EIO
الذهاب إلى القناة على Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
إظهار المزيد1 056
المشتركون
+124 ساعات
+17 أيام
+1030 أيام
أرشيف المشاركات
1 056
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မုံရွာနယ် တောင်ခြမ်း၊ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
Jul 8, 8:10AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://t.me/eagleinformationoperator?direct
👉🏻 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 056
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
Jul 8, 6:22AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://t.me/eagleinformationoperator?direct
👉🏻 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 056
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 056
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 056
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ် နှင့် လမ်းကြိုလမ်းကြားများမကျန်၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ အိမ်စီးကားများကို အသုံးပြု၍ ကင်းပတ်ပြီးသော်လည်းကောင်း စခ၊ရခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းတမ်းခြင်း၊ လူငယ်\လူလတ်ပိုင်းများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများကို ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 056
Repost from EIO
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 056
Repost from EIO
ချဉ်ပေါင်ဟင်းကြိုက်တဲ့ "ဗိုလ်ချုပ်"
အဆောင်အယောင် မမက်တဲ့ "ဗိုလ်ချုပ်"
အာဏာဆိုတာ ခါးပတ်နောက်မှာ ချိတ်ထားဖို့မဟုတ်ဘဲ
ပြည်သူ့အတွက်သာ ထမ်းပိုးဖို့လို့ကြောင်း လက်တွေ့ပြသွားတဲ့ "ဗိုလ်ချုပ်"
.
"ဗိုလ်ချုပ်" ဆိုတဲ့ ဘွဲ့ထူးထက် "ကိုအောင်ဆန်း" ဆိုတဲ့ ရိုးသားမှုကို ပိုမြတ်နိုးခဲ့သူ။
နန်းတွင်းဟင်းလျာတွေထက် အိမ်ချက် "ချဉ်ပေါင်ဟင်း" တစ်ခွက်နဲ့ ထမင်းဝိုင်းကို ပျော်ရွှင်ခဲ့သူ။
ကတ္တီပါဖိနပ်နဲ့ ကော်ဇောနီလမ်းကို ငြင်းပယ်ပြီး၊ အပေါက်အပြဲပါတဲ့ အင်္ကျီကို ဖာထေးဝတ်ဆင်ခဲ့တဲ့သူ။
"ဗိုလ်ချုပ်"ကို ချစ်တယ်ဆိုတာ သူ့ရုပ်ပုံကို ကြည့်ရုံတင်မဟုတ်ဘဲ သူပြသခဲ့တဲ့ "စိတ်ဓာတ်နဲ့ ကျင့်ဝတ်" တွေကို လိုက်နာကျင့်ကြံဖို့လည်း လိုအပ်ပါတယ်။
✅ ရိုးသားပါ - ကိုယ်ကျိုးထက် အများအကျိုးကို ရှေ့တန်းတင်ပါ။
✅ ခြိုးခြံပါ - အပိုအလှတွေကို ဖယ်ပြီး အနှစ်သာရကို ရှာဖွေပါ။
✅ သစ္စာရှိပါ - မိမိလုပ်ငန်းခွင်နဲ့ မိမိတိုင်းပြည်အပေါ် မဖောက်ပြန်ပါနဲ့။
ဂုဏ်ပကာသနနောက်ကို မလိုက်ဘဲ ဗိုလ်ချုပ်ပြသခဲ့တဲ့ လမ်းစဉ်အတိုင်း "မှန်တာကို ရဲရဲလုပ်၊ ရိုးရိုးနေ" ကြဖို့ အချိန်တန်ပါပြီ။
#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 056
🚨"စခသင်္ဘောရေကြောင်း အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
Eagle Information Operator (#EIO)
Date - Jul 7, 6:48PM
📌မုံရွာနယ်၊ အလုံ မင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ယမန်နေ့ နံနက်က အထက်သို့ ဆန်တက်လာသော စခသင်္ဘောရေယာဥ်တန်းသည် ကနီမြို့နယ် ဆိပ်ကမ်း၌ ညအိပ်ရပ်နားကြောင်းသိရပါသည်။ ယနေ့နံနက်တွင် စခသင်္ဘောရေယာဥ်တန်းသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ကြီး၊လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ အထက်သို့ ဆန်တက်လာပြီး ရှေ့ဆုံးပွိုင့် စခသင်္ဘောရေယာဥ်တန်းသည် မင်းကင်းမြို့နယ် လောင်းပြည့်ရွာသို့ရောက်ရှိ၍ ဆက်လက်ပြီး ဆန်တက်နေကြောင်းသတင်းရရှိထားပါသည်။
သို့ဖြစ်ပါ၍ အနီးနားရှိ မြစ်ကမ်းဘေး ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
@EIO2021_bot | @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
1 056
Repost from ပြည်သူ့ပန်းတိုင်-People's Goal
တော်လှန်ရေးဆိုသည်ကလည်း ရန်သူကို အနိုင်တိုက်ရုံမျှနှင့် မပြီး။ မိမိကိုယ်ကို ပြုပြင်ခြင်း၊ မိမိအဖွဲ့အစည်းကို ပြုပြင်ခြင်းနှင့်တကွ အာဏာကို တာဝန်ယူစွာ အသုံးပြုတတ်သည့် ယဉ်ကျေးမှုတို့ကိုလည်း တည်ဆောက်ရ၏။
သို့မှသာ တော်လှန်ရေးအပြီးတွင် အာဏာရှင်ကင်းမဲ့ပြီး လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် လွတ်လပ်ခွင့်တို့ကို အခြေခံသည့် လူ့ဘောင်သစ်ကို အမှန်တကယ် ရရှိနိုင်မည်ဖြစ်ပေသည်။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
1 056
Repost from ပြည်သူ့ပန်းတိုင်-People's Goal
"လက်နက်ကိုင်ခွင့်နှင့် မိစ္ဆာစိတ်တို့၏ လွန်ဆွဲမှု"
🔹ဘုန်းရဲနောင်
➡ လက်နက်
လက်နက်ဆိုသည်မှာ အာဏာ၏ အထင်ရှားဆုံး သင်္ကေတများထဲမှ တစ်ခုဖြစ်သည်။
လက်နက်ကိုင်ထားသူတွင် အင်အားနှင့် အာဏာရှိလာသလို၊ ထိုအင်အားကို မည်သို့အသုံးပြုမည်ဆိုသည့် တာဝန်ကလည်း တပါတည်း ပါဝင်လာသည်။ “အာဏာ”ကလည်း ရယူရရန်ထက် မှန်ကန်စွာထိန်းသိမ်းအသုံးပြုနိုင်ဖို့က ပို၍ခက်ခဲသည်။
ယနေ့ မြန်မာ့တော်လှန်ရေးတွင် လူငယ်အများအပြား လက်နက်ကိုင်လာကြသလို၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများလည်း အများအပြား ပေါ်ပေါက်လာခဲ့သည်။ သူတို့သည် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် လက်နက်ကိုင်ခြင်းနှင့်အတူ အာဏာကို အလွဲသုံးစားလုပ်လိုသည့် သဘောထား၊ လူသားအတွင်း ငုပ်လျှိုးနေသော အားနည်းချက်များ၊ သို့မဟုတ် ဤဆောင်းပါးတွင် "မိစ္ဆာစိတ်" ဟု ခေါ်ဆိုထားသည့် အန္တရာယ်ကိုလည်း အမြဲသတိပြုနေရန် လိုအပ်သည်။
➡ မိစ္ဆာစိတ်ဆိုသည်မှာ
"မိစ္ဆာ" ဟူသော ပါဠိစကားလုံးသည် မှားယွင်းသောအမြင်၊ မှားယွင်းသောအကျင့်ဟူသော အဓိပ္ပာယ်ကို ဆောင်သည်။
ဤဆောင်းပါးတွင် "မိစ္ဆာစိတ်" ဟု ဆိုလိုသည်မှာ လူသားတိုင်းတွင် အနည်းနှင့်အများ ရှိနေနိုင်သည့် အာဏာကို အလွဲသုံးစားလုပ်လိုစိတ်၊ ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်လိုစိတ်၊ အားနည်းသူအပေါ် ဖိနှိပ်လိုစိတ် စသည့် မကောင်းသော စိတ်သဘောထားများကို ရည်ညွှန်းခြင်းဖြစ်သည်။
ထိုစိတ်သဘောထားများသည်
• အာဏာရရှိလာသည့်အခါ ပိုမိုထင်ရှားလာနိုင်သည်။
• ဥပဒေစိုးမိုးမှု အားနည်းလာသည့်အခါ ပိုမိုရဲတင်းလာနိုင်သည်။
• ကိုယ့်ထက် အားနည်းသူကို တွေ့သည့်အခါ အနိုင်ယူလိုစိတ် ပေါ်ပေါက်လာနိုင်သည်။
• စစ်ပွဲနှင့် အကြမ်းဖက်မှုများကြားတွင် ပိုမိုကြီးထွားလာနိုင်သည်။
တခါတရံ ထိုစိတ်သဘောထားများကို ကာယကံရှင်ကိုယ်တိုင်ပင် သတိမပြုမိတတ်ပေ။ အထူးသဖြင့် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော လူ့အဖွဲ့အစည်းများတွင် ထိုအကျင့်စရိုက်များသည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ တိတ်တဆိတ် ကူးပြောင်း၊ ပုန်းကွယ်နေတတ်သည်။
➡ ဥပဒေစိုးမိုးမှု အားနည်းသည့်အခါ
ဥပဒေသည် လူ့အဖွဲ့အစည်းအတွင်း လူသားတို့၏ အာဏာအသုံးပြုမှုကို ထိန်းညှိပေးသော စည်းမျဉ်းများဖြစ်သည်။ ဥပဒေစိုးမိုးမှု ခိုင်မာနေသည့်အခါ လူအများစုသည် မိမိတို့၏ လုပ်ရပ်များကို ထိန်းချုပ်နိုင်ကြသည်။
သို့သော် စစ်ပွဲများ၊ အုပ်ချုပ်မှုယန္တရားလစ်ဟာမှုများကြောင့် ဥပဒေစိုးမိုးမှု အားနည်းလာသည့်အခါ
• အာဏာကို အလွဲသုံးစားလုပ်ခြင်း
• အားနည်းသူများကို ခြိမ်းခြောက်ဖိနှိပ်ခြင်း
• သူတပါးပစ္စည်းဥစ္စာကို လုယက်သိမ်းပိုက်ခြင်း
• လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း
ကဲ့သို့သော လုပ်ရပ်များ ဖြစ်ပေါ်လာစေနိုင်သည့် အန္တရာယ် မြင့်တက်လာသည်။
ထိုသို့သော ကျူးလွန်မှုများကို လူဆိုးများသာ ပြုလုပ်တတ်သည်ဟု ယူဆလေ့ရှိသော်လည်း သမိုင်းတလျှောက်ရှိ စစ်ပွဲများစွာက သာမန်လူများသည်ပင် ဋိပက္ခအခြေအအနေအတွင်း အခွင့်အရေးပေးလာပါက ပြင်းထန်သော ကျူးလွန်မှုများကို ပြုလုပ်နိုင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် အန္တရာယ်မှာ "လူဆိုး" ရှိနေခြင်းချည်းပဲမဟုတ်၊ အာဏာကို ထိန်းကျောင်းပေးမည့် စည်းမျဉ်းများ ရှိမနေခြင်းဖြစ်သည်။
➡ မိစ္ဆာစိတ်ကို မည်သို့ထိန်းကျောင်းမည်နည်း။
လက်နက်ကိုင်ထားသူတိုင်းသည် မိမိလက်ထဲရှိ အာဏာကို ထိန်းကျောင်းနိုင်ရန် စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားရမည်။
၁။ ပထမအချက်မှာ အသိပညာပေးရေးဖြစ်သည်။ စစ်သားကျင့်ဝတ်၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)၊ ကျား-မ တန်းတူညီမျှရေးနှင့် အရပ်သားကာကွယ်ရေးဆိုင်ရာ အသိပညာများကို စဉ်ဆက်မပြတ် သင်ကြားပေးရမည်။
၂။ ဒုတိယအချက်မှာ စည်းကမ်းနှင့် အရေးယူမှုဖြစ်သည်။ အဖွဲ့အစည်းတိုင်းတွင် ရှင်းလင်းသော စည်းမျဉ်းများ၊ လွတ်လပ်မျှတသော စုံစမ်းစစ်ဆေးမှုစနစ်နှင့် ကျူးလွန်သူကို အမှန်တကယ် အရေးယူနိုင်သည့် ယန္တရားရှိရမည်။
၃။ တတိယအချက်မှာ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်သူလူထုအပေါ် တာဝန်ခံရမည်ဖြစ်ပြီး မိမိတို့၏ လုပ်ဆောင်ချက်များကို တတ်နိုင်သမျှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
၄။ စတုတ္ထအချက်မှာ အမျိုးသမီးများနှင့် လူနည်းစုများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှုဖြစ်သည်။ ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းတွင် မတူညီသော အမြင်များ ပါဝင်နိုင်လေလေ အာဏာကို တဖက်သတ် အသုံးပြုနိုင်ခြေ လျော့နည်းလေလေ ဖြစ်သည်။
➡ နိဂုံးချုပ်
မြန်မာ့တော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက်သာ မဟုတ်ဘဲ တရားမျှတပြီး လွတ်လပ်သော လူ့အဖွဲ့အစည်းစနစ်တစ်ခုကို တည်ဆောက်ရန်အတွက်လည်း ဖြစ်သည်။
ထို့ကြောင့် တော်လှန်ရေးအောင်မြင်ပြီးမှသာ ဒီမိုကရေစီကို စတင်တည်ဆောက်ရမည် မဟုတ်ဘဲ တော်လှန်နေရင်းမှာပင် ဒီမိုကရေစီ၏ စံတန်ဖိုးများကို ကျင့်သုံးလိုက်နာရမည် ဖြစ်သည်။
မိစ္ဆာစစ်တပ်ကို တိုက်ထုတ်ရင်း မိမိကိုယ်တိုင် မိစ္ဆာဖြစ်မသွားစေရန်၊ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ကိုယ်တိုင်က အာဏာရှင်ဆန်သော အပြုအမူများကို မမွေးမြူမိစေရန်မှာ တော်လှန်ရေးအင်အားစုတိုင်း၏ အဓိကတာဝန်ဖြစ်သည်။
1 056
Repost from ပြည်သူ့ပန်းတိုင်-People's Goal
တော်လှန်ရေးဆိုသည်ကလည်း ရန်သူကို အနိုင်တိုက်ရုံမျှနှင့် မပြီး။ မိမိကိုယ်ကို ပြုပြင်ခြင်း၊ မိမိအဖွဲ့အစည်းကို ပြုပြင်ခြင်းနှင့်တကွ အာဏာကို တာဝန်ယူစွာ အသုံးပြုတတ်သည့် ယဉ်ကျေးမှုတို့ကိုလည်း တည်ဆောက်ရ၏။
သို့မှသာ တော်လှန်ရေးအပြီးတွင် အာဏာရှင်ကင်းမဲ့ပြီး လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် လွတ်လပ်ခွင့်တို့ကို အခြေခံသည့် လူ့ဘောင်သစ်ကို အမှန်တကယ် ရရှိနိုင်မည်ဖြစ်ပေသည်။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
1 056
🚨"စခသင်္ဘောရေကြောင်း အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
Eagle Information Operator (#EIO)
Date - Jul 7, 4:35PM
📌မုံရွာနယ်၊ အလုံ မင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ယမန်နေ့ နံနက်က အထက်သို့ ဆန်တက်လာသော စခသင်္ဘောရေယာဥ်တန်းသည် ကနီမြို့နယ် ဆိပ်ကမ်း၌ ညအိပ်ရပ်နားကြောင်းသိရပါသည်။ ယနေ့နံနက်တွင် စခသင်္ဘောရေယာဥ်တန်းသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ကြီး၊လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ အထက်သို့ ဆန်တက်လာပြီး ရှေ့ဆုံးပွိုင့် စခသင်္ဘောရေယာဥ်တန်းသည် မင်းကင်းမြို့နယ် ဘင်ရွာအနောက်ဘက်သို့ ရောက်ရှိ၍ ဆက်လက်ပြီး ဆန်တက်နေကြောင်းသတင်းရရှိထားပါသည်။
သို့ဖြစ်ပါ၍ အနီးနားရှိ မြစ်ကမ်းဘေး ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
@EIO2021_bot | @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
1 056
စစ်ကောင်စီက အသက် ၁၈ နှစ်အောက်ကလေးစစ်သား အများအပြားကို အသုံးပြုနေပြီး တချို့ကို အယောင်ပြ လွှတ်ပြ
ရန်ကုန်၊ ဇူလိုင် ၇
စစ်ကောင်စီသည် အသက် ၁၈ နှစ်အောက် ကလေးသူငယ်အများအပြားကို စစ်သားအဖြစ် အဓမ္မစုဆောင်းအသုံးပြုနေဆဲဖြစ်သော်လည်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ မှ ၂၄ အထိအတွင်း မှားယွင်းဆင့်ခေါ်ခံခဲ့ရသည်ဟုဆိုသော အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေး ၁၁၃ ဦးကိုသာ မိဘများထံ ပြန်လည်အပ်နှံကြောင်း ထုတ်ပြန်ကာ ဝေဖန်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြောင်း မြန်မာ့စစ်ဖက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ပြောသည်။
ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ မှ ၂၄ အထိအတွင်း အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေး ၁၁၃ ဦးကို သက်ဆိုင်ရာအာဏာပိုင်များမှတစ်ဆင့် မိဘများထံ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် ယင်းထုတ်ပြန်ချက်သည် စစ်ကောင်စီ၏ ကလေးစစ်သား စုဆောင်းအသုံးပြုနေမှုကို ဖုံးဖိရန် ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း MDSI တာဝန်ခံ ကိုနောင်ရိုးက ပြောသည်။
“စစ်တပ်က ဒီလိုမျိုး ဝေဖန်မှုတွေ ပြင်းထန်လာတဲ့အချိန်၊ ကလေးစစ်သား စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတဲ့အခါမျိုးမှာ ကလေးစစ်သားတွေကို စိစစ်ပြီး ပြန်လွှတ်ပေးပါတယ်ဆိုတဲ့ ပုံစံနဲ့ အလီဘိုင်ပြဖို့ လုပ်လေ့ရှိပါတယ်။ ဒါက စစ်တပ်ရဲ့ အစဉ်အလာတစ်ခုလို ဖြစ်နေပါတယ်” ဟု ကိုနောင်ရိုးက ပြောကြားသည်။
၎င်းက ဆက်လက်၍ စစ်ကောင်စီထုတ်ပြန်သည့် ကလေး ၁၁၃ ဦးဆိုသည့် အရေအတွက်သည် မြေပြင်တွင် အဓမ္မစုဆောင်းခံထားရသည့် ကလေးစစ်သားအရေအတွက်ကို ကိုယ် စားမပြုကြောင်း၊ အသက်ငယ်ရွယ်သူများကို စုဆောင်းပြီး မှတ်ပုံတင်နှင့် အခြားစာရွက် စာတမ်းများကို ပြင်ဆင်ကာ စစ်တပ်အတွင်း ထည့်သွင်းနေမှုများ ရှိနေကြောင်း ပြောဆိုသည်။
“ဒီ ၁၁၃ ဦးဆိုတဲ့ အရေအတွက်က မြေပြင်မှာ တကယ်စုဆောင်းထားတဲ့ ကလေးစစ်သားအရေအတွက်ကို မထင်ဟပ်ပါဘူး။ အသက်ငယ်တဲ့သူတွေကို စုဆောင်းပြီး စာရွက် စာတမ်း အထောက်အထားတွေကို ပြင်ဆင်ကာ စစ်တပ်ထဲ ထည့်သွင်းနေတာတွေ ရှိပါတယ်။ အဲဒီလို လူငယ်တွေက သင်တန်းအပတ်စဉ်တိုင်း၊ သင်တန်းကျောင်းတိုင်းမှာ အများအပြား ပါဝင်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
MDSI ၏ အဆိုအရ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အသက် ၁၅ နှစ်အရွယ် ကလေးများအထိ ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေပြီး၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း စာရွက်စာတမ်းအတုများ ပြုလုပ်ကာ စစ်တပ်အတွင်း ထည့်သွင်းလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ အဓမ္မစစ်မှုထမ်း စုဆောင်းမှုများကြောင့် လူငယ်အများအပြား ပေါ်တာဆွဲဖမ်းဆီးခံရခြင်းနှင့် လူကုန်ကူးရောင်းစားခံရခြင်းများလည်း ဖြစ်ပေါ်နေကြောင်း ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၅ အထိ ဖွင့်လှစ်ထားပြီး အမှတ်စဉ် ၂၃ အထိ သင်တန်းဆင်းထားကာ စစ်မှုထမ်းတပ်သား တစ်သိန်းနှစ်သောင်းကျော် စုဆောင်းထားပြီးဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်ပတ် လည်အစီရင်ခံစာတွင်လည်း မြန်မာစစ်တပ်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများသည် ကလေးသူငယ်များကို ရှေ့တန်းစစ်မျက်နှာများတွင် ပါဝင်စေခြင်း၊ ကင်းစောင့်ခိုင်းခြင်း၊ သတင်းပို့ခိုင်းခြင်းနှင့် ပစ္စည်းသယ်ယူခိုင်းခြင်း စသည့် စစ်ရေးတာဝန်များတွင် အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားသည်။
#KTM
