို့သိမ်းဆည်းလိုက်တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ ဝါရှင်တန်နဲ့ ကာရာကက်စ်ကြား တင်းမာမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာနေပြီး ဗင်နီဇွဲလားဘက်က ဒီသိမ်းဆည်းခံရမှုအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ NOM

NOM
203
ဂါဇာက အစ္စရေးသုံ့ပန်းအများစုဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရတယ်လို့ IDF ရဲ့ ဓါးစာခံပြန်လည်ရရှိရေး အကြီးအကဲဟောင
ဂါဇာက အစ္စရေးသုံ့ပန်းအများစုဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရတယ်လို့ IDF ရဲ့ ဓါးစာခံပြန်လည်ရရှိရေး အကြီးအကဲဟောင်း Nitzan Alon က ပြောဆိုခဲ့ပါတယ်။ NOM

NOM
203
‘စစ်ပွဲဆိုတာ ဘယ်တော့မှ ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး၊ ပဋိပက္ခကို လျှော့ချဖို့ ကျနော်တို့ အမြဲတမ်းကြိုးစားနေပြီး ညှိနှိုင်းဖို့အတ
‘စစ်ပွဲဆိုတာ ဘယ်တော့မှ ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး၊ ပဋိပက္ခကို လျှော့ချဖို့ ကျနော်တို့ အမြဲတမ်းကြိုးစားနေပြီး ညှိနှိုင်းဖို့အတွက်လည်း တံခါးဖွင့်ထားပါတယ်” - RT နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Pen Bona က ပြောဆိုခဲ့တာပါ။ NOM