ar
Feedback
NOM

NOM

الذهاب إلى القناة على Telegram

NOM Official Backup Channel - 2

إظهار المزيد
Myanmar37 771الفئة غير محددة
202
المشتركون
-124 ساعات
+27 أيام
-430 أيام
أرشيف المشاركات
NOM
202
ကယ်လီဖိုးနီးယားက ညီအကို ၃ ဦးဟာ နေအိမ်ကို ရှင်းလင်းနေချိန်အတွင်း မိခင်ဖြစ်သူ ထားရစ်ခဲ့တဲ့ သတင်းစာတွေအောက်ကနေ သူတို့ဘ၀ကို ပြောင
+1
ကယ်လီဖိုးနီးယားက ညီအကို ၃ ဦးဟာ နေအိမ်ကို ရှင်းလင်းနေချိန်အတွင်း မိခင်ဖြစ်သူ ထားရစ်ခဲ့တဲ့ သတင်းစာတွေအောက်ကနေ သူတို့ဘ၀ကို ပြောင်းလဲစေမယ့် ရှာဖွေတွေ့ရှိမှုတခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ အစောဆုံးထုတ်ဝေခဲ့တဲ့ Superman ရုပ်ပြစာအုပ်တွေထဲက တအုပ်ကို တွေ့ရှိခဲ့တာပါ။ ၁၉၃၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Man of Steel စွန့်စားခန်းစာအုပ်ရဲ့ မူရင်းမိတ္တူဖြစ်ပြီး စာအုပ်က ပျက်စီးခြင်းမရှိသေးပါဘူး။ အဆိုပါစာအုပ်ကို သူတို့က လေလံတင်ရောင်းချဖို့အတွက် စီစဉ်ခဲ့ပြီး ဒေါ်လာ ၉.၁၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ သိရကာ စျေးအကြီးဆုံး ရုပ်ပြစာအုပ်ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က သူတို့ညီအကိုတွေဟာ အိမ်ခေါင်မိုးထပ်ကို သန့်ရှင်းရေးလုပ်ရင်းတွေ့ခဲ့တာပါ။ စုစုပေါင်း ရုပ်ပြစာအုပ် ၆ အုပ်အထိ တွေ့ရှိခဲ့ပြီး မိခင်ဖြစ်သူက ရုပ်ပြစာအုပ်တွေ စုဆောင်းမှုကို ဝါသနာထုံခဲ့ကာ သူတို့ကို ဘယ်တုန်းကမှ မပြသခဲ့ဘူးလို့လည်း ရှင်းပြခဲ့ပါတယ်။ သူမ သေဆုံးခဲ့ပြီးနောက်မှာတော့ တွေ့ရှိခဲ့ပြီး အခုတော့ သန်းကြွယ်သူဌေးတွေအဖြစ် သူတို့တွေ ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။ NOM

NOM
202
+1
မနေ့က ဘင်္ဂလားဒေ့ရှ်မှာ အင်အား ၆.၀ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့တာပါ။ အဆိုပါငလျင်ကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးကာ ၁၀၀ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကာမြို့နဲ့ ၁၆ မိုင်အကွာက Narsingdi မြို့ကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်ပေါ်နေထိုင်သူတွေဟာ အမြန်ပြေးဆင်းခဲ့ရပြီး ၂၆ စက္ကန့်ကြာ လှုပ်ခတ်ခဲ့တယ်လို့လည်း အချက်အလက်စင်တာတွေက ထုတ်ပြန်ခဲ့ပါတယ်။ NOM

NOM
202
ဒူဘိုင်းလေကြောင်းပြပွဲမှာ သရုပ်ပြပျံသန်းနေချိန် တိုက်ခိုက်ရေးလေယာဉ်တစင်း ပျက်ကျခဲ့တာပါ။ အိန္ဒိယလေတပ်မှာ အသုံးပြုတဲ့ India HAL Tejas ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂း၁၀ နာရီခန့်မှာ ကြည့်ရှုနေတဲ့ လူအုပ်ရှေ့မှာတင်ပဲ ပျက်ကျခဲ့တာပါ။ လေယာဉ်မှူးအနေနဲ့ ခုန်ထွက်နိုင်၊ မထွက်နိုင်ဆိုတာကို ချက်ချင်းမသိရသေးပါဘူး။ NOM

NOM
202
ကိယက်ဗ်ဟာ အမေရိကန်ရဲ့ အားပေးကူညီမှုကို ဆုံးရှုံးသွားရနိုင်တယ်လို့ ဇယ်လင်စကီးက ယူကရိန်းပြည်သူတွေကို သတိပေးပြောဆိုလိုက်ပါတယ်။ ထ
ကိယက်ဗ်ဟာ အမေရိကန်ရဲ့ အားပေးကူညီမှုကို ဆုံးရှုံးသွားရနိုင်တယ်လို့ ဇယ်လင်စကီးက ယူကရိန်းပြည်သူတွေကို သတိပေးပြောဆိုလိုက်ပါတယ်။ ထရမ့်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်မှာ ပါဝင်ခဲ့တဲ့ မူဝါဒနဲ့ စည်းကမ်းတွေကို လိုက်နာဖို့က ယူကရိန်းအတွက် ခက်ခဲနေပြီး တကယ်လို့ ငြင်းဆန်ခဲ့မယ်ဆိုရင် မဟာမိတ် (အမေရိကန်ကိုရည်ရွယ်)တဦးကို ဆုံးရှုံးရလိမ့်မယ်လို့ သူက ပြောဆိုခဲ့တာပါ။ ယူကရိန်းအနေနဲ့လည်း အရမ်းခက်ခဲတဲ့ ရွေးချယ်မှုတခုနဲ့ ရင်ဆိုင်ရနိုင်ပြီး ဂုဏ်သိက္ခာဆုံးရှုံးတာ ဒါမှမဟုတ် အဓိကမိတ်ဖက်တဦးကို ဆုံးရှုံးတာတွေကို ရင်ဆိုင်ရနိုင်ကာ သမိုင်းတလျှောက် အခက်ခဲဆုံးအချိန်တွေထဲက တခုဖြစ်တယ်လို့လည်း သူက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ NOM

NOM
202
အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ ဒေါ်နယ်ထရမ့်အစိုးရဲ့ တရားမဝင်အမိန့်တွေကို ငြင်းဆန်ဖို့ တိုက်တွန်းခဲ့တဲ့ ဗီဒီယိုထွက်ပေါ်လာပြီးနောက် ဒ
အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ ဒေါ်နယ်ထရမ့်အစိုးရဲ့ တရားမဝင်အမိန့်တွေကို ငြင်းဆန်ဖို့ တိုက်တွန်းခဲ့တဲ့ ဗီဒီယိုထွက်ပေါ်လာပြီးနောက် ဒီမိုကရက်တစ်လွှတ်တော်အမတ် ၆ ဦးကို သေဒဏ်ပေးနိုင်တဲ့ ပုန်ကန်လှုံ့ဆော်ရေးကို လုပ်ဆောင်ခဲ့တယ်လို့ ထရမ့်က စွပ်စွဲလိုက်ပါတယ်။ “ဒါက အရမ်းဆိုးရွားပြီး နိုင်ငံအတွက် အန္တရာယ်များပါတယ်၊ သူတို့ရဲ့ ပြောဆိုမှုကို ခွင့်မပြုသင့်ဘူး၊ သစ္စာဖောက်တွေရဲ့ ပုန်ကန်လှုံ့ဆော်ရေးအပြုအမူပါ၊ သူတို့ကို ထောင်ချပစ်ပါ” လို့ ထရမ့်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဆိုပါ လွှတ်တော်အမတ် ၆ ဦးကလည်း ထရမ့်ရဲ့ ပြောဆိုမှုတွေက အန္တရာယ်များပြီး ရွေးကောက်ခံအမတ်တွေကို ခြိမ်းခြောက်တာဖြစ်ကြောင်းနဲ့ သူတို့ရဲ့ မြင့်မြတ်တဲ့တာဝန်တွေ ထမ်းဆောင်နေမှုကို ဒီလိုခြိမ်းခြောက်မှုတွေက တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပူးတွဲကြေညာချက်တစောင့်ထုတ်ပြန်ကာ တုံ့ပြန်ခဲ့ပါတယ်။ NOM

NOM
202
အိန္ဒိယတောင်ပိုင်း၊ကာနာတာကာပြည်နယ်မှာ ဗဟိုဘဏ်အရာရှိတွေအဖြစ် ဟန်ဆောင်ထားတဲ့ လက်နက်ကိုင်လူတွေဟာ ရူပီးသန်း ၇၀ သယ်ဆောင်လာတဲ့ ကားက
အိန္ဒိယတောင်ပိုင်း၊ကာနာတာကာပြည်နယ်မှာ ဗဟိုဘဏ်အရာရှိတွေအဖြစ် ဟန်ဆောင်ထားတဲ့ လက်နက်ကိုင်လူတွေဟာ ရူပီးသန်း ၇၀ သယ်ဆောင်လာတဲ့ ကားကို ခိုးယူသွားခဲ့တယ်လို့ ရဲအရာရှိတွေက ပြောဆိုလိုက်ပါတယ်။ ဘန်ဂါလူရူမြို့လယ်ခေါင်မှာ နေ့ခင်းဘက်ကြီး ဗင်ကားကို လုယက်ခဲ့တာဖြစ်ပြီး အခုအခါ လိုက်လံရှာဖွေနေတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့ မွန်းလွဲပိုင်းက SUV ကားတစီးပေါ်ကနေ အမျိုးသား ၆ ဦး ဆင်းလာပြီး ဘဏ်ခွဲတွေအတွက် ငွေသားလွှဲပြောင်းပေးဖို့ သွားနေတဲ့ ဗင်ကားကို ရပ်တန့်စေခဲ့ပြီး လုယက်ခဲ့တာပါ။ သူတို့က ဗဟိုဘဏ်အရာရှိတွေဖြစ်ပြီး ငွေပမာဏအများအပြားကို အခုလို သယ်ယူပို့ဆောင်ဖို့ စာရွက်စာတမ်းတွေရှိသလား မေးမြန်းခဲ့ပြီး အတည်ပြုဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီနောက် ဗင်ကားမှာ လိုက်ပါလာာတဲ့ ငွေထိန်းသိမ်းသူနဲ့ လက်နက်ကိုင်အစောင့်တွေကို SUV ကားပေါ် တက်စေခဲ့ပြီး ဗင်ကားမောင်းသူကိုတော့ ဆက်မောင်းခိုင်းခဲ့ပါတယ်။ အဲဒီနောက် ဗင်ကားမောင်းသူကို ကားပေါ်က အတင်းဆင်းခိုင်းပြီး သူတို့က မောင်းနှင်ကာ ထွက်ပြေးသွားခဲ့တာပါ။ လုယက်သူတွေဟာ ထွက်ပြေးချိန်အတွင်း ကားတွေ ပြောင်းလဲပြီး ငွေတွေကိုလည်း ရွှေ့ပြောင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ NOM

NOM
202
တူရကီမှာ ဂျာမနီကနေ အလည်အပတ်ရောက်လာတဲ့ မိသားစုဝင် ၄ ဦးဟာ Street Food စားသောက်ပြီးနောက် နာမကျန်းမဖြစ်ကာ အားလုံးသေဆုံးသွားခဲ့ပါတ
+1
တူရကီမှာ ဂျာမနီကနေ အလည်အပတ်ရောက်လာတဲ့ မိသားစုဝင် ၄ ဦးဟာ Street Food စားသောက်ပြီးနောက် နာမကျန်းမဖြစ်ကာ အားလုံးသေဆုံးသွားခဲ့ပါတယ်။ ဟမ်းဘတ်ကနေ သွားရောက်ခဲ့သူတွေဖြစ်ပြီး ၂ ရက်အကြာမှာပဲ နေထိုင်မကောင်းဖြစ်ကာ တမိသားစုလုံး သေဆုံးခဲ့တာပါ။ ဒီလအစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ဟာ တူရကီကိုရောက်ပြီးနောက် ဟိုတယ်ကတဆင့် နာမည်ကျော်အစားအသောက်တွေရှိရာ စျေးတန်းဆီ သွားရောက်လည်ပတ်ခဲ့ပြီး လူကြိုက်များတဲ့ midye ဆိုတဲ့ မုတ်ကောင်အစာသွပ်ကို စားသောက်ခဲ့ကြတာပါ။ အဲဒီနောက် စားသောက်ဆိုင်တခုမှာ နွားသငယ်အူနဲ့ ချက်ပြုတ်တဲ့ kokorec ဟင်းလျာနဲ့ တူရကီကြက်သားထုပ်အပါအဝင် ဟင်းလျာတွေ စားသောက်ခဲ့ပြီး ဟိုတယ်ကို ပြန်ရောက်ချိန်မှာ ပျို့အန်ခဲ့ကြပါတယ်။ တမိသားစုလုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံကို အမြန်သွားရောက်ခဲ့ပေမယ့် ကလေးနှစ်ဦးနဲ့ မိခင်တို့ သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူကတော့ ၆ ရက်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ လူပေါင်း ၁၁ ဦးအထိကို တာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး အစာအဆိပ်သင့်တဲ့ ယူဆချက်နဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ NOM

NOM
202
“အမေရိက” လို့ နာမည်ပေးထားတဲ့ ရွှေ ၁၈ ကာရက်အထိ ပါဝင်တဲ့ ရွှေအိမ်သာတလုံးကို အနုပညာလေလံပွဲတခုမှာ ဒေါ်လာ ၁၂ သန်းနဲ့ ရောင်းချနိုင်
“အမေရိက” လို့ နာမည်ပေးထားတဲ့ ရွှေ ၁၈ ကာရက်အထိ ပါဝင်တဲ့ ရွှေအိမ်သာတလုံးကို အနုပညာလေလံပွဲတခုမှာ ဒေါ်လာ ၁၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။ NOM

NOM
202
ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်အရ ကိယက်ဗ်ဟာ Donbass ဒေသကို ရုရှားဆီ ငွေကြေးနဲ့ ငှားရမ်းရလိမ့်မယ်လို့ The Telegr
ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်အရ ကိယက်ဗ်ဟာ Donbass ဒေသကို ရုရှားဆီ ငွေကြေးနဲ့ ငှားရမ်းရလိမ့်မယ်လို့ The Telegraph က ဆိုပါတယ်။ အစီအစဉ်သစ်အရ ရုရှားက အဆိုပါဒေသကို ငှားရမ်းခပေးချေပြီး လက်တွေ့ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ စစ်တပ်အင်အားကို လျှော့ချရမှာလည်းဖြစ်ပြီး တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်လည်း ပိတ်ပင်ခံရမှာဖြစ်တယ်လို့ သတင်းဌာနက ဆိုပါတယ်။ NOM

NOM
202
ဒေလီမှာ အသေခံဗုံးခွဲမှုအပြီး၊ ပါကစ္စတန်နဲ့လည်း တင်းမာမှုတွေရှိနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ဟာ Javelin ဒုံးကျည်တွေနဲ့ Excalibur တွေကို အိန္ဒိယဆီ အများအပြားရောင်းချဖို့အတွက် အမိန့်ပေးလိုက်ပါတယ်။ NOM

NOM
202
CIA နဲ့ ကန်စစ်တပ်ဟာ ထရမ့်အစိုးရဲ့ တရားမဝင်အမိန့်တွေကို ငြင်းဆန်သင့်တယ်လို့ ဒီမိုကရက်တစ်တွေက ပြောဆိုလိုက်ပါတယ်။ NOM

NOM
202
မာဒါဂက်စ်ကာရဲ့ ယာယီသမ္မတဟာ ပြီးခဲ့တဲ့လက အာဏာသိမ်းယူခဲ့ပြီးနောက် သမ္မတနန်းတော်ကနေ တွေ့ရှိရတဲ့ ၃၀၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကျေ
မာဒါဂက်စ်ကာရဲ့ ယာယီသမ္မတဟာ ပြီးခဲ့တဲ့လက အာဏာသိမ်းယူခဲ့ပြီးနောက် သမ္မတနန်းတော်ကနေ တွေ့ရှိရတဲ့ ၃၀၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကျောက်မျက်ရတနာတခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။ တောက်ပကြည်လင်တဲ့ အစိမ်းရောင် ကျောက်တုံးကြီးကို နိုဝင်ဘာ ၁၈ ရက်နေ့က မြို့တော် Antananarivo က နိုင်ငံတော်နန်းတော်အတွင်း ပြသခဲ့တာပါ။ မြ လို့ ညွှန်းဆိုထားတဲ့ အဆိုပါ ကျောက်မျက်ရတနာရဲ့ အရွယ်အစားနဲ့ အရည်အသွေးကို ကျွမ်းကျင်သူတွေက ခွဲခြမ်းစိတ်ဖြာဖို့ လုပ်ဆောင်နေဆဲလို့လည်း သိရပါတယ်။ ဒါဟာ အမျိုးသားပိုင်ဆိုင်မှုတခုဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပြီး ဒါကို ပြန်လည်ရောင်းချကာ နိုင်ငံတော်ဝင်ငွေတိုးမြှင့်အောင် လုပ်ဆောင်နိုင်ပြီး ပွင့်လင်းမြင်သာမှု အပြည့်အ၀ရှိစေရမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ NOM

NOM
202
ထရမ့်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်မှာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ၂.၅ ဆအထိ လျှော့ချဖို့ ထည့်သွင်းထားကြောင်း Econo
ထရမ့်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်မှာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ၂.၅ ဆအထိ လျှော့ချဖို့ ထည့်သွင်းထားကြောင်း Economist သတင်းထောက် Oliver Carroll က X မှာ ရေးသားခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မော်စကိုအနေနဲ့ မီဒီယာတွေမှာ ဖော်ပြနေတဲ့ ယူကရိန်းသဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဆီကနေ ဘယ်လိုသတင်းအချက်အလက်မှ မရထားသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ပင်တဂွန်ရဲ့ အဆင့်မြင့်အရာရှိတွေဟာ ကိယက်ဗ်ကို ရောက်ရှိနေပြီး စစ်ပွဲကို အဆုံးသတ်ဖ်ို့အတွက် ယူကရိန်းနဲ့ ဆွေးနွေးနေတယ်လို့ BBC က
ပင်တဂွန်ရဲ့ အဆင့်မြင့်အရာရှိတွေဟာ ကိယက်ဗ်ကို ရောက်ရှိနေပြီး စစ်ပွဲကို အဆုံးသတ်ဖ်ို့အတွက် ယူကရိန်းနဲ့ ဆွေးနွေးနေတယ်လို့ BBC က ဖော်ပြလိုက်ပါတယ်။ အဆိုပါအဖွဲ့ကို ကန်စစ်တပ်အတွင်းရေးမှူး Dan Driscoll က ဦးဆောင်ခဲ့ပြီး ဒီနေ့မှာ တူရကီက ပြန်လာမယ့် ဇယ်လင်စကီးနဲ့ တွေ့ဆုံမယ်လို့လည်း ဆိုပါတယ်။ “ကန်အစိုးရအဖွဲ့ကိုယ်စား Driscoll က ရောက်ရှိလာပြီး ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အားထုတ်ဆွေးနွေးမှာပါ” ကန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ David Butler ကလည်း အတည်ပြုခဲ့ပါတယ်။ NOM

NOM
202
Greenland ဒေသကနေ နောက်ဆုံးထောက်ပံ့‌ရေးသင်္ဘော ပြန်လည်ထွက်ခွာသွားခဲ့တာပါ။ ၂၀၂၆ ဇွန်လအထိ အဆိုပါဒေသကို သင်္ဘောတွေ ရောက်ရှိလာမှာမဟုတ်တော့ဘဲ ရေခဲတွေ ကင်းစင်သွားချိန်မှသာ ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ NOM

NOM
202
ဂျာမနီက စည်ပင်ဝန်ထမ်းတဦးဟာ မိုးရေသိုလှောင်ကန်တခုကို သန့်ရှင်းရေးလုပ်နေချိန်အတွင်း ရွှေတုံး ၈ တုံးအထိ တွေ့ရှိသွားခဲ့ပါတယ်။ Dre
ဂျာမနီက စည်ပင်ဝန်ထမ်းတဦးဟာ မိုးရေသိုလှောင်ကန်တခုကို သန့်ရှင်းရေးလုပ်နေချိန်အတွင်း ရွှေတုံး ၈ တုံးအထိ တွေ့ရှိသွားခဲ့ပါတယ်။ Dresden မြို့တောင်ပိုင်းက နေရာတခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ယူရို ၃၀၀၀၀ အထိ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ရွှေတုံးတွေ တွေ့ရှိပြီးနောက် စည်ပင်လုပ်သားက ရဲတွေကို အကြောင်းကြားပြီး ပေးအပ်ခဲ့ပါတယ်။ ရွှေတုံးတချောင်းစီဟာ တအောင်စစီ အလေးချိန်ရှိပြီး ခိုးယူမှု ဒါမှမဟုတ် ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုရှိ၊မရှိဆိုတာကို တာဝန်ရှိသူတွေက စုံစမ်းနေပါတယ်။ ရွှေတုံးပေါ်က မှတ်ပုံတင်ထားတဲ့ ဂဏန်းတွေနဲ့ ပိုင်ရှင်အစစ်ကို စုံစမ်းကာ ပြန်လည်ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။ NOM

NOM
202
ယူကရိန်းစစ်ရေးလေ့ကျင့်ရေးစင်တာတွေကနေ တပ်သား ၅ ဦးမှာ ၄ ဦးအထိ ထွက်ပြေးနေတယ်လို့ ကိယက်ဗ်နိုင်ငံရေးသမားတဦးက ထုတ်ဖော်ပြောဆိုလိုက်ပ
ယူကရိန်းစစ်ရေးလေ့ကျင့်ရေးစင်တာတွေကနေ တပ်သား ၅ ဦးမှာ ၄ ဦးအထိ ထွက်ပြေးနေတယ်လို့ ကိယက်ဗ်နိုင်ငံရေးသမားတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စစ်ပွဲအစောပိုင်းကာလတွေက လူအင်အားများပြားပြီး စုဆောင်းရေးစင်တာအပြင်ဘက်တွေမှာပါ တန်းစီစောင့်ဆိုင်းခဲ့ရပေမယ့် ၃ နှစ်နဲ့ ၉ လကြာမြင့်ခဲ့ပြီးနောက် ယူကရိန်းစစ်တပ်မှာ လူအင်အားအကျပ်အတည်းဖြစ်ပေါ်နေပြီး စေတနာ့ဝန်ထမ်းတွေ သေဆုံး၊ ဒဏ်ရာရမှုတွေက များပြားခဲ့တယ်လို့လည်း သူက ဝန်ခံခဲ့ပါတယ်။ “စုဆောင်းထားသူတွေထဲက ၈၀ ရာခိုင်နှုန်းက အခုဆိုရင် ထွက်ပြေးနေကြပြီး သူတို့ကို ပြန်ခေါ်မှာ၊ တာဝန်ထမ်းဆောင်စေမှာကို ကြောက်ရွံ့နေပါတယ်၊ ဒါပေမယ့် အဲဒီအခြေအနေအတွက်လည်း ဖန်တီးပေးမှုတွေ ဘာမှမရှိပါဘူး” Roman Kostenko က ယူကရိန်းသတင်းဌာနတခုဆီ ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
အမေရိကန်မှာ crypto ကိုင်ဆောင်ထားသူတွေကို အခွန်ကောက်ခံမယ့် အစီအစဉ်သစ်တခု စတင်ဖို့အတွက် crypto နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်မယ့် ဌာနခွဲတခုကို IRS (Internal Revenue Service) အတွင်းမှာ ဖွဲ့စည်းဖို့ ဒေါ်နယ်ထရမ့်က စီစဉ်နေပါတယ်။ NOM

NOM
202
ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုဟာ ဒေါ်နယ်ထရမ့်ရဲ့ ဖိတ်ကြားမှုနဲ့အတူ အိမ်ဖြူတော်မှာ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ ဆော်ဒီမင်း
ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုဟာ ဒေါ်နယ်ထရမ့်ရဲ့ ဖိတ်ကြားမှုနဲ့အတူ အိမ်ဖြူတော်မှာ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ ဆော်ဒီမင်းသား ဘင်ဆယ်လ်မန်နဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့တဲ့နေ့မှာ ရော်နယ်ဒိုကိုလည်း ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ညစာစားပွဲကို ရော်နယ်ဒိုက သူ့ရဲ့ အတူနေချစ်သူ ဂျော်ဂျီနာနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က ရော်နယ်ဒိုကို အိမ်ဖြူတော်ကနေ ကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး သူ့ရဲ့ သားက ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ဖြစ်တယ်လို့ ဖွင့်ဟခဲ့ကာ အိမ်ဖြူတော်ကို ရော်နယ်ဒိုရောက်ရှိလာခဲ့တာကို ဂုဏ်ယူကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ ရော်နယ်ဒိုက သူ့ရဲ့ အင်တာဗျူးတခုမှာ ဒေါ်နယ်ထရမ့်က ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲပေးနိုင်သူတဦးဖြစ်တယ်လို့ ချီးကျူးထားခဲ့ပါသေးတယ်။ NOM

NOM
202
ကွန်ဂို သတ္ထုတွင်းဝန်ကြီးနဲ့ အခြားသော ခရီးသည် ၂၀ ဦးခန့် လိုက်ပါခဲ့တဲ့ Embraer ERJ-145LR စင်းလုံးငှားလေယာဉ်ဟာ တနင်္လာနေ့က Kolwezi လေဆိပ်မှာ ပြေးလမ်းချော်ပြီး မီးလောင်ခဲ့ပါတယ်။ လေယာဉ်အမြီးပိုင်းမီးလောင်နေချိန်မှာပဲ ဝန်ကြီးနဲ့ ခရီးသည်တွေက ခုန်ချဖို့အတွက် ကြိုးစားနေတာကို ရုပ်သံမှာ မြင်တွေ့ရပါတယ်။ ဒေသခံ အရေးပေါ်အဖွဲ့တွေက အခင်းဖြစ်ပွားရာဆီ အမြန်ရောက်လာပြီး လေယာဉ်ကို မီးငြိမ်းသတ်ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ထိခိုက်ဒဏ်ရာနဲ့ သေဆုံးသူ မရှိခဲ့ဘဲ အားလုံးလွတ်မြောက်ခဲ့ကြပါတယ်။ လေယာဉ်ဟာ မီးမလောင်ခင်လေးမှာ ကျယ်လောင်တဲ့ အသံကြီး မြည်ခဲ့တယ်လို့လည်း ဆိုပါတယ်။ NOM