ar
Feedback
NOM

NOM

الذهاب إلى القناة على Telegram

NOM Official Backup Channel - 2

إظهار المزيد
Myanmar38 251الفئة غير محددة
201
المشتركون
لا توجد بيانات24 ساعات
-17 أيام
-830 أيام
أرشيف المشاركات
NOM
201
Repost from News Of Myanmar
🇮🇷🇺🇸အီရန်-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် အီရန်နိုင်ငံသည် ၎င်း၏ ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး ယူရေနီယံသန့်စင်မှု ရပ်ဆိုင်းရေးကိစ္စကိုလည်း လုံးဝရှောင်လွှဲခဲ့သည်" ဟု Al Hadath သတင်းဌာနက ဖော်ပြသည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷🇺🇸 "မိမိတို့၏ သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်၊ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ထပ်မံပြုလုပ်ရန် အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့စလုံးက ဆုံးဖြတ်ခဲ့ကြသည်" ဟု သိရသည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷🇺🇸🇴🇲🇨🇭 အမေရိကန်-အီရန် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲပြီးဆုံး အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား သွယ်ဝိုက်သောနည်းလမ်းဖြင့် ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုများကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်)၌ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ပြီးဆီးခဲ့သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷 အမေရိကန်သမ္မတ၏ ခြိမ်းခြောက်မှုများအပေါ် အီရန်အဓိပတိ၏ တုံ့ပြန်မှု အီရန်ဘာသာရေးခေါင်းဆောင် အီမာမ် ခါမေနီ (Imam Khamenei) သည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) နံနက်ပိုင်းက အရှေ့အဇာဘိုင်ဂျန်မှ ပြည်သူများနှင့် တွေ့ဆုံစဉ်အတွင်း အောက်ပါအတိုင်း ပြောကြားခဲ့သည် - "အမေရိကန်တပ်မတော်ဟာ ကမ္ဘာ့အင်အားအကောင်းဆုံး တပ်မတော်ဖြစ်တယ်လို့ သူတို့သမ္မတက ထပ်တလဲလဲ ပြောနေတာကို ကြည့်ရင် ဒါဟာ သူတို့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပါပဲ။ ကမ္ဘာ့အင်အားအကောင်းဆုံး တပ်မတော်ဆိုတာဟာလည်း တစ်ခါတရံမှာ ပြန်ထူမနိုင်တော့လောက်အောင် ပြင်းထန်တဲ့ ရိုက်နှက်မှုကို ခံရတတ်ပါတယ်။" "အီရန်နိုင်ငံဘက်ကို စစ်သင်္ဘောတစ်စီး စေလွှတ်လိုက်ပြီလို့ သူတို့ ခဏခဏ ပြောနေကြတယ်။ ဟုတ်ပါတယ်၊ စစ်သင်္ဘောဆိုတာ တကယ့်ကို အန္တရာယ်ရှိတဲ့ လက်နက်တစ်ခုပါ။ ဒါပေမဲ့ အဲဒီစစ်သင်္ဘောထက် ပိုပြီးအန္တရာယ်ရှိတာကတော့ အဲဒီစစ်သင်္ဘောကို ပင်လယ်ကြမ်းပြင်အောက်ရောက်အောင် နစ်မြှုပ်ပစ်နိုင်တဲ့ လက်နက်ပဲ ဖြစ်ပါတယ်။" "အမေရိကန်သမ္မတက သူ့ရဲ့ လတ်တလောမိန့်ခွန်းတစ်ခုမှာ အမေရိကန်ဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) ကို ဖျက်ဆီးဖို့ ၄၇ နှစ်တိုင်တိုင် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သူ့ရဲ့ပြည်သူတွေကို ညည်းတွားပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ ၄၇ နှစ်ကြာအောင် အီရန်ကို မဖြိုဖျက်နိုင်ခဲ့ဘူးဆိုတာဟာ ကောင်းမွန်တဲ့ ဝန်ခံချက်တစ်ခုပါပဲ။ ကျွန်တော် ပြောချင်တာကတော့ - ခင်ဗျားတို့ နောင်လည်း ဒါကို လုပ်နိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။" News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🛩လက်ရှိတွင် F-16 တိုက်လေယာဉ် ၃၆ စီးနှင့် F-22 တိုက်လေယာဉ် ၁၂ စီးတို့သည် အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်ထွက်ခွာရန် ပြင်ဆင်နေကြပြ
+1
🛩လက်ရှိတွင် F-16 တိုက်လေယာဉ် ၃၆ စီးနှင့် F-22 တိုက်လေယာဉ် ၁၂ စီးတို့သည် အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ဥရောပရှိ အာဗီယာနို (Aviano) နှင့် စပန်းဒါးလန်း (Spangdahlem) လေတပ်စခန်းများမှ F-16 တိုက်လေယာဉ် ၁၂ စီးစီနှင့် မက်အင်းတိုင်ယာ (McEntire) ပူးတွဲအမျိုးသားအစောင့်တပ်ဖွဲ့စခန်းမှ ၁၂ စီးတို့ ပါဝင်ကြောင်း သိရသည်။ F-22 ရက်ပ်တာ (Raptors) တိုက်လေယာဉ်များသည် လန်ဂလေ (Langley) လေတပ်စခန်းမှ စတင်ထွက်ခွာသွားပြီဖြစ်သည်။ News Of Myanmar NOM

NOM
201
တရုတ်နိုင်ငံမှာ နွေဦးပွဲတော်အဖြစ် မီးရှူးမီးပန်းတွေ ပစ်လွှတ်ကာ ထွန်းလင်းနေတဲ့ မြင်ကွင်းပါ။ တမြို့လုံးမှာ မီးရှူးမီးပန်းတွေနဲ့ လင်းလက်တောက်ပနေပြီး ဒီလိုမျိုး မီးရှူးမီးပန်းပြပွဲတွေနဲ့ တရုတ်က သူတို့ရဲ့ ရိုးရာဓလေ့တွေကို ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
ဗြိတိန်ဟာ ၂၀၃၀ မှာ ကိုယ်ပိုင်ငွေပေးချေမှုတခုကို စတင်ဖို့အတွက် ရည်ရွယ်နေပါတယ်။ အမေရိကန်က Visa နဲ့ Mastercard တွေ ဖြတ်တောက်မယ့်
ဗြိတိန်ဟာ ၂၀၃၀ မှာ ကိုယ်ပိုင်ငွေပေးချေမှုတခုကို စတင်ဖို့အတွက် ရည်ရွယ်နေပါတယ်။ အမေရိကန်က Visa နဲ့ Mastercard တွေ ဖြတ်တောက်မယ့်အပေါ် လန်ဒန်က စိုးရိမ်နေခဲ့ပြီး အဲဒါကို တန်ပြန်ဖို့အတွက် ရည်ရွယ်ထားတာပါ။ သန်ဘက်ခါမှာ အဆိုပါပြသနာကို ဆွေးနွေးဖို့အတွက် ဗြိတိန် ထိပ်တန်းဘဏ်အမှုဆောင်အရာရှိတွေက အစည်းအဝေးပြုလုပ်သွားမယ်လို့လည်း The Guardian က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ဗြိတိန်နိုင်ငံတွင်း ကတ်ငွေပေးငွေယူမှုတွေရဲ့ ၉၅%ကို အမေရိကန်ငွေပေးချေမှုစနစ်တွေကနေ လုပ်ဆောင်နေတာပါ။ ဒါသာ ဖြတ်တောက်ခံရမယ်ဆိုရင် ဗြိတိန်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေဆီ ပြန်ရောက်သွားလိမ့်မယ်လို့ သတင်းရင်းမြစ်တခုကလည်း ဆိုပါတယ်။ News Of Myanmar NOM

NOM
201
အီကွေဒေါမှာ ဂိုဏ်းအချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ “ခိုးယူခြင်းကို တားမြစ်တယ်” လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်အနီးမှာ
အီကွေဒေါမှာ ဂိုဏ်းအချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ “ခိုးယူခြင်းကို တားမြစ်တယ်” လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်အနီးမှာ လူ့ဦးခေါင်း ၈ ခုကို ချိတ်ဆွဲထားတာ မြင်တွေ့ခဲ့ရပါတယ်။ ကမ်းရိုးတန်းပြည်နယ် Guayas မှာ ထိတ်လန့်စရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုဖြစ်ခဲ့ပြီး ရာဇဝတ်ဂိုဏ်းတွေကြား ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ Guayas ပြည်နယ်ဟာ အီကွေဒေါမှာ မူးယစ်မှောင်ခိုအဖွဲ့ကြား သွေးထွက်သံယိုနဲ့ အငြင်းပွားမှုတွေ အများဆုံး ဖြစ်ပွားနေတဲ့ အဓိကနေရာတခုဖြစ်ပါတယ်။ ဒီလူ ၈ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ခေါင်းတွေပါ ဖြတ်တောက်ခဲ့ယ်လို့ ရဲတွေက ယုံကြည်ထားပြီး ပြီးခဲ့တဲ့လအတွင်းကလည်း ခရီးသွားကမ်းခြေတခုမှာ လူခေါင်း ၅ ခု ချိတ်ဆွဲထားတာကို တွေ့ရှိပြီးနောက် ဒီအဖြစ်အပျက်က ထပ်မံထွက်ပေါ်လာတာပါ။ News Of Myanmar NOM

NOM
201
အမေရိကန်နိုင်ငံ၊ Pawtucket က Rhode Island က ရေခဲပြင်ဟော်ကီပွဲတခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး
အမေရိကန်နိုင်ငံ၊ Pawtucket က Rhode Island က ရေခဲပြင်ဟော်ကီပွဲတခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ ၃ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ သံသယရှိသူ သေနတ်သမားဟာ ပစ်ခတ်မှုလုပ်ခဲ့ပြီးနောက် ကိုယ့်ကိုကိုယ် သေနတ်နဲ့ ပြန်လည်ပစ်ခတ်ကာ သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း Pawtucket ရဲတပ်ဖွဲ့အကြီးအကဲက တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မိသားစုအငြင်းပွားမှုကြောင့် ပစ်မှတ်ထားတိုက်ခိုက်မှုလို့ ယူဆရကြောင်းလည်း သူက ထပ်ပြောခဲ့ပြီး အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ်မှုက စတင်ဖြစ်ပွားခဲ့ပြီး သေနတ်သမားဟာ ၆ စက္ကန့်အတွင်း သေနတ် ၁၃ ချက်အထိ အမြန်ပစ်ခတ်ကာ ဟော်ကီပွဲပရိသတ်တွေနဲ့ ကျောင်းသားအားကစားသမားတွေလည်း ပုန်းအောင်းပြီး အမြန်ပြေးထွက်ခဲ့ကြရတယ်လို့ သိရပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🏆 "မြူးနစ် ၂၀၂၆ အမှတ်တရဆုများ" ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကကျင်းပခဲ့သော ၂၀၂၆ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှ လူပြောများခ
🏆 "မြူးနစ် ၂၀၂၆ အမှတ်တရဆုများ" ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကကျင်းပခဲ့သော ၂၀၂၆ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှ လူပြောများခဲ့သည့် ဖြစ်ရပ်များကို Politico သတင်းဌာနက" မြူးနစ် ၂၀၂၆ ဆုများ" (Munich 2026 awards) ဟု အမည်ပေးကာ ဟာသနှော၍ အောက်ပါအတိုင်း ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်- ၁။ အပြောင်မြောက်ဆုံး ဖက်ရှင်အခိုက်အတန့် (Cheekiest fashion moment) — ဝုဖ်ဂန်း အစ်ရှင်ဂါ (Wolfgang Ischinger) မြူးနစ်လုံခြုံရေးညီလာခံ ဥက္ကဋ္ဌ ဝုဖ်ဂန်း အစ်ရှင်ဂါသည် ၎င်း၏ မိန့်ခွန်းကို ပြင်သစ်သမ္မတ မက်ခရွန် အား ရယ်စရာအဖြစ် ဂုဏ်ပြုသည့်အနေဖြင့် နေကာမျက်မှန်တပ်ကာ စတင်ခဲ့သည်။ NOM ​၏ ထပ်မံဖြည့်စွက်ချက်= မက်ခရွန်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဒါးဗို့စ် (Davos) တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် နောက်ပိုင်းပွဲစဉ်များတွင် နေကာမျက်မှန်ကို တပ်ဆင်ထားခဲ့သည်။ နေကာမျက်မှန်တပ်ဆင်ရသည့်အကြောင်းရင်းမှာ မက်ခရွန်​၏ ညာဘက်မျက်လုံးတွင် သွေးကြောပေါက်သည့် ဝေဒနာခံစားခဲ့ရခြင်းကြောင့် ဖြစ်ပြီး ၎င်း၏မျက်လုံးသည် အလွန်နီမြန်းနေပြီး ဖောင်းကြွနေသည့်အတွက် ရုပ်ဆိုးနေမည်ကို စိုးရိမ်သဖြင့် လူအများကြားတွင် နေကာမျက်မှန်ဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ၂။ အဆိုးရွားဆုံး စကားအသုံးအနှုန်း (Most colorful language) — လင်ဆေး ဂရေဟမ် (Lindsey Graham) "ဂရင်းလန်း (Greenland) ကို ဘယ်သူပိုင်ပိုင် ဘယ်သူက ဂရုစိုက်မှာလဲ" ဟု အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်က POLITICO Pub တွင် မေးခွန်းထုတ်ခဲ့ပြီး "ငါတော့ ဂရုမစိုက်ဘူး" ဟု ၎င်း၏မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။ ၃။ အရိုးသားဆုံး မျက်နှာအမူအရာ (Worst poker face) — ကာဂျာ ကားလပ်စ် (Kaja Kallas) ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဝေါ့ဇ် (Mike Waltz) က ဝါရှင်တန်(အမေရိကန်) သည် စစ်ပွဲအမြောက်အမြားကို အဆုံးသတ်နိုင်ခဲ့သည်ဟု ကြွားဝါနေချိန်တွင် ဥရောပသမဂ္ဂ​၏ လက်ရှိ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလပ်စ်သည် ၎င်း၏ သံသယဖြစ်မှုကို မဖုံးဖိနိုင်ခဲ့ပေ။ နှုတ်ခမ်းကိုစူပြီး ပါးကိုဖောင်းလိုက် သည့် သူမ၏ တုံ့ပြန်မှုပုံရိပ်သည် အင်တာနက်ပေါ်တွင် ချက်ချင်းပင် ရေပန်းစားသွားခဲ့သည်။ ၄။ အထူးဆန်းဆုံး ပုံပြင်များ (Weirdest anecdotes) — မာ့ခ် ရုတေး (Mark Rutte) လက်ရှိ နေတိုးအဖွဲ့​၏ အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေးသည် ပြီးခဲ့သည့်နှစ်က သမ္မတထရန့် (Trump) ကို ရည်ညွှန်းရာတွင် "ဒယ်ဒီ" (Daddy) ဟု သုံးနှုန်းခဲ့သဖြင့် ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သည်။ ထိုသို့မှားယွင်းပြောဆိုမိခြင်းမှာ ၎င်း၏ အင်္ဂလိပ်စာ ညံ့ဖျင်းခြင်းကြောင့်ဟု အပြစ်ပုံချခဲ့သည်။ ထို့အပြင် မာ့ခ်ရုတေးက မိမိ၏ မျက်လုံးကို စိုက်ကြည့်ကာ "ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး" ဟု ပြောခဲ့သည့် ယူကရိန်းခွေးတစ်ကောင်အကြောင်း ပုံပြင်ကိုလည်း ပြောပြခဲ့သည်။ NOM ​၏ထပ်မံဖြည့်စွက်ချက်= မာ့ခ်ရုတေးက သမ္မတ ထရန့်ကို "ဒယ်ဒီ" ဟု ခေါ်ဆိုခဲ့သည့် ဖြစ်ရပ် သည်၂၀၂၅ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့သော နေတိုးထိပ်သီးဆွေးနွေးပွဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို ထရန့်က ကျောင်းဝင်းအတွင်း ကလေးနှစ်ယောက် ရန်ဖြစ်နေသကဲ့သို့ တင်စားပြောဆိုခဲ့သည်။ ထိုစဉ် မာ့ခ် ရုတေးက ရယ်မောလျက် "တစ်ခါတလေကျရင် သူတို့ ရပ်သွားအောင် ဖေဖေ (Daddy) က ပြင်းထန်တဲ့ စကားလုံးမျိုး သုံးရတတ်တယ်" ဟု ဝင်ရောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းခွေးနှင့် ပတ်သက်သည့် ပုံပြင် မာ့ခ် ရုတေးသည် ယူကရိန်းနိုင်ငံသို့ သွားရောက်စဉ်က တွေ့ကြုံခဲ့ရသည့် ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို ပြန်လည်ပြောပြခဲ့ခြင်း ဖြစ်သည်။ ရုတေးသည် ယူကရိန်းရှိ ပျက်စီးနေသော ရပ်ကွက်တစ်ခုသို့ ရောက်ရှိနေစဉ် လမ်းဘေးခွေးတစ်ကောင်ကိုတွေ့ခဲ့သည်။ ထိုခွေးသည် ၎င်း၏ မျက်လုံးကို တည့်တည့်စိုက်ကြည့် ပြီး "ကျွန်တော်တို့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး" ဟု ပြောနေသကဲ့သို့ ခံစားရကြောင်း ရုတေးက ဆိုသည်။ ၅။ အသိသာဆုံး လျစ်လျူရှုမှု (Most notable diss) — ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) အီတလီဝန်ကြီးချုပ် မယ်လိုနီသည် ယခုသီတင်းပတ်ကုန်တွင် ကျင်းပသည့် ညီလာခံသို့ တက်ရောက်ခြင်းမရှိဘဲ အာဖရိကသို့ သံတမန်ရေးရာ ခရီးစဉ်သွားရောက်ကာ ညီလာခံကို လျစ်လျူရှုခဲ့သည်။ News Of Myanmar NOM

NOM
201
အနောက်အာဖရိကက အစ္စလာမစ်စစ်သွေးကြွတွေနဲ့ အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတေဲ့ ဒေသခံတပ်ဖွဲ့တွေကို ပံ့ပိုးပေးဖို့အ
အနောက်အာဖရိကက အစ္စလာမစ်စစ်သွေးကြွတွေနဲ့ အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတေဲ့ ဒေသခံတပ်ဖွဲ့တွေကို ပံ့ပိုးပေးဖို့အတွက် ကန်တပ်ဖွဲ့ဝင် ၁၀၀ ဟာ နိုင်ဂျီးရီးယားကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ တနင်္လာနေ့က ရောက်ရှိခဲ့တယ်လို့ နိုင်ဂျီးရီးယားစစ်တပ်က ပြောဆိုခဲ့ပါတယ်။ ဝါရှင်တန်နဲ့ အဘူဂျာကြား ပိုမိုကျယ်ပြန့်တဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် ရောက်ရှိခဲ့တာပါ။ နိုင်ဂျီးရီးယားအစိုးရကလည်း အကြမ်းဖက်မှုတွေကို ရင်ဆိုင်ဖို့ လေ့ကျင့်ရေး၊ နည်းပညာပံ့ပိုးမှုနဲ့ ထောက်လှမ်းရေးမျှဝေမှုတို့အတွက် အကူအညီတောင်းခဲ့တယ်လို့ AP က ဖော်ပြခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
ဘီလျံနာသူဌေးကြီး တောမ်ပရစ်ဇ်ကာ (Tom Pritzker) နှင့် လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) တို့၏ ဆက်နွှယ်မှုမ
ဘီလျံနာသူဌေးကြီး တောမ်ပရစ်ဇ်ကာ (Tom Pritzker) နှင့် လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) တို့၏ ဆက်နွှယ်မှုများကို အမေရိကန် တရားရေးဌာနမှ ဖိုင်တွဲသစ်များထုတ်ပြန်ခဲ့ပြီးနောက် တောမ်ပရစ်ဇ်ကာ သည် ဟိုင်းယတ်ဟိုတယ်များ (Hyatt Hotels) ၏အမှုဆောင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
✈️ "SpaceX နှင့် Elon Musk ၏ xAI တို့ ပင်တဂွန်၏ ဒရုန်းအုပ်စုထိန်းချုပ်ရေးနည်းပညာ (Swarm Drone Control) စာချုပ်အတွက် ယှဉ်ပြိုင
✈️ "SpaceX နှင့် Elon Musk ၏ xAI တို့ ပင်တဂွန်၏ ဒရုန်းအုပ်စုထိန်းချုပ်ရေးနည်းပညာ (Swarm Drone Control) စာချုပ်အတွက် ယှဉ်ပြိုင်" 👉 ဒရုန်းအုပ်စုလိုက် ထိန်းချုပ်နိုင်မည့် နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဤပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ သန်း ၁၀၀ သတ်မှတ်ထားကာ ခန့်မှန်းခြေ ခြောက်လခန့် ကြာမြင့်မည်ဖြစ်သည်။ ယင်း၏ ရည်မှန်းချက်မှာ လေကြောင်းနှင့် ပင်လယ်ပြင်ရှိ ဒရုန်းအမြောက်အမြားကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ရန်အတွက် လူ၏ "အသံဖြင့်စေခိုင်းချက်" များကို "ဒစ်ဂျစ်တယ်ညွှန်ကြားချက်" များအဖြစ် ပြောင်းလဲပေးနိုင်မည့် ဆော့ဖ်ဝဲလ်ကို ဖန်တီးရန်ဖြစ်သည်။ ၎င်းတွင် ပစ်မှတ်ကို အလိုအလျောက် နောက်ယောင်ခံလိုက်နိုင်သည့် စနစ်လည်း ပါဝင်သည်။ 👉ဒရုန်းအများအပြားကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည့် နည်းပညာမှာ လက်ရှိတွင် ရှိနှင့်နေပြီဖြစ်သော်လည်း၊ ပစ်မှတ်တစ်ခုကို နောက်ယောင်ခံလိုက်နေစဉ် လေကြောင်းနှင့် ရေပြင်ရှိ ဒရုန်းအုပ်စုများကို အလိုအလျောက် ရွေ့လျားထိန်းချုပ်နိုင်မည့် ဆော့ဖ်ဝဲလ်ကို တီထွင်ရန်မှာမူ ခက်ခဲနက်နဲသော စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
"......အမေရိကန်စစ်သည်များသေဆုံးရကျိုးနပ်" စစ်လိုလားသော အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် (Lindsey Graham) က အီရန်နိုင်ငံကို တိုက်ခိုက်ရန်နှင့် အစိုးရအပြောင်းအလဲလုပ်ရန်အတွက်ဆိုလျှင် အမေရိကန်စစ်သည်များ သေဆုံးရကျိုးနပ်သည်ဟုပြောကြားလိုက်သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷 🔥 🇺🇸 အမေရိကန် / အီရန် အရေးသတင်း- E-3 စင်ထရီ (Sentry) အမျိုးအစား ဝေဟင် အခြေစိုက် ကြိုတင်သတိပေးရေးနှင့် ထိန်းချုပ်ရေးလေ
🇮🇷 🔥 🇺🇸 အမေရိကန် / အီရန် အရေးသတင်း- E-3 စင်ထရီ (Sentry) အမျိုးအစား ဝေဟင် အခြေစိုက် ကြိုတင်သတိပေးရေးနှင့် ထိန်းချုပ်ရေးလေယာဉ် (AEW&C) နှစ်စီးသည် အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်ရှိ Elmendorf လေတပ်စခန်းမှ ထွက်ခွာသွားပြီး အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်ပျံသန်းနေပြီ ဖြစ်သည်။ E-3 စင်ထရီ (Sentry) လေယာဉ်များသည် အီရန်နိုင်ငံအပေါ် အကြီးစားဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အမေရိကန်တို့ လိုအပ်နေသည့် စစ်လက်နက်ပစ္စည်းများထဲမှ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိမလာသေးဘဲ ကျန်ရှိနေသည့် နောက်ဆုံးလက်နက်အမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။ မှတ်ချက်: အဆိုပါ E-3 လေယာဉ်များသည် ဝေဟင်မှနေ၍ ရေဒါဖြင့် စောင့်ကြည့်ခြင်းနှင့် တိုက်လေယာဉ်များကို ကွပ်ကဲခြင်းတို့တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇺🇸🏦📈 "Bank of America က တင်ပြတဲ့ အမေရိကန် လွှတ်တော် ဘတ်ဂျက်ရုံး (CBO) ရဲ့ ကိန်းဂဏန်း အချက်အလက်များအရ အမေရိကန် အမျိုးသားကြ
🇺🇸🏦📈 "Bank of America က တင်ပြတဲ့ အမေရိကန် လွှတ်တော် ဘတ်ဂျက်ရုံး (CBO) ရဲ့ ကိန်းဂဏန်း အချက်အလက်များအရ အမေရိကန် အမျိုးသားကြွေးမြီဟာ လက်ရှိ ရှိနေတဲ့ ဒေါ်လာ ၃၉ ထရီလီယံကနေ တစ်နှစ်ကို ဒေါ်လာ ၂.၄ ထရီလီယံနှုန်းနဲ့ တိုးလာနေပြီး ၂၀၃၆ ခုနှစ်မှာ ဒေါ်လာ ၆၄ ထရီလီယံအထိ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။" News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷 🚢"ဟော်မုဇ် ရေလက်ကြားကို စမတ်စနစ်ဖြင့် ထိန်းချုပ်ရေး" လေ့ကျင့်ခန်းကို အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ဦးဆောင်ပြီး ဗိုလ်ချုပ်ကြီး မိုဟာမက် ပတ်ခ်ပါ (Mohammad Pakpour) ၏ ကြီးကြပ်မှုဖြင့် ယခုအခါ စတင်ကျင်းပနေပြီ ဖြစ်သည်။ မဟာဗျူဟာမြောက် ဟော်မုဇ် ရေလက်ကြားတွင် ပြုလုပ်သည့် ဤစစ်ရေးလေ့ကျင့်မှုသည် စစ်ဆင် ရေးဆိုင်ရာ အသင့်ဖြစ်မှု၊ ရေကြောင်းလုံခြုံရေး စီမံချက်များ ချမှတ်မှုနှင့် ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုများကို လျင်မြန်စွာ တုံ့ပြန်နိုင်မှုတို့အပေါ် အဓိကထား လုပ်ဆောင် ခြင်းဖြစ်သည်။ ယင်းသည် ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ပြင် အတွင်း တည်ငြိမ်အေးချမ်းမှုကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
⚠️📊⚛️🌎 "နျူကလီးယားဓာတ်ပေါင်းဖိုများ အများဆုံး တည်ဆောက်နေသည့် နိုင်ငံများ" 🇨🇳 တရုတ်နိုင်ငံသည် လုံးဝဦးဆောင် နေသည့်နိုင်ငံဖြ
⚠️📊⚛️🌎 "နျူကလီးယားဓာတ်ပေါင်းဖိုများ အများဆုံး တည်ဆောက်နေသည့် နိုင်ငံများ" 🇨🇳 တရုတ်နိုင်ငံသည် လုံးဝဦးဆောင် နေသည့်နိုင်ငံဖြစ်ပြီး လက်ရှိတွင် နျူကလီးယားဓာတ်ပေါင်းဖိုပေါင်း ၃၈ ခုကို တည်ဆောက်လျက်ရှိသည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷 🇨🇭 အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ခ်ချီ (Abbas Araqchi) နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အ
🇮🇷 🇨🇭 အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ခ်ချီ (Abbas Araqchi) နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့ဆီ (Rafael Grossi) တို့သည် ယခုအခါ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
👍🩸 🇪🇺"ယူကရိန်းပြည်သူတွေဟာ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားနေကြပါတယ်။ တစ်ဖက်မှာတော့ ဥရေ
👍🩸 🇪🇺"ယူကရိန်းပြည်သူတွေဟာ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားနေကြပါတယ်။ တစ်ဖက်မှာတော့ ဥရောပဟာ ရုရှားရဲ့ရန်ကနေ ကာကွယ်ရေးစနစ် တည်ဆောက်ဖို့ အချိန်ရအောင် ယူကရိန်းကို လုံခြုံရေးဒိုင်းသဖွယ် ဆက်အသုံးချဖို့ ရှုမြင်နေကြပါတယ်။" - ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ဟောင်း အန်ဒရေ မဲလ်နစ်ခ် (Andrey Melnyk) က ဒီ ဗဲ့လ်ထ် (Die Welt) သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ News Of Myanmar NOM

NOM - إحصائيات وتحليلات قناة تيليجرام @nomnewsofmyanmar