NOM
الذهاب إلى القناة على Telegram
201
المشتركون
لا توجد بيانات24 ساعات
-17 أيام
-830 أيام
أرشيف المشاركات
201
Repost from News Of Myanmar
စစ်ဆင်ရေး "True Promise 4" (Wave 89) ဒုတိယအဆင့် အသေးစိတ် ထုတ်ပြန်ချက်
ဧပြီ ၁၊ ၂၀၂၆
အီရန်တော်လှန်ရေးအစောင့်တပ် IRGC ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက် -
စစ်မြေပြင်သုံးသပ်ချက် - ကျွမ်းကျင်သူများနှင့် မျက်မြင်သက်သေများ၏ အဆိုအရ ယနေ့အရုဏ်တက်ချိန်မှစ၍ "အစ္စရေး" ၏ ဗဟိုချက်နှင့် အနောက်အာရှဒေသအသီးသီးသို့ အီရန်၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှု ပြင်းထန်နှုန်းမှာ တဲလ်အဗီး နှင့် ဝါရှင်တန်တို့က "၉၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပြီ" ဟု ပြောဆိုနေသော ပြောဆိုချက်များကို ချေဖျက်နေပါသည်။
ရေတပ်စစ်ဆင်ရေး - ယနေ့နံနက်စောစောပိုင်းမှစ၍ အီရန်တော်လှန်ရေးအစောင့်တပ် ရေတပ်သည် ပဲ့ထိန်းဒုံးကျည်များ၊ ကာဒါ Qadir ခရုဇ်ဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ ကျယ်ပြန့်သော စစ်ဆင်ရေး (၅) ခုကို ဆောင်ရွက်ခဲ့ပြီး အမေရိကန်-ဇီယွန်ဝါဒီ ရန်သူများ၏ အဓိက စစ်ရေးပစ်မှတ်များကို ဖျက်ဆီးနိုင်ခဲ့သည်။
"အဓိက တိုက်ခိုက်ခံရသည့် ပစ်မှတ်များ"
ရေဒါစနစ်များ - ယူအေအီး (UAE) နှင့် ပင်လယ်ပြင်ရှိ အဆောက်အအုံတစ်ခုတွင် တပ်ဆင်ထားသော အမေရိကန်တို့၏ ကြိုတင်သတိပေးလေကြောင်းရေဒါစနစ် (၂) ခုကို တိကျစွာ ဖျက်ဆီးနိုင်ခဲ့သည်။
ဆီတင်သင်္ဘော - ပါရှန်းပင်လယ်ကွေ့ အလယ်ပိုင်းတွင် အစ္စရေးပိုင် အာကွာ-၁ "Aqua 1" အမည်ရှိ ဆီတင်သင်္ဘောကို ဒုံးကျည်ဖြင့် ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်ရှိတွင် မီးလောင်ကျွမ်းလျက်ရှိသည်။
ဘာရိန်းရှိ လျှို့ဝှက်စခန်း - ဘာရိန်းနိုင်ငံရှိ အမေရိကန် အမှတ် ၅ ရေတပ် ဧရိယာအပြင်ဘက်ရှိ လျှို့ဝှက်စုရပ်ကို ဒရုန်းနှင့် ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ အဆင့်မြင့်အရာရှိ အများအပြား ဒဏ်ရာရရှိပြီး မာနာမာ မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ထားရသည်။
အယ်လ်-အဒိုင်ရီ Al-Adairi အခြေစိုက်စခန်း - ချီနွတ် (Chinook) ရဟတ်ယာဉ်များ ပြင်ဆင်ရေးစင်တာနှင့် ခဲယမ်းမီးကျောက် ဂိုဒေါင်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။
လေယာဉ်တင်သင်္ဘော - အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းရှိ အေဘရာဟမ် လင်ကွန်း "Abraham Lincoln" လေယာဉ်တင်သင်္ဘောအုပ်စုကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါသင်္ဘောအုပ်စုမှာ ယခင်နေရာမှ အိန္ဒိယသမုဒ္ဒရာအတွင်းပိုင်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။
ထိခိုက်သေဆုံးမှု - ယူအေအီးရှိ အမေရိကန်အရာရှိများ၏ လျှို့ဝှက်စုရပ်ကို တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း (၃၇) ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထောက်လှမ်းရေးသတင်းများအရ အတည်ပြုနိုင်ခဲ့သည်။
ဟော်မုဇ်ရေလက်ကြား - အဆိုပါ ရေလက်ကြားအခြေအနေကို IRGC ရေတပ်က အပြည့်အဝ ထိန်းချုပ်ထားပြီး အမေရိကန်သမ္မတ၏ မည်သည့် ဟန်ပြလုပ်ရပ်မျိုးဖြင့်မဆို ရန်သူများအတွက် လမ်းဖွင့်ပေးမည်မဟုတ်ကြောင်း အီရန်ပြည်သူများကို အသိပေးအပ်သည်။
NOM
201
Repost from News Of Myanmar
"သူတို့ စားကြတယ်၊ ဒုံးကျည်သတိပေးသံကို စောင့်ကြတယ်၊ ပြီးတော့ ပိုက်ဆံမရှင်းဘဲ ထွက်ပြေးကြတယ်"
အစ္စရေးနိုင်ငံတွင် စားသောက်ဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများသည် ၎င်းတို့၏ စီးပွားရေးကို ထိန်းသိမ်းရန် ရုန်းကန်နေရချိန်တွင် စစ်ပွဲကာလအတွင်း ရုပ်ဆိုးလှသော ဖြစ်ရပ်တစ်ခုသည် လုပ်ငန်းကဏ္ဍကို ထိုးနှက်လျက်ရှိသည်။
စားသုံးသူများသည် ဥဩဆွဲသံ (လေကြောင်းရန်သတိပေးချက်) ကို အခွင့်ကောင်းယူကာ ငွေမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ဆိုင်များတွင် ရာနှင့်ချီသော ငွေစာရင်းများ ဆုံးရှုံးမှုဖြစ်ပေါ်နေသည်။
စားသောက်ဆိုင်ပိုင်ရှင်များက အဆိုပါပြဿနာသည် ပိုမိုကျယ်ပြန့်လာပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာလာကြောင်းနှင့် အဖြေရှာပေးရန်တောင်းဆိုနေကြသည်။
NOM
201
Repost from News Of Myanmar
အစ္စရေးစစ်တပ်သည် စစ်မျက်နှာပေါင်းစုံတွင် တိုက်ခိုက်နေရသဖြင့် စစ်အင်အားပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီယဲလ် ဇာမာ (Lt. Gen. Eyal Zamir) က ကင်းနက်ဆက် (Knesset - အစ္စရေးလွှတ်တော်) ထံ ပေးပို့သော စာတွင် သတိပေးပြောကြားခဲ့သည်။
မဖြစ်မနေစစ်မှုထမ်းရမည့်ကာလကို ၃၀ လအထိ လျှော့ချရန် ဆုံးဖြတ်ချက်သည် တိုက်ခိုက်ရေးစစ်သည်များနှင့် အကူတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ လိုအပ်ချက်ကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး အရန်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဇာမာက လွှတ်တော်အမတ်များအနေဖြင့်
(၁) မဖြစ်မနေစစ်မှုထမ်းရမည့်ကာလကို တိုးမြှင့်ရန်
(၂) အရန်တပ်ဖွဲ့စနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့်
(၃) လက်ရှိစစ်ရေးလိုအပ်ချက်များနှင့် ကိုက်ညီသော စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာ ဥပဒေ ၃ ခုကို အမြန်ဆုံး အတည်ပြုပေးရန် တောင်းဆိုခဲ့သည်။
NOM
201
Repost from News Of Myanmar
အီရန်ဒုံးကျည်တစ်စင်းသည် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖောက်ထွက်၍ အရှေ့အလယ်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းတစ်ခုကို ထိမှန်ခဲ့သည်။
NOM
201
Repost from News Of Myanmar
ဥရောပသမဂ္ဂ (EU) ရဲ့ မူဝါဒတွေအပေါ် ပူတင်ရဲ့ အထူးကိုယ်စားလှယ် ဒီမီထရီယက်ဗ် Dmitriev က ခပ်စပ်စပ်လေး ဝေဖန်ထားတာပါ။
"ကားမမောင်းနဲ့၊ လေယာဉ်မစီးနဲ့၊ (ရေ) မချိုးနဲ့၊ မစားနဲ့၊ အဲကွန်းမသုံးနဲ့၊ ဘာမှမသင်ယူနဲ့၊ အလုပ်မလုပ်နဲ့၊ ဘာမှမမေးနဲ့၊ ဘာမှမလုပ်နဲ့၊ ဘာမှမတွေးနဲ့"
ဒါဟာ 'ဥရောပသားတွေအပေါ် EU ရဲ့ ကိုင်တွယ်ပုံ' နဲ့ ပတ်သက်ပြီး ပူတင်ရဲ့ အထူးကိုယ်စားလှယ် ဒီမီထရီယက်ဗ် Dmitriev က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
NOM
201
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် UNIFIL ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တာကို စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှားက ကုလကို တောင်းဆိုလိုက်တယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီတပတ်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ၃ ဦးဟာ သီးခြားဖြစ်ရပ် ၂ ခုကြောင့် သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အီရတ်နိုင်ငံ၊ အာဘေးလ် (Erbil) မြို့ရှိ ဗြိတိန် ရေနံကုမ္ပဏီ Castrol သည် ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံရ။
NOM
201
အီရန်ကို တိုက်ခိုက်ဖို့အတွက် အီတလီနိုင်ငံအတွင်းက စစ်အခြေစိုက်စခန်းတွေ အသုံးပြုခွင့်ကို မပေးဘူးလို့ အီတလီက ပြောဆိုလိုက်ကာ စစ်ပွဲအတွင်း ပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့ အတိအလင်းပြောဆိုလိုက်ပါတယ်။
ဒါဟာ နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ အီတလီနယ်နိမိတ်ပြင်ပမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်မှုကို ရှောင်ရှားဖို့ မူဝါဒရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ အီတလီအစိုးရသတင်းရင်းမြစ်တွေက ပြောဆိုခဲ့ကြပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🚨 အခြေအနေများ ငြိမ်သက်သွားပြီဟူသော ဇီယွန်ဝါဒီတို့၏ ပြောကြားချက်များကို မယုံကြည်ကြပါနှင့်။
အစီရင်ခံစာများအရ အခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့ကို ဆက်လက်တုံ့ပြန်တိုက်ခိုက်နေသလို လက်ဘနွန်နှင့် အီရတ်ရှိ မဟာမိတ်တပ်ဖွဲ့များကိုလည်း ဆက်လက်ပံ့ပိုးပေးနေကြောင်းသိရသည်။
အီရတ်နှင့် လက်ဘနွန်ရှိ တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများသည်လည်း သိသိသာသာ တိုးမြင့်လာခဲ့သည်။
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ Araghchi ပြောကြားချက်-
အမေရိကန်တွေအနေနဲ့ အသေအပျောက် အလွန်များပြားတဲ့ ကမြေပြင် စစ်ပွဲ ရှုံးနိမ့်မှုကို ကြုံတွေ့ရလိမ့်မယ်
အစီအစဉ်တင်ဆက်သူ - အီရန်ကျွန်းတွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်တာ ဒါမှမဟုတ် မြေပြင်ကနေ တိုက်ခိုက်လာနိုင်ခြေအပေါ် ဝန်ကြီးရဲ့ အမြင်က ဘာဖြစ်မလဲ။
အာရတ်ချီ - ကျွန်တော် အရင်ကလည်း ပြောဖူးသလိုပဲ။ ကျွန်တော်တို့က စောင့်နေတာပါ။ သူတို့ဘက်က အသေအပျောက် အလွန်များပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ခုခံကာကွယ်ခဲ့ပြီး သူတို့ရဲ့ စက်ပစ္စည်းနဲ့ အဆောက်အအုံတွေကို အထိနာအောင် လုပ်နိုင်ခဲ့ပါတယ်။
AWACS (ကြိုတင်သတိပေးလေယာဉ်) တွေနဲ့ ဆီတင်သင်္ဘောတွေ ဘာဖြစ်သွားလဲဆိုတာ ခင်ဗျားတို့ မြင်ခဲ့ပြီးသားပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ ကောင်းကောင်းသိသလို မြေပြင်စစ်ပွဲမှာလည်း အတွေ့အကြုံ ပိုများပြီး လက်နက်ခဲယမ်း ပိုစုံလင်ပါတယ်။ မြေပြင်ကနေ ခြိမ်းခြောက်လာသမျှကို ရင်ဆိုင်ဖို့ အပြည့်အဝ အဆင်သင့်ရှိနေသလို အတွေ့အကြုံလည်း လုံလုံလောက်လောက် ရှိပါတယ်။
ကျွန်တော်တို့ အမြင်အရတော့ အီရန်မှာ စစ်ပွဲပြီးဆုံးဖို့ဆိုတာ ဒေသတစ်ခုလုံးနဲ့ သက်ဆိုင်ရပါမယ်။ ဆိုလိုတာက စစ်ပွဲပြီးဆုံးခြင်းအကြောင်း ပြောတဲ့အခါ အီရန်၊ လက်ဘနွန်၊ အီရတ်နဲ့ ယီမင်နိုင်ငံတွေမှာပါ စစ်ပွဲတွေ အားလုံးပြီးဆုံးသွားတာကို ဆိုလိုတာပါ။
ကျွန်တော်တို့ဟာ ဒေသတစ်ခုလုံး ငြိမ်းချမ်းဖို့ကို လိုလားပါတယ်။ လောလောဆယ်မှာတော့ ဆွေးနွေးညှိနှိုင်းဖို့ အစီအစဉ် မရှိသေးပါဘူး။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့နေရာမှာ ဘယ်လိုအချိန်အကန့်အသတ် (Deadline) မှ သတ်မှတ်ထားတာ မရှိပါဘူး။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးကို လိုအပ်တဲ့ နည်းလမ်းမှန်သမျှနဲ့ လိုအပ်သရွေ့ ကာကွယ်သွားမှာပါ။ ရန်သူတွေက သူတို့ဘာသာ ဘယ်လိုအချိန်အကန့်အသတ်တွေ သတ်မှတ်ထားလဲဆိုတာ ကျွန်တော်တို့အတွက် အရေးမကြီးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပေးချင်တဲ့ အကြံပြုချက်ကတော့ ဒီထက်ပိုပြီး အထိအခိုက် မများခင် မှာ ဒီစစ်ပွဲကို အပြီးတိုင် ရပ်တန့်လိုက်ဖို့ပဲ ဖြစ်ပါတယ်။
NOM
201
Repost from News Of Myanmar
အမေရိကန်ဂျာနယ်လစ်ပြန်ပေးဆွဲခံရ
NOM
အမေရိကန် ဂျာနယ်လစ် ရှယ်လေကစ်လက်ဆင်ကို အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမည်မသိ လက်နက်ကိုင်စစ်သွေးကြွများက ပြန်ပေးဆွဲသွားသည်။
201
Repost from News Of Myanmar
ဆော်ဒီရှိ အမေရိကန်သံရုံးကဆော်ဒီတွင်နေထိုင်သော အမေရိကန်လူမျိုးများ ပုန်းခိုမည့်နေရာရှာထားရန် သတိပေးချက်ထုတ်ပြန်လိုက်သည်။ အမေရိကန်နှင့်ပတ်သက်သောကုမ္ပဏီများ၊ အမေရိကန်နိုင်ငံသားများကိုဧပြီလ ၁ ရက် ည ၈ နာရီတွင် စတင်တိုက်ခိုက်မည်ဟု အီရန်ကသတိပေးထားသည်။
NOM
201
Repost from News Of Myanmar
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာတစ်ဝန်း လေယာဉ်ဆီစျေးနှုန်းများ အဆမတန် မြင့်တက်လာပြီး လေကြောင်းလိုင်းများ ခရီးစဉ်ဖျက်သိမ်းမှု ပိုမိုများပြားလာကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနဖော်ပြ
"လေကြောင်းခရီးစဉ်များ ဖျက်သိမ်းမှု အခြေအနေ"
စီရီယမ် Cirium ၏ အချက်အလက်များအရ မကြာသေးမီက တစ်ရက်အတွင်း ကမ္ဘာတစ်ဝန်းရှိ လေကြောင်းခရီးစဉ် စုစုပေါင်း၏ ၇% (ခရီးစဉ်ပေါင်း ၇,၀၀၀ ကျော်) ဖျက်သိမ်းခဲ့ရသည်။
မြောက်အမေရိကတွင် ခရီးစဉ်ဖျက်သိမ်းမှုနှုန်းမှာ ၁၄.၆% အထိ ရှိခဲ့သည်။
"လောင်စာဆီစျေးနှုန်းနှင့် အကျပ်အတည်း"
အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် လေယာဉ်ဆီစျေးနှုန်းမှာ တစ်တန်လျှင် ၇၄၂ ဒေါ်လာ မှ ၁,၇၁၀ ဒေါ်လာ ကျော်အထိ ခုန်တက်သွားခဲ့သည်။
Brent ရေနံစိမ်းစျေးမှာလည်း တစ်စည်လျှင် ၁၁၆ ဒေါ်လာ အထိ မြင့်တက်လာသည်။
ကမ္ဘာ့ရေနံ ၂၀% ခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြား မှတစ်ဆင့် တင်ပို့မှုများမှာ ပြတ်တောက် လုနီးပါး ဖြစ်နေသည်။ ဗြိတိန်နိုင်ငံသည် ယခုအပတ်အတွင်း အဆိုပါဒေသမှ နောက်ဆုံး လောင်စာဆီတင်ပို့မှုကို လက်ခံရရှိမည်ဟု ဖိုင်နန်ရှယ် တိုင်းမ်စ် သတင်းဌာန က ဆိုသည်။
"လေကြောင်းလိုင်းများ၏ တုံ့ပြန် မှု"
လေကြောင်းလိုင်းများမှာ လောင်စာဆီစရိတ် မြင့်မားမှုကြောင့် ခရီးစဉ်များကို လျှော့ချနေရသည်။
နယူးဇီလန် လေကြောင်းလိုင်း Air New Zealand - မေလတွင် ခရီးစဉ်ပေါင်း ၁,၁၀၀ ဖြတ်တောက်ရန် စီစဉ်နေသည်။
စကင်ဒီနေးဗီးယန်း လေကြောင်းလိုင်းများ Scandinavian Airlines- နောက်လတွင် ခရီးစဉ် ၁,၀၀၀ ခန့် လျှော့ချမည်။
ဗီယက်နမ် လေကြောင်းလိုင်းများ Vietnam Airlines- စျေးနှုန်းများ ဆက်တက်နေပါက ခရီးစဉ် ၂၀% အထိ လျှော့ချနိုင်သည်။
ယူနိုက်တက် လေကြောင်းလိုင်းများ (အမေရိကန်) United Airlines (USA) - အကျိုးအမြတ်နည်းသော ခရီးစဉ် ၅% ခန့်ကို ဖြတ်တောက်ထားပြီးဖြစ်သည်။ လောင်စာဆီစရိတ်မှာ ဒေါ်လာ ၁၁ ဘီလီယံအထိ မြင့်တက်လာနိုင်သဖြင့် အရှုံးမပေါ်စေရန် လက်မှတ်ခကို ၂၀% ခန့် မြှင့်တင်ရဖွယ် ရှိသည်။
"ခရီးသည်များအပေါ် သက်ရောက်မှု"
လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း လေယာဉ်လက်မှတ်ခများမှာ ၁၅% မှ ၂၀% အထိ မြင့်တက်သွားပြီဖြစ်ပြီး ဝယ်လိုအားမှာလည်း စတင်ကျဆင်းလာနေပြီဖြစ်သည်။
ဥရောပရှိ အဓိက လေကြောင်းဗဟိုချက်များတွင် ရက်ပိုင်းအတွင်း လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
NOM
201
Repost from News Of Myanmar
🌟 ဟစ်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်တောင်ပိုင်း အယ်လ်ဘာယာဒါမြို့မှာ အစ္စရေးရဲ့ သံချပ်ကာ စစ်သည်တင်ယာဉ် နှစ်စီးနဲ့ Humvee ကားတစ်စီးကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
NOM
201
Repost from News Of Myanmar
+1
ယူကရိန်းမီဒီယာတွေကတော့ အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး အာနာတိုလီ အိုနီရှု (Anatolii Onyshchuk) သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြနေကြပါတယ်။
သူဟာ "ပါရှန်ပင်လယ်ကွေ့နိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေကို လေ့ကျင့်ပေးတာနဲ့ ဒရုန်းပစ်ချတဲ့နည်းပညာတွေကို မျှဝေပေးတာတွေ" မှာ ပါဝင်ခဲ့သူပါ။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ယူအေအီး (UAE) နိုင်ငံမှာရှိတဲ့ ယူကရိန်းစစ်သည် ၂၁ ဦး ပုန်းအောင်းနေတဲ့နေရာကို အီရန်ကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထုတ်ပြန်ချက်ဟာ အတော်လေးကို တိကျနေပါတယ်။
NOM
201
Repost from News Of Myanmar
အမေရိကန်က အရှေ့အလယ်ပိုင်းမှာ ဖြန့်ကြက်ချထားဖို့အတွက် ပိုလန်နိုင်ငံဆီက ပက် ထရီ ယော့ Patriot လေကြောင်းကာကွယ်ရေးစနစ် နှစ်ခုထဲက တစ်ခုကို တောင်းဆိုခဲ့ပေမဲ့ ဝါဆော (ပိုလန်အစိုးရ) က ငြင်းဆိုခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
လက်ဘနွန်စစ်သားတစ်ဦး၏ မိခင်ဖြစ်သူက သားဖြစ်သူ၏ စစ်ဝတ်စုံကို ဝှက်ထားပြီး တာဝန်ပြန်ထမ်းဆောင်ခွင့်မပြုဘဲ ငြင်းဆန်နေ
အကြောင်းရင်းမှာ အစ္စရေး၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ရန် လက်ဘနွန်စစ်တပ်ကို အထက်က "အာဏာကုန် လုပ်ပိုင်ခွင့်မပေးထားခြင်း" ကြောင့်ဖြစ်သည်။
"ကျွန်မတို့သားသမီးတွေဟာ ဝက်စာကျွေးဖို့ မွေးထားတဲ့ ကြက်ကလေးတွေ မဟုတ်ဘူး" ဟု မိခင်ဖြစ်သူက ပြောကြားခဲ့သည်။
ထို့အပြင် လက်ဘနွန် သမ္မတနှင့် ဝန်ကြီးများ၏ သားသမီးများကိုသာ "ယဇ်ပူဇော်မည့် သိုးသူငယ်များ" အဖြစ် အစားထိုး အသုံးပြုသင့်သည်ဟုလည်း သူမက ဆိုသည်။
NOM
201
Repost from News Of Myanmar
ဟော်မုဇ်ရေလက်ကြား ပြဿနာကြောင့် လေယာဉ်ဆီ မရနိုင်တော့တဲ့ နိုင်ငံတွေ (ဥပမာ - အီရန်ကို အမြစ်ဖြတ်ချေမှုန်းတဲ့နေရာမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ ဗြိတိန်လို နိုင်ငံမျိုးတွေ) အတွက် ကျွန်တော့်မှာ အကြံပြုချက် ရှိပါတယ်။
နံပါတ် (၁) - အမေရိကန်ဆီကပဲ ဝယ်ကြပါ။ ကျွန်တော်တို့ဆီမှာ အများကြီး ရှိပါတယ်။
နံပါတ် (၂) - အခုမှ နောက်ကျပြီးမှ ရလာတဲ့ သတ္တိမျိုးကို မွေးပြီး အဲဒီရေလက်ကြားကို ကိုယ်တိုင်သွားပြီး သိမ်းယူလိုက်ကြပါ။
ကိုယ့်အတွက်ကိုယ် တိုက်ပွဲဝင်ဖို့ သင်ယူရတော့မယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဘက်မှာ မရပ်တည်ပေးခဲ့သလိုပဲ အမေရိကန်ကလည်း ခင်ဗျားတို့ကို ကူညီဖို့ ရှိနေတော့မှာ မဟုတ်ဘူး။
အီရန်ကတော့ အခြေခံအားဖြင့် ပြာပုံဖြစ်သွားပြီ။ အခက်ခဲဆုံး အပိုင်းက ပြီးသွားပြီ။ ကိုယ့်ဘာသာကိုယ် သွားပြီး ရေနံရှာကြတော့!!!" —
သမ္မတ ဒေါ်နယ် ဂျေ ထရမ့်
NOM
201
Repost from News Of Myanmar
စပိန်နဲ့ အီတလီပြီးတဲ့နောက်မှာတော့ အခု ပြင်သစ်ကလည်း သူတို့ပိုင်နက်ထဲမှာ အမေရိကန်စစ်လေယာဉ်တွေ သွားလာလှုပ်ရှားတာကို တားမြစ်လိုက်ပြန်ပြီ
ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေ အခုလိုပြောကြားခဲ့ပါတယ်။
"ပြင်သစ်နိုင်ငံဟာ အစ္စရေးကိုသွားမယ့် စစ်လက်နက်ပစ္စည်းတွေတင်ဆောင်ထားတဲ့ လေယာဉ်တွေကို သူတို့ ဝေဟင်ပိုင်နက်ကနေ ဖြတ်သန်းခွင့်မပေးပါဘူး။ ပြင်သစ်ဟာ အောင်အောင်မြင်မြင် ရှင်းလင်းလိုက်နိုင်ပြီဖြစ်တဲ့ 'အီရန်ရဲ့ သားသတ်သမား' (Butcher of Iran) နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း လုံးဝ (လုံးဝ) အကူအညီမပေးခဲ့ပါဘူး။ ဒါကို အမေရိကန်က မှတ်ထားမှာပါ!!!" — သမ္မတ ဒေါ်နယ် ဂျေ ထရမ့်
NOM
201
Repost from News Of Myanmar
အီရန် ဖားစ်နယူးစ် သတင်းဌာန (Fars News) ကို အတွင်းသိသတင်းမြစ်တစ်ခုက ပြောတာကတော့ -
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အနေနဲ့ အမေရိကန်ရဲ့ လေကြောင်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေမှာ ဆက်ပြီးပါဝင်နေမယ်။ အစ္စရေးကို ကူညီဖို့အတွက် ထောက်လှမ်းရေးတပ်ဖွဲ့တွေကို ဆက်လက်လက်ခံထားမယ်ဆိုရင်တော့ အီရန်က ကမ္ဘာ့အကြီးဆုံး သင်္ဘောဆီဖြည့် ဆိပ်ကမ်းတွေထဲက တစ်ခုဖြစ်ပြီး UAE အတွက် စီးပွားရေးအရ အင်မတန်အရေးပါတဲ့ ဖူဂျိုင်ရာ (Fujairah) ဆိပ်ကမ်းနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်စရာမလိုဘဲ ရေနံတင်ပို့နိုင်တဲ့ အရေးကြီး ရေနံပိုက်လိုင်းကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
NOM
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
