ar
Feedback
EIO

EIO

الذهاب إلى القناة على Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

إظهار المزيد
1 054
المشتركون
-224 ساعات
-27 أيام
+430 أيام
أرشيف المشاركات
EIO
1 054
Repost from EIO
photo content

EIO
1 054
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူရွာထိပ်သို့ရောက်ရှိနေ‌သော စခကင်းများသည် ကားများအား တားဆီးစစ်ဆေးနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 16, 4:04PM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
photo content

EIO
1 054
"အမျိုးသမီးစစ်မှုထမ်းသင်တန်းက တပ်လှန့်လိုက်တဲ့ ပြည်သူ့ဘဝ ငရဲအိုးရေဆူမှတ်" 🔹သစ်ရိပ် (ရာမည) MDSI ၏ ထုတ်ပြန်ချက်အရ အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကြာလာချိန်၊ အရေခွံလဲစစ်အစိုးရလက်ထက်တွင် ပြည်သူ့ဘဝ ငရဲအိုးကြီး ရေဆူမှတ်သို့ အမှန်တကယ် ရောက်ရှိလာပြီဖြစ်ကြောင်း ထင်ရှားစေသည့် အချက်ပေးသံတစ်ခု ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့သည့်အချိန်မှစ၍ အဓမ္မ စစ်သားစုဆောင်းခံရနိုင်မှုအန္တရာယ်သည် အမျိုးသားလူငယ်များ အပေါ်တွင် အဓိကကျရောက်ခဲ့ပြီး လူငယ်လူရွယ်အများအပြားသည် ပညာရေး၊ အလုပ်အကိုင်၊ မိသားစုနှင့် အနာဂတ်ကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ပြည်သူများမှာလည်း နေ့စဉ်မလုံခြုံမှုများအကြား ခက်ခဲပင်ပန်းကြီးစွာ အသက်ရှင်လာနေခဲ့ကြရသည်။ ယခု အမျိုးသမီးစစ်မှုထမ်းသင်တန်းကို စတင်ဖွင့်လှစ်လိုက်ခြင်းသည် ထိုခြိမ်းခြောက်မှုကို နောက်ထပ်အဆင့်တစ်ခုသို့ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ အမျိုးသားများကိုသာမက အမျိုးသမီးများကိုပါ စစ်ပွဲအတွင်းသို့ တိုက်ရိုက်ဆွဲသွင်းလိုက်ခြင်းဖြစ်ပြီး မိသားစုတိုင်းအတွက် “သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် စိုးရိမ်ရမည့် ခေတ်”ကို အတည်ပြုပေးလိုက်ခြင်းလည်း ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ပြိုလဲလာခြင်း၊ လုံခြုံရေးယိုယွင်းလာခြင်းနှင့် အကြမ်းဖက်မှုများ တိုးပွားလာခြင်းကြောင့် အမျိုးသမီးများ၏ မလုံခြုံမှုသည် မူလကတည်းက စိုးရိမ်ဖွယ်ရာဖြစ်နေခဲ့ပြီး ယခုအခါ ထိုမလုံခြုံမှုအပေါ် လေးနက်သော ခြိမ်းခြောက်မှုတစ်ခု ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မင်းအောင်လှိုင်မိသားစု၏ ပိုင်ဆိုင်မှုများမှာ စစ်အာဏာသိမ်းကာလအတွင်း အဆမတန် တိုးပွားလာခဲ့ပြီး ရွှေ ပိသာရာချီ ရောင်းချရန် ကြိုးပမ်းသည့်ကိစ္စ၊ ဒေါ်လာ သန်းများစွာတန်သည့် ပြည်ပအိမ်ခြံမြေပိုင်ဆိုင်မှုကိစ္စအပါအဝင် စီးပွားရေးအကျိုးအမြတ်ရယူ‌နေသည်ဆိုသော အတည်ပြုစွပ်စွဲချက်များနှင့် သတင်းများ ဆက်တိုက်ထွက်ပေါ်နေသလို ပြည်တွင်းစီးပွားရေးအခွင့်အလမ်းအများအပြားသည်လည်း အာဏာနှင့် နီးစပ်သူများ၏ လက်ထဲသို့သာ ပိုမိုစုစည်းလာနေသည်။ သာမန်ပြည်သူများမှာမူ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်လာမှု၊ အလုပ်အကိုင်ရှားပါးမှု၊ လုံခြုံရေးယိုယွင်းမှု၊ အတင်းအကျပ်စစ်မှုထမ်းခေါ်ယူခံရမည့် အန္တရာယ်ရှိမှုတို့ကြောင့် မလုံခြုံသော လူမှုဘဝဝန်းကျင်တွင် အသက်ရှင်ရပ်တည်နိုင်ရေးကိုသာ နေ့စဉ် ရုန်းကန်နေကြရသည်။ ပိုမိုဆိုးရွားသည်မှာ ပြည်သူတို့သည် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်တော့ဘဲ အာဏာရှင်၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍သာ အသက်ရှင်ရသည့် နိုင်ငံရေးထောင်ချောက် ယန္တရားအတွင်းသို့ သိသိသာသာ ဖိသွင်းခံနေကြရခြင်းပင် ဖြစ်သည်။ အမျိုးသားများကို စစ်မှုထမ်းရန် အဓမ္မ ခေါ်ယူခဲ့သည့် အချိန်ကတည်းက လူငယ်တစ်ဝက်၏ အနာဂတ်ကို ခြိမ်းခြောက်ခဲ့ပြီးဖြစ်၍ အမျိုးသမီးများကိုပါ စတင်ခေါ်ယူလာသည့် ယနေ့အခြေအနေသည် လူငယ်မျိုးဆက်တရပ်လုံးကို အတိအလင်း ဖိအားပေးလိုက်သည့်သဘော ဖြစ်လာပြီး မိသားစုတိုင်းကို ‘ရွေးချယ်စရာမရှိတော့သည့် အခြေအနေဆိုး’ထဲသို့ တွန်းပို့လိုက်သည်ဟု ဆိုရပေမည်။ တနည်းဆိုရသော်စစ်အာဏာရှင်တို့သည် ၎င်းတို့၏ အာဏာနှင့်စည်းစိမ်တည်မြဲရေးအတွက် လူငယ်မျိုးဆက်တစ်ခုလုံးကို စစ်အတွက် အသုံးချနိုင်သည့်အရင်းအမြစ်အဖြစ် သဘောထားနေမှုကို အဆုံးစွန်ထိ ပြသလာခြင်းလည်းဖြစ်သည်။ အချုပ်ဆိုရလျှင် အမျိုးသမီးစစ်မှုထမ်းပြဿနာသည် ပြည်သူ့ဘဝငရဲအိုးကို နောက်ထပ်မီးထိုးပေးလိုက်သည်နှင့် မခြားဟု ဆိုရမည်ဖြစ်ပြီး တချိန်က “စစ်အာဏာသိမ်းတာ ငါနဲ့မဆိုင်ဘူး” ဟု တွေးခဲ့သူများအတွက်လည်း ယခုဖြစ်စဉ်က “မတရားမှုသည် သားပျိုတို့၏ ရှင်သန်မှုကိုသာမက သမီးပျိုတို့၏အိပ်ခန်းကိုပါ ခြိမ်းခြောက်လာနေပြီ”ဖြစ်ကြောင်း အချိန်‌နှောင်းစွာသတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ မတရားမှုကို တုံ့ပြန်ရန်ထက် ငုံ့ခံရန်သာ အကျင့်ပါနေကြသည့် ကြားနေဆိုသူများအတွက်လည်း ကြားနေရန် (သို့) ပုန်းခိုရန် စပ်ကြားနေရာလပ်များက ကုန်ဆုံး ပျောက်ကွယ်လာနေပြီ ဖြစ်ပါကြောင်း။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။] #People's Goal

EIO
1 054
(16,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (3)စီးသည် စစ်ကိုင်းတိ
(16,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (3)စီးသည် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:44,47,52)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 16, 11:33AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် ယင်းမာပင်နယ်၊ အောင်ဇေယျအကျိုးကုန်း၌ စခအအများချထားခဲ့ပြီး ကားအခွံ(၂)စီးနှင့် ယာဉ်တန်းသည် မုံရွာ နမခသို့ ပြန်လည်ဝင်‌ရောက်ကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 16, 1046AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့၊ ရွာထောင်ဂိတ်သို့ ဝင်ရောက်သော ခွေးကားအကြီး ၁စီးနှင့် အသေး ၁စီးသည် မုံရွာမြို့တွင်း ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိထားပါသည်။ #EIO Aug 16, 10:25AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် ယင်းမာပင်နယ်၊ အောင်ဇေယျအကျိုးကုန်းသို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 16, 10:13AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့၊ ရွာထောင်ဂိတ်သို့ ခွေးကားအကြီး ၁စီးနှင့် အသေး ၁စီးဝင်ရောက်ကြောင်းသတင်းရရှိထားပါသည်။ #EIO Aug 16, 10:12AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် ချင်းတွင်းတံတားဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 16, 10:05AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 16, 9:59AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
မုံရွာ မုံရွာ နမခသို့ UAV Scout Drone (1)စီး ဆင်းသက်။ #EIO Aug 16, 10:02AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ အောင်ဇေယျအကျိုးကုန်းသို့ ရောက်ရှိနေသော စခများသည် အနောက်ဘက်သို့ ခြေလျင်စထွက်‌နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 16, 8:50AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် ယင်းမာပင်နယ်၊ အောင်ဇေယျအကျိုးကုန်း၌ စခအအများချထားခဲ့ပြီး ကားအခွံများသည် မုံရွာ နမခသို့ ပြန်လည်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 16, 8:32AM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
photo content

EIO
1 054
🚨 မုံရွာ နမခ မှ လေကြောင်းလှုပ်ရှားမှုများရှိနေ၍ မိဘပြည်သူများ အထူးသတိပြုကြပါရန် 🚨 ရာသီဥတု သာယာကောင်းမွန်လာသည်နှင့်အမျှ ယခုရက်ပိုင်း မုံရွာ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ #UAV Scout Drone များလွှတ်တင်၍ မုံရွာမြို့နယ်နှင့် နီးစပ်ရာမြို့နယ်များအား ကင်းထောက်ပျံဝဲခြင်း၊ #Gyrocopter ဂျိုင်ရိုကော်ပတာများနှင့် #Paramotor စက်တပ်လေထီးများသည်လည်း လေကြောင်းအဆင်းအတက် ပုံမှန်ပြုလုပ် လှုပ်ရှားလျက်ရှိ‌နေပါသည်။ သို့ဖြစိပါ၍ မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် ကင်းဝေးစေရေးအတွက် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာပေးကြပါရန် နှိုးဆော်အပ်ပါသည်။ ⚠️ အထူးသတိပြုရန်နှင့် ဆောင်ရန်များ။ * လေကြောင်းသတိအမြဲရှိရှိဖြင့် ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်ပါ။ * Gyrocopter/Paramotor အသံ (သို့မဟုတ်) Scout Drone များဝေဟင်လှုပ်ရှားမှု မြင်တွေ့ရပါက ပွင့်လင်းမြင်ကွင်းကျယ် ရောက်ရှိနေခြင်းမှ ရှောင်ရှားပြီး ခိုင်ခံ့သော ခိုလှုံရာနေရာများတွင် အမြန်ဆုံး ခိုလှုံပါ။ * ညဘက်တွင်လည်း လှုပ်ရှားမှုများရှိပါက မလိုအပ်သော အလင်းရောင်များ (မီးရောင်၊ ဖုန်းမီးရောင်) အပြင်သို့ မထွက်စေရန် သတိပြုပါ။ * မိမိတို့ဒေသတွင်း ထူးခြားလှုပ်ရှားမှုများကို မိတ်ဆွေ၊ အိမ်နီးနားချင်းများထံ ကွန်ရက်ချိတ်ဆက် သတိပေးပါ။ * မိမိတို့ဒေသတွင်း ဆက်သွယ်ရေးနှင့်ပြန်ကြားရေးများမှ အသိပေးချက်၊သတိပေးချက်များနှင့် လေကြောင်းသတင်းများကို နားစွင့်၍ နေထိုင်ကြပါ။ အေးချမ်းစွာ နေထိုင်နိုင်ကြပါစေကြောင်း #EIO မိသားစုမှ ဆုမွန်ကောင်းတောင်းရင်း လေကြောင်းသတိပေးချက်များအား အသိပေးနှိုးဆော်လိုက်ရပါသည်။ #EIO #Monywa #SagaingRegion  #SecurityAwareness #SafetyFirst #AirStrikeAlert #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 054
⛴️ချင်းတွင်း ရေ‌ပြင်⛴️🔴 ကလေးဝမြို့ ဆိပ်ကမ်းသို့ ညအိပ်ခဲ့သော စစ်သင်္ဘော ၂ စီး နှင့် ခိုးယူသယ်ဆောင်လာသော ကျောက်စိမ်း ခွေး ဖလပ် ၁၈ စီးသည်မင်းကင်းမြို့နယ် မြောက်ချွန်းရွာဖြတ်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ကြီး /စက်လက်တို့ဖြင့် ရမ်းသမ်းပစ်ခတ်၍အောက်ဘက်သို့ စုန်ဆင်းနေ ကြောင်းသိရ။ #Yaypyin Aug 16  , 8:05AM 📫သတင်းပို့ရန် @Yaypyin0bot

EIO
1 054
⛴️ချင်းတွင်း ရေ‌ပြင်⛴️🔴 ကလေးဝမြို့ ဆိပ်ကမ်းသို့ ညအိပ်ခဲ့သော စစ်သင်္ဘော ၂ စီး နှင့် ခိုးယူသယ်ဆောင်လာသော ကျောက်စိမ်း ခွေး ဖလပ် ၁၈ စီးသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ကြီး /စက်လက်တို့ဖြင့် ရမ်းသမ်းပစ်ခတ်၍ မင်းကင်းမြို့ဘက် စုန်ဆင်းနေ ကြောင်းသိရ။ #Yaypyin Aug 16 , 7:15AM 📫သတင်းပို့ရန် @Yaypyin0bot