ar
Feedback
EIO

EIO

الذهاب إلى القناة على Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

إظهار المزيد
1 055
المشتركون
+124 ساعات
-27 أيام
+1030 أيام
أرشيف المشاركات
EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက်ကျောင်းပေါက် တွင် စခအိမ်စီးကားများ ရောက်ရှိ၍ ပြည်သူအသွားအလာများကို အစစ်ဆေးပြုလုပ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Jul 16, 12:08AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://t.me/eagleinformationoperator?direct 👉🏻  http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Jul 16, 11:36AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://t.me/eagleinformationoperator?direct 👉🏻  http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
(16,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိ
(16,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (10:00,10:05)AM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
photo content

EIO
1 055
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 055
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️ ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။ 🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။ ၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️ လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။ ၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨 ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။ ⚠️ အထူးသတိပြုရန်။ ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ် နှင့် လမ်းကြိုလမ်းကြားများမကျန်၊ မြို့အဝင်အထွက် စစ်‌ဆေးရေးဂိတ်များ၊ အိမ်စီးကားများကို အသုံးပြု၍ ကင်းပတ်ပြီး‌သော်လည်းကောင်း စခ၊ရခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းတမ်းခြင်း၊ လူငယ်\လူလတ်ပိုင်းများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများကို ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?direct 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 055
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 055
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 055
“အခက်ခဲဆုံး ကာလတွေကို ဖြတ်ကျော်ရတဲ့အခါ” 💟 ၁။ ကိုယ့်မှာ 'ရှိ'တာတွေကို အာရုံစိုက်ပါ။ စိတ်တွေ ပင်ပန်းဖိစီးလာတဲ့အခါ ကိုယ့်မှာ မရှိတာတွေကိုပဲ စဉ်းစားမိပြီး ဝမ်းနည်းတတ်တယ်။ ပူဆွေးတတ်တယ်။ ကိုယ့်မှာ ရှိနေသေးတာတွေကိုတော့ မေ့လျော့သွားတတ်တယ်။ ငွေကြေးအဆင်မပြေပေမဲ့ မိသားစု ရှိသေးတယ်။ အလုပ်မရှိတော့ပေမဲ့ ခြေ ၂ ဖက်၊ လက် ၂ ဖက်အကောင်းကြီး ရှိသေးတယ်။ ဒါကြောင့် စိတ်ပင်ပန်းပြီး အားငယ်မိတဲ့အခါတိုင်း ဒီအလေ့အကျင့်ကို လုပ်ကြည့်စေချင်တယ်။ 💟 ၂။ အတိတ်နဲ့ အနာဂတ်ဟာ သက်သက်စီပဲဆိုတာ သတိပြုပါ။ အတိတ်မှာ မှားခဲ့တာတွေ ရှိမယ်။ ညံ့ခဲ့တာတွေ ရှိမယ်။ မလုပ်သင့်တာတွေ လုပ်ခဲ့မိမယ်။ ညစ်ထေးစွန်းပေနေမယ်။ ဒါပေမဲ့ အနာဂတ်ကတော့ ဘာဆိုဘာမှ မရေးရသေးတဲ့ စာရွက်တစ်ရွက်လိုပဲ။ အတိတ်မှာ ဖြစ်ခဲ့တာမှန်သမျှ အနာဂတ်မှာလည်း ထပ်ဖြစ်လိမ့်မယ်လို့ မမှတ်ယူပါနဲ့။ လက်ရှိပစ္စုပ္ပန်က ကိုယ့်လက်ထဲမှာပါ။ ဘာကိုမဆို ပြောင်းလဲပစ်ဖို့ ကိုယ်တတ်နိုင်ပါတယ်။ 💟 ၃။ အခက်အခဲတွေဆိုတာ ပိုသန်မာလာစေဖို့ အခွင့်အလမ်းတွေပါ။ ဘယ်သူမဆို အဆင်ပြေချင်ကြတာချည်းပဲ ဆိုပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ့်ကို ပိုပြီး တိုးတက်လာစေတာ၊ ရင့်ကျက်လာစေတာ၊ သန်မာလာစေတာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ရှုံးနိမ့်မှုတွေပါ။ ဒါကြောင့် Obstacles မဟုတ်ပါဘူး။ Opportunity to grow သာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် Application တစ်ခုလို သဘောထားကြည့်မယ်ဆိုရင် ခက်ခဲတဲ့ အခိုက်အတံ့တွေ ဆိုတာ ဒီ App ကို Update လုပ်နေတဲ့ ဖြစ်စဉ်တွေပါပဲ။ 💟 ၄။ တစ်ခါတလေ လဲပြိုခွင့်ပေးပါ။ “It’s ok to not be ok.” လူဆိုတော့ ပြိုလဲတဲ့အခါ ရှိမှာပေါ့။ အချိန်ပြည့် သန်မာနေရအောင် စက်ရုပ်မှ မဟုတ်တာ။ ဒါကြောင့် ကာလတစ်ခုတော့ ငိုပါ။ ဝမ်းနည်းပါ။ ပူဆွေးပါ။ ပြီးမှ လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။ 💟 ၅။ ညဘက်မှာ ဘာတွေပဲ ဖြစ်နေပါစေ၊ မနက်ကျရင်တော့ နေပြန်ထွက်လာမှာပဲ။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အမြဲဖြစ်မနေပါဘူး။ သက်တမ်းကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။ ဒါကြောင့် ပျော်စရာနဲ့တွေ့လည်း အပျော်မလွန်နဲ့။ ဘယ်အရာမှ မတည်မြဲဘူး။ ဒုက္ခနဲ့တွေ့လည်း အရှုံးမပေးနဲ့။ ဘယ်အရာမှ မတည်မြဲဘူး။ 💟 ၆။ မဖြစ်သေးတာကို တွေးပူခြင်းက ၂ ခါ ရှုံးစေတယ်။ ဖြစ်မလာခဲ့ရင် တွေးပူခဲ့ရတာ အလကားပဲ။ ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဖြစ်လာခဲ့တော့ရော တွေးပူခဲ့လို့ ဘာများထူးသွားလဲ။ ကြိုပြီး ပူလောင်ရတာတောင် ပိုသေးတယ်။ မှတ်ထားပါ။ ပြဿနာတွေဆိုတာ တွေးပူရုံနဲ့ မသက်သာသွားဘူး။ ဖြစ်လာနိုင်တာတွေအတွက် ခေါင်းအေးအေးနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းကသာ အကူအညီ ဖြစ်တာပါ။ 💟 ၇။ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး။ ဆိုရှယ်မီဒီယာပေါ်မှာတော့ ကောင်းတာတွေပဲ တင်ကြတာပေ့ါ။ ဒီအခါ ကိုယ့်ဘဝရဲ့ အစစ်အမှန်နဲ့ သူများဘဝရဲ့ Highlights တွေကို သွားယှဉ်မိတတ်တယ်။ အဲဒါက အခက်အခဲတွေ ကြုံနေရချိန်မှာ လူကို ပိုပြီး စိတ်ဓါတ်ကျစေတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ်စီကိုယ်စီ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုခုမှာတော့ ရုန်းကန်နေကြရတာချည်းပဲ ဆိုတာကို မမေ့ဖို့ လိုပါတယ်။ 💟 ၈။ ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။ အခက်အခဲတိုင်းကိုတော့ မဆိုလိုပါဘူး။ သို့သော် တချို့သော ကိစ္စတွေကတော့ ရုတ်တရက်ဆို ဒုက္ခဆင်းရဲလို့ ထင်ရပေမဲ့ ကိုယ့်အတွက် ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။ အိမ်ထောာင်ကွဲပြီးမှ ချစ်ခြင်းမေတ္တာကို ပိုတန်ဖိုးထားတတ်လာတာမျိုး၊ သေလုနီးနီး ဖြစ်ပြီးမှ ဘဝအမြင်တွေ ပြောင်းကုန်တာမျိုး၊ အလုပ်ပြုတ်သွားတော့မှ ကိုယ်တကယ်ရူးသွပ်တဲ့ အလုပ်ကို လုပ်ခွင့်ရတာတွေမျိုး စသဖြင့်ပေါ့။ 💟 ၉။ ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက် ဒုက္ခရောက်နေပါတယ်ဆိုမှ ဘယ်လိုရယ်မလဲ။ နေရာတကာ ဟာသလုပ်နေဖို့တော့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရာရာတိုင်းမှာ Serious မထားပါနဲ့။ ရယ်စရာရှိ ရယ်ပါ။ ပေါ့ပေါ့ပါးပါး သဘောထားသင့်တဲ့နေရာ သဘောထားပါ။ Sense of humor ဟာ ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။ (ရေးခဲ့ဖူးတဲ့ ဆောင်းပါးဟောင်းကို ပြန်တင်ထားတာပါ။ အပြည့်အစုံကို 21 Podcast မှာ နားထောင်နိုင်ပါတယ်။ ကွန်မန့်မှာလည်း လင့်ခ်ချထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ) ဒေါက်တာ ဖြိုးသီဟ https://www.facebook.com/share/p/1CvUmNejmf/

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက် ဆားပေါက်ကုန်းအနီးတွင် စခအိမ်စီးကား(၅)စီး ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Jul 15, 6:10PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
photo content

EIO
1 055
❝ အာဇာနည်တိုင်း သမိုင်းမသေ ❞ ဇူလိုင်လ (၁၉) ရက်နေ့နေ့တွင် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး ပြုလုပ်မည် စစ်အုပ်စုဟာ သမိုင်းအမှန်တွေကို ဖျောက်ဖျက်၊ သမိုင်းတုတွေကို တည်ဆောက်ပြီး ကျွန်ုပ်တို့ရဲ့ မျိုးဆက်သစ်တွေဆီ ဝါဒမှိုင်းသွင်းဖို့ ကြိုးစားနေပါတယ်။ နိုင်ငံအနှံ့ ဗိုလ်ချုပ်အောင်ဆန်း (ဦးအောင်ဆန်း) ရဲ့ ရုပ်တုတွေကို ဖြိုချဖျက်ဆီးပြီး၊ အောင်ဆန်းရဲ့ သံမဏိစိတ်ဓါတ် ဝါ အာဇာနည်စိတ်ဓါတ်ကို ကွယ်ဝှက်ဖို့လည်း ကြိုးစားလို့နေပါတယ်။ ဒါပေမယ့် ... စစ်အုပ်စု အနေနဲ့ ရုပ်တုတွေကိုသာ ဖြိုဖျက်နိုင်ပေမယ့်၊ အာဇာနည်တို့ရဲ့ လက်ဆင့်ကမ်းလာခဲ့တဲ့ သမိုင်းဝိဥာဥ်နဲ့ လွတ်လပ်လိုစိတ်တွေကိုတော့ ဘယ်အမိန့်အာဏာနဲ့မှ ဖျက်ဆီး ဖျောက်ဖျက်နိုင်မှာ မဟုတ်ပါ။ အာဇာနည်စိတ်ဓာတ်ဆိုတာက လွတ်လပ်ရေးနဲ့ တရားမျှတမှုကို တောင့်တတဲ့ လူထုရဲ့ အသက်ရှူသံတွေနဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အာဇာနည် (၉) ဦးအပါအဝင် ခေတ်အဆက်ဆက် လွတ်လပ်ရေး၊ တန်းတူရေးနဲ့ ဒီမိုကရေစီအတွက် ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သတ္တိဂုဏ်၊ ကျေးဇူးဂုဏ်တွေဟာ ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်နေမှာ အသေအချာပါ။ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးအနေနဲ့ - • (၁၉) ရက်၊ မနက် (၁၀) နာရီ (၃၇) မိနစ်မှာ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းတို့ဖြင့် အလေးပြုပေးကြပါ။ • အနက်ရောင် အဝတ်အစား၊ ဖဲကြိုး သို့မဟုတ် ဦးထုတ်များ ဝတ်ဆင်၍ ကျွန်ုပ်တို့ရဲ့ ဝမ်းနည်းခြင်းနဲ့ မမှိန်မသုန် ဆက်လက် တော်လှန်လိုသော စိတ်ဓာတ်ကို "အနက်ရောင်လှုပ်ရှားမှု (Black Movement)" ဖြင့် ဖော်ပြပေးကြပါ။ • ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ ကျဆုံးအာဇာနည်များရဲ့ ဂူဗိမာန်များဆီသို့ စုဝေးချီတက်ခြင်းဖြင့် အာဇာနည်တို့ရဲ့ သမိုင်းကို ကျွန်ုပ်တို့က အစဉ်အမှတ်ရနေကြောင်း သက်သေပြကြပါ။ ဒီလူထုလှုပ်ရှားမှုရဲ့ တောင်းဆိုချက်များ အနေနဲ့ကတော့ - • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည်။ • အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။ • မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြသည်။ အာဇာနည်နေ့ရဲ့ လက်ဆင့်ကမ်းတော်လှန်လိုစိတ်ကို လူထုအင်အားနဲ့ သက်သေပြကြပါစို့ #အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ #ဇူလိုင်၁၉ #FreedomSpirit #SpringRevolution

EIO
1 055
(15,7,2026)၊ စစ်ကိုင်းတိုင်း၊ မြင်းမူနယ်၊ တောချောင်းဦးအထိုင်မှ အကြမ်းဖက် စစ်ကောင်စီ၏ #Attack Drone - Hexacopter(1)စီးသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (10:07)AM အချိန်ဝန်းကျင်ခန့်တွင် ထပ်မံ၍ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 055
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ Eagle Information Operator (#EIO) Date - Jul 14, 10:04PM 📌 မြင်းမူနယ်၊ တောချောင်းဦးအထိုင်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram - @EIO2021_bot | @EagleInformationOperator_bothttp://t.me/eagleinformationoperator?direct 📧 Email: eagleinformationoperators@gmail.com 🔵 Facebook Page: https://www.facebook.com/eagleinformation 🌐 Telegram Channel: t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Myinmu #WhatsHappeningInMyanmar #SecurityUpdate

EIO
1 055
(15,7,2026)၊ စစ်ကိုင်းတိုင်း၊ မြင်းမူနယ်၊ တောချောင်းဦးအထိုင်မှ အကြမ်းဖက် စစ်ကောင်စီ၏ #Attack Drone - Hexacopter(1)စီးသည် စစ်က
(15,7,2026)၊ စစ်ကိုင်းတိုင်း၊ မြင်းမူနယ်၊ တောချောင်းဦးအထိုင်မှ အကြမ်းဖက် စစ်ကောင်စီ၏ #Attack Drone - Hexacopter(1)စီးသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (9:59,10:00)AM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
photo content