NOM
الذهاب إلى القناة على Telegram
201
المشتركون
لا توجد بيانات24 ساعات
-17 أيام
-830 أيام
أرشيف المشاركات
201
Repost from News Of Myanmar
အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန် သည် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ် နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးမှုတွင် အမေရိကန်၏ ကျူးကျော်ရန်စမှုများ ထပ်မံပေါ်ပေါက်လာပါက အီရန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတ ပီဇက်ရှ်ကီယန်က ဝန်ကြီးချုပ်အား အသိပေး ပြောကြားခဲ့သည်။
NOM
201
Repost from News Of Myanmar
အီရန်ကုန်တင်သင်္ဘောတစ်စီးကို အမေရိကန်က ပစ်ခတ်သိမ်းဆည်းခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ရေဇာ အာမီရီ မိုဂါဒမ် Reza Amiri Moghadam က သူ၏ X (Twitter) လူမှုကွန်ရက်စာမျက်နှာတွင် အောက်ပါအတိုင်း ပို့စ်ကိုရေးတင်ခဲ့သည်။
"ခင်ဗျားတို့အနေနဲ့ နိုင်ငံတကာဥပဒေတွေကို ဆက်တိုက်ချိုးဖောက်နေတာ ပိတ်ဆို့မှုတွေကို ပိုမိုတင်းကျပ်လာတာ အီရန်နိုင်ငံအပေါ် နောက်ထပ်စစ်ရာဇဝတ်မှုတွေ ကျူးလွန်မယ်လို့ ခြိမ်းခြောက်နေတာအကျိုးအကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေကို ဇွတ်အတင်းလုပ်နေတာ စကားလုံးတွေနဲ့ အချိန်ဆွဲနေတာတွေအပြင် 'သံတမန်ရေးရာ' ကို ဖော်ဆောင်နေပါတယ်လို့ ဟန်ဆောင်နေတာမျိုးတွေကို ဆက်လုပ်လို့မရပါဘူး။
ရေတပ်ပိတ်ဆို့မှုရှိနေသရွေ့တော့ ပဋိပက္ခအက်ကြောင်းတွေကလည်း ရှိနေဦးမှာပဲ ဖြစ်ပါတယ်။"
NOM
201
Repost from News Of Myanmar
အီရန်ကုန်တင်သင်္ဘောကို အမေရိကန်ရေတပ်က ပစ်ခတ်သိမ်းဆည်းမှုနှင့်ပတ်သက်၍ ထရမ့်ကသူ၏ ထရု(ပ်) ဆ်ုရှယ်မီဒီယာအကောင့်တွင် အောက်ပါအတိုင်းရေးတင်ခဲ့သည်။
"ဒီနေ့မှာတော့ လေယာဉ်တင်သင်္ဘောတစ်စီးနီးပါး အလေးချိန်ရှိပြီး အရှည်ပေ ၉၀၀ နီးပါးရှိတဲ့ အီရန်အလံလွှင့်ထူထားတဲ့ တူးစ်ကာ TOUSKA အမည်ရ ကုန်တင်သင်္ဘောကြီးဟာ ကျွန်ုပ်တို့ရဲ့ ရေတပ်ပိတ်ဆို့မှုကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အတွက်တော့ အခြေအနေမကောင်းခဲ့ပါဘူး။
အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ယူအက်စ်အက်စ် စပရူရန့်စ် USS SPRUANCE ဟာ အိုမန်ပင်လယ်ကွေ့အတွင်းမှာ တူးစ်ကာ သင်္ဘောကို ကြားဖြတ်တားဆီးခဲ့ပြီး ရပ်တန့်ဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အီရန်သင်္ဘောသားတွေက နားမထောင်ဘဲ ငြင်းဆန်ခဲ့တာကြောင့် ကျွန်ုပ်တို့ရဲ့ ရေတပ်သင်္ဘောဟာ အဆိုပါကုန်တင်သင်္ဘောရဲ့ အင်ဂျင်ခန်းကို ပစ်ခတ်ပြီး လမ်းခုလတ်မှာတင် ရပ်တန့်အောင် လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေက အဲဒီသင်္ဘောကို ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
တူးစ်ကာ သင်္ဘောဟာ ယခင်က တရားမဝင် လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ ရာဇဝင်ရှိတာကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းသွင်းခံထားရတဲ့ သင်္ဘောဖြစ်ပါတယ်။ အခုတော့ ကျွန်ုပ်တို့ဟာ အဲဒီသင်္ဘောကို အပြည့်အဝ သိမ်းဆည်းထိန်းချုပ်ထားပြီး သင်္ဘောပေါ်မှာ ဘာတွေပါလာသလဲဆိုတာကို စစ်ဆေးနေပါတယ်။"
NOM
201
Repost from News Of Myanmar
🚨 Breaking
အီရန်က ဟော်မုဇ် ရေလက်ကြား ကို ပြန်ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း ကြေညာ၊ အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းမှသာ ပြန်ဖွင့်မည်ဟုဆို
အီရန်နိုင်ငံက အမေရိကန်၏ ရေတပ်ပိတ်ဆို့မှု ကို ပြန်လည်မရုပ်သိမ်းမချင်း ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
အီရန်၏ ခွင့်ပြုချက်မရှိဘဲ ရေလက်ကြားကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် သင်္ဘောနှစ်စင်းကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ပစ်ခတ်သတိပေးခဲ့သဖြင့် အဆိုပါသင်္ဘောများမှာ နောက်ကြောင်းပြန်လှည့်သွားခဲ့ရသည်။
NOM
201
ဧပြီ ၁၇ ရက်နေ့က ရုရှားဟာ စစ်ဘက်ဆိုင်ရာ ဂြိုလ်တု ၃ လုံးကို အာကာသထဲ လွှတ်တင်လိုက်ပါတယ်။ Plesetsk စစ်ဘက်ဆိုင်ရာ အာကာသစခန်းကနေ လွှတ်တင်ခဲ့ကာ ပစ်မှတ်ပတ်လမ်းတွေထဲ ရောက်ရှိခဲ့ပြီး ရုရှားအာကာသတပ်ဖွဲ့တွေဆီ ထိန်းချုပ်မှုကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Netanyahu) ရဲ့ သတင်းပြန်ကြားရေးရုံး ညွှန်ကြားရေးမှူးအသစ် အီလီ ဟာဇန် (Eli Hazan) က သူဟာ ဆက်သွယ်ရေးဗျူဟာတစ်ခုအနေနဲ့ သတင်းမှားတွေကို တမင်တကာ လုပ်ကြံဖန်တီးလေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ သူက "အမှန်တရားဆိုတာ အရေးမကြီးတော့ပါဘူး။ အချက်အလက်တွေကလည်း အရေးမပါတော့ပါဘူး။ ကျွန်တော်တို့တွေ ထရမ့် (Trump) လိုမျိုး ဖြစ်ဖို့ပဲ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
NOM
201
+1
Wisconsin ကနေ Oklahoma အထိ အမေရိကန်နိုင်ငံသား ၃၅ သန်းကျော်ဟာ သောကြာနေ့က ပြည်နယ်များစွာကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းများအပါအဝင် ပြင်းထန်တဲ့ မုန်တိုင်းတွေပါဝင်တဲ့ ရာသီဥတုဆိုးရွားမှုကို ရင်ဆိုင်နေရတယ်လို့ ABC News က ဆိုပါတယ်။
သောကြာနေ့ညနေအစောပိုင်းအထိ ပြည်နယ် ၅ ခုမှာ လေဆင်နှာမောင်း ၁၂ ခု ဖြစ်ပွားခဲ့ပြီး အီလီနွိုက်စ်မှာလည်း မြေပြင်လေဆင်နှာမောင်းတခု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့ပြီး အသေအပျောက် သတင်းမရသေးပေမယ့် ဓါတ်အားလိုင်းတွေပြတ်တောက်ခဲ့တယ်လို့လည်း သိရပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
ဧပြီလ ၁၇၊ ၂၀၂၆
"ဈေးကွက်ခြယ်လှယ်မှုသောကြာနေ့ (ဧပြီ ၁၇)" မှ ကြိုဆိုပါတယ်။
ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ စီစဉ်ထားပြီးမှ ပြန်လှည့်သွားကြရတဲ့ သင်္ဘောအရေအတွက် ဘယ်လောက်တောင် များနေပြီလဲဆိုတာကိုသာ ကြည့်လိုက်ကြပါတော့။
NOM
201
+3
ပြီးခဲ့တဲ့ ကြာသပတေးနေ့က လက်နက်ကိုင်ဓါးပြအုပ်စုတခုဟာ အီတလီနိုင်ငံ၊ နေပယ်လ်မြို့က Credti Agricole ဘဏ်ခွဲမှာ လူ ၂၅ ဦးကို ဓါးစာခံလုပ်ကာ ဓါးပြတိုက်သွားခဲ့ပါတယ်။ ဒီနောက်မှာ သူတို့က ဘဏ်ကြမ်းပြင်ကို အပေါက်ဖောက်ခဲ့ပြီး မြို့တော် မိလ္လာရေမြောင်းပိုက်လိုင်းကတဆင့် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
အတိအကျ မသတ်မှတ်ရသေးတဲ့ အဖိုးတန်ပစ္စည်းအများအပြားကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဘဏ်မှာ ငွေသားသိမ်းဆည်းခြင်းမရှိတာကြောင့် ပစ္စည်းတွေကိုသာ ယူဆောင်သွားခဲ့ပြီး စုံစမ်းရေးမှူးတွေကတော့ ဘဏ်ခွဲအတွင်းလူတဦးရဲ့ ပူးပေါင်းမှုကြောင့်လို့ ယူဆနေပါတယ်။
ဘဏ်အတွင်းကို ဝင်ရောက်ခဲ့ပုံနဲ့ များပြားလှတဲ့ လူတွေကို နာရီနဲ့ချီအောင် ဓါးစာခံလုပ်၊ ထိန်းသိမ်းခဲ့တာကို ဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတာကို စုံစမ်းနေဆဲဖြစ်ပါတယ်။ လူအသေအပျောက်နဲ့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရကာ ဒီ ဓါးပြတိုက်မှုဟာ ရုပ်ရှင်ကားတကားလိုပဲ ဖြစ်တယ်လို့ နေပယ်လ်မြို့တော်ဝန်က မှတ်ချက်ပြုခဲ့ပါတယ်။
News Of Myanmar NOM
201
အမေရိကန်ရဲ့ ကျူးကျော်ရန်စလာမှာကို မလိုလားပေမယ့်လည်း လိုအပ်လာမယ်ဆိုရင် စစ်ပွဲဆင်နွှဲဖို့ အသင့်ရှိတယ်လို့ ကျူးဘားသမ္မတ မီဂွယ်လ်ဒီယက်ဇ်ကာနယ်က ပြောဆိုခဲ့ပါတယ်။
“ဒီအချိန်က စစ်ရေးကျူးကျော်မှုအပါအဝင် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြဖို့ ကျနော်တို့ ထပ်တောင်းဆိုပါတယ်၊ ဒီလိုဖြစ်လာမှာကို မလိုလားပါဘူး၊ ဒါပေမယ့် ရှောင်ရှားဖို့အတွက် ပြင်ဆင်ထားဖို့၊ ကျူးကျော်တာမျိုး မလွဲမသွေဖြစ်လာရင် အနိုင်ယူနိုင်ဖို့က ကျနော်တို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်” လို့ ဧပြီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျူးဘားတော်လှန်ရေးရဲ့ ဆိုရှယ်လစ်အနှစ်သာရ ကြေငြာချက် ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ တက်ရောက်လာတဲ့ လူထုကို သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
ဂါဇာမြို့အလယ်ပိုင်းတွင် ရဲတပ်ဖွဲ့သုံး မော်တော်ယာဉ်တစ်စီးကို အစ္စရေးက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးပြီး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့သည်။
ဂါဇာတွင် အစ္စရေးတို့ကျူးလွန်နေသော လူမျိုးတုံးသတ်ဖြတ်မှုများသည် ရပ်တန့်သွားခြင်းမရှိသေးပေ။
NOM
201
Repost from News Of Myanmar
အမေရိကန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုထံ နေ့စဉ်အစီရင်ခံစာတင်ပြနေရမှု နှင့် ပတ်သက်၍ အီရန် ဒုသမ္မတ၏ ပြောကြားချက်
နေတန်ယာဟု (Netanyahu) က ပြောကြားရာတွင် အမေရိကန်ဒုသမ္မတ "ဗန့်စ် (Vance) သည် အစ္စလာမ်မာဘတ် (ပါကစ္စတန်) မှ အပြန်ခရီးတွင် သူနေ့စဉ်ပြုလုပ်နေကျအတိုင်း ကျွန်ုပ်ထံသို့ အစီရင်ခံစာ တင်ပြခဲ့သည်" ဟု ဆိုသည်။
သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးသည် အခြားအစိုးရခေါင်းဆောင်တစ်ဦးထံသို့ "နေ့စဉ်အစီရင်ခံစာများ" ပေးပို့နေရခြင်းဖြစ်သည်။
ဤသည်မှာ ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ထက် (အမေရိကန်၏) ဖွဲ့စည်းပုံယန္တရားတစ်ခုလုံး အရှက်တကွဲ အရှုံ့ချခံနေရခြင်းပင် ဖြစ်သည်။
အိမ်ဖြူတော်သည် အခြားအစိုးရတစ်ခုအတွက် "အစီရင်ခံစာတင်ပြရာ ဌာနခွဲ" တစ်ခုသဖွယ် ဖြစ်နေသည်ကို အမေရိကန်ပြည်သူများ သိရှိကြပါသလား။
NOM
201
Repost from News Of Myanmar
ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်နှင့် ဒရုန်းများ၏ ရန်ကိုကြောက်သဖြင့် တာဝန်ထမ်းဆောင်ရမည့် နေရာသို့သွားရန် အမေရိကန်လေယာဉ်တင်သင်္ဘောသည် အာဖရိကတိုက်ကြီးတစ်ခုလုံးကို ပတ်၍ ခုတ်မောင်းနေရ
အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့ချ် အိတ်ချ် ဒဘလျူ ဘုရှ် (USS George H.W. Bush) သည် အန်ဆာအလ္လာဟ် (ဟူသီ) လက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ပင်လယ်နီကို ရှောင်ကွင်းကာ အာဖရိကတိုက်ကို ပတ်ပြီး အနောက်အာရှသို့ သွားရာ လမ်းကြောင်းရှည်ကို ရွေးချယ်မောင်းနှင်နေရသည်။
ဗာ့ဗ် အယ်လ်-မန်ဒပ် (Bab al-Mandeb) ရေလက်ကြားကို ဖြတ်သန်းမည့်အစား အဆိုပါ လေယာဉ်တင်သင်္ဘောသည် တစ်လနီးပါး ကြာမြင့်မည့် လမ်းလွှဲကို အသုံးပြုနေခြင်းဖြစ်သည်။
ဤသည်မှာ ပုံမှန်မဟုတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ပင်လယ်နီတောင်ဘက် ထွက်ပေါက်တွင် အမေရိကန်၏ ရေတပ်အင်အားကို စိန်ခေါ်နိုင်စွမ်းရှိလာသည့် ယီမင်၏ တိုးတက်လာသော စွမ်းဆောင်ရည်ကို မီးမောင်းထိုးပြနေသည်။
အဆိုပါ လေယာဉ်တင်သင်္ဘော ဘုရှ် သည် ဒေသတွင်းရှိ လေယာဉ်တင်သင်္ဘော လင်ကွန်း နှင့် ပူးပေါင်းပြီး အမေရိကန် လေယာဉ်တင်သင်္ဘော နှစ်စင်းအင်အားဖြင့် ပင်လယ်ပြင်တွင် အခြေစိုက်တပ်စွဲရန် မျှော်မှန်းထားသော်လည်း အမေရိကန်၏ အင်အားအကောင်းဆုံး စစ်သင်္ဘောများသည် ဟူသီလက်နက်ကိုင်တို့နှင့် မတွေ့စေရန် လမ်းကြောင်းလွှဲနေရခြင်းမှာ ပင်လယ်ပြင်ရှိ အင်အားချိန်ခွင်လျှာကို စမ်းသပ်ခံနေရခြင်းပင် ဖြစ်သည်။
NOM
201
+2
ဝါရင့်လေယာဉ်မှူးကြီးတဦးဟာ သူ့ရဲ့ လေယာဉ်မောင်းနှင်မှု နောက်ဆုံးခရီးစဉ်ကို ပျံသန်းခဲ့ချိန်အတွင်း သူ့ရဲ့ ဇာတိမြို့ Keflavik မှာ အိမ်တွေနဲ့ အထက် မီတာအနည်းငယ်အကွာကနေ မောင်းနှင်မှုအတွက် စုံစမ်းစစ်ဆေးခံနေရပါတယ်။
အိုက်စလန်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဘိုးရင်း 757 လေယာဉ်ကို မောင်းနှင်ကာ အငြိမ်းစားယူမှာကို ဂုဏ်ပြုဖို့ သူက ကြိုးစားခဲ့တာပါ။ ကပ္ပတိန် Olafur Bragason ဆိုသူဖြစ်ပြီး သူဟာ လေယာဉ်မောင်းနှင်မှုကို နှစ်ပေါင်း ၄၀ ကျော် လုပ်ကိုင်ခဲ့ပြီး အသက် ၆၅ နှစ်အရွယ်မှာ အငြိမ်းစားယူတော့မှာလည်းဖြစ်ပါတယ်။
ဖရန့်ဖတ်ကနေ အိုက်စလန်ကို ပျံသန်းလာတဲ့ စီးပွားဖြစ်လေကြောင်းခရီးစဉ်ဖြစ်ပြီး ဇာတိမြို့အပေါ် ဖြတ်သန်းချိန်မှာ သူက လုပ်ဆောင်ခဲ့တာပါ။ ဒေသခံတွေဟာ လေယာဉ်ပျက်ကျတယ်ထင်ပြီး စိုးရိမ်ထိတ်လန့်ခဲ့ကြကာ ကံကောင်းစွာနဲ့ ဘယ်သူမှ မထိခိုက်ခဲ့ဘဲ Keflavik လေဆိပ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်။
Icelandair အကြီးအကဲတွေကတော့ လေယာဉ်မှူးရဲ့ မိုက်မဲမှုကို ဒေါသထွက်နေပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေးလျက်ရှိကာ လေကြောင်းလိုင်းရဲ့ သဘောတူညီချက်မရှိဘဲ လုပ်ဆောင်ခဲ့တာလို့ မှတ်ချက်ပြုခဲ့ပါတယ်။
News Of Myanmar NOM
201
ရှန်ကျန်းစက်မှုဇုန်က BYD လျှပ်စစ်ကားကုမ္ပဏီရဲ့ ကားပါကင်တခုမှာ ဒီနေ့မနက်ပိုင်းက မီးလောင်မှုတခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကားပါကင်ဟာ စမ်းသပ်ကားတွေနဲ့ စွန့်ပစ်ကားတွေအတွက် ပါကင်နေရာဖြစ်ပြီး မီးငြိမ်းသတ်နိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံအား ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှုကို စတင်ပြီး တစ်ရက်မပြည့်မီမှာပင် ဆော်ဒီအာရေဗျနိုင်ငံက ထိုပိတ်ဆို့မှုကို ရပ်တန့်ရန် အမေရိကန်သမ္မတ ထရမ့်ကို ဖိအားပေးနေကြောင်း WSJ (Wall Street Journal) က ဖော်ပြသည်။
ထိုသို့ ပိတ်ဆို့ခြင်းကြောင့် ဟူသီလက်နက်ကိုင်များက ပင်လယ်နီနှင့် ဘပ်အယ်လ်မန်ဒက် (Bab Al-Mandab) ရေလက်ကြားတို့တွင် ပဋိပက္ခများကို ပိုမိုအရှိန်မြှင့်လာစေနိုင်ကြောင်း ဆော်ဒီက သတိပေးထားသည်။
NOM
201
Repost from News Of Myanmar
နယ်သာလန်နိုင်ငံရဲ့ ဘုရင်နဲ့ မိဖုရားကို "အမေရိကန် ယေရှု"(ထရမ့်) နဲ့ သူ့ရဲ့ ဆလားဗစ်လူမျိုး ဇနီးသည်တို့က အဖြူရောင်ဘုရားကျောင်း (အိမ်ဖြူတော်) မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းအား ယေရှုခရစ်တော်အဖြစ် ပုံဖော်ထားသည့် ပုံတစ်ပုံကို လူမှုကွန်ရက်တွင်တင်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြောကြားချက်မှာ
"ကျွန်တော်ကတော့ အဲဒီပုံထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဖော်ထားတာလို့ ထင်နေတာ။"
NOM
201
Repost from News Of Myanmar
ဝေဖန်မှုများကြောင့် ဒေါ်နယ်ထရမ့်ဟာ သူ့ကိုယ်သူ ယေရှုခရစ်တော်အဖြစ် AI နည်းပညာအသုံးပြု၍ ဖန်တီးထားတဲ့ ပုံကို ၎င်း၏ ထရု(သ်) ဆိုရှယ်မီဒီယာ အကောင့်ကနေ ဖယ်ရှားလိုက်ပါတယ်။
NOM
201
Repost from News Of Myanmar
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံအပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှုတွင် ဗြိတိန်က ပါဝင်မည် မဟုတ်ကြောင်း ယနေ့အစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် ယခုအခါ သြစတြေးလျနိုင်ငံကလည်း ၎င်းတို့အနေဖြင့် ထိုပိတ်ဆို့မှုတွင် ပါဝင်မည်မဟုတ်ကြောင်း ထပ်မံကြေညာလိုက်သည်။
NOM
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
