EIO
الذهاب إلى القناة على Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
إظهار المزيد1 053
المشتركون
-124 ساعات
-27 أيام
+230 أيام
أرشيف المشاركات
1 053
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 မုံရွာနယ် တောင်ခြမ်း၊ တောပုပျူရွာမှ အကြမ်းဖက် စခ၊ပခများသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Aug 8, 6:15PM
@EIO2021_bot ၊ @EagleInformationOperator_bot
#EIO #EmergencyAlert #StaySafe #Monywa #WhatsHappeningInMyanmar #SecurityUpdate
1 053
" ခေတ်မကောင်း လို့၊ အကျင့်မကောင်းသတဲ့လား "
.
နေ့စဥ်ရက်ဆက် သတင်းတွေ ကြည့်လိုက်ရင်
ခေတ်မကောင်းလို့
ခိုးရပါတယ်၊
လုရပါတယ်၊
လိမ်ရပါတယ်၊
ကတိပျက်ရပါတယ်၊
ခေတ်မကောင်းလို့ စာရိတ္တ ပျက်ရပါတယ်တဲ့၊
.
" ပွင့်ပွင့်လင်းဖြေကြည့်စမ်းပါ "
"ခေတ်မကောင်းလို့ ပျက်ရတယ်ဆိုတဲ့လူ ခေတ်ကောင်း နေရာကောင်းရောက်ရင်ကော အကျင့်က ပြင်မတဲ့လား ??? " မပြင်နိုင်လို့ပဲ သူများနိုင်ငံရောက်တာတောင် မူးယစ် သောက်စား ပျော်ပါး တိုင်ပတ်နေကြတာပဲ။
.
အဖြေက " နိုး " ပါနော်
.
ကိုယ့်ကျင့်တရား ပျက်မှုက အိမ်ရှေ့ပေါက်ကရောက်လာတဲ့အခါ မိသားစု အသိုက်အမြုံက နောက်ဖေးပေါက်ကနေ မြောင်းထဲ ရောက်သွားလိမ့်မယ်။
.
ကိုယ့်ကိုကိုယ် လည်လှပြီ ထင်နေကြတာပါ၊
ကိုယ့်ထက်လည်တဲ့လူတွေ သင်္ချိုင်းမှာ အများကြီး။
လောကဓံ က ဆုံးမရင် အတိုးကော အရင်းပါ မို့ မချောင်ဘူးနော် မိတ်ဆွေတို့၊ ပြန်ပြောပြဖို့ တော်တော် ခက်တယ် ဆိုတဲ့ အဖြစ်မျိုး ပိုင်ဆိုင်သွားရလိမ့်မယ်။
.
မကောင်းမှုကို မတော်တဆ လုပ်မိတယ်ဆို၊
သိတဲ့ အချိန်နေရာကနေစပြီး ရပ်တန်းကရပ်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။
.
KJ - JMM
.
“Is it because of bad times that people are behaving badly?”.
If you watch the news day after day,
because of bad times,
you have to steal,
You have to steal,
you have to lie,
you have to break promises,
they say morals are ruined because of bad times,.
“Let's try to be honest and answer.” "
"The person who says ‘I'm corrupt because of bad times,’ what if they were in a good time and a good place? Would they fix their behavior then??? " They can't change, so even when they're in another country, they're still getting high, drinking, partying, and whining..
The answer is “No,” you know
.
When the decay of your own morals comes through the front door, your family's nest will go out the back door and end up in the gutter..
They just think they're so clever,
There are plenty of people smarter than you in the graveyard.
If life's trials don't teach you a lesson, you'll lose both the principal and the interest, my friends. You'll end up in a situation that's really hard to explain.
.
If you've accidentally done something wrong, I urge you to try to stop as soon as you realize it.
KJ - JMM
1 053
"၈၈ ဆို-တာ ဒီလိုရှိတယ် ငါ့ညီ"
၈၈ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာပြီး
အလွယ်တကူကောက်ကပ် ကောက်ခွာလုပ်လို့ရတဲ့
အဝါရောင်ဒေါင်းရုပ်စတေကာလေးကို
ပြောတာမဟုတ်ဘူး...ငါ့ညီ
၈၈ ဆိုတာ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း
ကျခဲ့တဲ့ ကျောင်းသားသွေးနဲ့
ကျန်ရစ်သူကျောင်းသားတွေရဲ့ ရင်ဘတ်မှာ
သေရာပါ ရိုက်နှိပ်ထားတဲ့ အသားတံဆိပ်ပဲ။
၈၈ ဆိုတာ ရာသီဥတုအခြေအနေကောင်းမှ
အခန့်သားထုတ်ဝတ်ရဲတဲ့
လည်ကတုံးအင်္ကျီဖြူဖြူကို
ပြောတာ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ မိုးပေါ်ထောင်မပစ်ဘဲ
လူအုပ်ကြားထဲ တည့်တည့်ရွာချလာတဲ့
ကျည်ဆန်မိုးတွေကြားထဲ
သွေးသံတရဲရဲဖြစ်သွားဖူးတဲ့
နီရဲရဲအင်္ကျီတွေပဲ။
၈၈ ဆိုတာ လိုင်စင်ခွင့်ပြုချက်ရတော့မှ
ကိုယ့်နာမည်ကိုယ့်အဖွဲ့ ရောင်းအားမြင့်အောင်
အော်ဟစ်ကြော်ငြာနေရတဲ့
လော်စပီကာကထွက်လာတဲ့အသံ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ စစ်အစိုးရက
ပြည်သူတွေ အမှန်ကို မသိနိုင် မကြားနိုင်အောင်
ကတ်ကြေးနဲ့ဖြတ် ငွေမင်နဲ့သုတ်
ဖုံးဖိအမှောင်ချခဲ့တဲ့ကြားက
ယိုစိမ့်ထွက်လာတဲ့
ရဲရဲတောက်သွေးစွန်းအမည်နာမတွေပဲ။
၈၈ ဆိုတာ ဟိုးရှေးရှေးတုန်းက
ဗာရဏသီပြည်ကြီးမှာ ဖြစ်ခဲ့တာမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ လွန်ခဲ့တဲ့ သုံးဆယ့်ရှစ်နှစ်က
မင့်အိမ်ရှေ့ လမ်းမထက်မှာ အမှန်တကယ်ဖြစ်ခဲ့တာ။
၈၈ ဆိုတာ ဆင်သေကို ဆိတ်သရေနဲ့ဖုံး၊
သူခိုးကလူဟစ်ထားတဲ့
အစိုးရသတင်းဆောင်းပါးတွေထဲက
စာသားတွေမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ နိုင်ငံတကာမဂ္ဂဇင်းဂျာနယ်တွေမှာ
အထင်အရှား အလေးထား ဖေါ်ပြခံရတဲ့
သမိုင်းဓါတ်ပုံတွေပဲ။
၈၈ ဆိုတာ ထုံးဖြူဖြူတွေအသုပ်ခံထားရတဲ့
အကောင်းပကတိနံရံဖွေးဖွေးကြီးမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ကျည်ဆန်ရာတွေ
သွေးစင်ပေကျံရာတွေနဲ့
အတွင်းသားအုတ်ကွက်တွေကိုမြင်နိုင်တဲ့
အက်ကွဲနေတဲ့ အတိတ်နံရံဟောင်းတစ်ချပ်ပဲ။
၈၈ ဆိုတာ မနားတမ်းအက်ရှင်
စိတ်ကူးယဉ် စစ်ရုပ်ရှင်ဇာတ်လမ်းတစ်ခု
မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ဘရင်းကယ်ရီယာတွေ၊
လုံထိန်းတွေ၊ နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊
မျက်ရည်ယိုဗုံးတွေ၊ လက်ပစ်ဗုံးတွေ၊ ရိုင်ဖယ်သေနတ်တွေ၊
မောင်းပြန်သေနတ်တွေ၊ ဘက်နက်တွေ၊
အပြာရောင်အချုပ်ကားတွေ၊ သံဆူးကြိုးတွေ၊
ဓာတ်ဆီဗုံးတွေ၊ ဂျင်ဂလိတွေ၊ ဓားရှည်တွေ၊ ဝါးချွန်တွေ၊
လှံတွေနဲ့ လူတွေထောင်နဲ့ချီ သေသွားတဲ့
ဒီနိုင်ငံရဲ့ ဖြစ်ရပ်မှန်တိုက်ပွဲတွေပဲ။
၈၈ ဆိုတာ စိတ်ရူးပေါက်ပြီး
နေ့ချင်းညချင်း ထဖြစ်ခဲ့တဲ့
လူတစ်စုရဲ့ ရန်ပွဲမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ အုပ်ချုပ်သူအဆက်ဆက်ပြောင်းပေမယ့်
အာဏာရှင်စနစ်မပြောင်းတဲ့
စစ်ဖိနပ်အောက် နာကျည်းခါးသီးမှုတွေ
နှစ်လကြာရှည် စုဆောင်းမိလာပြီး
မြို့ရဲ့လမ်းမတွေပေါ် တပြိုင်နက်
ပေါက်ကွဲလျှံထွက်ကျလာတဲ့
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ စိတ်ဓါတ်လှိုင်းလုံးတွေပဲ။
၈၈ ဆိုတာ အသုံးမကျလို့ ပျောက်ကွယ်သွားရတဲ့
တောင်းဆိုးပလုံးဆိုးတွေ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ တပ်မတော်ထက် အင်အားကြီးမားပြီး
အုပ်ချုပ်သူအာဏာရှင်တွေအတွက် ကြောက်လန့်စရာကောင်းလွန်းလို့
ကျူငုတ်မကျန် အမြစ်လှန် ဖျောက်ဖျက်ခံရတဲ့
သူရဲကောင်းတွေပဲ။
၈၈ ဆိုတာ မလိုအပ်တော့တဲ့
သက်တမ်းလွန်စိတ်ကူးအကြံအစည်တစ်ခု မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ စစ်အစိုးရရဲ့စွန့်ကျဲသမျှ တဝတပြဲစားပြီး
သခင်အားရကျွန်ပါးဝနေတဲ့
အရင်းရှင်နဲ့ခရိုနီတွေရဲ့ အိပ်မက်ထဲက
ထမင်းလုံးတစ္ဆေပဲ။
၈၈ ဆိုတာ မမြင်အံ့ မကြားအံ့
ရွံကြောက်စရာ အတိတ်တစ္ဆေတစ်ကောင်မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ညံ့ဖျင်းတဲ့ပညာရေးနဲ့
နိမ့်ကျတဲ့စီးပွားရေးကို ရခဲ့သူတွေရဲ့
ပုံစံခွက်ထဲက ဦးနှောက်နဲ့ ရင်ဘတ်ထဲက အကြောက်တရားပဲ။
၈၈ ဆိုတာ ကျောင်းပြဌာန်းစာအုပ်တွေမှာ
အဖြုတ်ခံရတဲ့ သမိုင်းဖတ်စာ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ မြန်မာပြည်သူတွေအားလုံး
အလွတ်ရနေတဲ့ ကျောက်စာပဲ။
၈၈ ဆိုတာ ငါ့ညီနဲ့ မဆိုင်တာ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ငါ့ညီ ကျေညက်အောင်
သင်ယူမှတ်သား ကျင့်ကြံပွားများရမယ့်
ဘဝတစ်သက်တာ အိမ်စာပဲ။
၈၈ ဆိုတာ ဒီလိုရှိခဲ့တယ်
၈၈ ဆိုတာ ဒီလိုရှိနေတယ်
၈၈ ဆိုတာ ဒီလိုရှိလိမ့်အုံးမယ် ငါ့ညီ။ ။
# မောင်ယုပိုင်
#fundraisingbyနွေဦး
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာ၊ နမခအတွင်းသို့ ဝင်ရောက်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 4:45PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် ဝါဆိုကျောင်းနားသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 8, 4:39PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေသော စခကင်းများသည် မုံရွေးဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 8, 4:35PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 8, 4:16PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ဖြတ်၍ မုံရွာမြို့တွင်းသို့ ဝင်ရောက်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 4:07PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 4:05PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
📢" (မုံရွာ - ကျောက်ကာ) လမ်းပိုင်း သွားလာရေး သတိပေးနှိုးဆော်ချက်"
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကောင်စီတပ်များသည် မုံရွာမြို့ အရှေ့ဘက် ကျောက်ကာတောင်ရွာရှိ ရွှေဂူနီဘုရား တွင် အထိုင်ချ တပ်စွဲထားသည်မှာ ယနေ့ဆိုလျှင် (၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အဆိုပါ နယ်မြေအနီးဝန်းကျင်နှင့် လမ်းပိုင်းများအား သွားလာလှုပ်ရှားဖို့ရာ အဆင်မပြေသည့်အတွက် အထူးသတိထားဆင်ခြင်နိုင်ဖို့ရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
⚠️ လမ်းပိုင်းဆိုင်ရာ အရေးပေါ် အသိပေးချက်။
အဆိုပါ (မုံရွာ - ကျောက်ကာ) လမ်းပိုင်းအားလည်း သက်ဆိုင်ရာ နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းများမှ ဆက်လက် ပိတ်ထားဆဲ ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထိုလမ်းပိုင်းအား အသုံးပြုသွားလာခြင်း (လုံးဝ၊လုံးဝ) မပြုကြပါရန်နှင့် အခြားဘေးကင်းသော လမ်းလွှဲများကိုသာ အသုံးပြုကြပါရန် အသိပေးအပ်ပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ" 🙏🏻
#EIO #PublicSafety #Monywa #Kyaukkar #Road_Safety_First #SecurityAlert #StaySafe
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ်၊ တောင်ခြမ်း မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 3:51PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ်၊ တောင်ခြမ်း ကူတောဖြတ်၍ မုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 3:44PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ်၊ တောင်ခြမ်း မုံရွေးဖြတ်၍ မုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 3:40Pm
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် ချောင်းဦးဖြတ်၍ မုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 3:28PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် ချောင်းဦးနယ်၊ နတ်ရေကန်ဖြတ်၍ မုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 3:13PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ်၊ ဂွေးပင်တောဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 2:17PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ်၊ မြောင်လမ်းခွဲဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 8, 2:10PM
@EIO2021_bot ၊ @EagleInformationOperator_bot
