EIO
الذهاب إلى القناة على Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
إظهار المزيد1 051
المشتركون
لا توجد بيانات24 ساعات
-37 أيام
+430 أيام
أرشيف المشاركات
1 052
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 052
နံပါတ်(၆)အချက်ဟာဆိုရင်လည်း “ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့်အနိုင်ကျင့်ခြင်းမှ ရှောင်ကျဥ်ပါ”တဲ့ ပြည်သူလူထုအပေါ် မဆိုထားနဲ့၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကိုပင် လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး အာဏာလုယုခဲ့တာလည်း မျက်၀ါးထင်ထင် တွေ့မြင်ရမှာဖြစ်လို့ လိုက်နာမှုမရှိတဲ့အပြင် ဆန့်ကျင်ဘက်လားရာကို သွားနေတာ သိသာထင်ရှားစေပါတယ်။
နံပါတ်(၇)အချက်ကတော့ “မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ”တဲ့။ တခုသွား သတိရမိတယ် … စစ်သားတွေက ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတယ်။ ပါတီလည်း ထောင်တယ်၊ နိုင်ငံရေးလဲ လုပ်တယ်၊ ရွေးကောက်ပွဲမနိုင်တော့ အာဏာထသိမ်းတယ်ဆိုတော့ … မိမိနှင့်သက်ဆိုင်သောအမှုကိစ္စဆို တခုမှမလုပ် … မသက်ဆိုင်သော အမှုကိစ္စမှန်သမျှ အကုန်လုပ်တဲ့ အာဏာသိမ်းစစ်တပ်ဆိုတာ ပြောစရာမလိုအောင် မှန်ကန်နေတယ်လို့ ပြောရမှာပေါ့။
နံပါတ်(၈) “ပြည်သူသူလူထုကိုဦးစားပေးပါ မိမိမှအခွင့်အရေးပိုမယူပါနှင့်”တဲ့။ ကျနော်တို့နိုင်ငံမှာတော့ ဘယ်အရာဖြစ်ဖြစ် စစ်တပ်က ဦးစားပေး(၁)လို့တောင် ခေါ်ဆိုရမလို ဖြစ်နေသည်အထိ ဘယ်အရာရာဖြစ်ဖြစ် ဗိုလ်ချုပ်အိမ်၊ ဗိုလ်ချုပ်ကား၊ ဗိုလ်ချုပ်ကတော်ရဲ့ လုပ်ငန်း၊ ဗိုလ်ချုပ်သားရဲ့ မှောင်ခို၊ ဗိုလ်ချုပ်သမီးရဲ့ ကုမ္ပဏီ စသဖြင့် နေရာတကာ လက်၀ါးကြီးအုပ် ပြည်သူကနောက်ဆုတ်ပေးနေရတဲ့ ဘ၀တွေပါ။
စစ်ကောင်စီရဲ့ မကောင်းကြောင်းတွေပဲ ပြောနေတယ်ဖြစ်ရော့မယ်။ သူတို့ပြုကျင့်ရမည့်ကျင့်၀တ် ကိုးချက်မြောက်သည်အထိတောင် ကောင်းတာရေးဖို့ရာ သူတို့လိုက်နာတဲ့အချက်တွေရှာတာလည်း တချက်မှ လိုက်နာမှုမရှိတာကို တွေ့နေရတော့လည်း မတတ်နိုင်ဘူးပေါ့။
ကဲ နံပါတ်(၉)ကို ဆက်သွားရမယ်ဆိုရင် “ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ”တဲ့။ ပြည်သူလူထုအတွက် အာဏာထိမ်းပေးရပါတယ်တဲ့ … ပြည်သူလူထုက ကျေနပ်လား ကြည်ဖြူလား၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းရာမှာရော ကျေနပ်ရဲ့လား၊ ရွာစဥ်လှည့်လည်ပြီး ပေါ်တာဆွဲ ဆက်ကြေးတောင်းခံနေတာလည်း ကြည်ဖြူကျေနပ်ပါရဲ့လား ဆိုတာတွေ၊ ကျန်တာတွေလည်း ကိုးကားပြီး စဥ်းစားမယ်ဆိုရင် ပြည်သူလူထု မကျေနပ်စရာ မကြည်ဖြူစရာကိုတွေကိုပဲ ရွေးချယ်လုပ်ဆောင်နေသလားလို့တောင် ထင်ယောင်မိပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်၀တ်တွေထဲက နောက်ဆုံးအချက်ဖြစ်တဲ့ နံပါတ်(၁၀)မှာဆိုရင် “ပြည်သူလူထု၏ ဘာသာ အယူ၀ါဒ ယဥ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ”တဲ့။ လေးစားလိုက်နာသလား ဆိုတော့ … စစ်တပ်ထဲ အစ္စလာမ်ဘာသာ မကိုးကွယ်ရ၊ ခရစ်ယာန်ဆို ရာထူးတိုးမပေး၊ ဟိန္ဒူဆို တပ်ထဲတာ၀န်ထမ်းဆောင်ခွင့်မရှိနဲ့ ကန့်သတ်ထားလိုက်တာ … အဲဒီနောက် အာဏာသိမ်းပြီးကာလကို ကြည့်မယ်ဆိုပြန်ရင်လည်း လေယာဥ်ဗုံးကြဲလိုက်သမျှ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ရခိုင်စစ်မျက်နှာစာမှာဆိုရင်လည်း အစ္စလာမ်ဗလီကျောင်းတွေနဲ့ စာသင်ကျောင်း၊ ဆေးရုံ စတာတွေကိုပဲ ပစ်မှတ်ထားပြီး လိုက်လံဗုံးကြဲနေတာတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ ဘာသာ၊ အယူ၀ါဒ၊ ယဥ်ကျေးမှုဓလေ့ထုံးစံတွေကို လေးစားလိုက်နာရဲ့လားဆိုတာ ပြေးကြည့်စရာပင် မလိုဟုဆိုရင်းနဲ့ ကျင့်၀တ်တွေကို ကျူးလွန်ဖောက်ဖျက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေကို တင်ပြနိဂုံးချုပ်အပ်ပါတယ်။
Date - 27, May 2025
#MDSI #MyanmarDefense&Security Institute #media #research #SpringRevolution #political #international #trendingnow #news #Update #information #cdmsoldiers #ethics
1 052
ကျင့်၀တ်တွေ ကျူးလွန်ဖောက်ဖျက်နေတဲ့ အာဏာသိမ်းစစ်တပ်
ဆောင်းပါးရှင် - CDM Major Tin Lin Aung
ကျင့်၀တ်ဆိုလို့ ပြောပြရအုံးမယ်။
ကျင့်၀တ်ခြောက်ဆယ်ကို ခါး၀တ်ပုဆိုးကဲ့သို့ မြဲမြံရမယ်လို့ အမြဲတမ်း တဖွဖွပြောနေခဲ့တဲ့ အာဏာသိမ်း စစ်တပ်ကြီးက ကျင့်၀တ်တွေကို လိုက်နာရဲ့လားဆိုတာ ယနေ့မျက်မြင်ကိုယ်တွေ့ မြင်ရကြားရရတဲ့ အဖြစ်တွေက အော့နှလုံးနာဖွယ်ပါပဲ။ ကျင့်၀တ်ခြောက်ဆယ်နဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ဟာ တပ်မတော်နေ့တွေ၊ အခမ်းအနားရက်တွေမှာ ပြိုင်ပွဲတွေပြုလုပ်ပြီး ဗဟိုအဆင့်ပထမဆုရရှိပါက အခြားဆင့်စစ်သည်တွေဆိုရင် အဆင့်တိုးမြှင့်ပေးတယ်၊ အရာရှိဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်တယ်။ ဒီလောက်အထိ စစ်သည်တော် ကျင့်၀တ်တွေကို တခမ်းတနားလုပ်ပြနေပေမယ့် … လက်တွေ့မှာ လိုက်နာပါရဲ့လား။
ကျင့်၀တ်ခြောက်ဆယ်ဆိုလို့ ရှင်းပြပေးပါ့မယ်။ ဒါတွေအားလုံးက စစ်သားတိုင်း မဖြစ်မနေလိုက်နာရမယ့် အချက်တွေဖြစ်ပါတယ်။
(၁) စစ်သည်တော်တိုင်း တဦးချင်းအနေဖြင့် ပြုကျင့်ရမည့် ကျင့်၀တ်(၂၀)ပါး
(၂) အခြားရဲဘော်များအပေါ် ပြုကျင့်ရမည့် ကျင့်၀တ်(၁၀)ပါး
(၃) လက်အောက်ငယ်သားများအပေါ် ပြုကျင့်ရမည့် ကျင့်၀တ်(၅)ပါး
(၄) အထက်အကြီးအကဲများအပေါ်ပြုကျင့်ရမည့် ကျင့်၀တ်(၁၀)ပါး
(၅) ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်၀တ်(၁၀)ပါး
(၆) ရန်သူအပေါ်ပြုကျင့်ရမည့်ကျင့်၀တ်(၅)ပါး
ထိုသို့ စစ်သည်တော်ကျင့်၀တ် (၆၀) ချမှတ်ထားသော်လည်း စစ်တပ်က ယနေ့အချိန်မှာ မျက်၀ါးထင်ထင်ပဲ လိုက်နာမှုမရှိသလို၊ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ အချက်များကိုပြပါဆိုလျင် ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်တွေပါပဲ။ ပြည်သူအပေါ် ထားရှိရမယ့် ကျင့်၀တ်တွေကို ရဲတင်းစွာချိုးဖောက်ကာ ပြည်သူကို နှိပ်စက်သတ်ဖြတ် ကျူးလွန်နေတာဖြစ်ပါတယ်။
ပြည်သူလူထုအပေါ် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘာတွေပြုကျင့်ရမယ်ဆိုပြီး ကျင့်၀တ်တွေထုတ်ထားလဲ၊ ဘာတွေကို ချိုးဖောက်နေလဲဆိုတာ အတိအကျ အသေးစိတ် ပြောပြရမယ်ဆိုရင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင်၀တ်များထဲမှ နံပါတ်(၁) က “ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေပါ”တဲ့။ ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေမှုကတော့ ဘယ်လောက်အထိရှိသလဲဆိုရင် ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို အတင်းအဓမ္မ အာဏာလုယူပြီးတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်နင်းချေခဲ့တာကိုကြည့်ခြင်းအားဖြင့် လုပ်ရပ် သိသာထင်ရှားပါတယ်လို့ ပြောရမှာပဲ။
နံပါတ်(၂)အချက်ဖြစ်တဲ့ “ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါ” ဆိုတဲ့အချက်ကို ပြောရမယ်ဆိုရင်လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဘယ်လိုကာကွယ်စောင့်ရှောက်သလဲဆိုရင် အပြစ်မဲ့ပြည်သူကို ကြက်ကလေးငှက်ကလေးသဖွယ် မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်တယ်၊ လေယာဥ်နဲ့ဗုံးကြဲတယ်၊ အိုးအိမ်စည်းစိမ်နဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင်လည်း စစ်ဘေးရှောင်ရတဲ့ ပြည်သူလူထုရဲ့အိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေဆိုရင် ယူဆောင်တယ်၊ ကျန်တဲ့အိမ်ကို မီးရှို့ဖျက်ဆီးနေတာဟာလည်း ယုတ်မာရက်စက်မှုကို ပေါ်လွင်ထင်ရှားစေတဲ့ အချက်တခုဖြစ်တယ်လို့ ဆိုရမှာပဲ။
နံပါတ်(၃)အချက်ကတော့ “ပြည်သူလူထုနှင့် ယဥ်ကျေးစွာဆက်ဆံပါ ရေလိုလလိုကျင့်ပါ” ဆိုရင်လည်း ပြည်သူလူထုအပေါ် ယဥ်ကျေးစွာ ဘယ်လောက်အထိဆက်ဆံခဲ့လည်းဆိုရင် ပြည်သူလူထုက စစ်တပ်ယူနီဖောင်းမြင်တာနဲ့တင် ရွံမုန်းသွားသည်အထိ လူသတ်၊ မုဒိန်း၊ ခိုးယူ၊ လုယူ၊ အတင်းအဓမ္မယူဆောင်တာတွေ ခိုင်းစေတာတွေ ကြည့်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် ရိုင်းစိုင်းစွာ ကျူးလွန်၍ နေလိုမီးလိုကျင့်ကြံနေတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
နံပါတ်(၄)အချက်ဖြစ်တဲ့ “ပြည်သူလူထု၏ အကျိုးစီးပွားကို အစဥ်ဦးထိပ်ထားပါ” ဆိုရာမှာလည်း အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့အကျိုးစီပွားမပါဘဲနဲ့ ဘယ်သောအခါမှ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးလေ့ မရှိပါဘူး။ ပြည်သူလူထုက လုံခြုံရေးအရဖြစ်စေ၊ ခရီးသွားလာနိုင်ရေးဖြစ်စေ ပုံမှန်ရပိုင်ခွင့်တခုခုနဲ့ ပတ်သက်၍ဖြစ်စေ စစ်တပ်နဲ့ ဆက်ဆံပြောဆိုရပြီဆိုတာနဲ့ အရင်ဆုံး လာဘ်ထိုးမှသာလျှင် အဆင်ပြေချောမွေ့စေတာကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထု၏အကျိုးစီးပွားကို လုံးဝ ဦးထိပ်မထားကြောင်း သိသာထင်ရှားစေပါတယ်။
နံပါတ်(၅)အချက်ဖြစ်တဲ့ “ပြည်သူလူထုအား လှောင်ပြောင်ခြင်း မထီမဲ့မြင်ပြုခြင်း စော်ကားမော်ကားပြုခြင်း ဆဲရေးတိုင်းထွာခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဥ်ပါ” ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ထွေထွေထူးထူး ရှင်းလင်းနေစရာမလိုဘဲ အာဏာသိမ်းစစ်တပ် ယနေ့ ဘာတွေလုပ်နေလဲဆိုတာကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်လို့ဆိုရမှာပဲ။ ပြည်သူလူထုကို အာဏာသိမ်းစကာလတွေမှာ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ရက်စက်တယ်၊ သတ်ဖြတ်တယ်၊ ယုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆိုတယ်၊ သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်၊ ဖမ်းဆီးနှိပ်စက်ရာမှာလည်း သေဆုံးသည်အထိ လူမဆန်စွာ နှိပ်စက်ခြင်းတွေဟာ နံပါတ်(၅)အချက်ကို ဖောက်ဖျက်ကျူးလွန်နေကြောင်း သိသာစေပါတယ်။
1 052
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 052
Repost from EIO
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။
ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။
⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨
၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။
၂။ တရေးတမောအိပ်စက်အနားယူပါ။
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။
၆။ ရေများများသောက်ပေးပါ။
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 052
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊တောပုပျူရွာမှ ထွက်လာသော စခပခ ခမ အအ(20)ခန့်သည် ရွာ၏ တောင်ဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 28, 9:14PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
Repost from EIO
🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်) ဖြစ်ပွားပြီးပြီးချင်း အသေးစိတ်ကို လူမှုကွန်ရက်ပေါ် တင်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။
🚫 ဘာကြောင့် (ချက်ချင်း) မတင်သင့်သလဲ⁉️ ⚠️
♦️၁။ ရန်သူကို ကူညီရာရောက်ခြင်း (Real-time Feedback) 🎯
⚠️ ပစ်မှတ်ညှိခြင်း။
"ဘယ်နေရာကို ကျသွားပြီ" လို့ တင်လိုက်တာဟာ ၎င်းတို့အတွက် #Live Feedback ပေးလိုက်တာနဲ့ တူပါတယ်။ ပစ်မှတ်လွဲသွားရင် နောက်တစ်ကြိမ်မှာ တည့်အောင် ပြန်ညှိဖို့ အချက်အလက်ပေးသလို ဖြစ်စေပါတယ်။
⚠️ ထိရောက်မှုစစ်ဆေးခြင်း။
သေဆုံး/ဒဏ်ရာရ စာရင်းတွေဟာ ၎င်းတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှု ရှိ/မရှိကို အခမဲ့ သတင်းပေးလိုက်တာ ဖြစ်ပါတယ်။
♦️၂။ ကယ်ဆယ်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေခြင်း။ (#Double Tap Attack) 🚑
ပထမအကြိမ် ဗုံးကြဲပြီးနောက် လူစုဝေးလာချိန် (သို့မဟုတ်) ကယ်ဆယ်ရေးလုပ်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီသည် #UAV Scout Drone များပျံဝဲကင်းထောက်ပြီး ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ "Double Tap" နည်းဗျူဟာကို အများဆုံး သုံးလေ့ရှိပါတယ်။ သတင်းချက်ချင်းတင်ခြင်းက လူစုလူဝေးကို ဖြစ်စေပြီး အသေအပျောက် ပိုများစေနိုင်ပါတယ်။
♦️၃။ နောက်ဆက်တွဲ ပစ်မှတ်များကို လမ်းညွှန်ပေးခြင်း။ 📍
ဓာတ်ပုံ/ဗီဒီယိုတွေမှာပါတဲ့ ဘုရား၊ ကျောင်း၊ ဆေးရုံ စတဲ့ အထင်ကရနေရာတွေဟာ အကြမ်းဖက် စစ်ကောင်စီအတွက် နောက်ထပ်ပစ်မှတ်ထားရမယ့် Coordinates (တည်နေရာပြအမှတ်အသား) တွေကို အလကားပေးလိုက်သလို ဖြစ်စေပါတယ်။
♦️၄။ မြေပြင်သတင်းပေး (ဒလန်) များအတွက် အချက်အလက်ဖြစ်ခြင်း။ 🕵️♂️
အွန်လိုင်းပေါ်က အချက်အလက်တွေကို စုစည်းပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိသွားစေပါတယ်။
♦️၅။ မိသားစုဝင်များ၏ လုံခြုံရေးနှင့် စိတ်ဒဏ်ရာ 💔
ရုပ်အလောင်း ဒါမှမဟုတ် ဒဏ်ရာရပုံတွေကို မိသားစုဝင်တွေ အင်တာနက်မှာ အရင်မြင်တွေ့ရခြင်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ဖြစ်စေပါတယ်။
ဒဏ်ရာရသူတွေရှိတဲ့ နေရာကို သတင်းပေါက်ကြားခြင်းက အဆိုပါနေရာ (ဥပမာ-ဆေးရုံဆေးခန်း) ကို ထပ်မံတိုက်ခိုက်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။
💡 ပြည်သူသို့ အကြံပြုချက် - ဘယ်လိုလုပ်ဆောင်ကြမလဲ? ⁉️
✅ ၁။ အချိန်ဆိုင်းပါ။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး (၃) နာရီမှ (၆) နာရီ ခန့် ကြာမှသာ သတင်းကို ထုတ်ပြန်ပါ။ မလောပါနဲ့-မြေပြင်သတင်းကို မြေပြင်က ပြည်သူများသာ သိဖို့ အဓိကဖြစ်ပါတယ်။
✅ ၂။ တည်နေရာ အတိအကျကို ရှောင်ပါ။
"ဘယ်ရွာ၊ ဘယ်လမ်း" စတဲ့ အသေးစိတ်တွေအစား "ဘယ်မြို့နယ်အတွင်း" စသဖြင့် ယေဘုယျသာ ရေးသားပါ။
✅ ၃။ ဓာတ်ပုံနှင့် ဗီဒီယို။
ပတ်ဝန်းကျင် အမှတ်အသားတွေ မပါအောင် သတိထားပါ။ သွေးပျက်ဖွယ် ပုံရိပ်တွေကို လုံးဝမတင်ပါနဲ့။
✅ ၄။ တရားဝင် သတင်းဌာနများကိုသာ ပို့ပါ။
မိမိ Account မှာ တင်မယ့်အစား #Media_Ethics ရှိတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေဆီကိုသာ လုံခြုံတဲ့ Channel (ဥပမာ - Signal) ကနေ ပေးပို့ပါ။
📢 သတိပြုရန်။ ⚠️
သင်တင်လိုက်တဲ့ #Post တစ်ခုဟာ ရန်သူ့အတွက် နောက်တစ်ဖန် အခွင့်အရေး ဖြစ်သွားနိုင်သလို၊ သင့်ရဲ့ ဆင်ခြင်တုံတရားက ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။🙏🏻
#Eagle_Information_Operator #EIO #Air_Raid_Safety #StopKillingCivilians #StopBombingCivilians #MilitaryTerrorists #MiliitaryAtrocities #WarCrimes #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
1 052
Repost from EIO
⚠️ လုံခြုံရေး အထူးသတိပြုရန် (#DigitalSecurity)
လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (#Spies/#Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ သတင်းချန်နယ်များ၊တော်လှန်ရေး #Facebook_Page မန့်များ၊ မိတ်ဆွေတို့၏ #Facebook_account ရှိ ပို့စ်များ၏ မန့်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများကို ပြုလုပ်နေကြပါသည်။
"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 သတင်းပေးပို့ရန်-
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#Revolution_News #DigitalSecurity #EmergencyAlert #StaySafe #Myanmar #SecurityUpdate
1 052
"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"
Eagle Information Operator (#EIO)
Date - May 28, 4:15PM
📌 မုံရွာ၊ နမခမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #WhatsHappeningInMyanmar #SecurityUpdate
1 052
Repost from EIO
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️
⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။
📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓ ⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။ 🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။#EIO #Eagle_Information_Operator #SecurityAwareness #SpringRevolutionNews #Media_Literacy #Media_Ethics #Stay_Safe
1 052
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊တောပုပျူရွာမှ ထွက်လာသော စခပခအိမ်စီးကား(1)စီးသည် အရှေ့ပေလမ်းမဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 28, 11:11AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
တောင်တွေမြင့်တာ သူ့အလုပ်၊
ကျော်ဖြတ်ရမှာ ကိုယ်အလုပ်၊
တော်လှန်ရေးက ပေးဆပ်ရတာ
အရင်းအနှီး ကြီးတယ်၊
နောက်ဖြန်လှည့်လို့ မရဘူး၊
အဆုံးထိ သွားရမယ်။
ကိုပေါက်(ဒါရိုက်တာ)
၂၈,၅,၂၃
1 052
Repost from EIO
🚨 လမ်းပိုင်းဆိုင်ရာသတိပေးချက် ⚠️
(မုံရွာတောင် - ချောင်းဦး - မြင်းမူ - စစ်ကိုင်း) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)
📲 သတင်းပေးပို့ရန်
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 Facebook – https://www.facebook.com/eagleinformation
🌐 Telegram – t.me/eagleinformationoperator
#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
1 052
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 052
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 052
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 052
Repost from EIO
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "
✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻
#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
